← Chapters

ပိုင်ဆိုင်မှုများ

Vol. 32 Ch. 435

ပိုင်ဆိုင်မှုများ

Vol. 32 Ch. 435

လီလော့ ပြဿနာတစ်စုံတစ်ရာမရှိဘဲ ရွှေနဂါးဘဏ်တိုက်သို့လုံခြုံစွာရောက်ရှိခဲ့သည်။ သို့သော်လည်း ခြုံခိုတိုက်ခိုက်ခြင်း မရှိခြင်းအတွက်လည်း မအံ့သြမိခဲ့ပေ။ ယခု သူသည် ကြယ်တာယာခရီးရှည်ကောလိပ်အတွက် အလွန်တန်ဖိုးရှိသော ကျောင်းသားတစ်ဦးဖြစ်နေပြီဖြစ်သည့်အတွက် ဖေဟောင်ဆိုမထားနှင့် ဂျိယန်အိမ်တော်၊ဒူဇီအိမ်တော်တို့ပင်လျှင် လက်ရွယ်ဝံ့မည်မဟုတ်ပေ။

ဖေဟောင်လို မိုက်မဲသောသူတစ်ယောက်သာ သွယ်ဝိုက်သောနည်းဖြင့် အဆိပ်ခတ်ရန် တွေးနိုင်မည်ဖြစ်သည်။

ဒီအကြောင်းတွေကို ကျောင်းက သိခဲ့ရင်တောင် ဘာမှလုပ်နိုင်မည်မဟုတ်ပေ။ ကြားနေပါတီတစ်ခုသည် လော့လန်အိမ်တော် ရင်ဆိုင်နေရသော ပြဿနာအားလုံးမှ လီလော့ကို အကာအကွယ်ပေးဖို့မလွယ်ကူနိူင်ပေ။

အကယ်၍ သူတို့သာ သဘောထားကြီးခဲ့လျှင် ကျန်းချင်းအာဘက်က သူမ၏ အဆင့်ကိုး အလင်းပဲ့တင်ထပ်သံကို ထုတ်ဖော်ပြသလိုက်သောအခါ ကောလိပ်ဘက်က စကားတစ်ခွန်းပြောလိုက်ရုံနှင့် ရှပြည်ထောင်စုတွင် လော့လန်အိမ်တော်ကို ထိဝံ့မည့်သူရှိမည်မဟုတ်ပေ။

သို့သော်လည်း ကောလိပ်ဘက်က ကြားနေဝါဒကိုကိုင်စွဲထားပြီး အဆင့်ကိုးအလင်းပဲ့တင်ထပ်သံပိုင်ရှင်အတွက်ပင် ချွင်းချက်မထားခဲ့ပေ။

ကောလိပ်သည် ၎င်းတို့၏ရေရှည်ရည်မှန်းချက်များနှင့် လုပ်ဆောင်ချက်များကြောင့်ဖြစ်ပေါ်လာနိုင်သည့်သက်ရောက်မှုများကို တွေးတောရမည်ဖြစ်သည်။

လီလော့ရောကျန်းချင်းအာအတွက်ပါ လော့လန်အိမ်တော်ကို ကာကွယ်ပေးဖို့ ကောလိပ်ဆီက ဘာကိုမှမမျှော်လင့်ထားသင့်ပေ။

ထိုအစား ကောလိပ်၏အရိပ်အာဝါသအောက်တွင် ကြိုးစားလေ့ကျင့်ပြီး ကိုယ့်ကိုကိုယ်ကာက်နိုင်ဖို့သာကြိုးစားရလိမ့်မည်။

လီလော့ ဘဏ်ထဲကို ဝင်သွားပြီး ယုဟုန်ရှီ ရုံးခန်းကို တည့်တည့်သွားလိုက်သည်။

"လော့လန်အိမ်တော်ရဲ့ ဂုဏ်သတင်းကြီးမားတဲ့သခင်လေး ဘယ်လေတိုက်ပြီးရောက်လာတာပါလိမ့်...."

ယုဟုန်ရှီ က သူ့ကို မော့ကြည့်လိုက်သည်။ သူမသည် ယနေ့တွင် ပုံမှန်အတိုင်း အနီရောင်ကို ၀တ်ဆင်ထားပြီး ရင့်ကျက်သော အလှကို ပေါ်လွင်နေစေသည်။

သူမသည် သူမ၏ဝန်ထမ်းများကို အခန်းအပြင်ထွက်ရန် အချက်ပြကာ ကုလားထိုင်ပေါ်ပြန်ထိုင်ကာ လီလော့အား အထင်ကြီးလေးစားသောအကြည့်များနှင့်ကြည့်နေသည်။

"ကျွန်တော့်ရဲ့ ဂုဏ်သတင်းက ဉက္ကဌယုရ​ဂြုဏ်သတင်းနဲ့ယှဉ်ရင် မီးပွားလေးလောက်တောင် တောက်ပမှု မရှိပါဘူး"

လီလော့ ကျိုးနွံစွာပြောလိုက်သည့်အခါ

ယုဟုန်ရှီ ရယ်လိုက်သည်။

"အိုး လီလော့....နင်က နင့်အ​ဖေထက် အဆတစ်ထောင် လျှာစောင်းထက်နေပါရော့လား....."

"ဒါဆို... မင်းဒီနေ့ ရွှေနဂါးဘဏ်ကို ဘာလယလုပ်တာလဲ.... "

သူမသည် စားပွဲပေါ်ရှိ စာရွက်စာတမ်းအမြောက်အမြားဆီအကြည့်ပို့လိုက်ပြီး.

.."ငါက အလုပ်များတယ် အဲ့တော့ တစ်နေ့တာအချိန်ကို ဘယ်သူ့ကိုမှ ဖဲ့မပေးနိူင်ဘူး....."

လီလော့ စိတ်လှုပ်ရှားစွာ တံတွေး မျိုချလိုက်ပြီး လိုရင်းကိုတိုက်ရိုက်ပြောလိုက်တော့သည်။

"ဉက္ကဌယု... ကျွန်တော့်မိဘတွေ ရွှေနဂါးဘဏ်တိုက်မှာ ပစ္စည်းတချို့ ထားခဲ့တယ်ထင်တယ်...."

ယုဟုန်ရှီ၏ ပြုံးရွှင်နေသော မျက်နှာထား ရုတ်ချည်းအေးစက်သွားပြီး....

"ဟုတ်တယ်၊ ဒါက ရွှေနဂါးဘဏ်မှာ ထိပ်တန်းလျှို့ဝှက်ချက်ပဲ..." သူမ ခေါင်းညိတ်သည်။

"တကယ်တော့ ရွှေနဂါးဘဏ်မှာ ငါ့ကလွဲလို့ တခြားဘယ်သူမှ မသိဘူး...ဒါပေမယ့် မင်းက လီတိုင်ရွှမ်နဲ့တိုက်တန်လန်တို့ရဲ့ နောက်ဆုံးကျန်တဲ့ မျိုးဆက်မို့လို့ ငါမင်းကို သိသင့်တာတွေပြောပြပေးမယ်....

"ဟုတ်တယ်၊ မင်းမိဘတွေ ရွှေနဂါးဘဏ်ဌာနချုပ်မှာ တစ်ခုခုချန်ထားခဲ့တယ်"

"ကျွန်တော်အဲ့တာကို အခုလာယူတာပါ..."

ယုဟုန်ရှီသည် ခဏမျှ တိတ်ဆိတ်သွားသည်။

"ဒါ မင်းရဲ့လုပ်ပိုင်ခွင့်ပဲလေ....."

သူမ လျှပ်တပြက်လက်ဝှေ့ယမ်းလိုက်သည့်အခါ ရုတ်တရက် မျက်နှာကျက်မှ ပဲ့တင်ထပ်သံ စွမ်းအားလှိုင်းများ ထွက်လာပြီး အခန်းတစ်ခုလုံးကို စည်းချပိတ်လှောင်ထားလိုက်သည်။

ထိုအခါအပြင်မှ အသံအားလုံး ပျောက်ကွယ်သွားသည်။

ယုဟုန်ရှီ မတ်တပ်ထရပ်ပြီး လီလော့ရှေ့တွင် လက်ဝါးဖြန့်ကာ အမျိုးအမည်မသိသော ရွှေဘောလုံးတစ်ခုကို ထုတ်ပြလိုက်ပြီး.....

"မင်းဘယ်သူလဲဆိုတာ ငါသိတယ်၊ မင်းက လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့ရဲ့သားမှန်းလည်း ငါသိတယ်...ဒါပေမယ့် ဒါက လိုအပ်တဲ့ လုပ်ငန်းစဉ်တစ်ခုပဲ...ဒီဘောလုံးထဲကို သွေးစက်ချလိုက်.... မင်းရဲ့ အထောက်အထားကို အတည်ပြုပေးလိမ့်မယ်။ ဒီစစ်ဆေးမှုကိုကျော်ဖြတ်နိုင်မှသာ ရွှေနဂါးဘဏ်မှာ ကျန်ခဲ့တဲ့ အရာကို ယူသွားနိုင်မယ်"

ယုဟုန်ရှီ ဒီလောက် သတိကြီးကြီးနဲ့ စစ်ဆေးနေသည့်အတွက် လီလော့ တော်တော်ပျော်နေမိသည်။ ကမ္ဘာပေါ်တွင် လူတစ်ဦး၏အသွင်အပြင်ကို ပြောင်းလဲရန် နည်းလမ်းများစွာရှိသည်။ သူမသည် အမှန်တကယ် အားကိုးထိုက်ပြီး နိုးနိုးကြားကြားရှိသော ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။

အကယ်၍ အယောင်ဆောင်သမားများကသာ ရတနာကို ယူဆောင်သွားပါက၊ ဘဏ်အတွက်ဆိုးဝါးသောအမှားတစ်ခုဖြစ်လာနိုင်သည်။

သူသည် လက်ကို ဆန့်ထုတ်ကာ ရွှေဘောလုံးပေါ်သို့ သွေးတစ်စက်ချပေးလိုက်သည်။

ဝုန်းးးး

သွေးစက်ကျပြီး ခဏအကြာတွင် ရွှေဘောလုံး တုန်ခါလာပြီး ပန်းဖူးပွင့်ကဲ့သို့ အက်ကွဲသွားပြီး အတွင်းဘက်တွင် အနက်ရောင်သော့တစ်ခု ပေါ်လာသည်။

"ဂုဏ်ယူပါတယ် မင်း စစ်ဆေးမှုအောင်သွားပြီ.... မင်းက သေချာပေါက် လီတိုင်ရွှမ်နဲ့တိုက်တန်လန်တို့ရဲ့သားပဲ...."

"အင်း...ကျွန်တော်လည်းအခုမှပဲစိတ်အေးနိုင်တော့တယ်...."

ယုဟုန်ရှီ တခစ်ခစ်ရယ်လိုက်ပြီး သော့ယူဖို့ သူ့ကို လက်ပြလိုက်သည်။ သူမ အနောက်က နံရံဘက်ကို လှည့်လိုက်ပြီး ရှုပ်ထွေးတဲ့ ပဲ့တင်ထပ်သံစွမ်းအားတွေပို့လွတ်လိုက်သည့်အခါ တဖြည်းဖြည်းနှင့် တောက်ပသော တံခါးတစ်ခု ပေါ်လာသည်။

အထဲတွင် မှောင်မဲနေသည့်အတွက် ဘယ်ကို ဦးတည်နေမည်မှန်းမသိနိုင်ပေ။

"ငါ့နောက်လိုက်ခဲ့....."

ယုဟုန်ရှီက လမ်းထဲဝင်သွားပြီး အမှောင်ထဲတွင် ပျောက်ကွယ်သွားသည် ။

လီလော့ တွန့်ဆုတ်မနေဘဲ ယုဟုန်ရှီနောက်ကို ယုံကြည်စွာလိုက်သွားခဲ့လေသည်။

လူကို မယုံကြည်ဘူးဆိုရင်တောင် အဖွဲ့အစည်းအပေါ် ယုံကြည်မှုရှိရမည်။ သူ့မိဘတွေက ရွှေနဂါးဘဏ်ကို သူတိုယုံကြည်တယ်ဆိုရင်တော့ ဒါဟာ သေချာပေါက် လုံခြုံတဲ့နေရာတစ်ခုဖြစ်မည်သာ....

သူသည် တံခါးပေါက်မှတဆင့် သူမနောက်သို့ လိုက်သွားခဲ့သည်။

မှောင်မိုက်တဲ့ စင်္ကြံတစ်ခုတွင် နံရံနှင့် ကြမ်းပြင်များသည် မှန်များကဲ့သို့ ချောမွေ့နေပြီး အလင်းတန်းများ ရံဖန်ရံခါ ဖြတ်သန်းနေလေ၏။

ဤနေရာတွင် သဘာဝစွမ်းအင်မရှိသလောက်နည်းပါးပြီး စိတ်မသက်သာခံစားမှုအချို့ခံစားနေရသည်။

သူ၏ ပဲ့တင်ထပ်သံနန်းတော် နှစ်ခုပင်လျှင် အနည်းငယ်မှိန်သွားပုံရသည်။

ထို့အတွက်​ကြောင့် လီလော့ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရပြီး ဗလာနန်းတော်ရှိခဲ့စဉ်အခါက အချိန်ကာလမျာယကို ပြန်သတိရလိုက်မိသည်။

"ဒီစင်္ကြံက ပဲ့တင်ထပ်သံစွမ်းအား အားလုံးကို ဖယ်ရှားပေးနိုင်တဲ့ စွမ်းအင်ပျက်ပြယ် စင်္ကြံလေ.....ဒေသတစ်ခုစီတိုင်းက ရွှေနဂါးဘဏ်တိုက်ရဲ့ ဌာနချုပ်တွေမှာသာ ဒါမျိုး စင်္ကြံတွေ တည်ဆောက်ခွင့် ရှိတယ်..."

ယုဟုန်ရှီ၏ အသံသည် ရှေ့မှ တိုးတိုးတိတ်တိတ် ထွက်ပေါ်လာသည်။

"ကြောက်စရာကောင်းတဲ့ နေရာပဲ..."

လီလော့ တုန်လှုပ်သွားသည်။ ဒါက ရွှေနဂါးဘဏ်ရဲ့ စွမ်းအားလား.... တကယ်ကို အထင်ကြီးစရာပဲ.....

" ဒီနေရာကို ငါတို့ရဲ့အရေးကြီးဆုံးဖောက်သည်တွေသာဝင်ခွင့်ရှိတာ...."

ယုဟုန်ရှီသည် ဘယ်ဘက်နံရံဘက်သို့ လှည့်ကာ ရုတ်တရက် ရပ်တန့်သွားသည်။

"ဒီမှာလား...?"

လီလော့ နံရံကို သံသယစိတ်ဖြင့် စိုက်ကြည့်နေသည်။

သူမ ခေါင်းညိတ်လိုက်သည်။

"လီတိုင်ရွှမ်နဲ့တိုက်တန်လန်တို့က မင်းအတွက် အရေးကြီးတဲ့အရာတစ်ခု ချန်ထားခဲ့တယ်.... သူတို့ထွက်သွားခါနီးတုန်းက မင်းအမေက ငါ့ကို ပထမဆုံးအကြိမ်လက်ကိုင်ပြီးတောင်းဆိုခဲ့တယ်......"

"ရှပြည်ထောင်စု ရဲ့ ဂုဏ်အယူဆုံးလူနှစ်ယောက်က ငါ့ရှေ့မှာ ဦးညွှတ်နေခဲ့တယ်လေ...ငါကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ ဒီလို အောင်မြင်နိုင်မယ်မထင်ဘူး.... ငါတို့ ဆက်ဆံရေးက ဘယ်လိုပဲ ဖြစ်နေပါစေ ရွှေနဂါးဘဏ် ဥက္ကဌအဖြစ် ငါ အမြဲတမ်း တာဝန်ကျေပွန်အောင် ထမ်းဆောင် သွားမှာ သေချာတယ်..ကျောင်းအုပ်ကြီးဖန်ချန်ယွမ်ကိုယ်တိုင် ဒီကိုရောက်လာရင်တောင် နင့်မိဘတွေချန်ခဲ့တဲ့အရာကိုရအောင်ယူနိုင်မှာမဟုတ်ဘူး.....မင်းမိဘတွေက ငါသိဖူးသမျှထဲမှာ အထူးချွန်ဆုံးသောသူတွေပါပဲ....မင်းအမေက ဘယ်သူ့ကိုမှလူထင်တာမဟုတ်ဘူး....မင်းအဖေက နည်းနည်းပေါင်းရသင်းရလွယ်ပေမယ့် မာနကတော့မင်းအမေနဲ့တန်းတူပဲ...ဒါပေမယ့် မင်းအတွက်ကြောင့်နဲ့ သူတို့နှစ်ယောက်စလုံး မာနကိုခဝါချထားခဲ့ကြတယ်......"

ယုဟုန်ရှီသည် လီလော့ကို စူးစူးစိုက်စိုက်ကြည့်နေသည်။

"ငါအခုလိုပြောပြနေတာက မင်းမိဘတွေ မင်းကို တကယ်ချစ်တယ်ဆိုတာ သိစေချင်လို့ပါ....."

***

All Chapters