← Chapters

ပဲ့တင်ထပ်သံတုပခြင်းပညာရပ် တတိယအတွဲ *

Vol. 32 Ch. 436

ပဲ့တင်ထပ်သံတုပခြင်းပညာရပ် တတိယအတွဲ *

Vol. 32 Ch. 436

ယုဟုန်ရှီ၏ စကားများက လီလော့ကို ဆို့နင့်စေခဲ့ပါသည်။

အိပ်ကပ်နှစ်ဖက်ထဲလက်ထည့်ပြီး ခပ်ထေ့ထေ့ပြုံးနေတတ်သော မိခင်ဖြစ်သူကို သတိရမိသောအခါ မျက်ခမ်းစပ်တွေစပ်ဖျဉ်းလာခဲ့လေသည်။

သူမသည် အရေးကြီးသော ဧည့်သည်များနှင့်တွေ့ဆုံပြီးချိန်တိုင်း...

"ဒီလူမိုက်တွေနဲ့ အချိန်ဖြုန်းတာက ငါ့အနာဂတ်ကို မှောင်မိုက်စေတယ်" လို့ အမြဲငီးတွားခဲ့ဖူးသည်။

နောက်ပိုင်း လီလော့ အသက်နည်းနည်းကြီးလာတဲ့အခါ ဒီလူတွေအားလုံးဟာ ရှပြည်ထောင်စုမှာ အရေးပါတဲ့လူတွေဆိုမှန်း သိခဲ့ရသည်။

ဒီလိုအချိန်မျိုးမှာ လီတိုင်ရွှမ်က ဇနီးဖြစ်သူရဲ့ ပခုံးကို လက်တစ်ဖက်နဲ့ သိုင်းဖက်ထားပြှး....

"မင်းသူတို့နဲ့ စကားပြောလိုက်တာ သိပ်ကောင်းတာပဲ အချစ်ရယ်"

"ရှင့်ကိုယ်ရှင် ကျွန်မထက်ပိုတော်တယ်များထင်နေလား...."

လီတိုင်ရွှမ်သည် သည်းမခံနိုင်တော့သည့်တိုင်အောင် သူမ၏ ပြင်းထန်သော ခံစားချက်များကို ဖြေသိမ့်ရန် ဓားစာခံဖြစ်ခဲ့ရပြီး နားပူလာတာနဲ့ လီလော့နှင့်ကျန်းချင်းအာတို့ ထံ ပြေးလာတတ်သည်။

သူတို့နှစ်ယောက် ယုဟုန်ရှီကို တစ်ခုခုအတွက် တောင်းပန်ခဲ့ခြင်းက ထိုအရာသည် သူတို့မာနကို နှိမ့်ချဖို့ လုံလောက်အောင် အရေးကြီးနေသည့်အဓိပ္ပါယ်ပင်....

ယုဟုန်ရှီသည် လီတိုင်ရွှမ်တို့လင်မယားအကူအညီမတောင်းရင်တောင် အလုပ်ကို တာဝန်ကျေပွန်စွာလုပ်ကိုင်မည့်သူမှန်းသိကြသော်လည်း လေးစားစွာတောင်းဆိုခဲ့ကြသည်။

"ကျွန်တော်လည်း သူတို့ကို သိပ်ချစ်တယ်...

ဒီနှစ်တွေတစ်လျှောက်လုံး သူတို့အကြောင်းသတင်းမကြားရပေမယ့် တစ်နေ့ သူတို့ပြန်လာမယ်ဆိုတာ ကျွန်တော်သိတယ်...."

ဟုဟုန်ရှီက ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ မင်းသော့ကို နံရံမှာ ထားလိုက်"

လီလော့သည် ချောမွေ့သော နံရံနှင့် အနက်ရောင်သော့ကို ထိလိုက်သည်။

ချက်ခြင်းပင်၊ ခိုင်မာသောနံရံသည် အရည်ပျော်သွားပြီး အချို့သော့အနက်ရောင်သော့ကို ဝါးမျိုးကာ သော့ပတ်ပတ်လည်တွင် အနက်ရောင်ချည်မျှင်တစ်ခု ပေါ်လာပြီး နံရံတစ်လျှောက် ပျံ့နှံ့သွားသည်။

"ဒါဆို ဝင်သွားလိုက်တော့ သော့ကိုကိုင်ပြီး မင်းတစ်ယောက်ထဲ ဝင်နိုင်တယ်"

"ကျေးဇူးတင်ပါတယ် ..."

"ငါက ပိုက်ဆံယူပြီး စီးပွားရေးလုပ်တယ်... ဒါပဲလေ...."

လီလော့ ခေါင်းညိတ်လိုက်ပြီး အရည်နံရံကို တွန်းထုတ်လိုက်သည့်အခါ အနက်ရောင်အရည်တွေက သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ပြီး စုပ်လိုက်လေသည်။

ဆယ်စက္ကန့်အကြာတွင် လီလော့ နံရံတစ်ဖက်ဆီသို့ရောက်လာခဲ့သည်။

ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်မိတဲ့အခါ သူသည် ကျယ်ဝန်းသော၊ အနက်ရောင်၊ ကျောက်တုံးအခန်းတစ်ခုတွင် ရှိနေပြီး နံရံများတွင် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေသော သလင်းကျောက်များမြှုပ်နှံထားသည်။

ခန်းမအလယ် အလယ်ဗဟိုတွင်ရှိနေသည့် ကျောက်တိုင်တစ်ခုကိုတွေ့လိုက်ရပြီး ၎င်းအပေါ်တွင် သတ္တုတစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသော အနက်ရောင် စက်လုံးတစ်ခုရှိနေသည်။

အခန်းထဲတွင် အခြားဘာမှ မှတ်သားစရာမရှိသောကြောင့် လီလော့ ကျောက်တိုင်ဆီသို့ လျှောက်သွားခဲ့သည်။

"ဒါဆို ဒီအထဲမှာ ဘာရှိလဲ"

လီလော့ အနက်ရောင်စက်လုံးကို ကြည့်လိုက်သည့်အခါ နန်ဖန်းတွင်ရှိသည့် ရွှေနဂါးဘဏ်တိုက်မှာတွေ့ခဲ့ဖူးသည့်အရာနှင့်တူနေသည်ဟုခံစားလိုက်ရသည်။

အနက်ရောင်စက်လုံးကို ဖိညှစ်လိုက်သည့်အခါ စက်လုံးသည် နံရံကဲ့သို့ အရည်ပျော်သွားပြီး လီလော့၏လက်ကို ဖုံးအုပ်ထားသည်။ တစ်ချိန်တည်းမှာပင် သူ့လက်ချောင်းပေါ်တွင် ချွန်ထက်သော အချွန်အတက်တစ်ခုကို ခံစားလိုက်ရပြီး သွေးတစ်စက်ကို စုပ်ယူလိုက်သည်။

အနက်ရောင်စက်လုံးအတွင်းမှ အနက်ရောင်ပျော်ရည်များထွက်ကြလာပြီး လက်ရှိရောက်နေသည့် ခန်းမအစား နန်ဖန်းမြို့တွင်ရှိသော လော့​လန်အိမ်တော်အဟောင်းအဖြစ် မြင်ကွင်းပြောင်းလဲသွားလေသည်။

လွမ်းဆွတ်ဖွယ်ရာမြင်ကွင်းပင်....

ကျောက်ခင်းလမ်းအတိုင်း လျှောက်လာရင်း သူ့ရှေ့တွင် ခင်မင်ရင်းနှီးသော ပုံသဏ္ဍာန်နှစ်ခုကို တွေ့လိုက်ရသည်။

ယောက်ျားတစ်ယောက်.. မိန်းမတစ်ယောက်....

ထိုလူသည် အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ထူးထူးခြားခြား ချောမောသော အသွင်အပြင်ဖြင့် ပျော်ပျော်နေတတ်သူတစ်ဉီးပင်... လက်နှစ်ဖက်ကိုနောက်ပစ်ထားပြီး ယုံကြည်မှူအပြည့်ရှိစွာဖြင့်မတ်တပ်ရပ်နေသည်။

အမျိုးသမီးကးပုံရိပ်သည် ပျော့ပြောင်းသော လာဗင်ဒါရောင် ဆံပင်နွယ်များကိုသပ်သပ်ရပ်ရပ်ဖီးသင်ထားပြီး အိတ်ကပ်ထဲသို့ လက်နှစ်ဖက်ထည့်ကာ သူမဘေးနားရှိအမျိုးသားကဲ့သို့ တောက်ပစွာ ပြုံးနေသည်။

ထိုသူနှစ်ယောက်သည် လီတိုင်ရွှမ်နှင့်တိုင်တန်လန်တို့ဖြစ်ကြသည်။

ဤသည်မှာ ပုံရိပ်များသာဖြစ်သော်လည်း လီလော့ကို မျက်ရည်ဝဲစေခဲ့သည်။

"သားလေး... မင်းဒီကိုရောက်နေပြီဆိုတော့ စစ်သူကြီးအဆင့်ရောက်ဖို့သိပ်မလိုတော့ဘူးပေါ့.... ကြယ်တာယာခရီးရှည်ကောလိပ်မှာ ခထိပ်တန်းကျောင်းသားဖြစ်နေပြီလို့မျှော်လင့်ပါတယ်...."

"ရှင်ဘာတွေပြောနေတာလဲ...ကြယ်တာယာခရီးရှည်ကောလိပ်လို နိမ့်ကျတဲ့ ကောလိပ်လေးက သားလေးကို ထိန်းထားနိုင်ပါ့မလား....ကျွန်မတို့သားလေးက အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတိုက်ကြီးရဲ့ အထူးချွန်ဆုံးသူဖြစ်လာမှာ......"

"ဟုတ်ပါတယ် ချစ်ဇနီးရယ်... ငါကိုက တိုးအတာပါ.... ဒီလိုထူးခြားတဲ့မိခင်ကမွေးထားမှတော့ ငါတို့သားလေးက ဘယ်လိုလုပ် ပုံမှန်ဖြစ်နိုင်မှာလဲ"

လီတိုင်ရွှမ်နှင့်တိုင်တန်လန်တို့၏ ကျီစယ်စနောက်နေမှုများသည် လီလော့အတွက်တော့ မထူးသောအရာများသာပင်... မဆီမဆိုင် ကျန်းချင်းအာကိုပင်သတိရမိလိုက်သေးသည်။

သို့တိုင်၊ယခုလို အချိန်တိုင်းသည် အဖိုးတန်သော အမှတ်တရများဖြစ်နေခဲ့သည်။

"လိုရင်းကိုပြောလေ.. " တန်တိုင်လန်က ခင်ပွန်းဖြစ်သူ၏ လက်ကောက်ဝတ်ကို ညင်သာစွာ ရိုက်ပြီးသတိပေးလိုက်သည်။

"အဟမ်း......အင်း၊ ဒါက သိပ်အရေးမကြီးပါဘူး...သားလေးက သူ့ရဲ့ တတိယမြောက် ပဲ့တင်ထပ်သံအတွက် အဆင်သင့်ဖြစ်နေပြီထင်တယ် .... သားကိုယ်စား အဖေ အရမ်းကို စိတ်လှုပ်ရှားနေတယ်...သားရဲ့ တတိယမြောက် ပဲ့တင်ထပ်သံကို ဖန်တီးဖို့အတွက် ပဲ့တင်ထပ်သံရယူခြင်းလှည်းဘီးကအရေးကြီးဆုံးအရာပဲ.... အရင်တခေါက်က အဖေတို့ပေးထားခဲ့တဲ့လှည်းဘီးပျက်စီးသွားလောက်ရောပေါ့...အဲ့တာတွေက တခါပဲသုံးလို့ရတယ်...ဒါကြောင့်မို့ ဒီတခေါက် သားဘာသာဖန်တီးရလိမ့်မယ်.....ပဲ့တင်ထပ်သံတုပခြင်းပညာရပ်ရဲ့ တတိယအပိုဒ်ကိုအဖေ လွှဲပေးမယ်......"

လီတိုင်ရွှမ်၏ပုံရိပ်က လက်ညှိုးညွှန်ပြီး လီလော့၏နဖူးဆီသို့ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည့်အခါ လီလော့၏ မှတ်ဉာဏ်ထဲတွင် ပဲ့တင်ထပ်သံတုပခြင်းပညာရပ်၏တတိယအပိုဒ်အပြည့်အစုံရောက်ရှိလာခဲ့သည်။

ဤတတိယအပိုဒ်ဖြင့် သူ၏တတိယမြောက် ပဲ့တင်ထပ်သံကို ပုံဖော်ရန် သူ့တွင် လိုအပ်သည့်အရာအားလုံးရှိသည်။

" ဖေဖေတို့ကိုပဲအမြဲအားကိုးနေရတယ်...."

လီလော့ ရယ်မောလိုက်သည်။

"ပဲ့တင်ထပ်သံတုပခြင်းပညာရပ်ရဲ့ တတိယမြောက်အတွဲမှာ ပဲ့တင်ထပ်သံတုပခြင်းလှည်းဘီး တည်ဆောက်ဖို့ နည်းလမ်းပါရှိတယ်.... ဒါပေမယ့် ဒါကို မဖန်တီးမီ မြို့စားအဆင့်ရောက်နေဖို့လိုတော့လိုတယ်...."

လီလော့၏အပြုံးများအေးခဲသွားလေတော့သည်။

***

All Chapters