← Chapters

ဘုရင်သွေးစက်နှင့်..အနက်ရောင်တံဆိပ်ပြား *

Vol. 32 Ch. 437

ဘုရင်သွေးစက်နှင့်..အနက်ရောင်တံဆိပ်ပြား *

Vol. 32 Ch. 437

"ပဲ့တင်ထပ်သံတုပခြင်းလှည်းဘီးကို မဖန်တီးခင် မြို့စားအဆင့်ရောက်နေရမယ်...... "

လီလော့ သူ့အထေ ကြေငြာချက်ကြောင့် ထိတ်လန့်သွားသည်။

ဟာသတွေပြောနေတာလားအဖေရယ်....ကျွန်တော် မြို့စားအဆင့်ရောက်နေပြီဆို အဖေတို့ဆီလူကိုယ်တိုင်လာတွေ့နေလောက်ပြီပေါ့.....မေ့လိုက်တော့...အဲ့အစားကျွန်တော့်အတွက်အခေါင်းသာကြိုပြင်လိုက်တော့.....

လီလော့ စိတ်ပျက်အားငယ်နေချိန်တွင် သူ့အမေက လီတိုင်ရွှမ်၏ နားရွက်ကို လိမ်ဆွဲလိုက်ပြီး....

"လီတိုင်ရွှမ်၊ ရှင် ရူးနေလား? သာ လေးကို ဒီလိုအချိန်မျိုးမှာ စနောက်နေစရာလား...."

"အား....ရှင်မရယ် ဖြည်းဖြည်းလုပ်ပါ....."

လီလော့က သူ့အဖေ အနှိပ်စက်ခံနေရသည်ကို ကျေနပ်စွာ ကြည့်နေပြီး....

"ကောင်းတယ်...အမေ..နာနာလေးသာလိမ်ဆွဲ....."ဟုပင်အားပေးနေလိုက်သေးသည်။

တန်တိုင်လန်သည် ခင်ပွန်းဖြစ်သူ၏ နားရွက်ကို ရဲပတောင်းခတ်နေအောင် လိမ်ဆွဲပြီးနောက်.....

"သားလေးကို သေသေချာချာရှင်းပြလိုက်.... ဒါမှမဟုတ်ရင် ကျွန်မရှင်းပြနေတုန်း ချောင်မှာသွားထိုင်နေလိုက်....ဟွန့်....."

လီတိုင်ရွှမ်က အလျင်စလို ခေါင်းညိတ်ပြပြီး......

"အင်း....ယေဘူယျကျကျပြောရရင် မြို့စားအဆင့်ရောက်နေဖို့လိုတယ်ဆိုတာ အဖေ လိမ်ပြောနေတာမဟုတ်ဘူး..... ပဲ့တင်ထပ်သံတုပခြင်းလှည်းဘီးဖန်တီးဖို့ တကယ်ပဲ မြို့စားအဆင့်ရောက်နေဖို့လိုတယ်..... ဒါပေမယ့် စိတ်မပူပါနဲ့ မင်းအဖေနဲ့အမေက ဘယ်လောက်တောင် ဉာဏ်ကောင်းတယ်ဆိုတာ မင်းမသိဘူးလား... ငါတို့ရဲဲ့အဖိုးတန်သားလေးအတွက်ကြိုတင်ပြင်ဆင်ထားပြီးသားပါ....."

"အဖေ...လိုရင်းပြောပါ...ကွေ့ဝိုက်မနေပါနဲ့......"

လီလော့ထိုသို့ပြောပြီးမှသာ မှတ်ဉာဏ်ပုံရိပ်နှစ်ခုနှင့် စကားပြောနေသည်ကို သတိရလိုက်သဖြင့် တုန်လှုပ်သွားသည်။

သို့သော် အနာဂတ်မှ လီလော့ ၏ စိတ်ပျက်အားငယ်သံကို ကြားလိုက်ရသလို တန်တိုင်လန် လက်လှုပ်လိုက်သည်နှင့် လီတိုင်ရွှမ်သည် စာလိပ်တစ်ခုကိုလီလော့ရှေ့သို့ထုတ်ပြလိုက်သည်။

စာလိပ်ပေါ်တွင် ရှေးခေတ် မှော်အက္ခရာများရှိပြီး စက်ဝိုင်းပုံသဏ္ဍန် လှည့်ပတ်နေသည်။

"မင်းအမေနဲ့ ငါက ပြင်ဆင်မှုတွေ ကြိုလုပ်ထားတယ်.... ဒါက ပဲ့တင်ထပ်သံတုပခြင်းလှည်းဘီးရဲ့ အသေးစိတ်ပုံစံပဲ.... အဲဒါက ပြင်ပက စွမ်းအားကို ပဲ့တင်ထပ်သံတုပခြင်းမီးတောက်အဖြစ်ပြောင်းလဲပေးပြီး လှည်းဘီးဖန်တီးဖို့ကူညီပေးလိမ့်မယ်...."

"အဖေတို့ရဲ့တွက်ချက်မှုအရဆို သားကို လုံလောက်တဲ့စွမ်းအားတွေ ကူညီထောက်ပံ့ပေးဖို့ မြို့စားအဆင့်နှစ်ယောက်လိုအပ်လိမ့်မယ်......"

လီလော့ ခေါင်းတဗျင်းဗျင်းကုပ်နေလေပြီ

ကူညီပေးဖို့ မြို့စားအဆင့်နှစ်ယောက်ရှာရမယ်တဲ့....အဖေရယ် မြို့စားအဆင့်တွေကစျေးထဲကဂေါ်ဖီထုပ်တွေမှမဟုတ်တာ.....

သူအားကိုးနိုင်သည့် တစ်ဉီးတည်းသော မြို့စားဆိုလို့ နွားသိုးကြီးပေါင်ပေါင်တစ်ယောက်သာရှိသည်။

"မင်း ပေါင်ပေါင့်ကို အားကိုးလို့ မရဘူး .....သူက ပျော့ညံ့တယ်၊ ဒါကြောင့် သူ့ကို မနှောင့်ယှက်တာ အကောင်းဆုံးပဲ...."

လီလော့ သူ့အဖေကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။ ထို့နောက်စိတ်ဓာတ်များ သုညထိတိုင် ကျဆင်းသွားခဲ့ပြန်သည်။

လော့လန်အိမ်တော်၏လက်ရှိအခြေနေအရ အခြားသောမြို့စားအဆင့်များ လာမတိုက်ခိုက်သေးသည်ကိုပင်ကျေးဇူးတင်နေရသည်ကို ယုံကြည်စိတ်ချစွာ မည်သို့အကူအညီတောင်းရမည်နည်း။

"စိတ်မပူပါနဲ့ ...သားမျက်စိရှေ့မှာတင် တစ်ယောက်ရှိနေပြီပဲ......"

လီလော့ အံ့သြစွာ ခေါင်းညိတ်လိုက်သည်။

"ဉက္ကဌယု?"

သူ့အမေက အဓိပ္ပါယ်ပါပါပြုံးလိုက်ပြီး.....

"ယုဟုန်ရှီက တော်တော်စိတ်ဝင်စားစရာကောင်းတဲ့သူတစ်ယောက်ပါ...သူက ရှပြည်ထောင်စုမှာ အမေရဲ့ အာရုံစိုက်မှုရှိနေသေးတဲ့ တစ်ဦးတည်းသောသူတစ်ယောက်ပဲ.... အမေသာ ဒီကိုမလာခဲ့ရင် ယုဟုန်ရှီက ရှပြည်ထောင်စုရဲ့အထူးချွန်ဆုံးအမျိုးသမီးဖြစ်လာမှာ...သူ့အတွက် အမေ စိတ်မကောင်းပါဘူး..... "

လီလော့သည် သူ့မိခင်၏ထင်မြင်ယူဆချက်ကြောင့်ဆွံ့အနေမိခဲ့သည်။

ထို့အပြင်၊ ပဲ့တင်ထပ်သံတုပခြင်းလှည်းဘီးကိုပြုလုပ်ခြင်းသည် လွယ်ကူသောအလုပ်မဟုတ်ပေ။ ယုဟုန်ရှီက ဒါကို ကူညီဖို့ တကယ်ပဲ ဆန္ဒရှိမှာလား.....

လီလော့ လေထဲတွင်တိုက်အိမ်ဆောက်နေသလို ခံစားလိုက်ရသည်။

ယုဟုန်ရှီသည် စည်းကမ်းတင်းကြပ်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး ရွှေနဂါးဘဏ်သည် ကြားနေအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဒါကလော့လန်အိမ်တော်နှင့်ပူးပေါင်းလိုက်သည့်အဓိပ္ပါယ်သက်ရောက်သွားနိုင်သည်။

"သားလေး... ယုဟုန်ရှီ သဘောတူပါ့မလားလို့ စိတ်ပူနေတယ်မလား.... ယုဟုန်ရှီက လိမ္မာပါးနပ်ပေမယ့် ခေါင်းမာတယ်...ဒါပေမယ့် အမေတို့အားလုံး စဉ်းစားပြီးပြီ။"

တန်တိုင်လန်ကထိုသို့ပြောပြီးသည်နှင့် တောက်ပနေတဲ့ အရာနှစ်ခုကို ဆွဲထုတ်လိုက်သည်။

၎င်းတို့သည် လက်မအရွယ်ခန့်ရှိသော ရတနာဘူးများ ဖြစ်ကြသည်။ ၎င်းတို့နှစ်ခုထဲတွင် အသက်ရှင်နေသယောင် လှည့်ပတ်စီးဆင်းနေတဲ့ ရွှေရောင်ပစ္စည်းတစ်ခုပါ၀င်နေသည်။

လီလော့ ငုံ့ကြည့်လိုက်သည့်ခါ ၎င်းတို့ကိုရယူရန် ပြင်းစွာတိုက်တွန်းမှုကို ခံစားရပြီး ၎င်းမှထွက်ပေါ်သည့် အန္တရာယ်ကိုလည်း ခံစားနေရသည်။

"ဒါဘာလဲ?"

"ဒါက မြို့စားအဆင့်အားလုံး လိုလားတောင့်တနေတဲ့ အထူးအနှစ်သာရတစ်ခုဖြစ်တဲ့ ဘုရင်သွေးစက်လေ... မင်း ယုဟုန်ရှီကို အကူအညီတောင်းရင် ဒါနဲ့ကမ်းလှမ်းလိုက်.... ဒီလို သွေးဆောင်မှုကို ငြင်းနိုင်ပါ့မလား...."

"ဘုရင်သွေးစက်?"

လီလော့ မျက်တောင်ခတ်လိုက်သည်။ သူဘာမှနားမလည်န်ိုင်တော့ပေ။

သို့တိုင် သူသည် ရတနာဘူးနှစ်လုံးကို အသေအချာသိမ်းထားလိုက်သည်။

"ယုဟုန်ရှီ သဘောတူရင် မင်းနောက်ထပ် မြို့စားအဆင့် တစ်ယောက်ကပဲ​လိုတော့မယ်.... အမေတို့ ရွေးချယ်ပေးချင်တဲ့သူမရှိတော့ပေမယ့် သားက ဉာဏ်ရည်ထက်မြက်တဲ့ ကောင်လေးတစ်ယောက်ပါ.. အားကိုးရတဲ့ တစ်ယောက်ကို ရှာတွေ့နိုင်မှာသေချာပါတယ်...."

လီလော့ တွေးလိုက်မိသည်။ သဘာဝအရှိဆုံးရွေးချယ်မှုမှာ နည်းပြချီချန်း ဖြစ်သည် ။ ကျောင်းဆရာများသည် အိမ်တော်အရေးကိစ္စများတွင် ဝင်စွက်ဖက်ဖို့တားမြစ်ခံထားရသော်လည်း အကယ်၍ ဤဘုရင်သွေးစက်ဖြင့်ကမ်းလှမ်းခြင်းသည် အပေးအယူတစ်ခုမျှသာဖြစ်သည်။

လီလော့ သူ့အပေါ်မှ ဖိအားများ လျော့နည်းသွားသလိုခံစားလိုက်ရသည်။ သူ့မိဘတွေက သူ့အတွက် အရာရာကြိုတင်တွေးတောပြင်ဆင်ပေးထားခဲ့ကြသည်မဟုတ်လော....

"ကောင်းပြီ၊ ပဲ့တင်ထပ်သံတုပခြင်းလှည်းဘီးကိစ္စပြေလည်သွားပြီဆိုတော့...လော့လန်အိမ်တော်အ​ခြေနေဘယ်လိုရှိလဲ....အမေတို့ရုတ်တရက်ထွက်သွားတာကြောင့် အသေးစားပြသာနာလေးတွေရှိနိုင်ပေမယ့် သားနဲ့ ချင်းအာတို့က သိပ်ကိုထူးချွန်တာမို့ ကောင်းကောင်း​ဖြေရှင်းနိုင်မယ်ထင်ပါတယ်....."

လီလော့ သူ့အမေ၏ နောက်ပြောင်မှုကို ကြည့်ပြီး မျက်လုံးပြူးသွားသည်။ အဆင်မပြေမှုအနည်းငယ်တဲ့လား...အမေသား ကျောရိုးကျိုးမတတ်ထမ်းပိုးထားရတဲ့ဝန်ထုပ်ဝန်ပိုးကိုလာကြည့်လှည့်ပါဉီး.....

သို့သော် မတွေ့တာ နှစ်အတော်ကြာပြီမို့ မိဘနှစ်ပါးပြောသောစကားလုံးတိုင်းကို သေချာစွာနားထောင်နေခဲ့ပါသည်။

သူတို့တွေ စစ်တလင်းမှာအဆင်ပြေရဲ့လား....

"အိုး.. ဟုတ်သားပဲ... သားကိုပေးစရာရှိသေးတယ်.... "

လီတိုင်ရွှမ် ရုတ်တရက် ပြောလိုက်ပြီး သူ့လက်ဖဝါးကို မြှောက်လိုက်သည့်အခါ အနက်ရောင်အလင်းတန်းတစ်ခုက လီလော့ရဲ့ မျက်လုံးရှေ့မှာပျံ့လွင့်နေလေ၏။

အနက်ရောင်တံဆိပ်တစ်ခု....

ထိုတံဆိပ်ကို မည်သည်သတ္တု၊မည်သည့်သစ်သာဖြင့်ပြုလုပ်ထားမှန်းမသိနိုင်ပေ။ တီးခေါက်ကြည့်သည့်အခါ နဂါးဟိန်းသံ ရုတ်တရက်ထွက်ပေါ်လာသည်။

ဒါဟာ တကယ့် နဂါးအစစ်ရဲ့ ဟိန်းသံဖြစ်ပြီး သူ့စိတ်ဝိညာဉ်ရဲ့ နက်ရှိုင်းဆုံး အထိ တုန်လှုပ်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ့လက်ထဲက အနက်ရောင်တံဆိပ်ရဲ့ အသံကို တုံ့ပြန်တဲ့အနေနဲ့ သူ့ကိုယ်ထဲက သွေးတွေ ဆူပွက်လာသလို ခံစားလိုက်ရသည်။

အသံတိတ်သွားသောအခါတွင် စူးစူးရှရှ၊ အားအင်များ လွင့်ပါးလာသည်။

အားလုံးက အိပ်မက်တစ်ခုလိုသာပင်.....

သူ့နဖူးပေါ်မှ အေးစက်သော ချွေးများကသာ မြို့စားအဆင့်ထက်တောင် ကြောက်စရာကောင်းသည့် အရာတစ်ခုကို ကြုံတွေ့ခဲ့ရသည့်ကိုသက်သေခံပေးနေသည်။

အနက်ရောင် တံဆိပ်ပြားအလယ်တွင် “လီ” ဟူသောစာလုံးကိုရေးထွင်းထားသည်။

၎င်းနှင့်ပတ်သက်သော လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုရှိသည်။ အတွင်း၌ အံ့သြဖွယ်ကောင်းသော စွမ်းအားကို ခံစားခဲ့ရပြီး ၎င်းနှင့် ထူးဆန်းသော ရင်းနှီးမှုအချို့ကိုလည်း ခံစားခဲ့ရသည်။

စာလုံးစုတ်ချက်များက ပုံမှန်ထက်ပိုမို ရှည်လျားပြီး ခွေနေသော နဂါးတစ်ကောင်နှင့်အလားသဏ္ဍာန်တူနေသည်။

လီလော့ ကျောင်းအုပ်ကြီးဖန်ချန်ယွမ်ပြောခဲ့ဖူးသည့်စကားကို ရုတ်တရက် သတိရသွားသည်။

ကောင်းကင်ဘုရင်လီရဲ့ သွေးမျိုးဆက်....

အနက်ရောင်တံဆိပ်ပြားနဲ့ ပတ်သက်နေတာလား.....

သူနဲ့ သူ့အဖေက ကောင်းကင်ဘုရင်လီရဲ့သွေးမျိုးဆက်တွေလား....အဲ့ဒါက သူတို့စွမ်းအားရဲ့ အရင်းအမြစ်အစစ်အမှန်လား....

"သားလေး မင်းမှာ မေးစရာတွေ အများကြီးကျန်နေသေးမှန်းသိတယ်... ဒါပေမယ့် အခုချိန်မှာ ဘာကိုမှမရှင်းပြနိုင်သေးဘူး.... မင်းအဖေက လျှို့ဝှက်ချက်တွေ အများကြီးရှိတဲသူဖြစ်ပြီး လျှို့ဝှက်ချက်ရှိတဲ့လူက သက်ရှိထင်ရှားရှိနေတာ အကောင်းဆုံးပဲလေ.... ဘာပဲဖြစ်ဖြစ် အချိန်တန်ရင် သားကိုရှင်းပြမှာပါ..... အခုလောလောဆယ် တံဆိပ်ပြားကို သေချာဂရုစိုက်ပါ။အဖေ ထားခဲ့တဲ့ အရှုပ်ထုတ်တွေကိုတွေ့ရင် လော့လန်အိမ်တော်ဆိုတဲ့အရှုပ်ထုပ်လေးက စာမဖွဲ့လောက်မှန်း နားလည်လာမှာပါ....."

လီတိုင်ရွှမ် ရယ်မောလိုက်သည်။

လီလော့ လက်ထဲက တံဆိပ်ပြားကို သူ့အဖေဆီပစ်ပေးဖို့စိတ်ကူးလိုက်ပေမယ့်တံဆိပ်ပြားက လီလော့ရဲ့စိတ်ကူးကိုကြိုသိနေသည့်နှယ် အိတ်ကပ်ထဲသို့ ခုန်ဆင်းသွားသောကြောင့် လီလော့ အံ့သြသွားခဲ့သည်။

"ကဲ၊ ငါ့သားကို မခြောက်နဲ့တော့..."

တန်တိုင်လန်က လီတိုင်ရွှမ်ကို လက်သီးနဲ့ထိုးပြီးသတိပေးလိုက်သည်။

ဘုန်းးးးးး

သူတို့၏အိမ်ဟောင်းနံရံတွင် အပေါက်တစ်ခုဖြစ်သွားသည်ကိုကြည့်ပြီး အနည်းငယ် အံ့သြနေမိသည်။

အင်း... သူ့အမေက တကယ်သန်မာတယ်....

သူမ၏ ရက်စက်ကြမ်းကြုတ်သောခင်ပွန်းသည် ရှုံးနိမ့်သွားသဖြင့် တန်တိုင်လန် လီလော့ ဘက်သို့ ပြန်လှည့်လာပြီး သူမ၏ အကြည့်များ ပျော့ပျောင်းလာသည်။

"အမေတို့ကို စိတ်မပူပါနဲ့ ....ကိုယ့်ကိုကိုယ် စိတ်ပူဖို့ပဲလိုတာ.... အဲ့ဒါ အမေတို့အတွက် အကြီးမားဆုံး အကူအညီဖြစ်လိမ့်မယ်.... နားလည်လား..."

လီလော့ နားလည်သွားသည်။ အသက်ရှင်နေဖို့က သူ့အတွက် ကြီးမားတဲ့ ပြဿနာဖြစ်နေခဲ့ပြီ......

“စိတ်မပူပါနဲ့ မေမေ”

တန်တိုင်လန်သည် အောက်ကိုငုံ့ကာ လီလော့ ၏ပါးကို ထိလုနီးပါး လကကို ဆန့်ထုတ်လိုက်သည်။

"သားလေး.... အခုအချိန်သိပ်မကျန်တော့ဘူး၊အမေတို့ပြင်ဆင်စရာရှိတာပြင်ဆင်ရဉီးမယ်.... သားနဲ့ချင်းအာတို့ ကျန်းမာအောင်နေကြနော်.....ပြီးတော့ ချင်းအာကိုကောင်းကောင်းဆက်ဆံပါ.. သူက တကယ်တော်တဲ့မိန်းကလေးပါ။ မင်းသူ့ကို ကောင်းကောင်းမဆက်ဆံရင် အရိုက်ခံရမယ်နော်....."

“ဒါ့အပြင် အမေတို့သားအမိနှစ်ယောက်စလုံး ချင်းအာအပေါ်အကြွေးတင်နေကြတယ်....."

လီလော့ အံ့သြလွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။ သူ နောက်ထပ်ကြားရဖို့ကို စောင့်မျှော်နေပေမယ့် သူ့မိဘတွေရဲ့ ပုံရိပ်တွေ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ရုတ်တရက် မှောင်မိုင်နေတဲ့ကျောက်သားခန်းမဆီပြန်ရောက်လာခဲ့သည်။

လီလော့ မျက်မှောင်ကြုတ်လိုက်မိသည်။

သူ့အမေရဲ့ နောက်ဆုံးစကားက ဘာကို ဆိုလိုတာလဲ......

***

All Chapters