← Chapters

အံ့ဖွယ်ကူညီသူ *

Vol. 32 Ch. 438

အံ့ဖွယ်ကူညီသူ *

Vol. 32 Ch. 438

လီလော့ ကျောက်သားခန်းမထဲမှ ထွက်လာသောအခါ ယုဟုန်ရှီက အပြင်တွင် သူ့ကို စောင့်နေပြီဖြစ်သည်။ နံရံကို ငြိမ့်ညောင်းစွာ မှီနေပြီး သူမ၏အမူအရာမှာ ဝမ်းနည်းမှုအရိပ်အမြွက်အနည်းငယ် ယှက်သန်းနေသောလည်း လီလော့ကို လှမ်းမြင်လိုက်သောအခါ ချက်ချင်း အမူအရာ ပြင်ဆင်လိုက်သည်။

"ဒါဆို မင်းအကုန်ယူပြီးပြီပေါ့...."

လီလော့ ခေါင်းညိတ်လိုက်သည်။

ယုဟုန်ရှီက စကားဆက်မပြောဘဲ လီလော့ကို အပြင်သို့ ခေါ်သွားခဲ့သည်။

"ဉက္ကဌယု...ကျွန်တော် ဉက္ကဌယုကို အကူအညီတောင်းစရာတခုရှိတယ်...."

"ဒါဟာ စီးပွားရေးသာဆိုရင်၊ ငါတို့က ကျွမ်းကျင်ပိုင်နိုင်စွာ ဖြေရှင်းနိုင်မှာပါ။ မင်း ချင်းအာကို ရွှေနဂါးတာအိုနယ်မြေမှာ ကူညီပေးခဲ့တဲ့အတွက် မျက်နှာသာပေးနိုင်ပေမယ့် တခြားအရာတွေဆိုရင်တော့ ရွှေနဂါးဘဏ်နဲ့ ဘာမှမဆိုင်ဘူး... ကောင်းပြီ၊ မင်း ဘာအကူအညီတောင်းမလဲဆိုတာ နားထောင်ကြည့်ရအောင်....."

"တစ်ခုခုကို ပြုပြင်ဖို့ ဉက္ကဌယုရဲ့အကူအညီလိုနေတယ်...... အဲ့လိုပြုပြင်ဖို့ မြို့စားအဆင့်ရဲ့ ကြီးမားလှတဲ့ စွမ်းအားတွေ လိုအပ်နေ

လို့ပါ......"

သူမ၏ မျက်လုံးများတွင် အံ့အားသင့်မှုတစ်ခု မြင်လိုက်ရသည်။

ဒီကောင်လေး ဘာတွေကြံစည်နေတာလဲ...မြို့စားအဆင့်ရဲ့ ခွန်အားတွေလိုအပ်ရလောက်အောင် သူပြုပြင်မယ့်အရာက ဘာမို့လို့လဲ......

"ငါမကူညီနိုင်ဘူး.... ဒါက မြို့စားအဆင့်တွေ ပါဝင်ပတ်သက်ဖို့ လိုအပ်နေတယ်ဆိုကတည်းက နင် ပြုပြင်ဖို့ကြိုးစားနေတဲ့အရာက ပေါ့သေးသေး မဟုတ်လောက်ဘူး..... ဒီသတင်းသာ ပေါက်ကြားခဲ့ရင် ရွှေနဂါးဘဏ်ရဲ့ ရပ်တည်ချက်အပေါ် အစွန်းအထင်းဖြစ်စေနိုင်တယ်...ငါတို့က ဘယ်သူ့ဘက်မှမလိုက်တဲ့ကြားနေဝါ​ဒီသမားတွေလေ...."

ယုဟုန်ရှီသည် ထိုကဲ့သို့သော

တောင်းဆိုမှုကို ပေါ့ပေါ့တန်တန် လိုက်လျောမည်မဟုတ်သောကြောင့် သူမ ချက်ခြင်းပင် ငြင်းပယ်လိုက်သည်။

တစ်ဖက်တွင်မူ သူမ၏ တုံ့ပြန်မှုသည် လီလော့မျှော်လင့်ထားသည့်အတိုင်းဖြစ်နေသည်။ ထို့အပြင်၊ ဤငြင်းဆိုချက်သည် အထူးခိုင်မာပုံမပေါ်ပေ... ထို့ကြောင့် ကွေ့ဝိုက်မနေတော့ဘဲ လိုရင်းကိုသာတိုက်ရိုက်ပြောရတော့မည်။

"ဉက္ကဌယုက တကယ့်ကို လေးစားထိုက်တဲ့ စီးပွားရေးသမားတစ်ယောက်ပါ...လုံလောက်တဲ့ ကမ်းလှမ်းမှုနဲ့ဆိုရင်ရော...."

"ဘယ်လို ကမ်းလှမ်းမှုမျိုးလဲ... မင်း ငါ့ကို အချဉ်ဖမ်းဖို့ ကြိုးစားနေတာလား..."

ယုဟုန်ရှီက သူ့ကို ကျီစယ်ရင်း ပြုံးပြလိုက်သည်။

"ငါလို အဘွားအိုက အရမ်းစျေးကြီးတယ် မင်းတို့လော့လန်အိမ်တော်က ဘယ်လို ကမ်းလှမ်းမှုမျိုးတတ်နိုင်မှာမို့လို့လဲ....."

ယုဟုန်ရှီ ၏ ဂုဏ်ယူဝင့်ကြွားသော ကြွေးကြော်သံသည် လီလော့ကို မည်သို့မျှ မထိခိုက်စေခဲ့​ပေ။

တစ်ဖက်တွင် သူသည် သူ၏လက်ဖဝါးကို ညင်သာစွာဖြန့်လိုက်ရာ ကျောက်စိမ်းပုလင်းအတွင်းမှ ရွှေရောင်အရာဝတ္ထုတစ်ခု ဖြည်းညှင်းစွာ စီးဆင်းလာသည်ကို တွေ့လိုက်ရသည်။

ယုဟုန်ရှီက ကျောက်စိမ်းပုလင်းကို သာမာန်ကာလျှံကာကြည့်လိုက်သော်လည်း ၎င်းအတွင်းထဲမှ ရွှေရောင်အရည်တွေကိုသတိပြုမိလိုက်တဲ့အခါ သူမရဲ့ အကြည့်တွေက လျင်မြန်စွာ တောက်ပလာခဲ့လေသည်။

" ဒါဘာလဲဆိုတာ ဉက္ကဌယုသိမယ်ထင်တယ်... ဒါနဲ့ဆို ဉက္ကဌယုဆီက အကူညီတောင်းဖို့ ကမ်းလှမ်းနိုင်ပြီလား...... "

လီလော့က စိတ်အားထက်သန်စွာ မေးလိုက်သည်။

ထို့နောက် ကျောက်စိမ်းပုလင်းကို ဖြည်းညှင်းလှုပ်ယမ်းနေသော်လည်း ယုဟုန်ရှီသည် လီလော့၏ လက်များကိုသာ ငေးကြည့်နေခဲ့သည်။

"ဒါနဲ့မလုံလောက်ရင်...ဟူးးးးးတခြားတစ်ယောက်ယောက်ကို ရှာရမယ်ထင်တယ်"

သူမ၏ တုံ့ပြန်မှုကင်းမဲ့နေသည်ကို ကြည့်ရင်း လီလော့ သက်ပြင်းချလိုက်မိသည်။

သူ၏ အနှေးပြကွက် ပြီးခါနီးတွင် ယုဟုန်ရှီ က လက်ဆွဲပြီး သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ အနီးကပ် စစ်ဆေးရန်အတွက် ကျောက်စိမ်းပုလင်းကို တိုက်ရိုက်ဆွဲယူလိုက်သည်။

"မင်းက ဒီအဘွားကြီးကို အရူးလုပ်ဖို့ ကြိုးစားနေတာလား..."

ယုဟုန်ရှီက အေးစက်သော အပြုံးဖြင့် ဟစ်အော်လိုက်သည်။

"ဒါက သေချာပေါက် ကောင်းတဲ့အရာတစ်ခုပဲ... တကယ်တော့၊ မင်းဟာ မြို့စားအဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ရှေ့မှာ ဒီလိုအရာကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြလိုက်တာက လော့လန်အိမ်တော်ကိုအမဲဖျက်ဖို့စောင့်ဆိုင်းနေတဲ့ ဝံပုလွေတွေကို အာရုံစိုက်မးလာအောင်ဆွဲဆောင်နေသလိုဖြစ်ကုန်လိမ့်မယ်.... “

အပြစ်ကင်းတဲ့မျက်နှာနဲ့ လီလော့က....

"ဟုတ်ပါတယ်...ကျွန်တော်က ဉက္ကဌယုကို ယုံကြည်လို့သာ ဒါကိုထုတ်ပြတာပါ....အနည်းဆုံးတော့ ဉက္ကဌယုက ငတ်ပြတ်နေတဲ့ ဝံပုလွေမဟုတ်ဘူး..."

သူမရဲ့ အကြည့်တွေ ချက်ချင်း ပျော့ပြောင်းလာပြီး သူမလက်ထဲက ကျောက်စိမ်းပုလင်းကို သေချာစွာစူးစမ်းကြည့်နေသည်။

"လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့က မင်းအတွက် ကောင်းတာတွေ ချန်ထားခဲ့တယ်ဆိုတာ ရှင်းပါတယ်..."

လီလော့ ဒါကို အခုမှရရှိထားမှန်း သူမ အလွယ်တကူ ခန့်မှန်းနိုင်ခဲ့သည်။

"ဒါဆို ကျွန်တော့်ကို အကူအညီပေးမယ်ပေါ့....?"

"မင်း ဘာကိုပြုပြင်ဖို့ကြိုးစားနေတာလဲ ငါမသိပေမယ့် ဒီကမ်းလှမ်းချက်က ငါ့ကို သေချာပေါက် လှုံ့ဆော်ပေးနိုင်တယ်.... ငါက မင်းပြောသလိုပဲ စီးပွားရေးလုပ်ငန်းရှင်လေ.... ကမ်းလှမ်းတဲ့တန်ကြေးက လုံလောက်တဲ့အတွက် မင်းရဲ့ နှိမ့်ချတဲ့ တောင်းဆိုမှုကို ငါ ငြင်းပယ်ဖို့ အကြောင်းပြချက်မရှိဘူး...."

"ဉက္ကဌယုကို ကျေးဇူးတင်ပါတယ်...."

လီလော့ ဒီအဖြေကိုကြားတော့ ဝမ်းသာပီတိဖြစ်ခဲ့ရသည်။ထို့​ကြောင့် ချက်ချင်းပင် ပြုံးပြုံးရွှင်ရွှင်ဖြင့် ပစ္စည်းစာရင်းကို ထုတ်လိုက်သည်။

"ဉက္ကဌယုက ကူညီဖို့ ဆန္ဒရှိတယ်ဆို နောက်ထပ် ကိစ္စသေးသေးလေးတစ်ခု အပူကပ်ပါရစေဉီး... ဒီစာရင်းထဲမှာပါတဲ့ ပစ္စည်းတွေ ကူရှာပေးနိုင်မလား.... "

ဤအရာများသည် ပဲ့တင်ထပ်သံလှည်းဘီးပြုလုပ်ရန် လိုအပ်သော ပစ္စည်းများဖြစ်ပြီး၊ အချို့မှာ အလွန်ရှုပ်ထွေးပြီး ရှာရခက်သည်။ ဤပါဝင်ပစ္စည်းများကို သူကိုယ်တိုင် ရှာဖွေရမည်ဆိုပါက၊ အချိန်များစွာကြာမည်ဖြစ်ပြီး ယုဟုန်ရှီကို အကူအညီတောင်းခြင်းကသာ အမှန်ကန်ဆုံးရွေးချယ်မှုဖြစ်သည်။

ယုဟုန်ရှီက စာရင်းကို အတိုချုံးဖတ်ကြည့်လိုက်သည်။

“ဒီမှာရှိတဲ့ ပစ္စည်းတချို့က ထူးထူးဆန်းဆန်းတွေလို့တောင် ယူဆလို့ရတယ်... မင်းဘာတွေလုပ်ဖို့ကြိုးစားနေလဲ နားမလည်နိုင်တော့ဘူး... ဒါတွေက ထင်မထားလောက်အောင် ဈေးကြီးတာတော့ သေချာတယ်.... ဒါတွေအတွက ကောင်းကင်ရွှေ ခုနစ်သိန်းကနေ ရှစ်သိန်းလောက် ကုန်ကျမယ်လို့ တွက်ထားပေမယ့် ဒီကုန်ကျစရိတ်တွေကို ငါစိုက်ပေးလိုက်မယ်.....”

"ဉက္ကဌယုက တကယ့်ကို ရက်ရောပြီး ကြင်နာတယ်!"

လီလော့ လေးနက်စွာ အော်လိုက်ပြီးတိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ယုဟုန်ရှီသည် အမှန်တကယ် ချမ်းသာသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမလိုလူကသာ သိန်းပေါင်းများစွာသော ကောင်းကင်ရွှေများကို မျက်တောင်တချက်မခတ်ဘဲ ထုတ်သုံးနိုင်သည်။

"ဒါက မင်းရဲ့ဘုရင်သွေးစက်နဲ့ ယှဉ်ရင် ဘာမှမဟုတ်သေးဘးး... ဒီပစ္စည်းရဲ့တန်ဖိုးအစစ်နဲ့ နှိုင်းစာရင် သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပါပဲ..... မျိုးဆက်သစ်လူငယ်တွေကို အမြတ်ထုတ်ဖို့ စိတ်မ၀င်စားဘူး....”

ယုဟုန်ရှီက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"ကောင်းပြီ ဒါဆို ငါတို့ ဘယ်တော့ စမှာလဲ"

"နောက် ၁၀ ရက်လောက်နေရင် စကြမယ်...."

နောက်ဆယ်ရက်အကြာတွင် ရှန့်ပိန်းတွေ့ဆုံပွဲအတွက် ရှပြည်ထောင်စုမှထွက်ခွာရမည်ဖြစ်သည်။ ထို့ကြောင့်၊ သူမထွက်ခွာမီတွင် ပဲ့တင်ထပ်သံတုပခြင်းလှည်းဘီးကို အပြီးသတ်ဖန်တီးခဲ့ရမည်။

"တည်နေရာကရော...?"

လော့လန်အိမ်တော်တွင် မြို့စားအဆင့်ကျွမ်းကျင်သူများ၏ စွမ်းအားကို ဖိနှိပ်ထားသော အစီအရင်တခုရှိသောကြောင့် ယုဟုန်ရှီနှင့်ချီချန်းတို့ကို အကူအညီတောင်းမည်ဆိုပါကလော့လန်အိမ်တော်တွင် စုဝေးလို့မရနိုင်ပေ။ ထို့ကြောင့် ဤလျှို့ဝှက်တာဝန်ကိုထမ်းဆောင်ရန် လုံခြုံသောနေရာကို ရှာရပေလိမ့်မည်။

"ကြယ်တာယာခရီးရှည်ကောလိပ်ကိုပဲလာခဲ့လိုက်ပါ"

လီလော့ ပြုံးလိုက်သည်။ရှပြည်ထောင်စုတွင် ကြယ်တာယာခရီးရှည်ကောလိပ်လောက် လုံခြုံသောနေရာမရှိနိုင်ပေ။

"ကျောင်းထဲမှာလား?"

ယုဟုန်ရှီ အနည်းငယ် ထိတ်လန့်သွားပုံရသော်လည်း လျင်မြန်စွာအမူအရာထိန်းလိုက်ပြီး...

"ဟမ်... ဒါက တကယ့်ကို စံပြနေရာပဲ"

"ဒီပြုပြင်မှုက မြို့စားအဆင့်နှစ်ယောက်ရဲ့အကူအညီ လိုအပ်တယ်.... ဒါကြောင့် ကျွန်တော်လည်း အကူအညီပေးဖို့ အခြားတစ်ယောက်ယောက်ကို ရှာရဉီးမယ်....."

ဒီစကားကြားတော့ ယုဟုန်ရှီ မျက်မှောက်ကြုံ့လိုက်ပြီး.....

" လိီလော့...ဒီဘုရင်သွေးစက်က မြို့စားအဆင့်တိုင်းကို ဆွဲဆောင်န်ိုင်တယ်... မင်း ဒါကို ပွင့်ပွင့်လင်းလင်း ထုတ်ပြလိုက်ရင် လော့လန်အိမ်တော်အတွက် ထိခိုက်စရာတွေဖြစ်လာနိုင်တယ်....."

ဤသတိပေးချက်သည် ယုတ္တိတန်သောကြောင့် လီလော့ ခေါင်းညိတ်လိုက်သည်။

"စိတ်မပူပါနဲ့... ဒါကို ကျွန်တော် ကောင်းကောင်းသိပါတယ်...ကျွန်တော်ပြောတဲ့နောက်ထပ် တစ်ယောက်ဆိုတာကလည်း နည်းပြချီချန်းကိုပြောတာပါ....သူက ကြယ်တာယာခရီးရှည်ကောလိပ်ကဆိုတော့ ဉက္ကဌယုလို ကြားနေဝါဒသမားပဲလေ......"

"ချီချန်း ...?"

သူမ ခေါင်းညိတ်ပြီး ဘာမှ ထပ်မပြောတော့ပေ။ အရင်တုန်းကတော့ သူမနဲ့ ဆက်ဆံခဲ့ဖူးသည့်အတွက် တကယ်ကောင်းတဲ့ ရွေးချယ်မှုတစ်ခုသာပင်.....

"ပါဝင်ပစ္စည်းတွေစုပြီးရင် ကျောင်းမှာတွေ့မယ်"

လီလော့ ခေါင်းညိတ်ပြပြီး သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။

ကျေးဇူးကြီးလှစွာဖြင့် သူ၏ကြင်နာတတ်သောမိဘများက ဤအဖိုးတန်ဘုရင်သွေးစက်ကို ချန်ထားပေးခဲ့သည်။ မဟုတ်ပါက၊ မြို့စားအဆင့် ကျွမ်းကျင်သူများ၏ကူညီတောင်းဖို့မလွယ်ကူနိုင်ပေ။

ချီချန်းနှင့်ယုဟုန်ရှီတို့နှစ်ဦးစလုံးသည် ကြားနေသမားများဖြစ်သောကြောင့် ၎င်းတို့၏အကူအညီကိုရရှိရန် တူညီသောတန်ဖိုးတစ်ခုခုကို သဘာဝအတိုင်းထုတ်ပေးရမည်ဖြစ်သည်။

အခု ပြဿနာတစ်ဝက်လောက်ပြေလည်သွားပြီဖြစ်သည့်အတွက် နည်းပြချီချန်းကို သွားရှာဖို့သာကျန်တော့သည်။

***

All Chapters