← Chapters

ချန်ပီယံသုံးယောက် *

Vol. 32 Ch. 439

ချန်ပီယံသုံးယောက် *

Vol. 32 Ch. 439

နောက်တစ်နေ့တွင် ကျန်းချင်းအာကို နှုတ်ဆက်ပြီး လီလော့ ကောလိပ်သို့ပြန်လာခဲ့သည်။

ရှန့်ပိန်းတွေ့ဆုံပွဲ မတိုင်ခင် လဝက်လောက် အချိန်ရှိသေးသည့်အတွက် ပါဝင်သူအားလုံး ကြိုးစား လေ့ကျင့်နေကြသည်။

ကောလိပ်သို့ရောက်သောအခါ လီလော့ သည် နည်းပ ချီချန်း၏နေအိမ်သို့ လျှောက်သွားကာ ခြံဝင်းအတွင်းရှိ လသာဆောင်အတွင်း လက်ဖက်ရည်သောက်နေသော ချီချန်းကို တွေ့ခဲ့ရသည်။

"ငါ့ဖျာတွေပေကုန်မယ်....နင့်ဖိနပ်တွေချွတ်ထားခဲ့.... "

ချီချန်းက တချက်မှမော့မကြည့်ဘဲ အမိန့်ပေးလိုက်သည်။

လီလော့ ကပျာကယာဖိနပ်ချွတ်ပြီးသည်နှင့်အတောက်ပဆုံးအပြုံးတခုဆင်မြန်းကာ နည်းပြရှေ့တွင် ဝင်ထိုင်လိုက်သည်။

"နင်အခုဘာတွေလုပ်နေလဲ၊ နင့်ပုံစံကြည့်ရတာ တခုခုထူးဆန်းနေတယ်...."

လီလော့တစ်ယာက် ခါတိုင်းနှင့်မတူဘဲ နည်းနည်းငြိမ်သက်နေသောကြောင့်ချီချန်းက သူ့ကို ထူးဆန်းတဲ့အကြည့်နဲ့ စိုက်ကြည့်နေသည်။

"ဟုတ်တယ်... ကျွန်တော် ဆရာ့ကိုအကူညီတောင်းစရာရှိတယ်...."

လီလော့ စိတ်အားထက်သန်စွာ ရှင်းပြလိုက်သည်။

ထိုအခါ မျက်ခုံးတစ်ချက်ပင့်ကာ သံသယစိတ်ဖြင့် ချီချန်းက ချက်ချင်းမေးသည်

"လော့လန်အိမ်တော်ကို ကူညီခိုင်းမလို့လား....ငါသဘောတူရင်တောင် ကောလိပ်က ဒါကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး..."

"ဆရာရဲ့တပည့်တွေအပေါ်ထားရှိတဲ့ မေတ္တာတရားက ပင်လယ်သမုဒ္ဒရာကြီးလို ကျယ်ပြောလှပါတယ်...ဒါတွေကို အလွဲသုံးစားလုပ်ရလောက်တဲ့အထိတော့ ကျွန်တော်အရှက်မမဲ့သေးပါဘူး....ရိုးရိုးသားသား ဝန်ခံရရင် ကျွန်တော့်ကို အဖိုးတန်ပစ္စည်းတခုသန့်စင်ဖို့ကူညီပေးစေချင်တာပါ...ဒီလိုသန့်စင်ဖို့ မြို့စားအဆင့်နှစ်ယောက်ရဲ့အကူညီလိုတယ်...တခြားတစ်ယောက်ကိုတော့ရှာပြီးသွားပြီ...သူက ရွှေနဂါးဘဏ်တိုက် ဉက္ကဌယုဟုန်ရှီပါ...."

"ယုဟုန်ရှီ..?"

ချီချန်း အနည်းငယ် ထိတ်လန့်သွားသည်။

"ရွှေနဂါးဘဏ်တိုက်က ကြယ်တာယာခရီးရှည်ကောလိပ်လို ကြားနေသမားတွေပဲလေ....သူ ဘာလို့နင့်တောင်းဆိုမှုကိုလိုက်လျောလိုက်တာလဲ..... နင် သန့်စင်မဲ့ပစ္ည်းက ဘယ်လောက်အရေးကြီးလဲမသိပေမယ့်ဝင်ခွင့်ပြိုင်ပွဲမှာ ရလဒ်ကောင်းအောင် လုပ်ပေးခဲ့တဲ့အတွက် ကောလိပ်ရဲ့စည်းမျဉ်းတွေကိုချိုးဖောက်ရမယ်ဆိုရင်တောင် နင့်ကိုဒီတစ်ခါတော့ကူညီပေးလိုက်မယ်...."

"ဆရာ ဒီလောက်လွယ်လွယ်သဘောတူလိုက်ပြီလား...."

လီလော့ အံ့အားသင့်နေမိသည်။

"ဘာလဲ မကျေနပ်ဘူးလား... ?"

သူမ ပြုံးလိုက်သည်။

"မဟုတ်ပါဘူး....ဆရာ ဒီလောက်ပြတ်ပြတ်သားသားဆုံးဖြတ်မယ်လို့ မမျှော်လင့်ထားခဲ့မိလို့ပါ...ဆရာက ရွှေနဂါးဘဏ်က လုပ်ဖော်ကိုင်ဖက်ထက် အများကြီး ပိုကောင်းတယ်..."

"ငါကို ယုဟုန်ရှီနဲ့မယှဉ်နဲ့.... သူက ရွှေနဂါးဘဏ်တစ်ခုလုံးကို တာဝန်ခံပြီး သူမရဲ့ လုပ်ဆောင်ချက်တိုင်းကို မလွှဲမရှောင်သာ စိစစ်ရလိမ့်မယ်... သူ နင့်ကို ကူညီဖို့ သဘောတူထားတဲ့အတွက်ကြောင့် ငါ့အတွက်ဘာစိုးရိမ်စရာမှမရှိဘူးလေ...."

" ဆရာ အခုလို စိတ်အားထက်သန်စွာကူညီဖို့ သဘောတူနေတဲ့အတွက် ကျွန်တော့်ဘက်က တခုခုပြန်ပေးပါရစေ....."

"အိုး? နင်က ငါ့ကို လာဘ်ထိုးချင်တာလား..."

"မြို့စားအဆင့်ကျွမ်းကျင်သူဖြစ်ရခြင်းရဲ့ အဓိပ္ပါယ်ကို နားလည်မှုလွဲသွားပြီထင်တယ်.... နင့်လို လော့လန်အိမ်တော်သခင်လေးအတွက် ကူညီပေးဖို့ မြို့စားတစ်ယောက်ရှာရတာ ခက်ခဲတဲ့ကိစ္စမှမဟုတ်တာ.....ငါနင့်ကို အကူညီပေးတယ်ဆိုတာလဲ ဆရာတပည့်ဆက်ဆံရေးကြောင့်လေ...ကဲပါ...နင့်ဘက်ကပြင်ဆင်လာတဲ့အရာက ငါ့အတွက်လုံလောက်နိုင်ပါ့မလား....."

ဤသည်မှာ မြို့စားအဆင့် ကျွမ်းကျင်သူများအားလုံး ပိုင်ဆိုင်သော မာန်မာနဖြစ်သည်။

လီလော့ ပြုံးလိုက်ပြီး သူ့အိတ်ကပ်ထဲမှ ကျောက်စိမ်းပုလင်းတလုံးထုတ်ယူပြီး လက်ဖက်ရည် စားပွဲပေါ်ပေါ့ပေါ့ပါးပါး တင်ပေးလိုက်သည်။

ကျောက်စိမ်းပုလင်းကို သူမ ငေးကြည့်မိသောအခါတွင် ရွှေရောင်အရည်တချို့ရွေ့လျားနေသည်ကိုမြင်လိုက်ရသည်။

သံသယနှင့် ရှုပ်ထွေးမှုများအစား လုံးလုံးထိတ်လန့်တုန်လှုပ်ခြင်းများ လျင်​မြန်စ်ာအစားထိုးလာခဲ့သည်။

ဒါဘာလဲဆိုတာ သူမနောက်ဆုံးတော့ နားလည်သွားခဲ့ပြီ....

ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်တခုလုံး အေးခဲသွားသလိုပင်.....

ဆယ်စက္ကန့်လောက်ကြာတော့မှသာ သူမ တုန်တုန်ယင်ယင်ဖြင့် ကျောက်စိမ်းပုလင်းကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

"ဘယ်အချိန် ဘယ်နေရာလဲ....."

"၁၀ ရက်အတွင်း ဒီကောလိပ်မှာပဲ သန့်စင်မယ်....ဒါကြောင့်မို့ သင့်တော်တဲ့ နေရာတခု စီစဉ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..." ဟု လီလော့က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"ကောင်းပြီ..."

ချီချန်းသည် အပြင်ဘက်တွင် အေးဆေးတည်ငြိမ်နေပုံရသော်လည်း ယခုအခါ သူမသည် လက်နှစ်ဖက်ပေါ်ရှိ သွေးကြောများကိုပင် မြင်နိုင်သည်အထိ ကျောက်စိမ်းပုလင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။

လီလော့၏ အကြည့်ကို သူမ သတိပြုမိမှသာ ကျောက်စိမ်းပုလင်းကိုလျင်မြန်စွာ သိမ်းဆည်းလိုက်လေသည်။

စိတ်လှုပ်ရှားမှုကြောင့် သူမ မျက်နှာနီမြန်းနေသည်ကိုအတိုင်းသားတွေ့မြင်နေရသည်။

ဤဘုရင်သွေးစက်သည် ဂုဏ်သတင်းကြီးမားသော မြို့စားအဆင့်ကျွမ်းကျင်သူများအတွက်ပင် အစွမ်းကုန်သွေးဆောင်မှုရှိကြောင်း ထင်ရှားသည်။ အမြဲတမ်း တည်တည်ငြိမ်ငြိမ်နေတတ်သူ ချီချန်းသည်ပင် မတည်ငြိမ်နိုင်တော့ပေ။

"ဆရာ...ရှန့်ပိန်းတွေ့ဆုံပွဲမှာ ကြယ်တစ်ပွင့်ခန်းမအတွက် စင်ပေါ်တက်ဖို့ အခွင့်အရေးရှိနိုင်ပါ့မလား..."

ချီချန်း ရှက်သွားမည်ဆိုး​သောကြောင့် စကားလမ်းကြောင်းအမြန်လွှဲလိုက်ရသည်။

သူမ၏ စိတ်ထဲတွင် ရှုပ်ထွေးနေသော အတွေးများ ပြည့်နှက်နေသော်လည်း...

"...ထိပ်တန်းအဆင့်တွေကို နင်မယှဉ်နိုင်ဘူး...."

ဒီလို ပြတ်ပြတ်သားသားပြန်ဖြေတာကိုကြားတော့ လီလော့ အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။

" ဘာကိုဆိုလိုတာလဲ?"

"အပြာရောင်ချောက်နက်ကောလိပ်ကလုကျန်းကို အနိုင်ယူနိူင်ရုံနဲ့ နင့်ကိုယ်နင် အသန်မာဆုံး ကြယ်တစ်ပွင့်ကျောင်းသားဖြစ်နိုင်ပြီလို့ထင်နေတာလား....."

"ဒါဆို လုကျန်းက ပျမ်းမျှအဆင့်လောက်တောင်မရှိဘူးလို့ ဆရာပြောချင်တာလား...."

"လုကျန်းက သန်မာတဲ့ပြိုင်ဘက်ပါ..ငါ့ အတွေ့အကြုံအရဆို သူက အရှေ့ပိုင်းနတ်ဘုရားကုန်းမြေရဲ့ အသန်မာဆုံး ကြယ်တစ်ပွင့်ကျောင်းသား ဆယ်ယောက်စာရင်းဝင်ဖြစ်သင့်တယ်.... သူ့ကို အနိုင်ယူတာက နင့်ကို ပြိုင်ဖက်တွေရဲ့ ထိပ်တန်းအဆင့်မှာ ရှိနေစေတယ်...ဒါပေမယ့် ဒါကို လုံလောက်ပြီလို့တွေးနေရင် အမှားကြီးမှားသွားလိမ့်မယ်... တခြားထိပ်တန်းကောလိပ်တွေရဲ့ ဝှက်ဖဲတွေကို လျှော့မတွက်လိုက်နဲ့....."

"ဒီကျောင်းသားတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ရှိသေးလား"

လီလော့ စိတ်ဝင်တစားနဲ့ ဆက်မေးလိုက်သည်။

သို့သော် ချီချန်းက ခေါင်းခါပြလိုက်သည်။

"ဒီတစ်ခေါက်ဝင်ခွင့်ပြိုင်ပွဲက အရင်ကနဲ့ နည်းနည်း ကွာခြားတယ်.... အရင်တုန်းကသာဆို ပွဲမစခင်မှာ ပြိုင်ဘက်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို လက်ခံရရှိလိမ့်မယ်။ ဒါက ကောလိပ်တွေကြားက လဲလှယ်မှု စံနှုန်းတစ်ခုပဲလေ.... ကံမကောင်းတာက ဒီလိုမဖြစ်ခဲ့ဘူး....ရှန့်ပိန်းတွေ့ဆုံပွဲမှာ အံ့အားသင့်စရာတွေနဲ့မလွဲမသွေကြုံတွေ့ရလိမ့်မယ်.... အကောင်းဆုံးကောလိပ်တွေအားလုံးက သူတို့ကျောင်းသားတွေရဲ့အချက်အလက်တွေကို မလွဲမသွေ ဖုံးကွယ်ထားလိမ့်မယ်.... "

"မပူပါနဲ့... ငါတို့တွေ နင့်ကို မျက်ကွယ်ပြုထားမှာ မဟုတ်ဘူး.... ဒါပေမယ့် ငါတို့ရဲ့ အကူအညီက အကန့်အသတ်ရှိတယ်.... အသန်မာဆုံး သုံးယောက်နဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ရထားတဲ့ အဲ့သုံးယောက်ထဲမှာ နင်မပါဘူး...."

"ဒါဆို ချန်ပီယံသုံးယောက်က ဘယ်သူတွေလဲ...."

"ဉာဏ်အလင်းကောလိပ်ရဲ့ မဟာလှံ... မြင့်မြတ်သောထိပ်သီးအစည်းအဝေးရဲ့ မြင့်​​မြတ်တဲ့သားရဲ.... နောက်ဆုံးတစ်ယောက်က ငရဲအမြူတေအဖွဲ့ရဲ့ ပုံရိပ်ယောင်လျှပ်စီး...."

***

All Chapters