← Chapters

အဆင့်ကိုးတပိုင်း *

Vol. 32 Ch. 440

အဆင့်ကိုးတပိုင်း *

Vol. 32 Ch. 440

မြို့စားအဆင့်ပညာရပ်....ပဲ့တင်ထပ်သံနှစ်ခုအသုံးပြုသူ....

"ဉာဏ်အလင်းကောလိပ်ရဲ့ မဟာလှံ... မြင့်မြတ်သောထိပ်သီးအစည်းအဝေးရဲ့ မြင့်​​မြတ်တဲ့သားရဲ....ငရဲအမြူတေအဖွဲ့ရဲ့ ပုံရိပ်ယောင်လျှပ်စီး....

“ဒါက ဘာကိုဆိုလိုလဲ”

ချီချန်းသည် မိုးမခသဏ္ဍာန်သွယ်ပြောင်းသောလက်ချောင်းများဖြင့် စားပွဲကို စည်းချက်ကျကျ တီးခေါက်နေရင်းကနေ .....

“ဉာဏ်အလင်းကောလိပ်ရဲ့မဟာလှံဆိုတာ

ဉာဏ်အလင်းကောလိပ်က ကျောင်းသာတစ်ယောက်ကို ရည်ညွှန်းထားတာပါ... ဒီကောလိပ်အကြောင်း ကြားဖူးလား....ဉာဏ်အလင်းကောလိပ်က မနှစ်ကရှန့်ပိန်းတွေ့ဆုံပွဲမှာ ချန်ပီယံဖြစ်ခဲ့တယ်...ဒါကြောင့်မို့ မရေမတွက်နိုင်တဲ့အရင်းမြစ်တွေရရှိခဲ့တယ်လေ.... ပြီးတော့ ဉာဏ်အလင်းကောလိပ်က အရှေ့ပိုင်းနတ်ဘုရားကုန်းမြေရဲ့အကျော်ကြားဆုံးကောလိပ်အဖြစ်ပေါင်းများစွာရပ်တည်နေခဲ့တာ....မဟာလှံဆိုတာ အဆင့်ကိုးတပိုင်း လေပဲ့တင်ထပ်သံပိုင်ရှင် ပထမနှစ်ကျောင်းသား ကျင်းထန်ရှုကိုတင်စားထားတာ...."

"အဆင့်ကိုးတပိုင်း... အဲ့ဒါ ဘာကိုဆိုလိုတာလဲ...."

"နင်က ကျန်းချင်းအာနဲ့အနီးကပ်နေခဲ့ရတော့ အဆင့်ကိုးပဲ့တင်ထပ်သံတွေရဲ့ စွမ်းအားနဲ့ ရှားပါးမှုကို အပြည့်အဝ နားလည်နိုင်မှာမဟုတ်ဘူး.... ကြောက်ရကောင်းမှန်းလည်းသိမယ့်ပုံမပေါ်ဘူး.....သားရဲဘေးမှာနေထိုင်ခြင်းက နင့်ကိုသားရဲတွေနဲ့ယဉ်ပါးစေနိူင်ပေမယ့်တခြားသူတွေအတွက်တော့ ဘယ်တူပါ့မလဲ....လူတိူင်း ကျားရဲတွေကိုကြောက်ကြတာပဲလေ....."

လီလော့ အံကြိတ်မိလိုက်သည်။

ဆရာက ချင်းအာကိုဘာလို့ တောရိုင်းတိရိစ္ဆာန်တစ်ကောင်နဲ့ ခိုင်းနှိုင်းနေတာလဲ.....

" အဆင့်ရှစ် အဆင့်မြင့်နဲ့ အဆင့်ကိုး ပဲ့တင်ထပ်သံ​ကြားမှာ နှိုင်းယှဉ်လိုမရတဲ့ကွာခြားချင်တွေရှိတယ်....ကျန်းချင်းအာ ကောလိပ်ကိုဝင်ပြီးကတည်းက သူရဲ့ အရည်အချင်းအစစ်အမှန်ကို ဘယ်သူမှ မမြင်ဖူးသေးဘူး.....ဝင်ခွင့်​ပြိုင်ပွဲတုန်းက

တိုက်ပွဲက သူ့အတွက်သွေးပူရုံလောက်ပဲရှိသေးတာ....ကျောက်ဟွေရင်းက ကျန်းချင်းအာကို ဝှက်ဖဲထုတ်သုံးရလောက်တဲ့အထိဖိအားပေးနဲ့မယ့်ပြိုင်ဘက်မဟုတ်ခဲ့ဘူး....နင်တောင် အခြားကောလိပ်ရဲ့ပထမနှစ်ကျောင်းသားတွေအကြောင်း သိချင်နေတယ်မလား...အဲ့လိုပဲ တခြညးကောလိပ်တွေကလည်း ကျန်းချင်းအာရဲ့လျှို့ဝှက်ချက်တွေကိုသိချင်နေကြတယ်.....ဘာပဲဖြစ်ဖြစ် ကျန်းချင်းအာက တတိယနှစ်ကျောင်းသားတွေထဲမှာ အထူးချွန်ဆုံးသူအဖြစ် နာမည်ကြီးနေတယ်လေ......."

လီလော့ အံ့အားသင့်နေမိသလို တဆက်တည်းမှာပဲ တုန်လှုပ်ချောက်ချားသွားခဲ့သည်။ ကျန်းချင်းအာနှင့်ရင်းနှီးခဲ့သည့်တလျှောက်လုံး ဤမျှထိတ်လန့်သောခံစားချက်မျိုး သူတစ်ခါမျှမကြုံဖူးခဲ့ပေ။ ဒါဟာ အချိန်တွေ အများကြီး အတူတူ ကုန်ဆုံးခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သလို သူမရဲ့ ခွန်အားကို သူတကယ် သတိမထားမိခဲ့တာကြောင့်လည်းဖြစ်နိူင်သည်။

ယခုမူ.... သူမ၏ ကြီးကျယ်ခမ်းနားသော ဂုဏ်သတင်းသည် အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီ။

"အဆင့်ရှစ် အဆင့်မြင့်ထက်ကျော်လွန်ပြီး အဆင့်ကိုးလောက်အားမကောင်းတဲ့ပဲ့တင်ထပ်သံတွေကို အဆင့်ကိုတပိုင်း ပဲ့တင်ထပ်သံတွေလို့သတ်မှတ်လိုက်ကြတယ်....သူတို့တွေက အစစ်အမှန် အဆင့်ကိုးပဲ့တင်ထပ်သံမဟုတ်ပေမယ့် အဆင့်ကိုးပဲ့တင်ထပ်သံနည်းပါး အားကောင်းကြတယ်....ဒါ့ကြောင့််မို့ ပထမနှစ်ကျောင်းသားတွေထဲမှာ ကျင်းထန်ရှုကိုအသန်မာဆုံးအဖြစ်သတ်မှတ်ကြတာပေါ့......"

အဆင့်ကိုးပဲ့တင်ထပ်သံသည် မရေမတွက်နိုင်သော လူတစ်ဦးချင်းစီ၏ အိပ်မက်ဖြစ်သည်။ အဆင့်ကိုးတပိုင်းဆိုသည်မှာပို၍ပင်ထူးဆန်းနေသေးသည်။

"ဒါဆို မြင့်မြတ်တဲ့ထိပ်သီးစည်းဝေးကြီးထဲက သားရဲကကော...."

"မြင့်မြတ်သောထိပ်သီးအစည်းအဝေးရဲ့ သားရဲဆိုတာ မြင့်မြတ်သောအာဏာကောလိပ်က ကျောင်းသားတစ်ဦးကိုရည်ညွှန်းထားတာပါ...ဒီကောလိပ်မှာက သားရဲပဲ့တင်ထပ်သံရှိတဲ့သူတွေပိုများတယ်.... အဲ့ကျောင်းသားရဲ့နာမည်က စွန်းတရှန်....သူ့မှာ အဆင့်ရှစ်အဆင့်မြင့် ကျောက်တုံးမျောက်ဝံပဲ့တင်ထပ်သံရှိတယ်...."

" စွန်းတရှန်.... ? ဒါ တော်တော် စီးပိုးတဲ့နာမည်ပဲ....”

လီလော့ ရယ်မောလိုက်သည်။

[ TN/ စွန်းတရှန်ဆိုတာ စွန်းဝူခုန်းနဲ့အဓိပ္ပါယ်အတူတူပါပဲ.....]

“သူ့မှာ အဆင့်ရှစ်အဆင့်မြင့် ပဲ့တင်ထပ်သံပဲရှိတာလေ...ဒီပဲ့တင်ထပ်သံက ရှားပါးတာမျိုးဖြစ်နိုင်ပေမယ့် အကောင်းဆုံးတွေထဲကတစ်ယောက်ဖြစ်မယ့်အကြောင်းပြချက်ဟုတ်မယ်မထင်ဘူး.... ခြားနားချက်ကို ညီမျှအောင် သူ့မှာ ဘယ်လိုထူးခြားတဲ့ အရည်အချင်းတွေ ရှိနေတာလဲ......"

“ကြည့်ရတာ နင်က ထင်သလောက် မတုံးအဘူးပဲ..... စွန်းတရှန်က မြို့စားအဆင့်ပညာရပ်တခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတယ်....."

"မြို့စားအဆင့်ပညာရပ်.... ဒါ ဘယ်လိုဖြစ်န်ုင်မှာလဲ...."

အံ့အားသင့်စရာတွေက ဘယ်တော့မှ ရပ်တန့်မသွားဘဲ လီလော့တစ်ယောက် အချိန်တိုင်းအံ့သြနေရရှာသည်။

မြို့စားအဆင့်ပညာရပ်သည် မြို့စားအဆင့်များသာ ကိုင်စွဲထားနိုင်သော အရာတစ်ခုဖြစ်ကြောင်း လူတိုင်းနားလည်ကြသည်။ တော်တန်ရုံ ကမ္ဘာမြေနှင့်ရင်းနှီးခြင်းအဆင့်တွေတောင် မြို့စားအဆင့်ပညာရပ်များကို ကျွမ်းကျင်စွာအသုံးမပြုနိုင်ကြပေ။

ဆရာသခင်အဆင့်လောက်နဲ့ စွန်းတရှန်က ဤအံ့ဖွယ်အမှုကို မည်သို့လုပ်ဆောင်နိုင်ခဲ့သနည်း......

“ကမ္ဘာကြီးက ကျယ်ပြန့်ပြီး မရေမတွက်နိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတယ်... ထူးထူးဆန်းဆန်းတွေ သဘာဝအတိုင်း ဖြစ်ပေါ်လာတာမို့ အသေးအမွှားကိစ္စအတွက် စိုးရွံ့နေစရာမလိုဘူး....…”

အတွေ့အကြုံပေါင်းများစွာဖြတ်သန်းခဲ့ဖူးသည့် ချီချန်းအတွက် ဤအရာလောက်နှင့်တုန်လှုပ်နေစရာအကြောင်းမရှိပေ။

ကိုယ့်အ​ကြောင်းကိုတွေးကြည့်မိတော့မှာသာ သူသည်လည်း ထိုသို့သေယ လူထူးဆန်းထဲတွင်ပါဝင်နေသည်ကို သတိရမိလိုက်သည်။ဗလာနန်းတော်ရှိခဲ့ရာကနေ ပဲ့တင်ထပ်သံနှစ်ခုရှိလာခြင်းသည် စွန်းတရှန်ထင်ပင် အံ့အားသင့်စရာကောင်းနေသေးသည်။

"စွန်းတရှန်က မြို့စားအဆင့်ပညာရပ်ကိုကျွမ်းကျင်ပေမယ့်လည်း ရုပ်ပိုင်းဆိုင်ရာစွမ်းရည်နဲ့ ပဲ့တင်ထပ်သောစွမ်းအားက ကန့်သတ်ရှိနေတယ်....ဒီလိုမဟုတ်ဘဲ မြို့စားအဆင့်ပညာရပ်ကိုပေါ့ပေါ့ပါးပါးထုတ်သုံးနိုင်ရင် ကျင်းထန်ရှုအတွက် လုံးဝကြောက်စရာကောင်းတဲ့ ပြိုင်ဘက် ဖြစ်လာနိုင်တယ်....”

“နောက်ဆုံးတစ်ယောက်အကြောင်းကိုနင့်ဘာသာနင် ခန့်မှန်းကြည့်မလား....."

ခဏလောက်စဉ်းစားပြီးတဲ့အခါ လီလော့က မရေရာဟန်ဖြင့်...

"ဒီလူက ပဲ့တင်ထပ်သံနှစ်ခုရှိတဲ့သူမဟုတ်လား...."

လုကျန်းက ရှန့်ပိန့်တွေ့ဆုံပွဲတွင် လီလော့တစ်ယောက်တည်း ပဲ့တင်ထပ်သံနှစ်ခု အသုံးချနိုင်သူ မဟုတ်ကြောင်းပြောခဲ့ဖူးသည်။

“ဟားးး ဟားးး နင်က ထက်မြက်သားပဲ... နင့်ရဲ့ ခန့်မှန်းချက် မှန်တယ်...တတိယတစ်ယောက်က နင့်လို ပဲ့တင်ထပ်သံနှစ်ခုပါတဲ့သူ....."

“သူမက ကောင်းကင်ငရဲကောလိပ်ရဲ့ ပထမနှစ်ကျောင်းသူ လုမင်.... သူမမှာ ပုံရိပ်ယောင်ပဲ့တင်ထပ်သံနဲ့ လျှပ်စီးပဲ့တင်ထပ်သံရှိတယ်...နှစ်ခုစလုံး အဆင့်ခုနှစ်တွေချည်းပဲ....."

"ပုံရိပ်ယောင်ပဲ့တင်ထပ်သံနဲ့ လျှပ်စီးပဲ့တင်ထပ်သံ"

လီလော့၏ အကြည့်များ စူးရှလာသည်။ပုံရိပ်ယောင်ပဲ့တင်ထပ်သံက အလွန်ရှားပါးလွန်းပြီး ပိုင်မျန်မျန်ရဲ့ အိမ်မက်ဆိုးရေလိပ်ပြာပဲ့တင်ထပ်သံနှင့်ဆင်တူသည်။ ဤကဲ့သို့သော ပဲ့တင်ထပ်သံများသည် ပြင်းထန်သော ထိုးစစ်စွမ်းအားကို မပိုင်ဆိုင်သော်လည်း၎င်းတို့သည် ရက်စက်ကြမ်းကြုတ်ပြီး ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသည်။ပိုင်မျန်မျန်နဲ့ အကြိမ်ပေါင်းများစွာ ပူးပေါင်းပြီးနောက် ဒီပဲ့တင်ထပ်သံရဲ့ ခွန်အား နှင့်အသုံးဝင်မှုများကို လေးလေးနက်နက် နားလည်ခဲ့သည်။

ဤပဲ့တင်ထပ်သံများကို မည်သို့ပေါင်းစပ်ပြီး မည်သို့သော မြင်ကွင်းမျိုးကို ဖန်တီးမည်နည်း......

လီလော့သည် သူ့အား စောင့်ကြိုနေသော ပြိုင်ဘက်များအကြောင်းတွေးပြီး သက်ပြင်းချလိုက်မိသည်။ ရှန့်ပိန်းတွေ့ဆုံပွဲသည် အမှန်တကယ်ပင် ကျားများ၊ နဂါးများကြီးစိုးရာနေရာတစ်ခုဖြစ်သည်။

အဆင့်ကိုးတပိုင်း ပဲ့တင်ထပ်သံ...

မြို့စားအဆင့်ပညာရပ်.....

ပဲ့တင်ထပ်သံနှစ်ခု အသုံးပြုနိုင်သူ.....

ချီချန်းသူ့ကို နှိမ့်ချနေဖို့ပြောခဲ့ခြင်းကို သေချာစွာနားလည်ခဲ့ရပြီ.....

"နင့်ရဲ့လက်ရှိခွန်အားနဲ့ဆိုအဆင့်မြင့်တဲ့နေရာတခုရနိူင်ပေမယ့် အသန်မာဆုံးကျောင်းသားဘွဲ့ကိုရဖို့ အလှမ်းဝေးနေသေးတယ်....."

ချီချန်း၏ စကားများသည် သူ့ကို လျှော့တွက်နေခြင်းမဟုတ်ပေ။ မျက်နှာသာပေးခံရသော ပြိုင်ပွဲဝင်များအားလုံးသည် အမှန်တကယ်ပင်သန်မာသူများဖြစ်ကြသည်။

"စိတ်ဓာတ်ကျမနေနဲ့....နင့်အတွက် အခွင့်အရေးလုံးဝမရှိတာမှမဟုတ်တာ....."

"ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းညွန်ပေးပါ...."

လီလော့ သူ့ဆရာ၏အကူအညီအတွက်စိတ်ရင်းမှန်ဖြင့် တောင်းပန်လိုက်သည်။

"ပဲ့တင်ထပ်သံနှစ်ခုကိ တစ်သားတည်းဖြစ်အောင်ပေါင်းစည်းနိုင်ဖို့ ကျန်တဲ့လဝက်အတွင်း နင့်ကို ငါကိုယ်တိုင် လမ်းညွှန်ပေးမယ်....နင်သာအောင်မြင်ခဲ့ရင် ချန်ပီယံသုံးဉီးကနေ လေးဉီးဖြစ်လာနိုင်ပြီ......"

…….....................

လီလော့ ဤကာလအတွင်း ချီချန်းနှင့် ပြင်းထန်သော လေ့ကျင့်မှုများလုပ်ဆောင်နေစဉ်တွင် ချိုင်ဝေသည် လော့လန်အိမ်တော် တွင် လေ့ကျင့်နေသော ကျန်းချင်းအာကို ရှာဖွေရန် ရောက်လာခဲ့သည်။

"ဘာဖြစ်လို့လဲ အစ်မချိုင်ဝေ"

“ဘာမှမဟုတ်ပါဘူး...စာကြည့်ခန်းကိုရှင်းနေတုန်း စိတ်ဝင်စားစရာကောင်းတာလေး တစ်ခုကို တွေ့ခဲ့လို့ပါ...."

"ဟမ်...?"

ချိုင်ဝေ မချိုမချဉ်ပြုံးလိုက်ပြီး စာခေါက်လေးတခု ကမ်းပေးလိုက်သည်။

ကျန်းချင်းအာ ထိုစာခေါက်ကို ဂရုတစိုက်ဖတ်ဖွင့်ကြည့်လိုက်သည်။ သို့သော် သူမမြင်လိုက်ရသည့်အရာက အတော့်ကိုအံ့သြသွားစေခဲ့သည်။

ဤစာသည် လီတိုင်ရွှမ်ဆီ လိပ်မူပြီးပို့ထားသာစာဖြစ်သည်။

သူမ အံ့အားသင့်သွားသည်မှာ ထိုစာသည် ရှပြည်ထောင်စုအတွင်းမှပေးပို့ထားခြင်းမဟူတ်ဘဲ အရှေ့ပိုင်းနတ်ဘုရားကုန်းမြေ၏ မြောက်ဘက်စွန်းစွန်းရှိ သန့်ရှင်းသောနေမင်းမျိုးဆင်နိုင်ငံမှ ရောက်လာခြင်းဖြစ်သည်။ ထိနေရာတွင် ဉာဏ်အလင်းကောလိပ်တည်ရှိနေကြောင်း ကျန်းချင်းအာ သိနေသည်။

ပေးစာ၏ အကြောင်းအရာများသည် သန့်ရှင်းသော နေမင်းမျိုးဆက်၏ ရှေးကျသော မိသားစုတခုဖြစ်သော ကျင်းမိသားစု၏အကြီးအကဲသည် လီတိုင်ရွှမ်ဆီသားရေးသမီးရေးအကြောင်း စကားကမ်းလှမ်းထားခြင်းပင်.....

ကျင်းထန်ရှုနှင့်ကျန်းချင်းအာတို့ကိုထိမ်းမြားလက်ထပ်ဖို့ ကမ်းလှမ်းထားသောစာကို ကျန်းချင်းအာတစ်ယောက် မျက်နှာသေဖြင့်ဖတ်ရှုနေသော်လည်း အောက်​ခြေတွေ လီတိုင်ရွှမ် ရေးထားသောစာသားအချို့​ေကြာင့် ရုတ်တရက်ပြုံးလိုက်မိသည်။

စာလက်ခံရရှိသည်....

ပျောက်ဆုံးသွားသည်.....

ရိုးရှင်းသောစကားလုံးနှစ်လုံး။

ဒီစာကို မပို့ဖြစ်လိုက်သည့်အတွက် ချိုင်ဝေအခုလိုရှာတွေ့ခဲ့ခြင်းဖြစ်တန်သည်။

" အဟမ်းးးငါတို့ရဲ့ချင်းအာက သတို့သားနှစ်ယောက်တောင်ရှိနေပြီပေါ့....."

ချိုင်ဝေ စနောက်နေသည်ကို ကျန်းချင်းအာက ခေါင်းခါပြလိုက်ပြီး.....

ပီအက်စ်က ကိုင်ဝေဆီ စာပြန်ပို့ပြီးနောက် သူမလက်ကို ဝှေ့ယမ်းလိုက်သည်။

" ကျင်းမိသားစုက သတ္တိကောင်းသားပဲ.......အစ်မ...ဒီစာကိုမီးရှို့လိုက်.... လီလော့ မမြင်စေနဲ့....."

***

All Chapters