အိုးပူတိုက်ခံရခြင်း *
Vol. 32 Ch. 441
စိမ်းလန်းနေသောတောင်တန်းတခွင်တွင် သစ်ပင်များထူထပ်စွာပေါက်ရောက်နေသည်မှာနေပြောက်ထိုးလို့ပင် မရနိုင်ပေ။
ထိုတောတောင်များထဲမှ တခါတရံသားရဲဟိန်းဟောက်သံအချို့ ပျံ့လွှင့်နေသည်။
ဤသည်မှာ ကြယ်တာယာခရီးရှည်ကောလိပ်၏အနောက်ဘက်ရှိ ကုခွန်းတောင်တန်းဖြစ်သည်။
လီလော့၏မျက်နှာပေါ်တွင် ချွေးစက်များခိုသီးနေပြီး မျက်လုံးများလည်း စပ်ဖျဉ်းနေပြီ။ ဆားဓာတ်ပါသော မိုးရေစက်များကို အဘျငိအမြန်သုတ်ဖတ်နေသောလည်း အလျင်မမှီနိုင်ရှာပေ။ ထို့အပြင် ရှေ့ကနေပြေးလွှားနေသော ချီချန်းကိုလည်း မှီအောင်လိုက်နေရသေးသည်။
ကုခွန်းတောင်တန်းသည် မကြာသေးမီကမှသက်ဝင်လှုပ်ရှားလာခဲ့သည်။ရှန့်ပိန်းတွေ့ဆုံပွဲနီးလာသည်နှင့်အမျှ ခရမ်းအဆင့်အဖွဲ့များအားလုံး ဤနေရာတွင် ဆရာများနှင့်အတူ ပုန်းအောင်းနေကြပြီး ဝိဉာဉ်သားရဲများကို သတ်ဖြတ်ကာ လေ့ကျင့်နေကြသည်။
ခပ်လှမ်းလှမ်းတွင် ချီချန်းရပ်တန့်လိုက်သောကြောင့် လီလော့ ဝမ်းသာလုံးဆို့သွားရှာသည်။
သူသည် အနီးနားတွင် သားရဲတသိုက်ကို တိုက်ခိုက်နေသော လူနှစ်ယောက်ကို တွေ့ရန် ချီချန်းနောက်မှ လိုက်လာခဲ့သည်။ တိုက်ခိုက်နေသူနှစ်ဉီးသည် အတွဲညီညီ လှုပ်ရှားနေကြပြီး အချင်းချင်း ပံ့ပိုးကူညီနေကြသည်။
ထိုသူနှစ်ယောက်က ရှင်းဖူနှင့်ပိုင်မျန်မျန်တို့သာပင်.....
ဤသစ်တောနယ်နိမိတ်ကို ချီချန်းက လေ့ကျင့်မှုအတွက် အသုံးပြုရန် အမှတ်အသားပြုထားသောကြောင့် ဤနေရာရှိ သားရဲများအားလုံး ရှင်းဖူတို့ကို ဝိုင်းအုံတိုက်ခိုက်နေကြခြင်းဖြစ်သည်။
ရက်စက်လွန်းသော လေ့ကျင့်ရေး....
ခပ်လှမ်းလှမ်းကနေပင် ရှင်းဖူတို့၏ပြင်းထန်သောအော်ရာကို ခံစားနေရသည်။နှစ်ယောက်စလုံးအပြင်းအထန်လေ့ကျင့်ခြင်းကြောင့် တိုးတက်လာကြပြီ......
လူတိုင်း ကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်ဖို့ အချိန်လုပြီးကြိုးစားနေကြသည်။
"ကျွန်တော်လည်း ဒီမှာ လေ့ကျင့်ရမှာလား"
“နင့်အတွက် အဲ့လိုလေ့ကျင့်မှုမျိုးမလိုဘူး....နင့်အတွက် အရေးကြီးဆုံးက ပဲ့တင်ထပ်သံနှစ်ခုကို မြှင့်တင်ဖို့ပဲ...”
ချီချန်း မျက်စပစ်လိုက်သည့်နေရာသို့ကြည့်လိုက်သောအခါ မီးခိုးတလူလူ ထွက်နေသော မီးတောင်တခုဖြစ်နေသောကြောင့် လီလော့ချွေးပြိုက်ပြိုက်ကျလာပြန်သည်။
ချီချန်း အတွေးတချက်ဖြင့် မီးတောင်ဝဆီရွေ့လျားသွားသောကြောင့် လီလော့လည်း နောက်ကလိုက်သွားခဲ့ရသည်။
အောက်ကို ငုံ့ကြည့်လိုက်တော့ ဆူပွက်နေသော ချော်ရည်များပလုံစီနေသည်ကိုမြင်လိုက်ရသည်။
“ဆ..ဆရာ ကျွန်တော့်ကို ဒီထဲ ခုန်ဆင်းခိုင်းမှာတော့မဟုတ်ပါဘူးနော်...အဲ့ထဲသာကျသွားရင် ကျွန်တော် လူသားစွပ်ပြုတ်ဖြစ်သွားလိမ့်မယ်......"
“ဟားးးး မခုန်ချခိုင်းပါဘူး....”
လီလော့ ထိုစကားကိုကြားတော့ အလွန်စိတ်သက်သာရာရသွားသည်။
ထိုစဉ်တွင် ချီချန်း လက်ဝှေ့ယမ်းလိုက်သည့်အခါ ချော်ရည်ပူထဲကနေ ကြီးမားသောဆေးကျိုအိုးတလုံး ထွက်ပေါ်လာသည်။
ပြင်ပလေထုကြောင့် နီရဲနေသော သတ္တုများအရောင်ပြောင်းသွားသော်လည်း ပြင်းခန်သောအပူချိန်ကို ထိန်းထားဆဲပင်....
“ဝင်လိုက်....နင်ဒီအထဲမှာ လေ့ကျင့်ရမှာ....”
ဘုရားရေ...ဆရာ ငါ့ကိုအရှင်လတ်လတ် အိုးထဲထည့်ချက်တော့မလို့လား.....
“နင့်ရဲ့ လက်ရှိ ပဲ့တင်ထပ်သံ စွမ်းအားနဲ့ဆို အဲ့ဒီမှာ ၁၀ မိနစ်လောက် နေနိုင်ရမယ်.... အဲ့ထက်အချိန်ကြာသွားရင် စွမ်းအင်ကုန်ဆုံးပြီး ကောင်လုံးကင်ကြွပ်ကြွပ်လေးဖြစ်သွားလိမ့်မယ်....."
ချီချန်းလေသံက မုန့်ဖုတ်နည်းရှင်းပြနေသလိုပင်.....
"အကင်မခံချင်ရင် ဆယ်မိနစ်အတွင်း ရအောင်ချိုးဖျက်ရမယ်...ဒါပေမယ့် ငါ့ရဲ့ပေါင်းစည်းထားတဲ့ ပဲ့တင်ထပ်သံစွမ်းအားတွေနဲ့ ဒီအိုးကိုအားဖြည့်ထားတာမို့ နင်လည်း ပဲ့တင်ထပ်သံပေါင်းစပ်ထားတဲ့စွမ်းအားနဲ့ပဲ ချိုးဖျက်နိုင်လိမ့်မယ်....."
"နင့်ရဲ့ ပဲ့တင်ထပ်သံနှစ်ထပ်ကို တစ်ခုတည်းဖြစ်အောင်ပေါင်းစည်းနိုင်ပါစေ..."
လီလော့ အံ့အားသင့်သွားသည်။ ဝင်ခွင့်ပြိုင်ပွဲပြီးကတည်းက ထိုသို့ဖြစ်လာရန်ကြိုးစားခဲ့သော်လည်း မြုမှုန်လောက်မျှမအောင်မြင်ခဲ့သေးပေ။
သို့တိုင်၊ သူ့အတွက် ဆရာပေးထားသည့် ရက်စက်ကြမ်းကြုတ်သောလေ့ကျင့်မှုကို မကန့်ကွက်ခဲ့ပေ။ သေရေးရှင်ရေးနှင့်ကြုံတွေ့ရခြင်းသည် အကောင်းဆုံးသောလှုံ့ဆော်မှုဖြစ်သည်။
"လီလော့၊ ပဲ့တင်ထပ်သံနှစ်ခုကို ကျင့်ကြံရတာ တကယ်ကို ခက်ခဲပါတယ်... အတိအကျပြောရလျှင် ဆရာသခင်အဆင့်တွေ လုပ်နိုင်တဲ့အရာမဟုတ်ဘူး...ဒါကမြို့စားအဆင့်တွေရဲ့နယ်ပယ်ဖြစ်ပြီး သဘာဝရဲ့ကန့်သတ်ချက်တွေကို ဆုပ်ကိုင်ဖို့ရှားပါးတဲ့အခွင့်ရေးတစ်ခုပါ.....ဒါပေမယ့် နင် လုပ်နိုင်ရင် ပြင်းထန်တဲ့စွမ်းအားတွေပိုင်ဆိုင်နိုင်လိမ့်မယ်....နင် မြိုု့စားအဆင့်ကိုရောက်တဲ့အခါ ပဲ့တင်ထပ်သံနှစ်ခုကို ပိုင်ပိုင်နိုင်နိုင် အသုံးချန်ိုင်လိမ့်မယ်....ဒါပေမယ့် နင်က အခုမှဆရာသခင်အဆင့်ပဲရှိသေးတော့ နင့်ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမှာမဟုတ်ဘူး....ဒါကို အတင်းအကြပ်လုပ်ဆောင်နိုင်ဖို့ နည်းလမ်းမရှိဘူး—သဘာဝတရားက လမ်းစဉ်ချမှတ်ပေးထားပြီးသား.... နင့်ခန္ဓာကိုယ်ထဲက စွမ်းအားကိုထူးခြားတဲ့ အပင်တစ်ပင်အဖြစ်တွေးကြည့်လိုက်... ဆွဲဆန့်လိုက်ရုံနဲ့ သစ်ပင်ရှည်လာမှာမဟုတ်ဘူး...ရေလောင်းရမယ်၊မြေသြဇာကျွေးရမယ်...စိတ်အေးအေးထား..သွေးခုန်နှုန်းနဲ့ ပဲ့တင်ထပ်သံနှစ်ခုရဲ့စနစ်ကိုသေချာခံစား....ဒါဆိုသဘောသဘာဝတွေကို နားလည်လာလိမ့်မယ်...."
သူမ ဘာအကြောင်းပြောနေမှန်း လုံးဝ မသိခဲ့ပေ။ ဒါပေမယ့် သူ့စိတ်ထဲမှာ အတွေးတစ်ခုဖျတ်ကနဲပေါ်လာပြီး အလျင်အမြန်ပျောက်ကွယ်သွားခဲ့သည်။
"လီလော့...နင်က နားလည်သဘောပေါက်လွယ်သားပဲ.... ပဲ့တင်ထပ်သံနှစ်ခုက ရမ်းကားရိုင်းစိုင်းတဲ့ တောခွေးတစ်ကောင်နှင့်တူတယ်....သူတို့ကို တစ်နည်းနည်းနဲ့ ချုပ်နှောင်နိုင်ရင် နင့်ကို အံ့မခန်းနေရာတွေဆီ ခေါ်ဆောင်သွားပြီး....ရှေ့ဆက်နိုင်တဲ့ အကြီးမားဆုံး အားသာချက်တစ်ခု ဖြစ်လာလိမ့်မယ်...."
"ရှန့်ပိန်းတွေ့ဆုံပွဲမှာ ချန်ပီယံသုံးယောက်ကိုအနိုင်ယူချင်တယ်ဆို တသားတည်းပေါင်းစည်းခြင်းအဆင့် အောင်မြင်မှဖြစ်မယ်....ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစမ်းပါ....."
သူမ၏ အားပေးစကားကြားတော့ ဝမ်းသာအားရဖြစ်ကာ ခေါင်းညိတ်ပြလိုက်သည်။
"စိတ်မပူပါနဲ့ ဆရာ့ကိုစိတ်မပျက်စေရပါဘူး... "
"ဒါဆို ငါတို့ စလိုက်ရအောင်...."
လီလော့ ရေနွေးငွေ့အိုးထဲသို့ ခုန်ဆင်းကာ ထူထဲသော အဖြူရောင် မီးခိုးများကြားထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။
တခဏအကြာမှာတော့.....
သနားစရာကောင်းလောက်အောင် နာနာကျင်ကျင် ညည်းတွားသံက ငှက်တွေကိုတောင် လန့်သွားစေလောက်သည်။
……...........................
အနီးနားက တောအုပ်ထဲတွင်...
ရှင်းဖူနှင့်ပိုင်မျန်မျန်တို့သည် သားရဲအမြောက်အမြားကို ဖြတ်ကျော်ရှင်းလင်းပြီးနောက် သစ်ပင်တစ်ပင်အောက်တွင် အနားယူနေကြသည်။
ပိုင်မျန်မျန်သည် သူမ၏ မျက်နှာမှ ချွေးများကို သုတ်လိုက်ပြီး ရုတ်တရက် ရပ်တန့်သွားသည်။
"တစ်ခုခုကြားလိုက်လား? နည်းနည်းရင်းနှီးနေသလိုပဲ...”
ရှင်းဖူ၏ မျက်လုံးများသည် ပင်ပန်းနွမ်းနယ်မှုကြောင့် တစ်ဝက်မှိတ်ထားကာ သူ့ခန္ဓာကိုယ်သည် မလှုပ်ရှားနိုင်လောက်အောင် နှေးကွေးနေပြီးခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
"ဟင့်အင်း၊ ဘာမှမကြားရဘူး... မွှေးတဲ့အနံ့တော့ရတယ်...တစ်ယောက်ယောက် အသားကင်သလိုမျိုး အနံ့လေး..... ငါလည်း အသားကင်လေးတပိုင်းလောက်စားချင်တယ်......"
***