လီလော့ရဲ့ဒုက္ခ *
Vol. 32 Ch. 442
လီလော့တစ်ယောက် ရက်စက်ကြမ်းကြုတ်သော လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
တစ်ပတ်လုံးလုံး.....သူ့အော်သံကို မီးတောင်တဝိုက်မှာ ကျယ်လောင်စွာ ကြားနေရပြီးရင်စက်လွန်းလှသော သားရဲများပင်လျှင် သနားစိတ်ဝင်ကုန်ကြသည်။
အနီးနားတွင် လေ့ကျင့်နေသော ရှင်းဖူနှင့်ပိုင်မျန်မျန်တို့သည် မီးတောင်အနီးတွင် ပေါ့ပေါ့ပါးပါး လက်ဖက်ရည်သောက်ရင်း သူတို့အဖွဲ့ခေါင်းဆောင်ကို ဆရာဖြစ်သူက အိုးကင်းပူတိုက်နေသည်ကိုပျော်ပျော်ကြီးထိုင်ကြည့်နေကြသည်။
လီလော့တစ်ယောက်တည်းသာ သည်းအူပြတ်လုမတတ်အော်ဟစ်နေသော်လည်း ချီချန်းကတော့ စိတ်အေးလက်အေးရှိနေကြဆဲပင်.....
ချီချန်း၏ အေးစက်သောအကြည့်များ ရှင်းဖူတို့ဆီကျရောက်လာအခါ နှစ်ယောက်သားလေ့ကျင့်ဖို့ အသည်းအသန်းပြေးသွားကြလေသည်။
ငါတို့ ပင်ပန်းတာက ခေါင်းဆောင်ပင်ပန်းတာနဲ့ယှဉ်ရင်စာမဖွဲ့လောက်သေးဘူး...ဆရာက ခေါင်းဆောင်ကိုတော်တော်ဂရုစိုက်သားပဲ....ကံကောင်းပါစေ ခေါင်းဆောင်...ရှင်သန်နိုင်ဖို့မျှော်လင့်ပါတယ်
လီလော့ ဆေးကျိုအိုးထဲကနေ လွင့်ထွက်လာပြီး မီးတောင်နှုတ်ခမ်းဝတွင် ခွန်အားမဲ့စွာ လဲလျောင်းနေသည်။သူ့အသားက ပြုတ်ထားတဲ့ ပုဇွန်လို နီရဲနေပြီး အချို့နေရာများတွင် ဆိုးဆိုးရွားရွား မည်းနက်နေပါသည်။
သို့သော်၊ သူ့ပတ်ဝန်းကျင်ရှိ ရေပူဖောင်းများက သူ့ကို ပြန်လည်အားဖြည့်ပေးသည့် ကုသစွမ်းအင်များဖြင့် ဒဏ်ရာများကိုကုစားပေးနေသည်။
ဤသည်မှာ ချီချန်းထံမှ ပဲ့တင်ထပ်သံစွမ်းအားများသာပင်...
မြို့စားအဆင့်၏ ရေစွမ်းအင်များသည် လီလော့၏ ကိုယ်ပိုင်ရေအလင်းပဲ့တင်ထပ်သံထက် ကုသနိုင်စွမ်းပိုကောင်းသည်။
မိနစ်အနည်းငယ်ကြာတွင် လီလော့၏ဒဏ်ရာများ ပျောက်ကင်းသွားခဲ့သည်။
သူသည် မြေပြင်ပေါ်တွင် ဆက်လက် လဲလျောင်းနေပြီး ဟောဟဲဆိုက်နေကာ ကောင်းကင်ကို ငေးစိုက်ကြည့်နေသည်။ သူလေ့ကျင့်နေစဉ်အတွင်း ကောင်းမွန်သောတိုးတက်မှုအချို့ရရှိခဲ့သော်လည်း ပဲ့တင်ထပ်သံနှစ်ခုကို တသားတည်းဖြစ်အောင် မလုပ်ဆောင်နိုင်သေးပေ။
ဘာ့ကြောင့်ဆိုတာ သူမသိပေမယ့် ဖမ်းဆုပ်ဖို့ခက်ခဲလွန်းနေသည်။
"ဆရာ ကျွန်တော် ဘာတွေဖြစ်နေတာလဲ...."
မနီးမဝေးတွင် လက်ဖက်ရည်သောက်ရင်း ရှုခင်းကြည့်နေသော ချီချန်းကိုလှမ်းမေးလိုက်သည်။
" ဒီကိုလာ"
လီလော့ နာကျင်နေသောလည်း အားတင်းပြီးမတ်တပ်ထရပ်လိုက်သည်။
“အင်္ကျီ ဝတ်ထားစမ်း”
အပူရှိန်ကြောင့် အင်္ကျီတထည်ပြီးတခည်ပြာကျကုန်သောကြောင့် အပူဒဏ်ခံနိုင်သောဘောင်းဘီတစ်ထည်သာကျန်နေသည့်အတွက် လီလော့ကို အင်္ကျီဝတ်ခိုင်းနေရခြင်းဖြစ်သည်။
လီလော့ ရှက်ရွံ့စွာ ရယ်မောရင်း အိတ်ဆောင်စက်လုံးထဲမှ အင်္ကျီနောက်တထည် ထုတ်ဝတ်လိုက်သည်။
"လက်ပေး.."
လီလော့ နာခံမှုဖြင့် လက်ဆန့်ထုတ်လိုက်ပြီး အပူလွန်ကဲနေသော လက်ကို သူမ၏ အေးစက်နေသော လက်ထဲသို့ ထည့်လိုက်သည်။
"စွမ်းအား ထုတ်သုံးလိုက်"
လီလော့၏ရေ ပဲ့တင်ထပ်သံနှင့်သစ်သား ပဲ့တင်ထပ်သံစွမ်းအားများ ထွက်ပေါ်လာသည်။
"ဖုံးကွယ်ဖို့ကြိုးစားနေတုန်းပဲလား"
"ဟဲဟဲ၊ ဆရာ...သိနေပြီလား..."
"ငါ အမြဲတမ်း သံသယဖြစ်မိတယ်...နင့်ရဲ့ ပဲ့တင်ထပ်ပညာရပ်တွေက အရင်ထက် ပိုအားကောင်းလာပေမယ့် နည်းနည်းတော့ ကွဲပြားနေတယိ... နင့်ကို အိုးထဲမှာ ထည့်ထားပြီးကတည်းက အတည်ပြုနိုင်ခဲ့တာ...."
လီလော့ ပခုံးတွန့်လိုက်ပြီး အလင်းပဲ့တင်ထပ်သံနှင့် မြေပဲ့တင်ထပ်သံတို့ကိုပါ ရှင်းရှင်းလင်းလင်းပြလိုက်သည်။
"ပုန်းလျှိုးကွယ်လျှိူးလုပ်တာ တော်တော်ကြိုက်တယ်ပေါ့? ပဲ့တင်ထပ်သံနှစ်ခုတင်မကဘဲ နောက်ထပ် အကူပဲ့တင်ထပ်သံနှစ်ခုပါရှိနေသေးတယ်...ကောင်းပြီ...ဒါက ထူးဆန်းနေတာမှမဟုတ်တာ...တချို့လူတွေမှာလဲ သဘာဝအတိုင်းဆင့်ကဲ့ပြောင်းလဲလာတဲ့ပဲ့တင်ထပ်သံတွေရှိနေတာပဲလေ....ရူးကြောင်ကြောင်တွေမလုပ်စမ်းနဲ့....."
"ဟီးဟီး ဒါတွေ ကျွန်တော် မသိခဲ့လို့ပါ...ပြီးတော့ ဖုံးကွယ်ထားရတာကအကျင့်တခုလိုဖြစ်နေပြီ...."
" ဟွန့်....ပရိယာယ်များလိုက်တဲ့ကောင်...."
သို့တိုင် သူမသည် လော့လန်အိမ်တော်၏ အခြေအနေများကို ကောင်းစွာသိထားသည်။ အခြားသော ကျောင်းသားတွေထက် အန္တာရာယ်ပိုများနေသော လီလော့အဖို့ဝှက်ဖဲများကိုလွယ်လွယ်ကူကူ ထုတ်ပြဖို့မဖြစ်နိုင်ပေ။
"အကူပဲ့တင်ထပ်သံနှစ်ခုက တိုက်ပွဲတွေမှာ အားဖြည့်ပေးနိုင်ပေမယ့် အခုအချိန်မှာ ပြဿနာဖြစ်နေပြီ....
"တသားတည်းဖြစ်အောင် ပေါင်းစည်းတယ်ဆိုတာ စွမ်းအားနှစ်ခုကိုမျှချေရောက်အောင်ထိန်းရတဲ့လုပ်ငန်းစဉ်...နင့်မှာက စွမ်းအားလေးခုရှိနေတော့ အကုန်ရှုပ်ကုန်တာပေါ့....."
"ဒါဆို အကူပဲ့တင်ထပ်သံနှစ်ခုကြောင့် တသားတည်းအဆင့်ကို မရောက်နိုင်ဘူးလို့ ဆိုလိုတာလား"
လီလော့ တုန်လှုပ်ခြောက်ခြားစွာဖြင့် မေးလိုက်သည်။
"ဒါပေမယ့် တသားတည်းဖြစ်အောင် ပေါင်းစပ်တဲ့အချိန်တိုင်း အဘင်းနဲ့မြေစွမ်းအားတွေကိုသေချာစစ်ထုတ်ထားတယ်လေ....."
"နင်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူးမလား.... ဒြပ်စင်နှစ်ခုက နက်နဲလွန်းတယ်.... ဆရာသခင်အဆင့်လောက်နဲ့ သပ်သပ်ရပ်ရပ်စစ်ထုတ်နိုင်ပါ့မလား...."
"ဒါဆို အခုဘာလုပ်ရလဲ"
"ဒါက ခက်ခဲတဲ့ ပြဿနာတော့ မဟုတ်ဘူး.... မြို့စားအဆင့်ရောက်ရင် သူ့လိုလိုပြေလည်သွားလိမ့်မယ်....ဒါပေမယ့် အချိန်မှာ ပြင်ပက စွမ်းအားကို ချေးငှားဖို့ကြိုးစားရမယ်...
"ပြင်ပစွမ်းအားဆိုတာဘာလဲ...."
သူမ ခဏလောက် စဉ်းစားပြီးနောက်.....
"နင် ကျန်ချဲ့လျှိုပညာရပ်ကို သင်ယူခဲ့တယ် မဟုတ်လား...."
[ TN/ ကျန်ချဲ့လျှို..အရှိန်ပြင်းစွာလည်ပတ်စီးဆင်းခြင်း....]
"ကျန်ချဲ့လျှို...?"
လီလော့ မျက်တောင်ခတ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူအရင်က တကယ်လေ့ကျင့်ခဲ့ဖူးပြီး အရိပ်လှိုဏ်ဂူထဲတွင် ထိုပညာရပ်ကိုသုံးခဲ့ဖူးသည်။
"ဒါဆို ဒီပညာရပ်ကိုသုံးပြီး အလင်းနဲ့မြေစွမ်းအားကိုဖြတ်တောက်မယ်ဆို ပိုလွယ်မသွားဘူးလား...."
စိတ်ကူးအချို့ကြောင့် လီလော့၏ မျက်ဝန်းများ လင်းလက်သွားသည်။
"ကျွန်တော် လုပ်နိုင်လောက်မယ်ထင်တယ်........?"
"ဒါပေမယ့် သတိထားဖို့လိုတယ်...နင့်ရဲ့ကိုယ်တွင်း အင်္ဂါတွေကို ပါးပါးလှီးထားတဲ့ အသားအဖြစ် မပြောင်းလိုက်နဲ့....ငါ့ရဲ့ ပဲ့တင်ထပ်သံစွမ်းအားနဲ့တောင်မှ မကယ်တင်နိုင်ဘူး"
"ကျွန်တော့်ရဲ့ အကူ ပဲ့တင်ထပ်သံတွေက ဘာလို့ ဝန်ပိုတွေဖြစ်နေရတာလဲ...တကယ်ဆိုပိုအားကောင်းအောင်အားဖြည့်ပေးသင့်တာမဟုတ်ဘူးလား...."
"ငါတို့ အခု ဘာတွေ သင်ယူနေကြတာလဲ"
ချီချန်း သူ့ကို ခပ်တင်းတင်း မေးလိုက်သည်။
"ပဲ့တင်ထပ်သံစွမ်းအားနှစ်ခု ပေါင်းစပ်ခြင်းပါ...."
"နောက်ပြီး ပဲ့တင်ထပ်သံနှစ်ခုဆိုတာ ဘာကို ဆိုလိုတာလဲ....."
" အေး ဒါဆို နှစ်ခုပေါင်းရမယ့်အထဲကို နောက်တစ်ခုထပ်ထည့်လိုက်ရင် ပဲ့တင်ထပ်သံသုံးခုပေါင်းစပ်ခြင်းဖြစ်သွားမှာပေါ့...နင် ဒီလောက်တောင် နားမလည်ဘူးလား...ဟန်ချက်ညီအောင်ပေါင်းစပ်ဖို့အတွက် နင့်ရဲ့အကူပဲ့တင်ထပ်သံတွေက မူလပဲ့တင်ထပ်သံတွေထပ်အားနည်းနေတယ်လေ....."
"ပဲ့တင်ထပ်သံနှစ်ခုပေါင်းစပ်ဖို့အတွက် နက်နဲတဲ့ထိန်းချုပ်နိူင်စွမ်းရှိဖို့လိုတယ် နက်နဲတဲ့ထိန်းချုပ်နိုင်စွမ်းရှိရပါမယ်ဆိုတာကို မတည်ငြိမ်တဲ့စွမ်းအားနှစ်ခုပေါင်းထည့်ချင်နေသေးတယ်ပေါ့....အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်......"
လီလော့ ၏ မျက်လုံးများသည် ဆိုးသွမ်းသော အလင်းရောင်တစ်ခုဖြင့် တောက်ပနေသည်။
" ဒါဆို မအောင်မြင်ရင်တောင် စွမ်းအင်ဗုံးတခုလို ပေါက်ကွဲသွားမှာပေါ့နော်....."
ယခု ချီချန်း၏ မျက်လုံးထဲတွင် အန္တရာယ်ရှိသော အကြည့်တစ်ခု ရှိနေသည်။
"အေး ဒီလောက်သေချင်နေရင်လည်း မီးတောင်ထဲကိုသာတိုက်ရိုက်ခုန်ဆင်းလိုက်တော့....."
လီလော့သည် မည်သည့်အချိန်တွင် လက်နက်ချရမည်ကို သိသည်။
"ကျွန်တော် ကျန်ချဲ့လျှိုပညာရပ်ကို စမ်းသုံးကြည့်ပါ့မယ်...."
သူသည် ချက်ချင်းပင် ထိုင်ချလိုက်ပြီး သူ၏ ပဲ့တင်ထပ်သံ စွမ်းအားများကို ပြန်လည်အားဖြည့်နေလေ၏။
သူမ မောပန်းနွမ်းနယ်ကာ ခေါင်းခါယမ်းလိုက်သည်။
လီလော့သည် ထက်မြက်သော်လည်း တခါတရံတွင် အန္တာရယ်များလောက်အောင်ထက်မြက်လွန်းနေသည်။သူသည် မီးနှင့်ကစားရသည်ကို နှစ်သက်ခုံမင်နေသူဖြစ်သည်။
***