အရှုံးသမား... *
Vol. 32 Ch. 443
ချီချန်း၏ အကြံဉာဏ်သည် အလွန်အရေးပါလှသည်။ကျန်ချဲ့လျှိုပညာရပ်ကို ချိန်ညှိပြီးနောက်၊ ခန္ဓာကိုယ်တွင်းရှိ ပဲ့တင်ထပ်သံ စွမ်းအားများကို ပိုမိုသန့်ရှင်းစွာ ခွဲထုတ်နိုင်ခဲ့ပြီး ပြန်လည်ကောင်းမွန်လာသည်ဟု ခံစားခဲ့ရသည်။
ကျန်ချဲ့လျှိုပညာရပ်ကို တစ်ရက်သာ စမ်းသပ်ခဲ့ပြီး ယခုအခါ ၎ငထိခိုက်ဒဏ်ရာမရှိဘဲ အပူဒဏ်ကို အထိုက်အလျှောက်ခုခံနိူင်နေပြီ။
ကိုးရက်မြောက်နေ့တွင် တသားတည်းပေါင်းစည်းခြင်းအဆင့်ကိုအောင်မြင်နိုင်ခဲ့သည်။
ဝုန်းးးးးးး
မီးတောင်မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဆေးကျိုအိုး အပိုင်းပိုင်းကွဲအက်သွားသည်။
လီလော့ မီးတောင်ဝပေါ်သို့ ပေါ့ပေါ့ပါးပါး ဆင်းသက်လာပြီး သူ့မျက်နှာမှာ အပူရှိန်နှင့် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာသည်။
နောက်ဆုံးတော့ ထိန်းချုပ်နိုင်ခဲ့ပြီ။ သူ့လက်ကောက်ဝတ်တဝိုက်တွင် တောက်ပနေသော အပြာရောင်နှင့် အစိမ်းရောင်စွမ်းအင်ကွင်းများ ဝိုင်းရံထားသည်။
ဤသည်မှာ တသားတည်းဖြစ်အောင်ပေါင်းစည်းနိုင်သည့် လက္ခဏာဖြစ်သည်။
အခက်အခဲပေါင်းစုံကျော်ဖြတ်ပြီးနောက် အောင်မြင်မှုရရှိခဲ့လေပြီ။
လက်သီးဆုပ်ထားရင်း ခန္ဓာကိုယ်အတွင်းက စွမ်းအင်တွေ ဝေ့ဝဲနေတာသည် ခံစားလိုက်ရသည်။ သူသည် တသားတည်းပေါင်းစည်းခြင်းအဆင့်ကိုသာအောင်မြင်ခဲ့သောလည်း ရရှိလာသောစွမ်းအားများသည် ခြားနားသော အဆင့်တွင် ရှိနေသည်။
အခုနေ လုကျန်းနှင့်တိုက်ခိုက်မည်ဆိုပါက လွယ်လွယ်ကူကူ အနိုင်ရမည်ဟု ယုံကြည်နေမိသည်။
ထိုစဉ် လက်ခုပ်သံအချို့ကိုကြားလိုက်ရသည်။
တည်ငြိမ်သော လက်ခုပ်သံများ၏ အရင်းအမြစ်ဆီသို့ လှည့်ကြည့်လိုက်သည်။
လက်ခုပ်တီးနေသူက ပိုင်မျန်မျန်ဖြစ်ပြီး ရှင်းဖူကတော့ အံ့သြမှုကြောင့် မှင်သက်နေရှာသည်။
လီလော့ သူတို့ကို ပြုံးပြလိုက်ပြီး...
"ဆရာ....ကျွန်တော် အောင်မြင်ခဲ့ပြီ...."
"ကောင်းပြီ၊ နင်က လုံးဝကိုကူကယ်ရာမဲ့နေတဲ့သူမဟုတ်ဘူး... အကယ်၍ ဒီနည်းလမ်းသယ အလုပ်မဖြစ်ရင် ဟင်းချက်ဖို့ ပြင်ဆင်ထားလိုက်တော့မလို့"
"ခေါင်းဆောင်... မင်းရဲ့အော်သံက ဒီရက်ပိုင်းအတွင်း ဖျော်ဖြေရေးကောင်းတစ်ခုဖြစ်လာတယ်... မင်းရဲ့အသံကို နားထောင်ဖို့ လူတော်တော်များများ နေ့တိုင်းလာနေကြတယ်"
"သူ့စကားကိုနားမထောင်နဲ့ ခေါင်းဆောင်.... လူတိုင်းက နင့်ရဲ့ဇွဲလုံ့လကို သဘောကျနေကြတာ... ဒီလိုလေ့ကျင့်မှုမျိုးကို လူတိုင်းမလုပ်နိုင်ကြဘူး"
ရှင်းဖူက ကြုံရင်ကြုံသလို အနာပေါ်ဆားငိပ်ပေမယ့်လည်း ပိုင်မျန်မျန်ကတော့ ရိုးသားသူပီပီလီလော့ကို ချီးကျူးနေရှာသည်။
လီလော့ ခေါင်းညိတ်လိုက်သည်။
ဒီလိုမှန်းသိရင် သူရဲကောင်းဆန်အောင် အံကြိတ်နေခဲ့မိမှာ...အခုတော့ ငါ့အော်သံကိုအကုန်ကြားကုန်ပြီ......
"ဆရာ ဒါက တော်တော်ထိရောက်တဲ့ လေ့ကျင့်ရေးနည်းလမ်းတစ်ခုဖြစ်ပြီး ခံနိုင်ရည်ရှိအောင် ကူညီပေးတယ်....ရှင်းဖူမှာလည်း အလားအလာကောင်းတွေ ရှိတယ်...မျက်နှာသာပေးတဲ့အနေနဲ့ သူ့ကို ဒီနေရာမှာလေ့ကျင့်ပေးဖို့ အကြံပြုပါရစေ....."
ကြက်ခေါင်းဆိတ်မခံ ချက်ချင်းကို တုံ့ပြန်တယ်ပေါ့....ခေါင်းဆောင်က သဘောသေးသိမ်လိုက်တာ.....
"မလိုပါဘူး၊ ငါက အရှေ့ပိုင်းနတ်ဘုရားကုန်းမြေရဲ့ အသန်မာဆုံး ပထမနှစ် ကျောင်းသားဖြစ်ဖို့ မရည်ရွယ်ပါဘူး"
ချီချန်း ဆုံးဖြတ်ချက်မချခင် ရှင်းဖူ အလျင်အမြန်ငြင်းဆန်လိုက်သည်။
ချီချန်းက သူတို့၏ အော်ဟစ်သံကိုလျစ်လျူရှုလိုက်ပြီး....
"ကဲ...လေ့ကျင့်ရေးပြီးဆုံးပြီ....အဆောင်ပြန်ပြီးအနားယူကြတော့....."
ဤသို့ဖြင့် ဆရာတပည့်လေးယောက် ကောလိပ်သို့ပြန်လာခဲ့ကြသည်။
အဆောင်သို့ပြန်ရောက်သောအခါ ချီချန်းက လီလော့ကို ခဏနေခဲ့ခိုင်းပြီး ပိုင်မျန်မျန်တို့ကိုအနားယူခိုင်းလိုက်သည်။
"ဒီည ကောင်းကောင်းအနားယူပါ.... မနက်ဖြန်ကျရင် နင်တောင်းဆိုထားအတိုင်း သန့်စင်ကြမယ်....အဲ့အတွက် ခရမ်းအဆင့်နည်းပြတွေပဲ ငှားလို့ရတဲ့ ကျင့်ကြံရေးခန်းမတစ်ခု ငှားထားတယ်.... နငိ ဘာလုပ်ချင်မှန်းမသိပေမယ့် လုံခြုံရေးအတွက်စိတ်မပူနဲ...."
"ဆရာက အရာအားလုံးကို စဉ်းစားထားတာပဲ...."
ချီချန်း၏ အမြော်အမြင်ရှိမှုကြောင့် လီလော့ ကျေနပ်စွာပြုံးလိုက်မိသည်။
ပဲ့တင်ထပ်သံတုပခြင်းလှည်းဘီး ဖန်တီးရန်အတွက် မြို့စားအဆင့်နှစ်ယောက်လိုအပ်ပြီး လွယ်ကူသောလုပ်ငန်းစဉ်မဟုတ်ပေ။ ထို့ကြောင့် ကြိုတင်စီစဉ်ထားမှသာတော်ကာကျလိမ့်မည်။
"နင်ပေးထားတဲ့ တန်ဖိုးက နည်းမှမနည်းတာ ဒီလောက်တော့လုပ်ပေးရမှာပေါ့....သွားတော့...အေးအေးဆေးဆေး အနားယူလိုက်ဉီး....."
"ဂုဏ်ယူပါတယ်....နင်က ပထမနှစ်ကျောင်းသားတွေကြားမှာ ထိပ်တန်းပြိုင်ဘက် လေးယောက်ထဲက တစ်ယောက် ဖြစ်လာခဲ့ပါပြီ....ရှန့်ပိန်းတွေ့ဆုံပွဲမှာ ရလဒ်ကောင်းဖို့မျှော်လင့်ပါတယ်....."
...............
နောက်တစ်နေ့တွင် တံခါးခေါက်သံကြားသဖြင့် လီလော့ တံခါးထဖွင့်ပေးလိုက်သည်။
တံခါးပွင့်လာသောအခါ လှပသောမိန်းမနှစ်ယောက်က သူ့ကို စောင့်ကြိုနေလေသည်။
အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် လုချင်းအာက ငယ်ရွယ်ပျိုမြစ်မှုကြောင့် လန်းဆန်းတက်ကြွနေပြီး ယုဟုန်ရှီကတော့ ထုံစံအတိုင်းအနီရောင်ဝတ်စုံဝတ်ဆင်ထားပြီး ရင့်ကျက်တည်ငြိမ်သောအလှတရားကိုပေးစွမ်းနေသည်။
သူတို့နှစ်ယောက်သည် သားအမိဆိုသည်ထက် ညီအစ်မနှင့်ပင်ပိုတူနေသည်။
လုချင်းအာက သူ့အမေ လက်မောင်းကိုတွဲထားပြီး လီလော့ကိုတောက်ပစွာပြုံးပြနေသည်။
"ဉက္ကဌယုက အချိန်တိကျသားပဲ.... "
လုချင်းအာ အတူပါလာသည်ကို လီလော့ မအံသြမိခဲ့ပေ။ ကြယ်တာယာခရီးရှည်ကောလိပ်ကို အခုလိုအေးအေးဆေးဆေးရောက်လာဖို့ သမီဖြစ်သူကိုအကြောင်းပြခဲ့ခြင်းဖြစ်တန်သည်။
ယုဟုန်ရှီက အိတ်ဆောင်စက်လုံးထဲမှ ငွေရောင်သေတ္တာကို ဆွဲထုတ်ကာ ....
"ဒါတွေက မင်းလိုအပ်တဲ့ ပစ္စည်းတွေ...ပစ္စည်းအစုံပါတယ်....."
" ဟီးးးဟီး...ဉက္ကဌယုက အတော်ဆုံးပဲ.... "
ဒီပစ္စည်းတွေအတွက် သူတော်တော်လေး စိတ်ပူနေခဲ့ရသည်။ နောက်ဆုံးတွင်၊ သူသည် မြို့စားနှစ်ယောက်ကို ရအောင်စည်းရုံးနိုင်ခဲ့သော်လည်း မှန်ကန်သောပစ္စည်းများကို မယူဆောင်နိုင်ခဲ့လျှင် ၎င်းသည် ကြီးမားသောအရှက်ရစရာတစ်ခုဖြစ်လာလိမ့်မည်။ သို့သော် ယုဟောင်ရှီက အားလုံး ရအောင်ရှာလာပေးခဲ့သည်။
“ဒါ အပေးအယူပဲလေ...."
လုချင်းအာ းသည် သူ့အမေ၏ စကားကြောင့် မျက်မှောင်ကြုတ်ကာ တံတောင်နှင့်တွတ်လိုက်သည်။
"မင်း ငါတို့ကို တံခါးဝမှာ တနေကုန်စောင့်ခိုင်းမှာလား။"
ယုဟုန်ရှီ စိတ်မရှည်နိုင်တော့ပေ။
ထိုသားအမိနှစ်ယောက် အထဲဝင်ရန်လမ်းဖယ်ပေးလိုက်သောအခါ သူတို့နောက်တွင် အခြားလူတစ်ဦးရှိနေသည်ကို တွေ့လိုက်ရသည်။
နည်းပြချောင်ရှန်း.....
ချောင်ရှန်းသည် ခါတိုင်းလို ဖိုသီဖတ်သီ ရွီတ်နောက်နောက်ပုံစံမဟုတ်ဘဲ စိတ်လှုပ်ရှားနေဟန်ဖြင့် လက်နှစ်ဖက်ကို ပွတ်သတ်နေသည်။
"နည်းပြချောင်ရှန်း.... ...?" Li Luo က မေးသည်။
"ငါ....ငါ ချီချန်းကိုလာတွေ့တာ...လမ်းမှာတိုက်တိုက်ဆိုင်ဆိုင် ချင်းအာနဲ့ ဉက္ကဌယတြို့နဲ့တွေ့ခဲ့တာ...ဒါတိုက်ဆိုင်တာပါ...."
သူ့မျက်လုံးများသည် အခန်းထဲရောက်နေသည့် ယုဟုန်ရှီထံတွင်သာ ကပ်ငြိနေသည်။
အိုးးး တခုခုတော့ တခုခုပဲ...နည်းပြချောင်ရှန်းနဲ့ဉက္ကဌယုတို့ကြားမှာ ဇာတ်လမ်းဟောင်းတွေရှိနေပုံပဲ.....နေပါဉီး...ဉက္ကဌယုက ငါ့အဖေကိုကြိုက်နေတာမဟုတ်ဘူးလား...ဒါဆို နည်းပြချောင်ရှန်းနဲ့ ငါ့အဖေက ရည်းစားလုဖက်တွေပေါ့....မဟုတ်သေးဘူး....အဖေကဉက္ကဌယုကို မိတ်ဆွေလိုပဲသဘောထားခဲ့တာဆိုတော့ ရည်းစားလုဖက်တွေမဖြစ်နိုင်ဘူး.....ဉက္ကဌယုက တခြားသူနဲ့ယူပြီး ကလေးတစ်ယောက်တောင်မွေးထားသေးတယ်ဆိုတော့ နည်းပြချောင်ရှန်းအတွက် လုံးဝအခွင့်အရေးမရှိခဲ့ဘူးပေါ့.....
အိုး... တစ်ဖက်သတ်အချစ်
အရမ်းချိုပေမယ့် အရမ်းလည်းခါးတယ်.....
ချောင်ရှန်းကို စာနာစိတ်အနည်းငယ်ဖြင့် ကြည့်လိုက်သည်။
ယခင်မျိုးဆက်များ၏ ရှုပ်ထွေးပွေလီသော အချစ်တိုက်ပွဲတွင်၊ ဤသနားစရာနည်းပြလေးခင်မျာ အဆုံးစွန်သော အရှုံးသမားဖြစ်ခဲ့ရရှာသည်။
***