နှစ်ခုဝယ် တစ်ခုလက်ဆောင်
Vol. 32 Ch. 444
လီလော့ကသာ သနားနေသော်လည်း ချောင်ရှန်းကတော့ ယုဟုန်ရှီနောက်ကို ခွေးပေါက်လေးသဖွယ်လိုက်သွားခဲ့လေပြီ။
အိုး....အချစ်က လူကိုရူးသွပ်စေတယ်..ငါကတော့.ကံကောင်းလို့အငြင်းခံရတဲ့ ခံစားချက်ကို မခံစားရသေးဘူး.....
ပိုင်မျန်မျန်သည် ချစ်စရာကောင်းသော အပြုံးဖြင့် ယုဟုန်ရှီနှင့်လုချင်းအာတို့ကို လက်ဖက်ရည်တည်ခင်းပေးနေသည်။
ယုဟုန်ရှီက ကျေးဇူးတင်သည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
" ဒါဆိုလီလော့က ချစ်စရာကောင်းတဲ့ ဒီမိန်းကလေးတစ်ယောက်နဲ့ တစ်ဆောင်တည်းအတူနေတာပေါ့....."
သူ့သမီး လီလော့ကို သဘောကျကြောင်း သူမသိသည်။ အရည်အချင်းကိုအသိအမှတ်ပြုနိုင်သော်လည်း လီလော့သည် စေ့စပ်ထားသူတစ်ယောက်ဖြစ်နေသည်။ ထိုစေ့စပ်ပွဲကအယောင်ဆောင်ဖြစ်စေ၊အစစ်အမှန်ဖြစ်စေ သမီးဖြစ်သူအတွက် ဝန်လေးနေရဆဲပင်.....
ဒါပေမယ့် ငယ်ရွယ်တဲ့ မိန်းကလေးတွေဟာ စိတ်ထင်ရာလုပ်တတ်ကြသည့်အတွက် မည်သည့်အရာကိုမဆို တားမြစ်ခြင်းသည် ဆန့်ကျင်ဘက်ဖြစ်နေမည်ကို ယုဟုန်ရှီ သိသည်။
ထို့ကြောင့် သမီးအတွက် သိမ်မွေ့သောသတိပေးချက်များကိုသာ အခါသင့်တိုင်းပြောပြပေးရမည်။
လုချင်းအာကလည်း ခေသူမဟုတ်ပေ။သူ့အမေ ဘာကိုဆိုလိုချင်သည်ကို ချက်ချင်းနားလည်လိုက်သည်။
" မေမေ အတွေးလွန်နေပြီ...အသင်းဖော်တွေကို ကိုယ့်ဘာသာကိုယ်ရွေးချယ်လို့မှမရတာ..."
"ပိုင်မျန်မျန်က လီလော့ကို တော်တော်အထင်ကြီးနေပုံပဲ...."
"မေမေကလည်း....လီလော့ကို အထင်ကြီးလေးစားတဲ့ကျောင်းသူတွေတပုံကြီးပဲဟာကို...."
"ငါ့အထင်တော့ လီလော့က လူရှုပ်လေးပဲ..."
"မေမေ အထင်လွဲနေလို့ပါ...."
ယုဟုန်ရှီ စိတ်တိုတိုနဲ့ ချောင်းဟန့်လိုက်လေသည်။
ထိုစဉ်တွင် ချောင်ရှန်းနှင့်လီလော့တို့ရောက်လာကြပြီး ယုဟုန်ရှီတို့နှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။
"ဆရာ..." လုချင်းအာက ချောင်ရှန်းကို ပြုံးပြုံးကြီး နှုတ်ဆက်လိုက်လေသည်။
ချောင်ရှန်းက ခေါင်းညိတ်ပြီး သူမကို အလျင်စလို ပြုံးပြသည်။
ယုဟုန်ရှီလည်း သူ့ကိုကြည့်နေသည့်အတွက် ချောင်ရှန်း အတတ်နိုင်ဆုံး ကျောမတ်ထားပြီး ယုဟုန်ရှီကို မသိမသာခိုးကြည့်နေလေ၏။
"ချင်းအာကို ဂရုစိုက်ပေးတဲ့အတွက် ဆရာချောင်ရှန်းကို ကျေးဇူးတင်ပါတယ်.. လာတွေချင်ပေမယ့် အခွင့်မသာလို့လာမတွေ့နိုင်တာကိုခွင့်လွှတ်ပေးပါ...."
"အိုး၊ ကိစ္စမရှိပါဘူး ... ချင်းအာက အရမ်းထက်မြက်တယ်... ကိုယ့်လိုပဲလေ.."
ချောင်ရှန်း အခုလို ကိုးရိုးကားယားဖြစ်နေသည်ကို တခါမှမမြင်ဖူးသည့်အတွက် လုချင်းအာနှင့်လီလော့တို့ တစ်ယောက်နှင့်တစ်ယောက် မျက်စပစ်နေကြသည်။
"ဆရာချောင်ရှန်.....ဝိုင်သောက်မလား...?"ယ
လီလော့ အခြေနေဝင်ထိန်းရန်မေးလိုက်သော်လည်း..
.
"အိုး!ငါ ဝိုင်သိပ်မကြိုက်ဘူးဆိုတာ မင်းမသိဘူးလား လက်ဖက်ရည်ပူပူတစ်ခွက်ပဲပေးပါ...."
ဟမ်???????
လီလော့ရဲ့ မေးရိုး ကြမ်းပြင်ပေါ်ကို ပြုတ်ကျလုနီးပါးဖြစ်နေရှာသည်။
ဆရာ...ဆရာကကျွန်တော်တို့ကောလိပ်ရဲ့ဂန္ဓဝင်ယစ်ထုပ်ကြီးလေ...ဒါနဲ့တောင် ဝိုင်မကြိုက်ဘူးလို့ပေါ်တင်လိမ်ရဲတယ်နော်....
အမှန်တော့၊ သူသည် နည်းပြ ချောင်ရှန်းကို အရှက်ရစေရန် မတတ်နိုင်သဖြင့် ပိုင်မျန်မျန် ကို ချောင်ရှန်းအတွက် လက်ဖက်ရည်ပြင်ပေးရန် အချက်ပြလိုက်ရသည်။
လုချင်းအာသည်လည်း ဆရာဖြစ်သူ၏ မျင်နှာပြောင်တိုက်မှုကြောင့် မျက်နှာပူနေရှာသည်။
နည်းပြချောင်ရှန်း သူ့အမေကိုစိတ်ဝင်စားနေမှန်းသိသော်လည်း ဤမျှလောက်ထိဖြစ်လိမ့်မည်မထင်ခဲ့ပေ။
တိုက်ဆိုင်မှုဆိုသည်ကိုလည်း လုချင်းအာ အံသြနေမိသည်။
ယုဟုန်ရှီကတော့ ဒါတွေကိုဂရုစိုက်မနေဘဲ နံနက်စားစားခြင်းကိုသာအာရုံစိုက်ထားခဲ့သည်။
သို့သော်လည်း လူမှုရေးနားလည်သူပီပီ အားလုံးနှင့်အလိုက်အထိုက်ဖြစ်အောင် ရေလိုက်ငါးလိုက်နေပေးခဲ့သည်။ဤသည်ကိုကြည့်ချင်းအားဖြင့် သူမအမေ အချစ်ရေးကိုလုံးဝစိတ်မဝင်စားမှန်း လုချင်းအာနားလည်လိုက်ရသည်။
မည်သို့ပင်ဆိုစေကာမူ နည်းပြ ချောင်ရှန်းကတော့ ပျော်နေရှာသည်။
"ဘယ်တော့စမှာလဲ?" ယုဟုန်ရှီက လီလော့ ကို မေးလိုက်သည်။
လုချင်းအာ ဟောကိန်းထုတ်ထားသည့်အတိုင်း ယုဟုန်ရှီသည် ချောင်ရှန်းကို လုံးဝ စိတ်မဝင်စားခဲ့ပေ။
“အဲ…”
လီလော့ နည်းပြချောင်ရှန်းကို မသေချာမရေရာ ကြည့်ကာ ပြောသင့်မပြောသင့် ချိန်ဆနေလေ၏။
"မင်းရဲ့ သန့်စင်ခြင်းအကြောင်း ငါ နည်းပြချောင်ရှန်းကို ပြောပြီးပြီ.... ငါနဲ့ နည်းပြချီချန်းက မင်းကို ကူညီပေးမှာမို့လို့ ကာကွယ်ပေးမယ့်သူမရှိဘူးဖြစ်နေတယ်..... ကျောင်းက တော်တော်လေး လုံခြုံပေမယ့် အမြဲတမ်း သတိထားဖို့လိုတယခ..... နည်းပြချောင်ရှန်း က ငါတို့ကို ကာကွယ်ဖို့ စေတနာအပြည့်နဲ့ ကူညီပေးလိမ့်မယ်..."
လီလော့ အံ့သြသွားသည်။ မြို့စားအဆင့် ကျွမ်းကျင်သူ၏ ကိုယ်ရံတော်
ဝန်ဆောင်မှုများကို အခမဲ့ အလွယ်တကူ ရနိုင်ပါသလား.....
.............
ပထမမြို့စားနှစ်ယောက်၏အကူအညီအတွက် ဘုရင်သွေးစက် နှစ်ပုလင်းပေးဆောင်ခဲ့ရသည်။
အခု ချောင်ရှန်းက ဒါကို အလကားလုပ်ပေးချင်နေတာလား...
ပျော်ရွှင်မှုကြောင့် အနည်းငယ် မူးနောက်နေခဲ့သည်။ ဤသည်မှာကောင်းကင်ကကျလာတဲ့အသားပိုင်းလိုပင်.....
လီလော့ ရှုပ်ထွေးသောအမူအရာဖြင့် သူ့ကိုကြည့်နေသည်။
"ဆရာချောင်ရှန်း စေတနာတကယ်ကောင်းတာပဲ....."
ချောင်ရှန်း က ဝမ်းသာအားရ လက်ဝှေ့ယမ်းလိုက်သည်။
"အိုး၊ ဒါက ဘာမှမဟုတ်ပါဘူး၊ စောစောကတည်းလာပြောရောပေါ့ကွာ...."
လီလော့ သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ပြုံးပြနေပေမယ့် စိတ်ထဲကနေအော်ဟစ်နေသည်က....
ဆရာရယ်..ဆရာ့လိုအချိန်ပြည့်မူးနေတဲ့သူကိုဘယ်လိုအကူအညီတောင်းရမှာလဲ.....
မည်သို့ပင်ဆိုစေ ရှပြည်ထောင်စု၏သြဇာကြီးမားသော မြို့စားအဆင့်အနေဖြင့် သူ့ကိုအခုလိုကူညီနေသည်ကိုပင်ကျေးဇူးတင်ရလိမ့်မည်။
နည်းပြချောင်ရှန်းသည် ကြင်နာတတ်သောဖခင်တစ်ဦးဖြစ်လာရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ယုဟုန်ရှီအပေါ်ထားရှိသောချစ်ခြင်းမေတ္တာကြောင့်သာဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ မြို့စားအဆင့် ၏ အကာအကွယ်သည် သန့်စင်မှုကို ယခင်ကထက် ပိုမိုချောမွေ့စွာ လုပ်ဆောင်နိုင်စေမည်မှာ သေချာသည်။
ယုဟုန်ရှီနဲ့ခဏလောက် စကားစမြည်ပြောနေစဉ် နည်းပြ ချီချန်း ရောက်လာခဲ့သည်။
ချီချန်းက ချောင်ရှန်းကိုတွေ့လိုက်ရတော့ အံ့သြမသွားဘဲ နှစ်ယောက်လုံးကို ရိုးရိုးရှင်းရှင်း နှုတ်ဆက်လိုက်သည်။
"ကောင်းပြီ၊ လူစုံပြီဆို သွားကြရအောင်...."
ပဲ့တင်ထပ်သံတုပခြင်းလှည်းဘီး ဖန်တီးဖို့အချိန်ကျရောက်လာခဲ့ပြီ......
***