သူမရဲ့နှလုံးသား *
Vol. 32 Ch. 445
ကောလိပ်၏အနောက်တောင်ထောင့်တွင်.....
စိမ်းလန်းစိုပြေသော မြက်ခင်းပြင်များကြားတွင် အုတ်ခင်းလမ်းတစ်ခုရှိနေပြီး အဆုံးတွင် ကြီးမားသောအဆောက်ဉီးတစ်ခုရျိနေသည်။
ထိုအဆောက်ဉီးသည် ခရမ်းအဆင့်နည်းပြ
များအတွက်သာရည်စူးထားသောကြောင့် ကျောင်းသားများ သိပ်မသိကြပေ။
နည်းပြ ချီချန်းသည် လီလော့ နှင့် အခြားသူများကို ထိုအဆောက်ဉီးဆီ ခေါ်ဆောင်လာခဲ့သည်။
လေးလံသော ကျောက်တံခါးများကို တွန်းဖွင့်လိုက်ရာ အဖြူရောင်သလင်းကျောက်၏ တောက်ပနေသောအလင်းများကြောင့် မျက်စိကျန်းလုမတတ်ဖြစ်ကုန်ကြသည်။ အေးမြသောအခန်းသည်စွဲမက်ဖွယ် တောက်ပနေပြီး အခန်းအလယ်ရှိတွင် ကျယ်ဝန်းသော ကျောက်သားစင်မြင့်တခုရှိနေသည်။
တံခါးဖွင့်လိုက်သည်နှင့်ပင်သဘာဝစွမ်းအင်လှိုင်းလုံးများ အလုံးအရင်းနှင့်ပေါ်ထွက်လာခဲ့သည်။
စွမ်းအင်လှိုင်းလုံးများသည် ချီချန်းနှင့် ယုဟုန်ရှီတို့လို မြို့စားအဆင့်များအတွက် လေနုအေးဖြတ်သန်းသာသလိုခံစားရသော်လည်း လီလော့အတွက်တော့ လေဆင်နှာမောင်းတိုက်ခတ်သွားသလိုပင်......
လီလော့တစ်ယာက် အရက်မူးနေသလိုယိမ်းထိုးနေသဖြင့် ချီချန်းကအချိန်မှီလှမ်းထိန်းပေးလိုက်ရသည်။
သူမသည် ခံနိုင်ရည်ရှိစေရန် ပဲ့တင်ထပ်သံစွမ်းအားများ စေလွှတ်ကာ မူးနောက်နေသော လီလော့ကို တည်ငြိမ်အောင်ကူညီလိုက်သည်။
"အိုး. ပြင်းလိုက်တာ...."
ဤနေရာရှိ သဘာဝစွမ်းအင်များသည် ရှန်းလိသစ်ပင်ထက်ပင် ပိုအားကောင်းနေသေးသည်။
"ဒါ.နဂါးသွေးပယင်းကျောက်မလား....?"
ယုဟုန်ရှီက တောက်ပနေတဲ့ အခန်းထဲကို လှမ်းဝင်ရင်း မေးလိုက်သည်။
"ကြယ်တာယာခရီးရှည်ကောလိပ်ကတကယ်ထူးခြားတယ်.... ဒီလိုတန်ဖိုးကြီးတဲ့ နဂါးသွေးပယင်းကျောက်နဲ့ ခန်းမတခုတည်ဆောက်ထားနိုင်တယ်ဆိုတော့..တကယ့်ကို အထင်ကြီးစရာပဲ....ဒီအခန်းထဲမှသာ ကျင့်ကြံမယ်ဆို မြို့စားအဆင့်တွေတွက်တောင် အကျိုးထူးတယ်......"
ချီချန်း ပြုံးလိုက်သည်။
"ချီးကျုးလွန်းနေပါပြီ...ကောလိပ်ရဲ့ကြွယ်ဝမှုက ရွှေနဂါးဘဏ်တိုက်ကို ဘယ်ယှဉ်နိုင်ပါ့မလဲ...."
" ကျွန်မတို့က ရှာဖွေထားတဲ့စည်းစိမ်တွေကိုတသက်လုံးသိမ်းဆည်းထားကြတာ...ကောလိပ်လိုအများအကျိုးပြုဖို့ကျင့်ကြံရေးခန်းမတွေမတည်ဆောက်နိုင်ခဲ့ပါဘူး....."
"တကယ်လို့ ဉက္ကဌယုက ကိန်းကြီးခန်းကြီးနိုုင်တာတွေကိုသဘောကျတယ်ဆို ကျွန်တော်တို့လော့လန်အိမ်တော်ကိုလာခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်....."
" နေပါစေ....ငါစီးတော်လှည်း ရပ်ဖို့ လော့လန်အိမ်တော်မှာ နေရာမရှိဘူးလေ....."
လီလော့ က မျက်မှောင်ကုတ်လိုက်သည်။
ဟွန့်...ခင်ဗျားမြင်းလှည်းကဘယ်လောက်ကြီးမှာမို့လို့လဲ.....ပိုက်ဆံရှိတိုင်းပျော်စရာကောင်းတယ်များထင်နေတာလား....
လီလော့ သက်ပြင်းချလိုက်သည်။
တကယ်တော့ ပိုက်ဆံက သူ့ကိုပျော်စေသည်။ သူ့မှာ ပိုက်ဆံအလုံအလောက်ရှိရင် သူ့ရေအလင်းပဲ့တင်ထပ်သံ အဆင့်ရှစ်ရောက်နေလောက်ပြီ.... ပြီးတော့ သူ့မှာ အဆင့်ခုနှစ်သစ်သားပဲ့တင်ထပ်သံလည်း ရှိနေသေးတယ်.... ပိုက်ဆံရှိတာ တကယ်ပဲပျော်စရာကောင်းတယ်....
ဒါပေမယ့် သူ့မှာပိုက်ဆံမရှိဘူး.....
လီလော့သည် သူ၏ဘဏ္ဍာရေးဆိုင်ရာစိုးရိမ်မှုများကို နှိုးဆော်နေချိန်တွင် ယုဟုန်ရှီက တံခါးဝတွင်ရပ်နေသော ချောင်ရှန်းထံသို့ လှည့်လိုက်ပြီး....
"ဆရာ ချောင်ရှန်းကို လုံခြုံရေးအတွက် အားကိုးပါရစေ.... "
နည်းပြချောင်ရှန်းက သူမကို စိတ်အားထက်သန်စွာ လက်ခါပြလိုက်သည်။
"စိတ်မပူပါ... မင်းကို ဘယ်သူ့ကိုမှ ဒုက္ခပေးရဲမှာ မဟုတ်ဘူး.... ဘာပဲဖြစ်ဖြစ် ကျောင်းက တော်တော် လုံခြုံတဲ့ နေရာပဲလေ... "
"အင်းပါ..ဘာမှဖြစ်မလာရင်တော့အကောင်းဆုံးပေါ့....ကဲ စလိုက်ကြစို့...."
ယုဟုန်ရှီ၏ စီးပွားရေးဆန်သောခပ်ပြတ်ပြတ်အပြုအမူကြောင့် လီလော့ ဝမ်းသာအားရ ရယ်နေမိသည်။
ချီချန်း လက်ဝှေ့ယမ်းလိုက်သောအခါ လေးလံသော ကျောက်တံခါးများ ပိတ်သွားလေသည်။
ချောင်ရှန်းက ပိတ်ထားတဲ့ တံခါးကို စိုက်ကြည့်ပြီးနောက် အဆီပြန်နေသော ပါးပြင်ကို ပွတ်သပ်ကာ ကောင်လေးတစ်ယောက်လို ပြုံးနေလေ၏။
ယုဟုန်ရှီနှင့်ရင်းနှီးစွာ စကားမပြောဖြစ်ခဲ့သည်မှာ နှစ်အတော်ကြာနေပြီဖြစ်သည်။ဤသည်မှာလည်း သူမအပြစ်မဟုတ်ခဲ့ပေ.....
သူကသာ သူမကို စကားမပြောဝံ့သူပင်..
ဒီကိစ္စနဲ့ ပတ်သက်လးရင် သူတကယ့်ကို သူရဲဘောကြောင်သူဖြစ်ခဲ့သည်။
တချိန်တခါက ရဲဝံ့စွာ ချစ်ခွင့်ပန်ခဲ့သော်လည်း သူမက လီတိုင်ရွှမ်ကိုသာချစ်ခင်သည်ဟု အတိအလင်းပြောကြားခဲ့သည်။
အငြင်းခံရပြီးနောက် ရွှေနဂါးဘဏ်မှ ထွက်ခွာပြီး ကြယ်တာယာခရီးရှည်ကောလိပ်သို့ ဝင်ရောက်ခဲ့သည်။ တမြို့တည်းတွင်အတူနေခဲ့ကြသော်လည်း ထိုအချိန်ကတည်းက အဆက်အသွယ်ပြတ်သွားခဲ့ကြသည်။မာနကြီးလွန်းသူ ယုဟုန်ရှီဘက်က စတင်ဆက်သွယ်လာဖို့ ယောင်လို့ပင်မမျှော်လင့်နိုင်ခဲ့ပေ။
ဤသည်ကို ကြည့်ချင်းအားဖြင့် ချောင်ရှန်း သည် သူရဲဘောကြောင်သူဖြစ်ကြောင်း ထင်ရှားနေသည်။
သူ့နှလုံးသားထဲမှာ ယုဟုန်ရှီကိုအပြည့်အဝနေရာပေးထားသော်လည်း ယုဟုန်ရှီကတော့ သူ့အကြောင်းယောင်လို့ပင်တွေးမိမည်မဟုတ်ပေ။
လူတစ်ယောက်ရဲ့ ခံစားချက်တွေကို မထိန်းချုပ်နိုင်ခြင်းက အင်မတန်ဝမ်းနည်းစဂါကောင်းလှသည်။
ယုဟုန်ရှီလို အံ့ဩစရာကောင်းတဲ့ မိန်းမတစ်ယောက်ကို မချစ်ဘဲမနေနိုင်ခဲ့ဘူး.....
ချောင်ရှန်း မျက်လုံးမှိတ်ပြီး အတိတ်ကအကြောင်းတွေကိုပြန်တွေးနေခဲ့တယ်....
သူ့မိသားစု ပြိုလဲပျက်စီးသွားပြီးနောက် အဝတ်တထည်ကိုယ်တခုနဲ့ ရှမြို့တော်ဆီပြေးလာခဲ့တယ်....ရက်ပေါင်းများစွာ အစာမစားရဲ့အတွက် ဆာလောင်မှုကြောင့် သေအံဆဲဆဲဖြစ်နေချိန်မှာ ပူပူနွေးနွေးပေါက်စီတလုံး သူ့ရှေ့ရောက်လာခဲ့တယ်.....
ပေါက်စီရဲ့မွှေးပျံ့တဲ့ရနံ့ကြောင့် စိတ်ဝိဉာဉ်နိုးထလာပြီး အာသာငမ်းငမ်းစားသောက်ခဲ့တယ်....နောက်ဆုံးအလုတ်ကိုစားသောက်ပြီးချိန်မှာတောင် လက်ချောင်းတွေကို လျှာနဲ့ယက်မိခဲ့တယ်...နောက်ဆုံးတော့ ကယ်တယ်ရှင်ကိုမော့ကြည့်လိုက်တယ်.....
အနီရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့မာနကြီးလှသော သခင်မလေးက သူ့ကိုသနားစဖွယ်စိုက်ကြည့်နေလေတယ်.....
" ငတ်ကြီးကျလိုက်တာ...ကဲ..ငါကျွေးတာစားပြီးရင် ငါ့အတွက်အလုပ်လုပ်ပေးရမယ်....."
သခင်မလေးက သူ့ကိုမစောင့်ဘဲချက်ချင်းလှည့်ထွက်သွားခဲ့တယ်....သူကလည်း စက္ကန့်ပိုင်းလောက်စဉ်းစားပြီးတာနဲ့ သခင်မလေးနောက် လိုက်သွားခဲ့လေတယ်.....
နောက်ပိုင်း...သူ့ရဲ့ထူးချွန်တဲ့အရည်အချင်းတွေကြောင့် ရှပြည်ထောင်စုမှာ အထက်တန်းစားတစ်ယောက်အဖြစ်ရပ်တည်နိုင်ခဲ့တယ်....ဒါတွေကလည်း ယုဟုန်ရှီရဲ့ကျေးဇူးကြောင့်ပါပဲ....
အမှတ်တရတွေကို တွေးရင် ချောင်ရှန်းပြုံးနေလေ၏။
ဤနှစ်တွေတစ်လျှောက်လုံး အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်သဖြင့် ယုဟုန်ရှီရှေ့တွင် ပေါ်မလာဝံ့ခဲ့ပေ။ သို့သော် ယုဟုန်ရှီက သူ့ဘဝကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပေါက်စီတစ်ထုပ်ဖြင့်ဝယ်ယူခဲ့ပြီးလေပြီ.....
ထိုအချိန်မှစ၍ သူမသည် မည်သည့်အရာကိုမျှ မတောင်းဆိုခဲ့ဖူးပေ။
နောက်ဆုံးတော့ သူမဘက်က အကူအညီတောင်းလာခဲ့ပြီ.....
တံခါးဝတွင်စောင့်နေရုံသာဆိုသော်လည်း အကောင်းဆုံးကြိုးစားရပေမည်။
ဒူးကို ပုတ်ပြီး ညကောင်းကင်ကို မော့ကြည့်ပြီးနောက် ခေါင်းကို ညာဘက်သို့ လှည့်လိုက်သည်။
"ဟေ့လောင်ကျင်း... ဒီညတော့ ငါ့ကိုအေးဆေးနေခွင့်ပြုပါကွာ...."
အမှောင်ထုမှ လူရိပ်တခု ထွက်ပေါ်လာသည်။
ထိုသူသည် ရှန်ကျင်းရှောင်မှလွဲ၍ အခြားသူမဖြစ်နိုင်ပေ။
"အိုး...လုပ်ဖော်ကိုင်ဖက်တွေထဲမှာ အကြမ်းရမ်းဆုံးဖြစ်တဲ့ခင်ဗျားကို တံခါးပေါက်စောင့်ခိုင်းထားတယ်ပေါ့....."
" ဟားးးအခုလိုစောင့်ခိုင်းတာကိုပဲဂုဏ်ယူနေရတာ...သူသာ ငါ့ကိုအလုပ်ကြမ်းလုပ်ခိုင်းရင်တောင် လုပ်ပေးဉီးမှာ....."
"စိတ်လှုပ်ရှားစရာကောင်းပေမယ့် သနားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ..."
ရှန်ကျင်းရှောင်က ရယ်မောလိုက်သည်။
"အရမ်းထူးဆန်းတယ်...မင်းကကောလိပ်မှာရှိတဲ့ ခရမ်းနည်းပြတစ်ယောက်ဖြစ်ပြီး ရှပြည်ထောင်စုရဲ့ ထိပ်တန်းမြို့စားအနည်းငယ်ထဲက တစ်ယောက်ပါ.....မင်းကိုယ်မင်းအဲ့လောက်နှိမ့်ချနေစရာလိုလို့လား...."
"သူမရဲ့အလှတရားကိုမလွန်ဆန်နိုင်ဘူး...."
“ဒါ မင်းရဲ့ စွဲလမ်းမှုပေါ့....”
"ဒါဆို မင်းရဲ့ စွဲလမ်းမှုက လီလော့လား...ဒါမှမဟုတ် ကျန်းချင်းအာလား...ဆရာ ရှန်ကျင်းရှောင်၊ ငါ မင်းနဲ့ မတိုက်ချင်ဘူး.... ဒီညတော့
အေးဆေးနေပါရစေ... လီလော့နဲ့ချီချန်းအပေါ် မင်းအငြိုးထားနေတာကို ငါ လျစ်လျူရှုပေးနိုင်တယ်.... ဒါပေမယ့် ဒီည မင်းငါ့ကို ဆန့်ကျင်ရင် ငါလည်းညှာတာနေမှာမဟုတ်ဘူး....."
ချောင်ရှန်းရဲ့မျက်ဝန်းတွေထဲမှာ ပြတ်သားသောအရိပ်အယောင်များပြည့်နှက်နေလေ၏။
ယုဟုန်ရှီရဲ့တောင်းဆိုမှုကိုဖြည့်စည်းနိုင်ဖို့ဘနှစ်ပေါင်းများစွာ သိုဝှက်ထားရသော မြို့စားအဆင့်စွမ်းအားများကိုအပြည့်အဝထုတ်သုံးသင့်လျှင်လည်း ထုတ်သုံးရလိမ့်မည်.....
ရှန်ကျင်းရှောင် ပျင်းရိစွာ လက်ပြလိုက်သည်။
"ငါ မင်းနဲ့တိုက်ခိုက်ဖို့လာခဲ့တာမဟုတ်ဘူး..."
"အင်း..ဒါဆို မင်းငါ့ကို လာကြည့်တာလား...."
ချောင်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။
ရှန်ကျင်းရှောင်က ရယ်မောလိုက်ပြီး ချောင်ရှန်းအနားက ကျောက်လှေကားထစ်ပေါ်မှာ ဝင်ထိုင်လိုက်သည်။
ချောင်ရှန်း မျက်မှောင်ကြုတ်လိုက်သော်လည်း ရှန်ကျင်းရှောင်ကို ရှောင်ဖယ်ရန် အကြောင်းပြချက်ရှာမရခဲ့ပေ။
"ဆရာရှန်ကျင်းရှောင်၊ လီလော့ အပေါ် မင်းရဲ့ဒေါသက ခိုင်လုံမှုမရှိဘူးလို့ ခံစားနေရတယ်....မင်းဘာကြောင့်သူ့ကိုအငြိုးထားနေတာလဲ....."
ရှန်ကျင်းရှောင် တိတ်ဆိတ်နေပြီး တောက်ပနေသော လမင်းကို မော့ကြည့်လိုက်သည်။
ဝိုင်းစက်နေသော လပြည့်ဝန်းထဲတွက် ကျန်းချင်းအာ၏ ပုံသဏ္ဌန်ကို ခပ်ဝါးဝါးတွေ့မြင်နေရသည်။
ဒါပေမယ့် သူ့အကြည့်တွေက သူမရဲ့ စွဲမက်ဖွယ်မျက်နှာပေါ်မှာရှိမနေဘဲ အတွင်းပိုင်းရှိ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ကြည့်ကာ နှုတ်ခမ်းသပ်လိုက်သည်။
"သူ့နှလုံးသားကို ငါလိုချင်တယ်...."
***