ယုဟုန်ရှီ၏ပဲ့တင်ထပ်သံ *
Vol. 32 Ch. 446
အခန်းထဲတွင်မူ.......
စင်မြင့်ပေါ်တွင် လီလော့က အလယ်တွင်ထိုင်နေပြီး ချီချန်းနှင့်ယုဟုန်ရှီတို့က သူ့ဘေးနားရှိအခင်းနှစ်ခုပေါ်တွင် ထိုင်နေသည်။
"ဆရာချီချန်း၊ ဉက္ကဌယု ကျွန်တော်တို့ စတင်လိုက်ကြရအောင်...."
နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြပြီး လီလော့ ထုတ်ပြလာမည့်အရာကိုသိချင်နေကြသည်။
သူတို့၏ အသံတိတ် မေးခွန်းများကို လျစ်လျူရှုလိုက်ပြီး အိတ်ဆောင်စက်လုံးအတွင်းမှ ရွှေရောင်စာလိပ်ကို ထုတ်ယူလိုက်သည်။
ချက်ချင်းဆိုသလို မှော်ဆန်တဲ့ အသံတစ်ခုပျံ့လွှင့်လာသည်။
လီလော့ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လက်ချောင်းကို ကိုက်လိုက်ပြီး စာရွက်ပေါ်သို့သွေးစက်ချလိုက်သည်။
လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့ ဖန်တီးထားသော စာလိပ်ကို ထိုနည်းလမ်းဖြင့်သာအသက်သွင်းနိုင်သည်။
သွေးများ စာလိပ်ထဲသို့ စိမ့်ဝင်သွားပြီး အခန်းတခုလုံး အလင်းတန်းများနှင့်ပြည့်နှက်နေသည်။
ထို့နောက် အလင်းတန်းများသည် ဆဌဂံပုံသဏ္ဍာန်အဖြစ်ဖွဲ့စည်းသွားပြီး ရွှေရောင်မှော်စာလုံးများက ၎င်းအတွင်းမှ ပျံဝဲထွက်လာသည်။
ဝိုးးးးလုံးဝ အမိုက်စားပဲ... သူ့မိဘတွေက လှပတဲ့ အရာတွေကို ဖန်တီးပေးခဲ့တယ်.....
ထိုအတောအတွင်း၊ ယုဟုန်ရှီနှင့်ချီချန်းတို့ကတော့ လီတိုင်ရွှမ်တို့လင်မယား၏ဖန်တီးမှုကိုအထင်ကြီးလေးစားနေကြသည်။
လီလော့လို ဆရာသခင်အဆင့်တစ်ယောက်အနေဖြင့် အလှတရားကိုသာ တွေ့မြင်နိုင်သော်လည်း မြို့စားအဆင့်များအနေဖြင့် မှော်စာလုံးများ၏ရှုပ်ထွေးမှုများကို ကောင်းကောင်းကြီးနားလည်နေသည်။
သူတို့ရှေ့က ဆဋ္ဌဂံပုံ အံ့ဖွယ်အရာက မြင်ဖူးသမျှထဲတွင် အဆန်းပြားဆုံး တည်ဆောက်လုပ်မှုတခုဖြစ်နေသည်။
"ဒါကို လီတိုင်ရွှမ်နဲ့တိုင်တန်လန်တို့ ချန်ထားခဲ့တာလား၊ ဒီ၀င်္ကပါကို ပုံဖော်ထားတာ တော်ရုံကျွမ်းကျင်မှုလောက်နဲ့မရဘူး....."
ချီချန်းက အံ့သြသင့်စွာမှတ်ချက်ချလိုက်သည်။
ယုဟုန်ရှီက ပိုလို့တောင် အံ့သြနေသေးသည်။ ရွှေနဂါးဘဏ်ဉက္ကဌတစ်ယောက်အနေဖြင့် ကျောင်းတွင်နေထိုင်သော ချီချန်း ထက်ပင် ထူးဆန်းပြီး ဈေးကြီးသော အရာများစွာကို တွေ့မြင်ခဲ့ဖူးသည်။
သူမ၏အတွေ့အကြုံအရ၊ ဤ၀င်္ကပါကိဖန်တီးရန် မြို့စားအများစုပင် တတ်နိုင်မည်မထင်......
ဒါကိုသာ လီတိုင်ရွှမ်တို့လင်မယား ကိုယ်တိုင်ပြုလုပ်ခဲ့မည်ဆိုလျှင် ၎င်းတို့နှစ်ဦးသည် သူမထင်ထားသည်ထက်ပင် ပို၍အစွမ်းထက်ပြီး ထက်မြက်နေပေလိမ့်မည်။
လီလော့က ၀င်္ကပါ အလယ်ဗဟိုတွင် ရှိနေသည်။ ရွှေရောင်အလင်းတန်းများက သူ့ပတ်ဝန်းကျင်ကို လှည့်ပတ်ကာ အစိုင်အခဲကဲ့သို့ ပေါင်းစပ်သွားပြီး ဆက်လက်လှည့်ပတ်နေသည်။ ထိုအချိန်တွင် သူသည် ဤရွှေရောင်ခြည်တန်းဖြင့်၀င်္ကပါတစ်ခုလုံးကို ထိန်းထားနိုင်သလို ခံစားရသည်။
တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းတန်းများက ၀င်္ကပါလည်ပတ်မှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များပို့ပေးနေသည်။
အချက်အလက်များကိုသေချာ လေ့လာပြီးမှသာ လီလော့ စိတ်အေးနိုင်တော့သည်။ မြို့စားအဆင့်နှစ်ဉီး၏စွမ်းအားများနှင့်ယှဉ်လျှင် သူသည် သမုဒ္ဒရာထဲမှ ငါးလေးတစ်ကောင်သဖွယ်ပင်....
အချက်အလက်များကို လေ့လာပြီးနောက်
သူ့မိဘများတည်ဆောက်ခဲ့သော ဤအံ့ဖွယ်အရာကို လက်တွေ့ကျကျ လုပ်ဆောင်နိုင်သည်ကို သဘောပေါက်ခဲ့သည်။
သူလုပ်ဖို့လိုအပ်သည်မှာ ချီချန်းနှင့်ယုဟုန်ရှီတို့၏စွမ်းအားများကို စုစည်းပြီး ၀င်္ကပါကိုသုံးကာ ပဲ့တင်ထပ်သံမီးတောက်အဖြစ်ပြောင်းလဲပစ်ရမည်။
တစ်နည်းဆိုရသော် သူ၏ အခန်းကဏ္ဍသည် အိုးတစ်လုံးမျှသာ ဖြစ်သည်။
သူ့မိဘတွေက သူ့ရဲ့ခွန်အားကို တွက်ဆထားပေလိမ့်မည်။
“ငါ့မိဘတွေက အတော်အားကိုးရတာပဲ...."
"ဥက္ကဌယု...ဆရာချီချန်း....ဒီ၀င်္ကပါထဲကို အဆက်မပြတ်စွမ်းအားဖြည့်ပေးပါ...."
နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ပြီး သူတို့ပတ်ဝန်းကျင်က လေကို လွင့်သွားစေလောက်အောင် ကြီးမားလှတဲ့သက်ဆိုင်ရာ စွမ်းအားတွေကို ဆင့်ခေါ်လိုက်ကြသည်။
ချီချန်း၏ စွမ်းအားသည် သူ့နောက်တွင် ရေအိုင်အသွင်ဖြင့်ပေါ်ထွက်လာပြီး လှိုင်းလုံးကြီးများနှင့်အတူ ကျားတစ်ကောင်ဟိန်းဟောက်သံကိုကြားလိုက်ရသည်။
သူမ၏ ပထမ ပဲ့တင်ထပ်သံသည် ရေပဲ့တင်ထပ်သံဖြစ်ပြီး သူမ၏ ဒုတိယ ပဲ့တင်ထပ်သံသည် ကျောက်စိမ်းကျား ပဲ့တင်ထပ်သံဖြစ်သည်။
ယုဟုန်ရှီ သူမ၏ ပဲ့တင်ထပ်သော စွမ်းအားကို ထုတ်လွှတ်လိုက်သည့်အခါ လီလော့ မိန်းမောသွားလေသည်။
အနီရောင်တောက်ပနေသော ပန်းပင်လယ်ကြီးထဲတွင်ကြီးမားသော ပန်းတစ်ပွင့်ရှိနေပြီး ပွင့်ချပ်များပေါ်တွင် ဖီးနစ်၏အတောင်ပံပုံစံနှင့် တော်ဝင်ဆန်သောခရမ်းရောင်လိုင်းများ ပြေးလွှားနေသည်။
"ဖီးနစ်ရဲ့သွေးနှင်းဆီ..."
ထူးဆန်းသောပန်းပွင့်ကို လီလော့ ချက်ချင်းမှတ်မိလိုက်သည်။ထိုပန်းပွင့်ကို သားရဲတကောင်လုံးကို ကိုက်စားပြီး ရှင်သန်နိုင်စွမ်းရှိတဲ့ အသားစားပန်းပွင့်ပဲ့တင်ထပ်သံလို့လည်း သတ်မှတ်ကြသည်။
ဤသည်မှာ ယုဟုန်ရှီ ၏ ပထမဆုံး ပဲ့တင်ထပ်သံ ဖြစ်လာမည်ဟု မမျှော်လင့်ထားမိပေ။
ပန်းပင်ပင်လယ်အတွင်းတွင် အခိုးအငွေ့များ မြင့်တက်လာကာ ပန်းပွင့်များသည် ပို၍ပင် တောက်လောင်လာသည်။ သူမ၏ ဒုတိယ ပဲ့တင်ထပ်သံသည် မီးပဲ့တင်ထပ်သံ အမျိုးအစားဖြစ်သည်။
ဘုန်းးးးး
မြို့စားအဆင့်များ၏ ပဲ့တင်ထပ်သံများကို မျက်ဝါးထင်ထင် ကြည့်နေချိန်တွင် နှစ်ယောက်စလုံးသည် ဆဋ္ဌဂံ၀င်္ကပါထဲသို့ များပြားသောစွမ်းအားများ ပေးပို့နေကြပြီ။
ဝုန်းးးးးးးး
ဆဋ္ဌဂံ၀င်္ကပါထဲတွင် စွမ်းအင်စီးကြောင်းနှစ်ခု ပွင့်လာပြီး စိမ့်ဝင်နေသည့် စွမ်းအင်အားလုံးကို စုပ်ယူလိုက်သည်။
သူတို့၏ စွမ်းအင် တည်ရှိနေခြင်းသည် လေထုကို ကမောက်ကမဖြစ်စေရန် လုံလောက်သည်။ ၎င်းတို့အား ဆဋ္ဌဂံ၀င်္ကပါထဲသို့ တွန်းပို့ခြင်းသည် အလွန်ကြီးမားသော စွမ်းအားကို ဖန်တီးနေသော်လည်း လီလော့အပေါ် ထိခိုက်မှုတစုံတရာမရှိခဲ့ပေ။
ယုဟုန်ရှီ ပေးထားသည့် ပစ္စည်းသေတ္တာကို ထုတ်ယူကာ ပါဝင်ပစ္စည်းများကို ဆွဲထုတ်လိုက်ပြီး ၀င်္ကပါ အလယ်ဗဟိုရှိ အကွက်များထဲတွင် ထည့်ထားလိုက်သည်။
မြို့စားနှစ်ယောက်က ၀င်္ကပါထဲကို သူတို့ရဲ့ စွမ်းအားတွေ ဆက်လက်သွန်းလောင်းနေတာကြောင့် တဖြည်းဖြည်း လင်းလက်လာသည်။
ပဲ့တင်ထပ်သံတုပခြင်းပညာရပ်ကိုစတင်အသုံးပြလိုက်သည့်အခါ သူ့လက်ချောင်းထိပ်မှာ မီးပွားလေးတစ်ခု ဖြစ်ပေါ်လာသည်။
လီလော့သည် ဤသေးငယ်သော ပဲ့တင်ထပ်သံ မီးတောက်လေးကိုသာ ထုတ်လုပ်နိုင်သဖြင့် အနည်းငယ်ရှက်ရွံ့သွားသည်။ အကယ်၍ သူသည် သေးငယ်သော မီးပွားဖြင့်သာ လှည်းဘီးကိုဖန်တီးရမည်ဆို ဘဝတသက်တာလုံး အချိန်ကုန်ဆုံးသွားနိုင်သည်။
ကံကောင်းထောက်မစွာဖြင့်
သူ့တွင် ကြီးမားသော စွမ်းအားများ ရှိသည်။ အလွန်စျေးကြီးသော စွမ်းအင်ထောက်ပံ့သူနှစ်ယောက်ရှိနေသည်မဟုတ်လော....
ရွှေထီးဆောင်းထားသည့် လီလော့သည် သူ့ဆီသို့ စွမ်းအင်ဆွဲသွင်းရန် အချက်အခြာအဖြစ် လုပ်ဆောင်သည်။ ထို့နောက် သူ့ထံမှတဆင့် စွမ်းအင်ကို လမ်းကြောင်းပြောင်းစေပြီး မီးပွားပေါ်သို့ ပို့ဆောင်ပေးသည်။
ဝူးးးးးးးးး
ခဏအကြာတွင် မီးပွားငယ်သည် မီတာဒါဇင်များစွာမြင့်သော မီးလျှံအဖြစ်သို့ ကြီးထွားလာသည်။ သူ့လက်ချောင်းသည် ယခုအခါကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင်လို ဖြစ်နေပြီး ၎င်းကို ရွှေရောင်အတုံးကြီးထဲသို့ ထိုးထည့်လိုက်သည်။
ဧရာမမီးတောက်ကြီးသည် အရှိန်ပြင်းပြင်းနှင့် ပဲ့တင်ထပ်သံတုပခြင်းလှည်းဘီးကိုစတင်သန့်စင်နေလေပြီ......
***