အရေးပေါ်အခြေနေ *
Vol. 32 Ch. 447
သန့်စင်ရေးလုပ်ငန်းစဉ်သည် လီလော့ မျှော်လင့်ထားသလို အဆင်ပြေနေခဲ့သည်။
လွယ်ကူလွန်းသဖြင့် ခေါင်းငုံ့ထားရလောက်အောင်ပင် သက်တောင့်သက်သာ ခံစားခဲ့ရသည်။
၀င်္ကပါတခုလုံးက အလိုအလျောက်ထိန်းချုပ်စနစ်ဖြင့်လည်ပတ်နေပြီးသူ၏ တစ်ခုတည်းသောအလုပ်မှာ ပဲ့တင်ထပ်သံတုပခြင်းပညာရပ်ကို အသုံးပြုပြီး ပျော့ပျောင်းသောမီးတောက်များ ဖန်တီးရန်ဖြစ်သည်။
ထို့နောက်တွင်၀င်္ကပါသည် ယုဟုန်ရှီနှင့်ချီချန်းတို့၏ များပြားလှသောစွမ်းအင်ပမာဏကိုရရှိထားသော ပဲ့တင်ထပ်သံမီးတောက်ကို အားကောင်းစေမည့် အထူးလောင်စာအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး ၎င်းသည် ကွက်လပ်များထဲတွင်ဖြည့်သွင်းထားသော ပါဝင်ပစ္စည်းများကို ပြန်လည်သန့်စင်ပေးလိမ့်မည်။
သစ်ဥသစ်ဖုများနှင့် သတ္တုရိုင်းများ ပွက်ပွက်ဆူလာခဲ့သည်။
ဒါက သာမာန် ပေါင်းစပ်မှု မဟုတ်ခဲ့ပေ။
၀င်္ကပါသည် ပါဝင်ပစ္စည်းများအားလုံးကို မှန်ကန်သော အဆင့်များနှင့် ပမာဏဖြင့် ပေါင်းစပ်ရန် ကျွမ်းကျင်စွာ ဒီဇိုင်းထုတ်ထားပြီး အမှားအယွင်းမရှိသည့်အတွက် ဘာမျှလုပ်ဖို့မလိုအပ်ပေ။
ဒါက ပန်းခြံထဲမှာ လမ်းလျှောက်တာထက်ပင် ပိုလွယ်နေသည်။
လီလော့ စိတ်အေးလက်အေး ရှိနေသည်ကို ကြည့်ရင်း ယုဟုန်ရှီ အံ့သြသွားသည်။ အလိုအလျောက်ထိန်းချုပ်စနစ်ဖြင့်လည်ပတ်နေသော ၀င်္ကပါကြောင့်ပို၍ပင်အံ့သြနေရသည်။
" တကယ့်ကိုအမိုက်စားပဲ....?"
သူမ ဘာပြောနေမှန်း မသိသော်လည်း ယုဟုန်ရှီသည် မြို့စားအဆင့် ဖြစ်သောကြောင့်၀င်္ကပါ၏ ရှုပ်ထွေးမှုများကို သူထက် နားလည်မည်သာ.....
သူမ အလွန်အမင်း သဘောကျနေမိသည်။
ဒီလင်မယားနှစ်ယောက်က မျိုးဆက်တူတွေကိုသာမကဘူးမျိုးဆက်သစ်တွေကိုပါ နောက်ကောက်ချန်နိုင်တုန်းပဲ....
ရှပြည်ထောင်စုမှာရှိစဉ်ကတည်းက သူတို့ရဲ့အရည်အချင်းတွေက သူတို့ရဲ့မျိုးဆက်မှာရှိတဲ့ တခြားကျွမ်းကျင်သူတိုင်းကို ကျော်လွန်သွားခဲ့ပါပြီ။ သူတို့နှစ်ယောက်ရဲ့ အရိပ်အငွေ့တွေကြောင့် စိတ်ဓာတ်ကျခဲ့ရသူတွေမနည်းဘူး....အခုလူကိုယ်တိုင်မရှိတာတောင် ဖန်တီးမှုတွေနဲ့ အံ့အားသင့်စေခဲ့တယ်......
တကယ်ဆို သူတို့ နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့တာကြောင့် သူတို့ရဲ့ ထက်မြက်မှုတွေတဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ဤ၀င်္ကပါသည် ၎င်းတို့နှစ်ဦး၏ စိုးမိုးအုပ်ချုပ်ခဲ့မှုများကို ပြန်ပြောင်းအမှတ်ရစေခဲ့သည်။
ယုဟုန်ရှီသည် သူမ၏ ခံစားချက်များကို ထိန်းချုပ်ကာ ၀င်္ကပါထဲသို့ ပဲ့တင်ထပ်သံ စွမ်းအားများ တွန်းပို့ရန်သာ အာရုံစိုက်ခဲ့သည်။
တစ်ဖက်တွင်မူ ချီချန်းသည်လည်း အလားတူ ခံစားနေရသည်။
"ဒါက ဘာပဲဖြစ်ဖြစ် သန့်စင်ရေးလုပ်ငန်းစဉ်မှာ ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူး"
ထိုအတွေးကြောင့်သူမ ပုခုံးပေါ်မှ တင်းမာမှုအချို့ကို သက်သာစေခဲ့သည်။
လော့လန်အိမ်တော်တွင် ရန်သူများစွာရှိသော်လည်း ကြယ်တာယာခရီးရှည်ကောလိပ်၏နယ်နိမိတ်ထဲထိ မည်သူမျှ စိမ့်ဝင်နိုင်မည်မဟုတ်ပေ။ ကောလိပ်တွင် တစ်ခုတည်းသော ကြောက်စရာကောင်းသောသူမှာ ရှန်ကျင်းရှောင် ဖြစ်သည်။ သို့သော်လည်း ပေါ်ပေါ်ထင်ထင်ပြသာနာရှာရဲမည်မဟုတ်ပေ။
ဤသို့တွေးကာ ၀င်္ကပါထဲ့သို့ သူမ၏ ပဲ့တင်ထပ်သံ စွမ်းအားများ ပို့လွှတ်ခြင်းကိုသာအာရုံစိုက်နေလိုက်တော့သည်။
ရုတ်တရက်ပင် သူမခန္ဓာကိုယ် လှုပ်ရှားလာသည်။ ချီချန်း၏ ပဲ့တင်ထပ်သံ စွမ်းအားစီးဆင်းမှု အနှောက်အယှက်ဖြစ်နေပြီ.....
စွမ်းအားများကို ပြန်သိမ်းလိုက်ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ သူ့မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့် နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။
"မဟုတ်ဘူး! မဖြစ်ရဘူး!"နှစ်ပေါင်းများစွာကြာပြီးမှ အခုဘာလို့ အစပျိုးလာတာလဲ"
ချီချန်း နာကျင်စွာ အော်ဟစ်လိုက်သည်။
သူမ၏ မျက်နှာကာထားသောဇာပုဝါအနောက်တွင် အနက်ရောင်အစက်အပြောက်များ ပေါ်လာပြီး သေးငယ်သော အနက်ရောင်ငါးပုံသဏ္ဍာန်မျဉ်းကြောင်းများ ဖြစ်ပေါ်
လာသည်။ထိုအရာများသည် သူမ၏မျက်လုံးထဲသို့ စိမ့်ဝင်သွားကာ ညာဘက်မျက်လုံးကို လုံးဝမည်းနက်သွားစေသည်။
ဆိုးသွမ်းသော အရိပ်အယောင်များ လေထုတွင် ပြည့်လျှံနေသည်။
သူမ၏ ဘယ်ဘက်မျက်လုံးသည် ပုံမှန်ဖြစ်သော်လည်း အရူးအမူး ရုန်းကန်နေရသည်။
သူမ၏ ပဲ့တင်ထပ်သံ စွမ်းအားများသည်လည်း ထိန်းချုပ်မှုမှ လွတ်ကင်းကာလေထုထဲတွင် လွင့်ပျံလာသည်။
"လီလော့... သတိထားပါ!"
သူမ နောက်ဆုံးအသိစိတိဖြင့် လှမ်းအော်လိုက်သည်။
ဘုန်းးးးး
သူမသည် လုံးဝထိန်းချုပ်မှုမရှိတော့ဘဲ၊ ထူးထူးခြားခြား ခွန်အားမျိုးစုံဖြင့် သူမကိုယ်ခန္ဓာ၏ မထင်မှတ်ထားသော အစိတ်အပိုင်းများမှ ပဲ့တင်ထပ်သံ စွမ်းအားများ ထွက်ပေါ်လာသည်။ပထမဆုံး သူ့ရင်ဘတ်ထဲက ပေါက်ကွဲထွက်လာပြီး နောက်တစ်ကြိမ်မှာ သူ့နောက်ကျောကနေ စိမ့်ထွက်လာသည်။ သူမ၏ တစ်ကိုယ်လုံးသည် စွမ်းအားများ၏ကြိုးဆွဲရာ ရုပ်သေးရုပ်လိုဖြစ်နေရှာသည်။
အရေးပေါ်အခြေနေကို လီလော့လည်း.မထိန်းချုပ်နိုင်တော့ပေ။
မြို့စားအဆင့်၏ အမျက်ဒေါသကို တားဆီးဖို့နေနေသောသာ ရှောင်နိုင်လျှင်ပင်အတော်ကံကောင်းနေပြီ။
တောက်ပနေတဲ့ အနီရောင် ပဲ့တင်ထပ်သံစွမ်းအားလှိုင်းတွေကြောင့် ချီချန်းရဲ့တိုက်ခိုက်မှုတွေ လေထုထဲတွင် ရပ်တန့်သွားခဲ့သည်။ ၎င်းသည် တိုက်ခိုက်မှုကို ရပ်တန့်ရုံသာမက စွမ်းအားအချို့ကိုပါ စုပ်ယူခဲ့သည်။
"နည်းပြချီချန်း... !"
ယုဟုန်ရှီက လီလော့ကိုကယ်တင်လိုက်ပြီး ချီချန်းကို စိုက်ကြည့်နေသည်။
"ဥက္ကဌယု...ဆရာ ဘာဖြစ်သွားတာလဲ..."
"သူမကို ထိန်းချုပ်သွားပြီထင်တယ်"
ယုဟုန်ရှီသည် ချီချန်း၏ အရူးမျက်လုံးများကို ဂရုတစိုက်ကြည့်နေသည်။
"ဒီလိုအကြောဆွဲနေပုံ..ဒီလိုအော်ရာအရဆို ကမ္ဘာခြားသက်ရှိဆီက ကူးစက်ခံထားရတယ်ထင်တယ်.... "
လီလော့ သူ့ဆရာကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
" ဒါဆို...ဆရာ ကူးစက်ခံထားရတယ်ပေါ့....မြို့စားအဆင့်တွေတောင် ကူးစက်ခံရတာပဲလား...."
“တကယ်တော့ နည်းပြချီချန်းက တခုခုကိုဖုံးကွယ်ထားချင်လို့ အမြဲတမ်း ပုဝါတပ်ထားတာ...."
ဘုန်းးးး
စကားပြောနေရင်း ချီချန်း လှုပ်ရှားလာပြန်သည်။ သူမ၏ အနက်ရောင်မျက်လုံးများသည် ယုဟုန်ရှီထံတွင်သာ ကပ်ငြိနေပြီး သေးသွယ်သော လက်များက သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်သော ပြင်းထန်သော စွမ်းအားများဖြင့် ပေါက်ကွဲသွားပြီး သူမနောက်ကနေ ကျားပြာတစ်ကောင် ခုန်ထွက်လာသည်။
အနက်ရောင်အစင်းကြောင်းများက လီလော့ကို ကြောက်လန့်တကြား အေးခဲသွားစေသည်။
ဝေါင်းးးးးးး
ထက်မြက်သော ခြေသည်းများနှင့် လေထုကိုစုတ်ဖြဲလိုက်သည်။
ယုဟုန်ရှီက မျက်နှာကိုမော်ချီပြီး လက်ဝှေ့ယမ်းလိုက်သည်။
"ကြက်သွေးရောင်ဇီးပန်းပွင့်....!"
ထိုအခါ ကြက်သွေးရောင်စွမ်းအားများသည် ပွင့်ချပ်များဖွယ် ထွက်ပေါ်လာသည်။ ပန်းပွင့်များ၏အလယ်ဗဟိုတွင် နက်မှောင်သောမီးလျှံတခု တောက်ပနေ၏။
ဖန်းးးးးးး
ရေဓာတ်ကိုအခြေံသော ကျားရဲနှင့် မီးဓာတ်ကိုအခြေခံသော ပွင့်ချပ်များတွေ့ဆုံကြရာ် ပတ်ဝန်းကျင်တခွင်လုံး ရေငွေ့များလှိုင်လှိုင်ထနေလေတော့သည်။
ကျားရဲ နောက်ပြန်ဆုတ်သွားသည့်အတွက် ယုဟုန်ရှီ မျက်မှောင်ကြုတ်လိုက်သည်။ ချီချန်းသည် ထူးဆန်းသော အခြေအနေတွင် ရှိနေသော်လည်း သတ်ရန် မရည်ရွယ်ခဲ့ပေ။လက်ရှိအခြေနေတွင် ချီချန်းကို သူမသာ ခုခံကာကွယ်နိုင်ပြီး မြို့စားနှစ်ယောက်ကြားတွင် ပိတ်မိသော လီလော့ကိုလည်း ကာကွယ်ပေးရမည်။ မဟုတ်ရင် ပုရွက်ဆိတ်တစ်ကောင်လို သုတ်ပစ်ခံရလိမ့်မည်။
ထို့အပြင် ယနေ့ သူတို့၏ ရည်မှန်းချက်မှာ လီလော့ကိုကူညီရန်ဖြစ်သည်။ သူတို့ အစွမ်းကုန် ကြိုးစားပြီး တိုက်ခိုက်ကြရင် လီလော့အတွက်ဘာမျှကျန်တော့မည်မဟုတ်ပေ။
ဤ၀င်္ကပါကိုလည်း ထာဝစဉ်အသက်သွင်းထားဖို့ မဖြစ်နိုင်ပေ။ အတွင်းမှ ပင်မစွမ်းအင်များ မှိန်ဖျော့လာသည်နှင့်အမျှ ၀င်္ကပါ မှိန်သွားလိမ့်မည်။
ဒါက တကယ့်အကျပ်အတည်းပဲ.....
ယုဟုန်ရှီတုန်လှုပ်နေသည်။ နောက်ထပ်ရွေးချယ်စရာတစ်ခုကတော့ အပြင်မှာရှိတဲ့ ချောင်ရှန်းကို ခေါ်လိုက်ဖို့ပင်...
ဒါပေမယ့် အခြေအနေတွေကတွေးလေ ပိုရှုပ်လေလေဖြစ်နေသည်။
သူမ စိတ်ရှုပ်ထွေးနေချိန်မှာ လီလော့၏မှတ်ဉာဏ်ထဲသို့အချက်အလက်အချို့ကိုရောက်ရှိလာခဲ့သည်။ တိုက်ပွဲများသည် ၀င်္ကပါထဲမှ ခုခံရေးစနစ်ကိုလှုံ့ဆော်ပေးလိုက်ပြီထင်သည်။
လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့သည် ဖြစ်နိုင်သည့်ရလဒ်တိုင်းအတွက် အမှန်တကယ် ပြင်ဆင်ထားခဲ့သည်။
သူ့မိဘများ၏ အမြော်အမြင်နှင့် စေ့စေ့စပ်စပ် တီထွင်ဖန်တီးမှုကြောင့် စိတ်လှုပ်ရှားမိခဲ့သည်။
"ဉက္ကဌယု....ဉက္ကဌရဲ့ ပဲ့တင်ထပ်သံ စွမ်းအားကို ကျွန်တော့်ဆီ လွှဲပေးလိုက်ပါ....ကျွန်တော် နည်းပြချီချန်းကိုအနိုင်ယူမယ်!"
ယုဟုန်ရှီအံ့အားသင့်သွားသည်။
“ဒီကလေး.......”
သို့တိုင် သူမသည် သူမ၏ စွမ်းအားများကို ၀င်္ကပါထဲသို့ တွန်းပို့ရန် ပြတ်ပြတ်သားသား လှုပ်ရှားလိုက်သည်။
"ကောင်းပြီ.....မင်း ဘာလုပ်နိုင်လဲ ကြည့်ရအောင်"
***