← Chapters

မဟူရာငါး

Vol. 32 Ch. 448

မဟူရာငါး

Vol. 32 Ch. 448

၀င်္ကပါထဲသို့ စွမ်းအင်များ တသွင်သွင် စီးဆင်းနေသဖြင့် ယုဟုန်ရှီ စိတ်အားထက်သန်လာသည်။

လီလော့ ရှေ့မှာ ရွှေရောင်ကွင်းတကွင်း ဖြစ်ပေါ်လာပြီး ချီချန်းဆီသို့ဉီးတည်ချိန်ရွယ်ထားသည်။

သူမ၏မျက်လုံးများသည် ရူးသွပ်နေဆဲဖြစ်သော်လည်း အခြေခံဗီဇအချို့က သူမအား အန္တရာယ်အသစ်အတွက် သတိပေးခဲ့သည်။ သူမသည်လည်း လီလော့ကို ကျားရဲမျက်လုံးများနှင့် စိုက်ကြည့်နေသည်။

"သတိထား...!"

ယုဟုန်ရှီ အော်လိုက်သည်။ မြို့စားအဆင့်

သည် တောင်များကိုပင်ဖြိုဖျက်နိုင်လောက်အောင်သန်မာကြသည်။ ချီချန်း တန်ပြန်မှုကြောင့် အခန့်မသင့်လျှင် လီလော့သေဆုံးသွားနိုင်သည်။

လီလော့သည် ကျားရဲကို စိတ်ဝင်တစားမရှိခဲ့ပေ။ အံ့သြစရာကောင်းသည်မှာ သူသည် ၀င်္ကပါကြောင့်မို့ အန္တရာယ်တစ်စုံတစ်ရာကို မခံစားရပေ။

အတတ်နိုင်ဆုံး စိတ်ငြိမ်အောင်ထိန်းပြီး ၀င်္ကပါ၏ လမ်းညွှန်မှုအတိုင်း လုပ်ဆောင်နေခဲ့သည်။

ယုဟုန်ရှီ၏ စွမ်းအားကြောင့်ဖြစ်ပေါ်လာသော မီးတောက်များသည် ၀င်္ကပါမှတဆင့် ရွှေရောင်အလင်းကွင်းကိုကျော်ဖြတ်ပြီး အမြှောက်တစ်ခုသဖွယ် ပျံသန်းသွားလေသည်။

ရွှေရောင်အလင်းကွင်းသည် ထူးထူးခြားသက်ရောက်မှုရှိသည်။၎င်းကိုကျော်ဖြတ်သွားသောမီးတောက်များသည် အရွယ်အစားပိုကြီးလာပြီး အရောင်အဆင်းပါပြောင်းလဲသွားသည်။

တနည်းပြောရလျှင် ပတ္တမြားရောင်မီးတောက်များသည် တောက်ပသောရွှေရောင်အလင်းများယှက်သန်းနေသော မီးနဂါးများသဖွယ် တဟုန်ထိုးပျံသန်းသွားကြသည်။

ဖူးးးးးးး

ပါးလွှာသော ရွှေရောင်မီးနဂါးသည် ကျားရဲပုံရိပ်ကို ချက်ချင်းအငွေ့ပျံစေကယ ချီချန်းသို့ ခရီးဆက်ခဲ့သည်။

ချီချန်းလျင်မြန်စွာ လှုပ်ရှားလိုက်ပြီး သူမ၏ ကြံ့ခိုင်သော စွမ်းအားကို လက်ချောင်းထိပ်တွင် စုစည်းကာရေစက်လေးတစ်ပေါက်ကို ဖန်တီးလိုက်သည်။

သေးငယ်သော အပြာရောင်ရေစက်ထဲတွင် နှိုင်းမရသောစွမ်းအားများပါဝင်နေသည်။

ဝှစ်......

မီးနှင့်ရေ ထိပ်တိုက်တွေ့ကြပြန်ပြီ.....

ရွှီးးးးးးးးးး

သို့သော် လီလော့ပစ်လွှတ်လိုက်သည့် မီးတောက်က ချီချန်း၏ စွမ်းအားထက်သာလွန်နေပြီး ချီချန်း၏ မျက်နှာပေါ်သို့ ကျရောက်လာပြီး ဇာပုဝါကို ချက်ချင်း လောင်ကျွမ်းသွားစေသည်။

ဇာပုဝါနောက်ကွယ်တွင် ချစ်စဖွယ် မျက်နှာလေးရှိနေသည်။ သူမသည် ရေပဲ့တင်ထပ်သံ အသုံးပြုသူတစ်ဦးဖြစ်သောကြောင့် အသားအရည် စိုပြေတောက်ပနေသည်။ သူမသည် ချယ်ရီရောင်နှုတ်ခမ်းများဖြင့်နှစ်လိုဖွယ်ကောင်းအောင် လှပသူတစ်ယောက်ဖြစ်သည်။

သူမရဲ့ အလှအတွက် တစ်ခုတည်းသောချို့ယွင်းချက်ကတော့ သူမရဲ့ မျက်နှာညာဘက်ခြမ်းရှိ ငါးပုံသဏ္ဍာန်အနက်ရောင်အမှတ်အသားတစ်ခုပင်..

ငါးလေးများသည် အသက်ရှင်နေပုံရပြီး မျက်နှာအနှံတစ်လျှောက်တွင် အားရပါးရ ကူးခတ်နေကြသည်။

ငါးတွေ ကူးခတ်နေချိန်မှာတော့ အနက်ရောင် ရေစီးကြောင်းတခုဖြစ်ပေါ်လာပြီး ချီချန်း၏ ညာဘက်မျက်လုံးထဲသို့စီးဝင်နေလေ၏။

ဒီငါးက သူမ ရူးသွပ်သွားရတဲ့ အကြောင်းရင်းဖြစ်နိုင်သည်။

"ဘယ်​လို ကူးစက်မှုမျိုးလဲ...!"

ယုဟုန်ရှီ တကိုယ်တည်းရေရွတ်နေမိသည်။

"ဘုရင်အဆင့်ကမ္ဘခြားသက်ရှိကြောင့်များလား.... "

ရွှေရောင်မီးနဂါးကြီး သူ့မျက်နှာကို ထိမှန်လိုက်သည်နှင့် မဟူရာတွေကို တင်းကျပ်စွာ ရစ်ပတ်လိုက်လေသည်။

ထို့နောက် မှုန်ဝါးသောရွှေရောင် စည်းတံဆိပ်တခုဖြစ်ပေါ်လာပြီး မဟူရာငါးများကို ပိတ်လှောင်ထားလိုက်လေတော့သည်။

ချီချန်း၏ မျက်နှ တဖြည်းဖြည်း ငြိမ်သက်သွားကာ ခဏအကြာတွင် သူမ၏ မျက်လုံးနှစ်ဘက်စလုံး ကြည်လင်လာသည်။

ချီချန်း သူမ၏ မျက်နှာကို ထိရန် လက်ကမြှောက်လိုက်သည်။

ယုဟုန်ရှီ သူမထံသို့ ပြေးသွားပြီး....

"နည်းပြ ချီချန်း ....အဆင်ပြေရဲ့လား"

ပါးစပ်ကသာထိုသို့မေးနေသော်လည်း သတိမပြတ်ရဲပေ။

ချီချန်း ခါးသီးစွာ ပြုံးလိုက်ပြီး....

"လီလော့.... တောင်းပန်ပါတယ် "

"စိတ်မပူပါနဲ့....ကျွန်တော့်ကိုကူညီပေးလို့သာ ဆရာအခုလိုဖြစ်ရတာ...."

ဇာပုဝါအသစ်တစ်ထည်ကို ထုတ်လိုက်သည်နှင့် သူမ တခဏမျှ တိတ်ဆိတ်သွားသည်။

"မင်းရဲ့တိုက်ခိုက်မှုက ဒါကို လောလောဆယ်တံဆိပ်ခတ်ထားပုံရတယ်

... အဲဒါက တော်တော်ထူးခြားတဲ့ တံဆိပ်တစ်ခုပဲ.... အချိန်အတော်ကြာအောင် ထိန်းထားနိုင်မယ်ထင်တယ်.....ငါတို့...ဆက်လုပ်လို့ရသေးလား....."

ယုဟုန်ရှီ လီလော့ကို လှမ်းကြည့်လိုက်သည်။ ရှင်းရှင်းပြောရရင်၊ ချီချန်း က သူ့မျက်နှာပေါ်က မဟူရာငါးတွေအ​ကြောင်း ရှင်းပြဖို့ သိပ်စိတ်မ၀င်စားသလို ယုဟုန်ရှီက မရမရမေးမြန်းဖို့စိတ်မဝင်စားခဲ့ပေ။

ဘေးကင်းရေးပြဿနာများကို ကောလိပ်၏ အထက်အရာရှိထံ တင်ပြပြီးသားဖြစ်လိမ့်မည်။ ထိုသို့သော ကူးစက်မှုသည် ချီချန်းလို မြို့စားတစ်ဦးအတွက် ထိန်းချုပ်နိုင်သောအနေအထားတွင်ရှိလိမ့်မည်။

"အင်း... ဆရာအဆင်ပြေရင် ဆက်လုပ်ရအောင်....."

ယုဟုန်ရှီ ဘာမှထပ်မပြောတော့ဘဲ နေရာပြန်ယူလိုက်သည်။

ချီချန်း၏ မျက်လုံးများ အနည်းငယ် မှိန်သွားသည်။ဖြစ်ပျက်ခဲ့သည်များကြောင့် ချီချန်းစိတ်ဓာတ်ကျနေသော်လည်း ၀င်္ကပါထဲသို့ ပဲ့တင်ထပ်သံ စွမ်းအားများ ထပ်မံဖြည့်သွင်းလိုက်ပြန်သည်။

သန့်စင်ရေး လုပ်ငန်းစဉ်သည် ယခင်ကဲ့သို့ ချောမွေ့လွယ်ကူစွာ တစ်ဖန်ပြန်စတင်ခဲ့ပသည်။ သူတို့ကြုံတွေ့ခဲ့ရတဲ့ စိတ်လှုပ်ရှားမှုတွေအပြီးမှာ ပျင်းရိစရာတွေရောက်လာခဲ့ပြန်သည်။

ထို့ကြောင့် ၀င်္ကပါကို အနည်းငယ်နားလည်ဖို့သာအာရုံစိုက်ထားလိုက်တော့သည်။

နံနက်ခင်း၏ ပထမဆုံးရောင်ခြည် တိမ်တိုက်များကို ဖြတ်ကျော်ဝင်ရောက်သောအခါ သန့်စင်ခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွားပါသည်။

မတိုင်မီက ရွှေရောင်တောင်ကြီးကဲ့သို့ ခမ်းနားထည်ဝါသော ၀င်္ကပါသည်လည်း ပျောက်ကွယ်စပြုလာသည်။ ရွှေရောင်အလင်းတန်းတစ်ခု သူ့ရှေ့သို့ ညင်သာစွာ ဆင်းသက်လာသည်။

၎င်းသည် စူးစူးစိုက်စိုက်ကြည့်နိုင်မှသာမြင်နိုင်မည့် အနုစိတ်သော အမှတ်အသားများဖြင့် ဖုံးအုပ်ထားသော တြိဂံအရာဝတ္ထုတစ်ခုဖြစ်သည်။

ပဟေဠိဆန်သော အရာဝတ္ထုကို လုံးဝအာရုံမစိုက်ဘဲ အိတ်ဆောင်စက်လုံးထဲသို့ အမြန်ပစ်ထည့်လိုက်ပြီး မတ်တတ်ထရပ်ကာ ပျင်းရိစွာ အကြောဆန့်လိုက်သည်။

အပြင်ပန်းမှာ အေးဆေးတည်ငြိမ်နေပေမယ့် စိတ်ထဲမှာ​တော့ ပျော်လွန်းလို့ ခုန်ပေါက်နေလေပြီ.......

အခုဆို ပဲ့တင်ထပ်သံတုပ​ခြင်းလှည်းဘီး ဖန်တီးနိုင်ပြီဖြစ်သည့်အတွက် တတိယမြောက်ပဲ့တင်ထပ်သံရရှိဖို့ခြေတစ်လှမ်းနီးကပ်လာခဲ့ပြီ........

***

All Chapters