← Chapters

ဗာရင် မျိုးနွယ်စု

Vol. 5 Ch. 44

ဗာရင် မျိုးနွယ်စု

Vol. 5 Ch. 44

ကျင်းလင်လင် မတုန့်ပြန်နိုင်‌သေးခင်မှာပင် လင်းချီက သူမအား ရှေ့သို့ တွန်းပို့ကာ ဦးဆောင်စေလိုက်သည်။

လမ်းတစ်လျှောက်တွင် နောက်ဆုံးဖြစ်ပွားခဲ့သော တိုက်ပွဲမှ အရိပ်အယောင်များစွာကို တွေ့ရသည်။ မြင့်မြတ်သူရဲကောင်းများ၏ သံချပ်ကာများ ဤနေရာတစ်ဝိုက်တွင် ပြန့်ကျဲနေပုံကို ကြည့်ခြင်းအားဖြင့် တိုက်ပွဲမှာ အလွန်ပြင်းထန်ခဲ့ပုံပေါ်သည်။

ထို့နောက် ဗာရင် မိန်းကလေးငယ်မှာ အခြားတစ်ဖက်သို့ ပြေးထွက်သွားခဲ့သည်။ လင်းချီနှင့် ကျင်းလင်လင်တို့လည်း ထိုကလေးမ ဘာလုပ်မည်ကို သိချင်သွားခဲ့ပြီး အချင်းချင်းကြည့်လိုက်ကာ ကလေးမလေးနောက် လိုက်သွားတော့သည်။

ကလေးမလေးက တောအုပ်၏ ဖုံးကွယ်ထားသော ဧရိယာတစ်ခုအတွင်းသို့ ပြေး၀င်သွားသည်။ ထိုနေရာတွင် တဲအိုလေးများ ပြည့်နှက်နေပြီး ဗာရင် မျိူးနွယ်စု၏ အခြေစိုက်ရာ နေရာ ဖြစ်ပုံရသည်။

စစ်ပွဲပြီးဆုံးသောအခါ ဗာရင်လူမျိုး အများအပြား အသက်ရှင်ကျန်ရစ်ခဲ့ကြသည်။ အင်ပါယာမှ သူတို့မျိုးနွယ်စုကို အမြစ်ပြတ်သုတ်သင်ရန် အမိန့်ထုတ်ထားသောကြောင့် သူတို့မှာ ကြောက်မက်ဖွယ် တောင်တန်းထဲ၌သာ ပုန်းလျှိုးကွယ်လျှိုး နေနိုင်ကြတော့သည်။

ကလေးမလေး တဲအိမ်တစ်လုံးထဲသို့ ပြေး၀င်သွားသောအခါ လင်းချီတို့ ကြက်သေသေသွားသည်။ ထို့နောက် မျိုးနွယ်စု အကြီးအကဲ နှစ်ယောက် တဲထဲမှ ထွက်လာသည်။ သူတို့ လင်းချီကို မြင်သောအခါ သူတို့လည်း ရှော့ခ်ရသွားကြသည်။

"ငါတို့တော့ ဒုက္ခလှလှ တွေ့ပြီတူတယ်" လင်းချီ လျင်မြန်စွာ ပြောလိုက်သည်။

ဗာရင် မျိုးနွယ်စုမှာ သူတို့ရောက်ရှိလာသည်ကို မပျော်ရွှင်ကြမှန်း ကျင်းလင်လင် ပြောနိုင်ပေသည်။

"ဆရာ...ကျွန်မတို့ ဘာလုပ်ကြမလဲ.. ထွက်ပြေးကြမလား..."

"ခဏလောက် စောင့်ကြည့်ပါဦး..သူတို့ဆီမှာ မကောင်းတဲ့ရည်ရွယ်ချက်‌တော့ ရှိမယ်မထင်... "

ဗာရင်မျိုးနွယ်စုအကြီးအကဲနှစ်ယောက်က အော်ဟစ်လိုက်သောအခါ အခြားမျိုးနွယ်ဝင်များလည်း အရပ်မျက်နှာပေါင်းစုံမှ စုရုံးရောက်လာပြီး တစ်ခဏအတွင်းမှာပင် သူတို့ လင်းချီနှင့် ကျင်းလင်လင်အား ဝန်းရံလိုက်ကြသည်။

"ကြည့်ရတာ အခု ငါတို့ထွက်ပြေးချင်ရင်တောင် မဖြစ်နိုင်ဘူးနဲ့တူတယ်"

လင်းချီ ရုတ်တရက် ယွီမုန့် ပြောခဲ့သည်ကို သတိရသွား၏။ ဗာရင် မျိုးနွယ်စု၀င်များအားလုံးမှာ သွေးဆာရက်စက်ပြီး သတ်ဖြတ်ခြင်းကို ခုံမင်ကြသည်။

"မင်းတို့က ဘယ်သူတွေလဲ? ဘာလို့ ငါတို့ ပိုင်နက်ထဲကို ကျူးကျော်လာတာလဲ" မျိုးနွယ်စု ခေါင်းဆောင်မှ မေးလိုက်သည်။

လင်းချီ စိတ်သက်သာရာရစွာ အသက်ကို ရှူထုတ်လိုက်သည်။ ကြည့်ရတာ သူတို့ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်သေးသည့်ပုံပင်။

ထို့နောက် လင်းချီ ဗာရင်မျိုးနွယ်စုခေါင်းဆောင်ကို စတင်ရှင်းပြတော့သည်။ ကလေးမလေးကလည်း သူ့ကို ကူညီ၍ တစ်စုံတစ်ခုကို ပြောပြပေးသောကြောင့် မျိုးနွယ်စုခေါင်းဆောင်မှာ သူ၏ လက်နက်ကို ပြန်သိမ်းလိုက်သည်။

"နားလည်ပြီ..ဒီတော့ မင်းတို့က ကြယ်ငါးပွင့်သားရဲ အဆီအနှစ်ကို လိုက်ရှာနေတာပေါ့..ဟုတ်လား"

လင်းချီ ခေါင်းငြိမ့်လိုက်ပြီး "အမှန်ဘဲ..ကျုပ်တို့မှာ ဘာကိုမှ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး..ပြီးတော့ ကျုပ်တို့က အင်ပါယာကလည်း မဟုတ်ဘူး..ဒီတော့ ခင်များတို့ရဲ့ အခြေအနေတွေကို နားမလည်နိုင်တာ စိတ်မကောင်းပါဘူး"

လင်းချီ၏ စကားကိုကြားပြီးနောက် မျိုးနွယ်စုခေါင်းဆောင်က လက်ကို ဝှေ့ယမ်းလိုက်ပြီး "အင်ပါယာရဲ့လူတွေက ကျုပ်တို့မျိုးနွယ်စုရဲ့ ကမ္ဘာမကြေ ရန်သူဘဲ!"

မျိုးနွယ်စုခေါင်းဆောင်၏ အမူအရာ ပို၍ လေးနက်လာသည်ကို မြင်သောအခါ လင်းချီ အနည်းငယ် စိတ်ပူမိသွားသည်။ သူ ယခု စမ်းသပ်ပွဲတွင် ပါ၀င်နေခြင်းဖြစ်ပြီး ၎င်းမှာ အင်ပါယာမှ ပေးအပ်သော မစ်ရှင် ဖြစ်သည်။ သူဘာအမှားမှ မပြုလုပ်မိရန်သတိထားနေရသည်။  အကယ်၍ ဗာရင်တို့သာ တစ်ခုခု သတိထားမိသွားပါက သူတို့နှစ်ယောက်၏ ဘ၀မှာတော့ ကံဆိုးမိုးမှောင်ကျပေတော့မည်။

သိထားရမည်က ဗာရင်တို့၏ တိုက်ခိုက်ရေး စွမ်းအားမှာ သွားရှုပ်လို့ရသည့် အရာမဟုတ်ပေ။ မဟုတ်ပါက သူတို့၏ ရန်သူများကို ဆန့်ကျင်၍ သူတို့၏ ပိုင်နက်ကို ကာကွယ်နိုင်မည် မဟုတ်ပေ။

၎င်းကို သတိထားမိပြီးနောက် လင်းချီ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး အသက်ပြင်းပြင်းရှူကာ

"တကယ်တော့ ကျုပ်တို့က အနီးအနားက ရွာကနေ လာတာ... လူနာတစ်‌ယောက်ကို ဆေးကုဖို့ ကြယ်ငါးပွင့်သားရဲရဲ့ မှော်အဆီအနှစ်ကို လာရှာတာပါ"

"လူနာ?...ငါသိရသလောက်တော့ ကြယ်ငါးပွင့် သားရဲ အဆီအနှစ်က စားလို့မရဘူး မဟုတ်လား ..အဲ့တာနဲ့ လူနာကို ဘယ်လို ဆေးကုမှာလဲ"

ကျင်းလင်လင် လင်းချီနားသို့ကပ်၍ တီးတိုးပြောလိုက်၏။ "ဆရာ...ပိုကောင်းတဲ့ အကြောင်းပြချက် ပေးသင့်တယ်နော်"

လင်းချီ စကားပြန်မပြင်ခဲ့ပေ။ သူခေါင်းကို မော့လိုက်ပြီး ယုံကြည်မှု အပြည့်ဖြင့် "ခင်များမှားနေပြီ ကြယ်ငါးပွင့် သားရဲ အဆီအနှစ်က ‌ဟင်းပွဲထဲသေချာချက်ပြုတ်ပြီး စားသုံးလို့ရတယ်..ဒါပေမယ့် ချက်ပြုတ်နည်းကိုတော့ ကျုပ်တစ်ယောက်တည်း သိတာ"

မျိုးနွယ်စု ခေါင်းဆောင်မှာ ပိုပိုပြီး ရှုပ်ထွေးသွားသည်။ လင်းချီနှင့် ကျင်းလင်လင်တို့၏ အ၀တ်များကိုကြည့်ခြင်းအားဖြင့် သူတို့မှာ မြို့မှ လာသူများဖြစ်ကြောင်း သူသေချာပေါက် ပြောနိုင်သည်။

"ငါ ဘာကြောင့် မင်းတို့ပြောတာကို ယုံပေးရမှာလဲ?"

ထိုစကားကိုကြားတော့ လင်းချီ အနည်းငယ် တောင့်တင်းသွားရသည်။ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ ဆက်လက်၍ လံကြုတ်ဇာတ်လမ်းများထွင်ဖို့ရာ ခဲယဉ်းကြောင်း သဘောပေါက်လိုက်၏။

ထိုအချိန်တွင် လင်းချီမှာ စနစ်ကို ဖွင့်ပြီး ဗာရင်မျိုးနွယ်စု၏ ဟင်းလျာချက်နည်းများကို တစ်ချက် ရှာကြည့်လိုက်သည်။ ထိုအထဲတွင် ဗာရင် မျိုးနွယ်စုများ နှစ်သက်သော ဟင်းပွဲတစ်ချို့ကို အမှန်ပင် ဖော်ပြထား၏။

လင်းချီ ချက်ချင်းပင် ပီတိများ‌ ဝေဖြာသွားကာ မျိုးနွယ်စုခေါင်းဆောင်ကို စိတ်ရှည်စွာ ရှင်းပြလိုက်သည်။

"ကျုပ်က ဒီတောင်ခြေနားလေးက ရွာလေးတစ်ရွာကပါ..ကျုပ်အဖေဆို ခင်များတို့လူမျိုးစုတွေနဲ့ ဆက်သွယ်ဖို့ တောင်ပေါ်တက်လာလေ့ရှိခဲ့ဖူးတယ်လေ"

"အမှန်ဘဲလား"

"ဒါပေါ့ဗျ ကျုပ်အဖေက ခင်များတို့ မျိုးနွယ်စုရဲ့ အရသာရှိတဲ့ ဟင်းလျာတွေကိုလည်း ချက်ပြုတ်တတ်သေးတယ်..တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျုပ်လည်း ချက်တတ်တယ်..ခင်များ မယုံဘူးဆိုရင် ဒီမှာ အခုချက်ချင်း ချက်ပြပေးမယ်...အဲ့လိုဆို ကျုပ်လိမ်မလိမ် ခင်များ သိရောပေါ့"

မျိုးနွယ်စု ခေါင်းဆောင်က ခေါင်းငြိမ့်လိုက်ပြီး "ကောင်းပြီလေ..ငါမင်းကို အခွင့်အရေး ပေးလိုက်မယ်"

ထို့နောက် မျိုးနွယ်စု၏ သန်မာငယ်ရွယ်သော ဗာရင်တစ်ချို့ကို ဟင်းအမယ်များ ရှာဖွေရန် စေလွှတ်လိုက်ပြီး လင်းချီတို့ကိုတော့ နေရာ၌သာ စောင့်ဆိုင်းစေခဲ့သည်။

ထိုအတောအတွင်း ကျင်းလင်လင် စိုးရိမ်စ ပြုလာသည်။ သူမ လင်းချီ၏ ပခုံးကို တို့လိုက်ပြီး "ဆရာတကယ်ပဲ ဗာရင် မျိုးနွယ်စုရဲ့ ဟင်းလျာကို ချက်တတ်တာလား...ဆရာ့ အကြံသာ မအောင်မြင်လို့ကတော့ ဒီလူတွေက ကျွန်မတို့ကို သွားခွင့်ပေးမှာ မဟုတ်ဘူးနော်"

"ဘာတွေ သောက‌ရောက်နေတာလဲ...ငါတစ်ယောက်လုံး ဒီမှာရှိနေတာကို မင်း ဘာမှ မဖြစ်စေရဘူးလို့ အာမခံတယ်"

၁၅ မိနစ်ခန့်ကြာပြီးနောက် သူတို့ လိုအပ်သော အမယ်မျိုးစုံကို ပြင်ဆင်ပေးပြီး ဖြစ်သည်။

မျိုးနွယ်စုခေါင်းဆောင်က သူ့လူအားလုံးကို စောင့်ကြပ်စေလိုက်သည်။ သိသာစွာပင် လင်းချီတို့ ထွက်ပြေးသွားမည်ကို မလိုလားသောကြောင့်ဖြစ်၏။

လင်းချီ ရပ်၍ အမယ်များကို တစ်ချက်ကြည့်လိုက်သည်။ ထိုအချိန်တွင် အလိမ်ပေါ်သွားမည်ကို ကြောက်၍ သူစနစ်ကို ချက်ပြုတ်ရန် အသုံးမပြုရဲပေ။ ထို့ကြောင့် ပုံမှန် နည်းအတိုင်းသာ သူကိုယ်တိုင် ချက်ပြုတ်ရတော့မည်။

ကံကောင်းထောက်မစွာဖြင့် စနစ်မှ သူ့ကို ချက်ပြုတ်နည်းများ ထောက်ပံ့ပေးထား၏။ ထိုနည်းအတိုင်း ချက်ပြုတ်ပါက မည်သည့်ပြဿနာမျှ ရှိမည် မဟုတ်ပေ။

လင်းချီ ဒယ်အိုးကြီး တစ်လုံးကို တောင်းဆိုလိုက်ပြီး စနစ်မှ ‌ပေးသော ချက်ပြုတ်နည်း အတိုင်း ဟင်းအမယ်များကို အိုးထဲသို့ ထည့်လိုက်သည်။ ထို့နောက် မီးမွေးရန် ထင်း‌ခြောက်များ သွားရှာတော့သည်။ သူမီးမွှေးခါနီးတွင် ကျင်းလင်လင် မှ ရုတ်တရက် လက်ညိုးပင့်လိုက်ပြီး မီးမှော်ပညာကို သုံးကာ မီးမွှေးရန်လုပ်လိုက်သည်။

၎င်းကို တွေ့သောအခါ လင်းချီ သူမကို ချက်ချင်း တားလိုက်ပြီး အသံနှိမ့်၍  "မှော်ပညာကို မသုံးနဲ့ သူတို့က တစ်ချိန်လုံး စောင့်ကြည့်နေကြတာ ..တကယ်လို့ မင်းမှော်ပညာ တတ်မြောက်တယ်ဆိုတာ သိသွားရင် ငါတို့ကို အင်ပါယာက ဆိုပြီး ယူဆသွားကြလိမ့်မယ်"

ကျင်းလင်လင် အသက်အောင့်လိုက်မိသည်။ သူမ၏ မျက်လုံးလေးများ တဖျပ်ဖျပ် လှုပ်ရှားသွားပြီး စိုးရိမ်မိသွားခဲ့၏။ ကံကောင်းစွာဖြင့် လင်းချီ သူမကိုအချိန်မှီ တားလိုက်သောကြောင့်ပင်။ မဟုတ်ပါက သူမ ဖော်ထုတ်ခံရပြီး ဖြစ်သည်။

လင်းချီ မီးမွှေးရန် ခေါင်းစားနေစဉ် မျိုးနွယ်စုခေါင်းဆောင်မှာ သူ့အတွက် ပြင်ဆင်ပေးပြီးဖြစ်သည်။သူတို့ မီးခတ်ကျောက်နှစ်ခုကို အမယ်များဘေးတွင် ထားထား ပေးသည်။

လင်းချီ မီးခတ်ကျောက်တုံး နှစ်တုံးကို ယူလိုက်ပြီး ပြင်ဆင်ထားသော သစ်သားခြောက်များထဲသို့ အားဖြင့်ပွတ်လိုက်သည်။

ဘန်း...

ချက်ချင်းပင် မီးပွားလေးများ ထွက်ပေါ်လာပြီး ပျံ့နှံ့သွားတော့သည်။

အချိန်တိုလေးအတွင်း မီးမွှေးပြီးသွားပြီဖြစ်သည်။ ထိုနည်းလမ်းဖြင့် ဗာရင် မျိုးနွယ်စုများမှာ သူတို့ မှော်အသုံးပြုတတ်သည်ကို သတိမထားမိတော့ဘဲ အင်ပါယာမှ ဖြစ်ကြောင်းလည်း ယူဆတော့မည်မဟုတ်ချေ ။

နာရီ၀က်ခန့်ချက်ပြုတ်ပြီးနောက် လင်းချီ ကျင်းလင်လင်ကို လက်ထောက်အဖြစ် ကူညီပေးရန် မျိုးနွယ်စု ခေါင်းဆောင်ကို တောင်းဆိုလိုက်သည်။ နောက်ဆုံးတွင်တော့ နှစ်ယောက်သား စွပ်ပြုတ်တစ်အိုးကို ချက်ပြုတ်ပြီးသွားပြီဖြစ်သည်။

ဗာရင်မျိုးနွယ်စုတို့ နှစ်သက်သော ဟင်းပွဲမှာ သာမန် ဟင်းပွဲများနှင့် မခြားနားပေ။သို့သော်လည်း ဗာရင်တို့မှာ တောင်ပေါ်တွင် နေထိုင်သောကြောင့် အမယ်များကိုလည်း တောင်ပေါ်မှ စုဆောင်းကြသည်။ ထို့ကြောင့် သူတို့က အမယ်အားလုံးကို ဟင်းအိုးထဲသို့ ပေါင်းထည့်၍ တစ်ခါတည်း ချက်ပြုတ်ခြင်းကို နှစ်သက်ကြ၏။

"ပြီးသွားပြီ!"

~~~

All Chapters