အမဲလိုက်မည့်အစီအစဉ်
Vol. 5 Ch. 48
အကယ်၍ လူသားစားမိစ္ဆာသားရဲဖြစ်ပါက သူသက်ညှာနေမည် မဟုတ်သော်လည်း လျင်မြန်စွာဖြင့် အဆုံးသတ်ပေးလိုက်မည်ဖြစ်သည်။
သူ၏ လုပ်ရပ်ကို အခြားသူများ မြင်သောအခါ လင်းချီက သူ၏ အသုံးမကျမှုအတွက် ဒေါသကို သားရဲများအပေါ် ပုံချနေသည်ဟု တွေးနေကြသည်။
သို့သော်လည်း မည်သူမျှ လှောင်ရယ်ဖို့စိတ်မ၀င်စားဘဲ ရွှေပြားတစ်သောင်းတန်သော ဦးချို၌သာ အာရုံရောက်နေကြသည်။
ယခုအကျိုးအမြတ်မှာ ပြိုင်ပွဲမှ ချီးမြင့်သော ဆုလဒ်ကဲ့သို့ ကောင်းမွန်လှသည်ဖြစ်ရာ မျှော်လင့်မထားသည့် ကြွယ်ဝမှုက သူတို့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသောကြောင့် အားလုံး ကျေနပ်ပီတိ ဖြစ်နေကြသည်။
"သွားစို့" လင်းချီက ယွီမုန့်ကို ပြောလိုက်သည်။ သူ့ပုံစံက သဘောမကျသည့်ပုံစံပင်။
ဘာပဲဖြစ်ဖြစ် ယွီမုန့်သည်လည်း ရှားပါးအဆင့်သားရဲများနှင့် ရင်ဆိုင်တိုက်ခိုက်ဖူးသူဖြစ်ရာ ဤကဲ့သို့သော မြင်ကွင်းမျိုးကို ကျင့်သားရနေပြီဖြစ်သည်။
ဘာတစ်ခွန်းမျှ စကားမဆိုတော့ဘဲ ယွီမုန့် လှည့်ထွက်ခဲ့သည်။
သို့သော် လင်းချီအပေါ်ထားရှိသော သူမ၏အမြင်များ ပြောင်းလဲသွားခဲ့သည်။ သူ့ဒေါသတွေကို ဖွင့်ထုတ်ဖို့ရာ မှော်ဦးချိုကြံ့သားရဲကို လင်းချီ သတ်ပစ်ခြင်းဖြစ်သည်ဟု သူမ မထင်ချေ။
လင်းချီ၏ မျက်၀န်းထဲမှ သနားမှုနှင့် နာကျင်မှုမှ လွတ်မြောက်သွားသော ကြံ့များ၏ မျက်၀န်းများထဲမှ ကျေးဇူးတင်မှုဟူသော ခံစားချက်ကို ယွီမုန့် မြင်တွေ့လိုက်ရသည်။ လင်းချီက ဘယ်လိုလူစားမျိုးပါလိမ့်?
'သူတို့ နှစ်ယောက် ဘယ်အချိန်ထဲက အဆင်ပြေသွားကြတာလဲ?'
'ယွီမုန့်က ငါနဲ့ပဲ အချိန်အကြာဆုံး အတူရှိနေတာကို'
အတူ ထွက်ခွာသွားသော လူနှစ်ယောက်ကို ကြည့်ရင်း လူး၀စ်မှာ စိတ်အနှောက်အယှက်ဖြစ်သွားပြီး စိတ်တိုဒေါသထွက်ကာ နောက်မှ လိုက်သွားခဲ့သည်။
သုံးယောက်သား လှိုဏ်ဂူသို့ ပြန်လာခဲ့ပြီးနောက် တစ်ယောက်နှင့်တစ်ယောက်လည်း စကားမပြောကြပေ။ အခြေအနေမှာလည်း တင်းမာနေပြီး အားလုံးလည်း ပင်ပန်းနေခဲ့ကြသည်။ ထို့ကြောင့် မြေပြင်ပေါ်သို့ ထိုင်ချလိုက်ကြပြီး တစ်ယောက်တစ်မျိုး စဉ်းစားနေကြသည်။
လင်းချီကတော့ ယွီမုန့်ကို တောင်အောက်ခေါ်ရန် ဖျောင်းဖျရမည့် နည်းလမ်းကိုစဉ်းစားနေသည်။ သူမက မှော်သားရဲ အဆီအနှစ်မပါဘဲ လိုက်မည်မဟုတ်။ သူသည်လည်း သူမကို စည်းရုံးသိမ်းသွင်းခြင်းမပြုဘဲ တစ်ယောက်တည်းချန်ထားခဲ့တာမျိုး မလုပ်နိုင်ပေ။
မည်သို့ပင်ဆိုစေ သူတို့က အမြဲပူးပေါင်းဆောင်ရွက်ကြသူများပင်။ သို့သော်လည်း ယွီမုန့်၏ ခေါင်းမာမှုက လင်းချီကို ခေါင်းကိုက်စေသည်။
လူး၀စ်ကတော့ ရွှေပြားသောင်းချီတန်ကြေးရှိသော ကြံ့ချိုများ အကြောင်း စဉ်းစားနေသည်။
အကယ်၍ သူသာ တစ်ခုလောက် ရခဲ့ပါက ပျော်ရွှင်စွာ ပြန်သွားနိုင်ပေမည်။ ထိုအကြောင်းကို စဉ်းစားမိသောအခါ မနေနိုင်ဘဲ ပါးစပ်က နားရွက်ချိတ်မတက် ပြုံးလိုက်မိသည်။
ယွီမုန့်၏ အတွေးများကတော့ ပို၍ပင် ရှုပ်ထွေးနေသေးသည်။ သူမက သူမ၏ အရည်အချင်းကိုလည်း သက်သေပြချင်နေသည်။ သူမ စိတ်ဆုံးဖြတ်ထားပြီးဖြစ်၍ ရင်ဆိုင်ရမည့်အခက်အခဲများကိုလည်း နောက်မတွန့်ဘဲ ကျော်လွှားရန် ကြိုးစားရမည်ဖြစ်သည်။
လင်းချီကတော့ ယွီမုန့်ကို ငေးရင်း သူမစိတ်ပြောင်းသွားပြီး သူနှင့် တောင်အောက်လိုက်ခဲ့ရန် တိတ်တဆိတ် မျှော်လင့်နေသည်။
တစ်စုံတစ်ယောက်က သူမကို ငေးကြည့်နေသောအခါ မသက်သာသလို ခံစားမိပြီး အကြည့်စူးစူးတစ်ချက်ပေးလိုက်ကာ သူမ၏နောက်ကျောကို လင်းချီဘက်သို့ လှည့်လိုက်သည်။
လင်းချီလည်း ကူကယ်ရာမဲ့နေသည်။ သူမကို မဖျောင်းဖျနိုင်မှတော့ တစ်ခြားနည်းလမ်းတစ်ခုပဲ စဉ်းစားရတော့မှာပေါ့!
ကောင်းကင်မှာ တဖြည်းဖြည်း မှောင်လာပြီး လေအေးများ တဖြူးဖြူး တိုက်ခတ်နေသောကြောင့် လင်းချီ ကျောချမ်းသွားသည်။
‘နောက်ထပ် မိစ္ဆာသားရဲ မှော်အဆီအနှစ်ကို ဘယ်လို ရအောင်လုပ်ရမလဲကွာ တောက်... စဉ်းစားလိုက်တာနဲ့ ခေါင်းတောင်ကိုက်လာပြီ'
'ဗာရင်မျိုးနွယ်က ရလာခဲ့တဲ့ သားရဲ အဆီအနှစ်ကျတော့လည်း သူတို့တွေ သိလို့မဖြစ်ဘူး'
လင်းချီ ပါးကုတ်လိုက် နားရွက်ကုတ်လိုက် နှင့် အကြံထုတ်နေသည်။
“လင်းချီ..မင်းမှာ သန်းတွေဘာတွေ ရှိရင်လည်း ငါနဲ့ဝေးဝေးနေကွာ... မဟုတ်ရင် ငါ့ကို ကူးသွားလိမ့်မယ်"
သဘောထား သေးသိမ်သော လူး၀စ်မှာ ကြံ့ချိုမရခြင်းအတွက် လင်းချီအပေါ် အပြစ်ဖို့နေသည်။ သူ့ရွှေတွေ ဆုံးရှုံးရခြင်းမှာ လင်းချီကြောင့်ဖြစ်ရာ ပြန်လက်စားချေရမည်ဟု တွေးထားသည်။
"မင်းမှာပဲ သန်းတွယ်နေတာ...ငါက သတ္တုရိုင်းသားရဲကို သတ်ဖြတ်ပြီး ဒီကနေ ဘယ်လိုထွက်သွားကြမလဲ ဆိုတာ စဉ်းစားနေတာကွ"
၎င်းကိုကြားတော့ သူတို့နှစ်ယောက်အား ကျောပေးထားသော ယွီမုန့်၏ ခေါင်းမာသော မျက်နှာလေးပေါ်တွင် အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။
သို့သော်လည်း တစ်စုံတစ်ခုကို တွေးမိတော့ ချက်ချင်း မဲမှောင်သွားရပြန်သည်။ အကယ်၍ သူမသာ သန်မာနေပါက တစ်ပါးသူ၏ အကူအညီကို လိုအပ်မည် မဟုတ်ပေ။
လင်းချီ သူမကို ကူညီလေ ပိုပြီး စိတ်တိုလေ ဖြစ်နေပြီး သူမ၏ ခံစားချက်များကို သူမကိုယ်တိုင်တောင် နားလည်ရခက်နေသည်။
ထိုစကားကိုကြားတော့ လူး၀စ် ဆက်ထိုင်မနေနိုင်တော့ဘဲ မတ်တပ်ထကာ အော်ဟစ်လိုက်သည်။ "ငါတို့ နှုတ်ထွက်လိုက်ရင် ပြီးတာဘဲ မဟုတ်လား... ဒီလိုတွေတောင် ဖြစ်လာမှတော့ ဘာရှက်စရာရှိလို့လဲ..ပြီးတော့... လင်းချီ မင်းလည်း စမ်းသပ်ပွဲကို အဲ့လောက်ထိ အာရုံမထားဘူး မဟုတ်လား"
"မှောင်တောင် မှောင်တော့မယ်.. မြန်မြန်ဆန်ဆန်သာ တောင်အောက်ဆင်းကြရအောင်ကွာ"
နှစ်ယောက်စလုံးက သူ့ကို လျစ်လျူရှုထားသည်ကို မြင်သောအခါ လူး၀စ် သူထွက်သွားချင်သည့်အကြောင်း ကိုယ့်ဘာကိုယ် တီးတိုးရေရွတ်လိုက်သည်။
ထိုအချိန်တွင် လင်းချီ အကြံတစ်ခုကို စဉ်းစားမိသွား၏။
သူတို့ သတ္တုရိုင်းသားရဲကို တိုက်ခိုက်ချင်ပါက အသင်း၏ အဓိကတိုက်ခိုက်သူဖြစ်သော ယွီမုန့်၏ ခွန်အားကို အမြန်ဆုံးတိုးမြင့်ပေးရန် လိုသည်။
သူ၏ လျှာကဝေစနစ်ထဲတွင် ရှိသော ခွန်အားတိုးမြင့်သည့် ပစ္စည်းများမှာ လတ်ဆတ်သော မှော်မှိုပွင့်များ၊ မှော်ကန်စွန်းဥ နှင့် မြန်နှုန်းမြှင့်သကြားလုံးတို့သာ ရှိသည်။
ပထမ နှစ်ခုကို ယွီမုန့်၏ မှော်စွမ်းအင် ပြန်လည်ဖြည့်တင်းရန်အတွက် အသုံးပြုနိုင်သည်။
မြန်နှုန်းမြှင့်သကြားလုံးကတော့ မနက်ဖန် အမဲလိုက်မည့် အစီအစဉ်အတွက် လွန်စွာအသုံး၀င်သည်။ စားနေရင်း သတ္တုရိုင်းသားရဲကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။
ထိုအချိန်တွင် မြန်နှုန်းမြှင့်သကြားလုံးမှာ အကောင်းဆုံးသော ရွေးချယ်မှုဖြစ်၏။
မြန်နှုန်းမြှင့်ချိုချဉ်ပြုလုပ်ရန် အမယ်များကိုတော့ ဗာရင်မျိုးနွယ်စုမှ ရရှိပြီး ဖြစ်သည်။
သို့သော်လည်း မီးသင်းသကြားနှင့် နွားနို့မှာ ဗာရင်မျိုးနွယ်စုတွင်တောင်မှ ရှားပါးသောကြောင့် ပမာဏ အနည်းငယ်သာ ရရှိခဲ့သည်။ ထိုပမာဏမှာ မြန်နှုန်းမြှင့်ချိုချဉ် ဆယ်ခု ပြုလုပ်လို့တော့ ရသေးသည်။ မများသော်လည်း လုံလောက်သည့်ပမာဏပင်။
"ဒီလာခဲ့...ငါ့မှာ မနက်ဖြန် ဧရာမ သတ္တုရိုင်းသားရဲနဲ့တိုက်ခိုက်ဖို့ အကြံကောင်းရှိတယ်”
ယွီမုန့်က သူမ၏ မျက်နှာလွှားကို ကြိုးချည်လိုက်ပြီး စကတ်ပေါ်ရှိ ဖုန်ကိုခါကာ ရပ်လိုက်ရင်း လင်းချီ ဆီသို့ လှမ်းလာခဲ့သည်။
လူး၀စ်မှာ နားထောင်ဖို့ အစီအစဉ် မရှိသော်လည်း မနက်ဖြန်တွင် သေချာပေါက် ပါ၀င်ရမည်ဖြစ်သောကြောင့် မဖြစ်မနေ နားထောင်လိုက်ရသည်။
"အစီအစဉ်က ဒီလို... လူး၀စ်က မနက်ဖြန် သတ္တုရိုင်းသားရဲရဲ့ အာရုံကို ဆွဲဆောင်ရမယ်... အကောင်းဆုံးကတော့..."
၎င်းကိုကြားတော့ လူး၀စ် ချက်ချင်း ဖြတ်ပြောလိုက်သည်။
"ဘာကွ...မင်းငါ့ကို သေစေချင်နေတာလား... မင်းကိုယ်တိုင် သွားပါ့လား
"ငါက ဓားသမားလေကွာ...သူ့ဆီက တိုက်ရိုက် ရိုက်ချက်လေးတစ်ချက်လေးတောင် ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"
လူး၀စ် စကားဖြတ်ပြောလိုက်သော်လည်း လင်းချီ စိတ်မဆိုးသွားပေ။ အဘယ်ကြောင့်ဆိုသော် သူ မျှော်လင့်ထားပြီး ဖြစ်သောကြောင့်ပင်။
လူး၀စ်ကဲ့သို့ သူ၏ အသက်ကို တန်ဖိုးထားလှသော လူတစ်ယောက်မှာ ဘယ်လိုနည်းနှင့်မျှ ငါးစာ အဖြစ်ခံမည် မဟုတ်။
"စိတ်ချစမ်းပါ..မင်း အန္တရာယ် မဖြစ်စေရဘူး..ငါ့မှာ မင်းရဲ့ အင်အားကို တိုးစေတဲ့ စားစရာတွေ အများကြီးရှိတယ်…. မင်းကိုယ်မင်း ကာကွယ်ဖို့အတွက်တော့ လုံလောက်ပါသေးတယ် "
လင်းချီ မရှင်းပြခဲ့သော အခြား တစ်ချက်လည်း ရှိသေးသည်။
'အသက်အန္တရာယ်တော့ ရှိမှာ မဟုတ်ဘူး..ဒါပေမယ့် ထိခိုက်ဒဏ်ရာကတော့ မခွဲမသွေပဲ'
ကံကောင်းစွာဖြင့် လူး၀စ်မှာ ဦးနှောက်သိပ်ရှိသူ မဟုတ်ခဲ့ပေ။ လင်းချီ ထုတ်မပြောသ၍ သူ စဉ်းစားမိမည် မဟုတ်။
ထို့နောက် ဈေးဆစ်ခြင်း စတင်တော့သည်။ သေချာပေါက် လူးဝစ်ကတော့ အရှုံးမရှိရလေအောင် အကျိုးအမြတ်များများရဖို့ တိုက်ခိုက်ချင်နေသည်။
"အဲ့တာဆို ငါ့ကို ခွန်အားတိုးစေတဲ့ ချိုချဉ် အလုံး ၁၀၀ပေး"
"တစ်လုံးတောင် လျော့လို့မရဘူးနော်...တစ်လုံးလျော့တာနဲ့ မေ့လိုက်တော့"
လျှာကဝေစနစ် အဆင့် ၃ သို့ မြင့်သောအခါ ဆုလဒ်အဖြစ် ရရှိထားသော ခွန်အားတိုးစေသည့် အခြား ချိုချဉ်တစ်မျိုးလည်း ရှိသေးသည် ။
သို့သော်လည်း လူး၀စ်ကိုတော့ ပေးသုံး၍ မဖြစ်။ ယခု သူ၏ လက်ရှိခွန်အားဖြင့် ချိုချဉ်အားလုံး ပေးလိုက်လျှင်ပင် ကြယ်ငါးပွင့် သားရဲကို ယှဉ်နိုင်မည် မဟုတ်ပေ။
ထိုခွန်အားမြှင့်တင်ခြင်းချိုချဉ်မျိုးမှာ ယွီမုန့်သုံးရန် ချန်ထားသည်က ပိုသင့်တော်သည်။ သို့သော်လည်း လူး၀စ်ကိုတော့ ပေးသိ၍မဖြစ်။ မဟုတ်ပါက လိုချင်နေလိမ့်မည်။
"ညလမင်းရဲ့ လှိုင်းတံပိုးကတော့ ပေးကိုပေးရမယ်…. ပြီးတော့ မင်းပြောတဲ့ ဟို.. မြန်နှုန်းမြှင့် သကြားလုံးဆိုတာလား...အေး ..အဲ့တာလည်း အလုံး ၁၀၀ ပေးရမယ်"
သေချာပေါက် မတန်တဆ တောင်းဆိုမှုပင်။ ဘယ်သူက လင်းချီအား သူ့ကို ငါးစာလုပ်ဖို့ တောင်းဆိုခိုင်းလို့လဲ။ သူမကျေနပ်မချင်း ရပ်မည် မဟုတ်။
"ငါ့မှာ ချိုချဥ်နှစ်လုံးပဲ ရှိတယ် ...မနက်ဖြန် မင်းတို့ တစ်ယောက် တစ်လုံးရမယ်"
"မရဘူး..အနည်းဆုံး ၈၀... ဒါ ငါ့အောက်စည်းပဲ"
"ငါ မင်းကို တစ်လုံးပဲ ပိုပေးနိုင်မယ်"
..
နှစ်ယောက်သား မျက်နှာတွေ နီရဲလာသည် အထိ ဈေးဆစ်နေခဲ့ကြသည်။ ရုတ်တရက် သူတို့ အရိုးထဲအထိ အေးစိမ့်လာသည်ကို ခံစားမိလာသည်။
သူတို့နှစ်ယောက်လုံး ယွီမုန့်ကို ကြည့်လိုက်ကြသည်။ ထိုအေးစက်မှုမှာ သူမထံမှ ထွက်လာခြင်းပင်။
ယွီမုန့်၏ လူသတ်ချင်နေသော အမူအရာကိုမြင်သောအခါ နှစ်ယောက်လုံး အလိုက်တသိနှင့် ထိုင်ချလိုက်တော့သည်။
ထို့နောက် လင်းချီ အစီအစဉ်ကို ဆက်လက်ရှင်းပြခဲ့သည်။ ရှင်းနေစဉ် တစ်လျှောက်လုံး မည်သည့် ငြင်းခုန်မှုများနှင့် မကြုံခဲ့ရပေ။
ထို့နောက် လင်းချီ မနက်ဖြန် အစီအစဉ်အတွက် သူတို့နှစ်ယောက်ကို အားအပြည့် ဖြည့်ပေးတော့သည်။
"အဲ့မှာပဲ ထိုင်မနေနဲ့...စားစို့..ဒီည သက်သာအောင်လုပ်ထား ...မနက်ဖြန် ငါတို့ ကြယ်ငါးပွင့်သားရဲကို သတ်ပြီးတာနဲ့ တောင်ပေါ်ကနေ ဖြစ်နိုင်သမျှ မြန်မြန် ထွက်သွားရမယ်"
"ဟုတ်တယ် ..အရင်ဆုံး စားကြစို့.."
လူး၀စ်က စားမယ်ဆိုသော စကားလုံးကိုသာ ကြားလိုက်ပုံရသည်။
ကိစ္စတွေဘယ်လောက်ပဲ အရေးကြီးနေပါစေ…. အစားလောက်တော့ အရေးမကြီးပေ။
~~~