အဖြေ
Vol. 5 Ch. 51
လင်းချီ ရွှံ့များထဲတွင် ရုန်းကန်၍ အခြားသူများကို ရှာဖွေရန် ခက်ခဲစွာ ကြိုးစားနေရသည်။
ပတ်ဝန်းကျင်သည် အဖြူရောင် မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး ခုနစ်ပေခန့်အကွာထိသာ သူမြင်နေရသည်။
သူ ပထမဆုံးတွေ့တဲ့လူက လူသာဖြစ်၏။ ရွှံ့များက လည်ပင်းအထိ ရောက်လုနီးပါးဖြစ်နေသောကြောင့် လူသာ၏ အခြေအနေမှာ လင်းချီထက်ပင် အန္တရာယ်များနေလေသည်။
လူသာ၏အသက်ရှူသံသည် ပို၍ပို၍ပင်ပန်းနေပုံရသည်။ သူ အသက်ရှုကြပ်နေပြီး မရပ်မနား ရုန်းကန်နေသည်။ 'သခင်လေး'လို့ အော်ရင်း ရံဖန်ရံခါ ရယ်အော်နေသေးသည်။
“လူသာ ထစမ်း!” လင်းချီမှာ သူ့အနားသို့ ထဆက်မသွားနိုင်တော့ပေ။ လူသာ၏ အနီးတစ်ဝိုက်ရှိ ရွှံ့နွံများသည် အသက်ဝင်နေပုံရကာ သူ့ကိုပါ အောက်သို့ ဆွဲချရန် ကြိုးစားနေသည်။
‘‘ဒီရွှံညွန်က အသက်ရှိနေသလိုပဲ။ ငါ သူ့ကို ဒီလောက်အဝေးကနေ နှိုးလို့မရဘူး။ နေအုံး… ငါ့မှာ ဂီတနတ်ပန်းရှိတာကို မေ့နေလိုက်တာ"
[ဂီတနတ်ပန်း- ၎င်းသည် သုံးစွဲသူ၏စိတ်ကို လှုံ့ဆော်ပေးနိုင်သည်၊ ကိုမာဝင်နေသောသူကိုပင် နိုးထစေနိုင်ပြီး ၎င်းတို့၏အိပ်မက်ကို မြင်စေနိုင်သည်။ ]
"လှလိုက်တာ" သူ့ရှေ့က လက်မအရွယ် အပြာဖျော့ဖျော့ ပန်းပွင့်လေးကို ကြည့်ရင်း လင်းချီလည်း ဂီတနတ်ပန်း၏ အလှတရားတွင် နစ်မြောသွားကာ အချိန်ဖြုန်းမိလုဖြစ်သွား၏။
"ငါက စနစ်ရဲ့ ပိုင်ရှင်ဖြစ်တာတောင် ဒီပန်းရဲ့ သက်ရောက်မှုစက်ကွင်းကနေ မလွတ်နိုင်ဘူး" လင်းချီ အသိစိတ်ပြန်ဝင်လာပြီး အိပ်မက်နယ်မြေတွင် မျောနေသော လူသာထံ ဂီတနတ်ပန်းကို ပစ်လိုက်သည်။
ဖျတ်!
ဂီတနတ်ပန်းသည် မီးအလင်းအမှုန်အမွှားများအဖြစ်သို့ ဖြာထွက်သွားပြီး အလင်းတန်းများသည် အလင်းဖန်သားပြင်ကဲ့သို့ လေထဲတွင် ချိတ်ဆွဲနေ၏။
အလင်းရောင် ဖန်သားပြင်မှ မြင်ကွင်းသည် မှောင်မိုက်သော တောအုပ်ထဲတွင် တည်ရှိနေသည်။ လူသာသည် သူ၏စစ်တပ်ကို ဦးဆောင်ကာ လင်းချီကို ကာကွယ်ရန် ကျိန်ဆိုနေသည်။
“လူသာရဲ့ အိပ်မက်က သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ပဲ။ သူကာကွယ်ပေးတဲ့လူက ငါတဲ့လား”ဟု လင်းချီက မေးခွန်းထုတ်လိုက်မိသည်။
လင်းချီသည် လူသာ၏အိပ်မက်ကို လေ့လာလိုက်သည်။ ရုတ်တရက် အလင်းရောင် မျက်နှာပြင်က တစ်စစီပြိုကွဲသွားပြီးနောက် ပျောက်သွားသည်။ လူသာ မျက်လုံးများပွင့်လာ၍ အသိစိတ်ပြန်ဝင်လာကာ ရွှံ့နက်ထဲတွင် ရှိနေကြောင်း သူ့ကိုယ်သူ တွေ့သွားသည်။
"ငါထွက်လာပြီ!" လူသာ အော်ဟစ်ပြီး ရွှံ့ထဲက ခုန်ထွက်လိုက်သည်။ သို့သော်လည်း သူ ခိုင်မြဲစွာ မရပ်တည်နိုင်ဘဲ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။
"ဘယ်လိုနေလဲ" လင်းချီက လူသာ၏ဖြူဖျော့သောမျက်နှာကိုမြင်ပြီး ကမန်းကတန်းမေးလိုက်သည်။
“သခင်လေး… ကျွန်တော့်ကို ကယ်ခဲ့တာပဲ… ဤရွှံ့တွေက ခွန်အားကို စုပ်ယူနိုင်စွမ်းရှိပုံပဲ ကျွန်တော် အဆင်ပြေမှာပါ… ကျွန်တော် အခုပဲ ကိုယ့်ကိုကိုယ် တည်ငြိမ်အောင်ကြိုးစားလိုက်မယ်"
ထိုစကားကိုကြားတော့ လင်းချီက သူ့ခြေဖဝါးအောက်က ရွှံ့တွေကို ကြည့်လိုက်သည်။ ဒါ သူ အမြင်မှားနေခြင်းမဟုတ်ဘဲ ဒီနေရာရှိရွှံ့များက တကယ်ကို ထူးဆန်းနေခြင်းဖြစ်သည်။
“မလှုပ်ဘဲ အနားယူနေပါ… တခြားသူတွေကို ငါ သွားကယ်လိုက်မယ်။"
လင်းချီလည်း အခြားသူများကိုရှာရန် အလျင်အမြန်ထလိုက်သည်။ သူ တစ်မိနစ်လောက် နှောင့်နှေးလျှင်ပင် တခြားသူများ အသက်အန္တရာယ် ရှိနိုင်သည်။
ထိုအချိန်တွင် လူးဝစ်သည် လူသာထက် များစွာ အခြေအနေကောင်းပုံရသည်။ သူ တစ်လက်မမျှ မလှုပ်ဘဲရှိရာ ရွှံက သူ့ရင်ဘတ်နားသို့သာ ရောက်သည်။
လင်းချီက သူ့အနားကို တဖြည်းဖြည်း ချဉ်းကပ်လာသည်။ သူပြုံးနေတာကိုမြင်တော့ ငုတ်တုတ်ထိုင်ပြီး လက်နဲ့တို့လိုက်သော်လည်း ဘာတုံ့ပြန်မှုမှမရှိချေ။
'လူတိုင်း အိပ်မက်မက်နေကြပုံရတယ်၊ ဒါပေမယ့် ငါ့အိပ်မက်အကြောင်းကိုတော့ ဘယ်သူ့မှ ပြောပြလို့မရဘူး… မဟုတ်ရင် ငါအသက်အန္တရာယ် ရှိနိုင်တယ်…..”
ဘုန်း..
လူးဝစ်၏ခေါင်းပေါ်သို့ နောက်ထပ်ဂီတနတ်ပန်းပွင့်ကို ထားလိုက်ရာ လူးဝစ်၏ အိပ်မက်ကို လင်းချီ ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
ဖန်သားပြင်ပေါ်တွင် လူးဝစ်သည် ရဲတိုက်တစ်ခု၏ လသာဆောင်တွင် ရပ်ကာ အောက်ဘက်ရှိ လူများကို လက်ဝှေ့ယမ်းနှုတ်ဆက်နေသည်။
လင်းချီသည် ထိုရဲတိုက်ကို အရင်ကမြင်ဖူးသည်။ ထိုနေရာသည် ဆန်းသစ်လမြို့စား၏ အိမ်တော်ဖြစ်သည်။ လူးဝစ်က သူသည် ဆန်းသစ်လမြို့တော်၏သခင်အဖြစ် အိပ်မက်မက်နေပုံရသည်။
"သူ့ဟာသူတော့ တယ် တရားကျဖို့ ကောင်းတယ်” လင်းချီက သူ့ဘာသာ ရေရွတ်လိုက်သည်။
လူသာကဲ့သို့ လူးဝစ်သည် သူ့ဘာသာသူ မနိုးလာခဲ့ပါ။ ဂီတနတ်ပန်းပွင့်၏ စွမ်းအားအကုန် မသုံးမချင်း သူ့ မျက်လုံးတို့က ပွင့်မလာချေ။
သူပထမဆုံးတွေ့လိုက်ရတာက သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်နေသော လင်းချီဖြစ်သည်။
လူးဝစ်က သူ့ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ပြီး “သခင်လေးလင်း… မတွေ့တာကြာပြီ။ ရဲတိုက်က ကြိုဆိုပါတယ်… ထိုင်ပါ။ ငါအခုပဲ…” ထို့နောက် လူးဝစ်သည် တစ်ခုခုလွဲနေပြီဟု သဘောပေါက်လိုက်သည်။ သူသည် မြို့စားဖြစ်သော်လည်း အဘယ်ကြောင့် ရွှံ့နွံထဲသို့ ရောက်နေသနည်း။
သို့သော် သူ အခြေအနေနှစ်ခုကို ချက်ချင်းပေါင်းစပ်ကြည့်လိုက်ပြီး လင်းချီကို အနေရခက်စွာ ကြည့်လိုက်သည်။
"မင်း ကိုယ့်ဘာသာ ထွက်နိုင်တယ်မဟုတ်လား.. ငါ ယွီမုန့်ကို မတွေ့သေးဘူး…. သူ့ကို သွားကယ်ရအုံးမယ်” လင်းချီက သူ့အိပ်မက်ကို မသိဟန်ဆောင်ကာ ပုံမှန်အတိုင်းမေးလိုက်သည်။
လူးဝစ်သည် ဓားသမားဖြစ်သောကြောင့် အလွယ်တကူ ခုန်ထွက်သွားနိုင်သည်။
ထို့နောက် လင်းချီလည်း နောက်ဆုံးလူ ယွီမုန့်ကို ရှာတွေ့ကာ စိတ်သက်သာရာ ရသွားသည်။
ယွီမုန့်သည် လူသာ နှင့် လူးဝစ်တို့ထက် အနည်းငယ် ဝေးသော်လည်း သူမသည် ရွှံ့ထဲတွင် မနစ်မြုပ်ဘဲ ၎င်းတို့ သုံးယောက်နှင့် ယှဉ်လျှင် ပိုလုံခြုံသော အနေအထားတွင် ရှိနေသည်။
အကြောင်းတစ်ခုခုကြောင့် သူမသည် လိမ်ကောက်နေသောသစ်ပင်ဆီသို့ ပြေးသွားပြီး ခြောက်သွေ့နေသော မြေပြင်ပေါ်တွင် ကိုယ်တစ်ဝက်ခန့်လှဲကာ မေ့မြောသွားခဲ့ခြင်းဖြစ်သည်။
ယွီမုန့်သည် အိပ်မက်ထဲတွင် နာကျင်နေသကဲ့သို့ မျက်မှောင်ကြုတ်နေသည်။
"အားလုံးက အိပ်မက်လှလှလေးတွေပဲ မဟုတ်လား? ယွီမုန့်ရဲ့ အခြေအနေက ငါတို့နဲ့ မတူဘူးလား"
လင်းချီသည် ဂီတနတ်ပန်းပွင့်ကို ထုတ်လိုက်သည်။ ပန်းကို ယွီမုန့်အပေါ်တွင် အသုံးပြုခါနီးတွင် တစ်စုံတစ်ခုဖြစ်သွားခဲ့သည်။
ယွီမုန့်၏ မျက်နှာသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။ သူမလက်ထဲက မှော်တုတ်တံကို မြှောက်လိုက်ပြီး ရှေ့ကို ဝှေ့ယမ်းကာ အော်လိုက်သည် "ငါ့ကို မထိနဲ့!"
ရုတ်တရက်ဖြစ်နေ၍ ရှောင်ရန်အချိန်မရှိလိုက်သဖြင့် လင်းချီတစ်ယောက် မှော်စွမ်းအင်များက သူ့ရင်ဘတ်ထံ တိုးဝင်လာတာကို ကြည့်နေယုံသာတတ်နိုင်လိုက်သည်။
ဘန်း!
လင်းချီ သည် အနောက်သို့ ပျံတက်သွားသည်။ ၎င်းသည် မှော်တုတ်တံ၏ စွမ်းအားမဟုတ်ဘဲ ယွီမုန့်၏ ရေခဲမှော်ပညာဖြစ်သည်။
“အာ့!” လင်းချီ ရွှံ့ထဲသို့ ပြင်းထန်စွာ လဲကျသွားပြီး ပါးစပ်မှ သွေးများ အန်ထုတ်လိုက်သည်။
'သူ ဘာဖြစ်သွားတာလဲ။ သတိလစ်နေတာတောင် လူတွေကို တိုက်ခိုက်နိုင်သေးတယ်' လင်းချီ ပြန်ထရပ်လိုက်သောအခါ မှော်စွမ်းအင်အပြည့်ဖြင့် မှော်တုတ်တံကို ကိုင်ထားသော ယွီမုန့်ကို တွေ့လိုက်ရသည်။
"ထပ်ပြီးတော့လား? မင်းကို ကယ်ဖို့ ရောက်လာတာတာကို မင်းက ရန်ငြိုးနဲ့ ငါ့ကြင်နာမှုကို ပြန်ဆပ်လိုက်တာပေါ့လေ"
လင်းချီ ကြောက်လန့်တကြားဖြင့် သူ့ဆီသို့ ပျံသန်းလာသော ရေခဲဘောလုံးကို ရှောင်သည်။
ရေခဲဘောလုံးက သူ့ဘေးနားက မြေပြင်ကို ချက်ချင်းထိသွားပြီး ၁၀ပေအတွင်းရှိ အရာအားလုံးသည် ချောမွေ့သော ရေခဲရုပ်တုကြီး ဖြစ်သွားလေသည်။
သို့သော်လည်း ယွီမုန့်၏ မျက်လုံးများမှာ တင်းနေအောင် ပိတ်ထားပြီး သူမက ရပ်တန့်လိုသော ဆန္ဒရှိပုံမရချေ။ သူမက နောက်ထပ်မှော်မန္တန်ရွတ်ရန် အသင့်ဖြစ်နေသည်။
'နောက်ထပ်ရိုက်ချက်တွေကို ငါမခံနိုင်တော့ဘူး။ သူမကို အမြန်နှိုးရမယ်' လင်းချီမှာ သူ့ရင်ဘတ်တွင် မခံမရပ်နိုင်အောင် နာကျင်မှုကို ခံစားနေရသည်။ အခုလေးတင် ပစ်လွှတ်လိုက်သော ရေခဲဘောလုံးက သူ့ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းကို အေးခဲလုနီးပါး ဖြစ်သွားစေခဲ့သည်။
နာကျင်မှုကို သူ ဂရုမစိုက်နိုင်။ မှော်တုတ်တံက နောက်ထပ်မန္တန်ကို အသင့်ပြင်နေသဖြင့် သူ ဂီတနတ်ပန်းပွင့်ကိုထုတ်ကာ သူမထံ ပစ်ချလိုက်ရသည်။
ဤတစ်ကြိမ်တွင်တော့ ပန်းက ယွီမုန့်၏ ဦးခေါင်းထိပ်ကို ထိသွားသည်။ သူမ ချက်ချင်း ရပ်တန့်သွားပြီး မှော်တုတ်တံ၏ မှော်စွမ်းအင်များက ဖြည်းဖြည်းချင်း ပျက်ပြယ်သွားလေသည်။
'ဒီတစ်ခါ ငါ့အဖော်လက်ထဲမှာ သေလုနီးပါးပဲ။ ငါ ကံကိုမကောင်းဘူး။ ဒါက ဒီကမ္ဘာမှာ ငါ့ရဲ့ ပထမဆုံးဒဏ်ရာထင်တယ်။’ နာကျင်မှုကြောင့် လင်းချီ အသက်ပြင်းပြင်းရှူလိုက်ရသည်။
ယွီမုန့်လှုပ်ရှားမှုရပ်သွားတာကိုမြင်တော့ လင်းချီစိတ်သက်သာရာရသွားသည်။ သူ့ရင်ဘတ်ကို ငုံ့ကြည့်လိုက်သောအခါ အပြာရောင်ရေခဲတစ်စကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် ယွီမုန့်၏ ဦးခေါင်းထက်ရှိ အလင်းဖန်သားပြင်က လင်းချီ၏အာရုံကို ဆွဲဆောင်သွားသည်။
သူ့ရှေ့က အလင်းမျက်နှာပြင်သည် အနက်ရောင်ဆေးသုတ်ထားသကဲ့သို့ မှောင်မိုက်နေသည်။ မှော်ဦးထုပ်ဆောင်းထားသော အမျိုးသမီးတစ်ဦးက တစ်စုံတစ်ခုပြောနေသည်ကို သူ ခပ်ဝါးဝါးမြင်ရသည်။ ထိုမြင်ကွင်းကြောင့် နာကျင်မှုများကိုပင် သူတခဏမျှ မေ့သွားလေသည်။
သို့သော် ဂီတနတ်ပန်းပွင့်မှ ထုတ်ဖော်ပေးသည့် အိပ်မက်သည် အိပ်မက်အတွင်းမှ မြင်ကွင်းကိုသာ ပြသနိုင်ပြီး အသံကို မကြားနိုင်ပေ။ ထို့အပြင် အတွင်းပိုင်းသည် အလွန်မှောင်နေသဖြင့် လင်းချီသည် မှော်ဆရာ၏နှုတ်မှ စကားလုံးများ၏ ပုံသဏ္ဍာန်ကို နားမလည်နိုင်သော်လည်း ၎င်းမှော်ဆရာသည် ယွီမုန့်မဟုတ်မှန်းတော့ သူသေချာသိ၏။
"ဒါက ယွီမုန့်ရဲ့ အိပ်မက်ဆိုးလား" လင်းချီ သည် သူ့ကိုယ်သူ မနည်းကျားကန်ရပ်ကာ အလင်းဖန်သားပြင်အတွင်းမှ မှော်ဆရာကို ဂရုတစိုက်ကြည့်လိုက်သည်။ သို့သော် အလင်းမျက်နှာပြင်က ရုတ်တရက် ပုံပျက်သွားသည်။ အတွင်းမှ မှော်ဆရာသည် လင်းချီရှိရာသို့ ကြည့်လိုက်ပြီးနောက် အလင်းမျက်နှာပြင် ပျောက်သွားတော့သည်။
မှော်ဆရာ၏ လုပ်ရပ်ကြောင့် လင်းချီ ထိတ်လန့်သွားသည်။ ဒါ ယွီမုန့်အိပ်မက်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ မဟုတ်လား။ အထဲကလူက သူ စောင့်ကြည့်ခံနေရတာကို သိနိုင်လို့လား?
"ဘယ်လိုလဲ? မင်း အဆင်ပြေရဲ့လား?"
ယွီမုန့် နိုးလာသောအခါ အဝေးက မြေပြင်ပေါ်တွင် လဲလျောင်းနေသော လင်းချီကို တွေ့လိုက်သည်။ သို့သော် သူ့ပုံစံမှာ ဒဏ်ရာရထားသည့်ပုံပေါ်သည်။
ယွီမုန့်က လင်းချီ၏ဒဏ်ရာအကြောင်းမေးတော့မည်ပြုစဉ် သူမလက်ထဲတွင်မှော်တုတ်တံနှင့် လင်းချီ နံဘေးမှ အရည်မပျော်သေးသောရေခဲများကိုတွေ့လိုက်ရသောအခါ လင်းချီအား ဒဏ်ရာရအောင်လုပ်သူမှာ သူမကိုယ်တိုင်ဖြစ်ကြောင်း သဘောပေါက်သွားသည်။
~~~