လှပသောမျက်နှာလေး
Vol. 5 Ch. 61
စကားပြောလို့အပြီးမှာ လူတိုင်းသည် ရှဲ့ဖင်းဟွိုက်အား ကြည့်လိုက်ကြ၏။
ရှဲ့ဖင်းဟွိုက်မှာ စိတ်ရှုပ်ထွေးသွားခဲ့ကာ
“ မင်းတို့ ငါ့ကိုဘယ်လောက်ပဲကြည့်နေနေ ကိစ္စမရှိဘူး ၊ ငါ့အစ်မအကြောင်းလည်း ငါ ဘာမှမသိဘူး ၊ သူမက ငယ်ငယ်လေးကတည်းက တာအိုဘုရားကျောင်းမှာ ကြီးပြင်းလာခဲ့တာ ”
“ တာအိုဘုရားကျောင်းမှာလား။အရင်ကတည်းကလေ? ”
လူတိုင်းက ထိုအကြောင်းကိုကြားပြီးနောက်
အံ့အားသင့်သွားခဲ့ကြသည်။
“မဟုတ်သေးဘူး။ တာအိုဘုရားကျောင်းကလူတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ ဗုဒ္ဓဘာသာအကြောင်းကိုသိနေရတာလဲ ”
“ဟုတ်တယ် ။ အဖေကတော့ သူမရဲ့ဘဝကအရမ်းပဲဆိုးရွားခဲ့တာလို့ ပြောဖူးတယ် ။အကြီးဆုံးအစ်မက ချူချာတယ်။ အဲဒါကြောင့် သူမကို အိမ်မှာပဲပြုစုပျိုးထောင်ပေးရင် အန္တရာယ်ရှိနိုင်တာမလို့ သူမကိုမွေးပြီးပြီးချင်းမှာပဲ တစ်စုံတစ်ယောက်က ခေါ်သွားခဲ့တာ ။အဲတော့ သူမ ပညာတတ်လား မတတ်ဘူးလားဆိုတာ ငါလည်း သေချာမသိဘူး ။ပြီးတော့
ငါ့အစ်မ နေခဲ့တဲ့တာအိုဘုရားကျောင်းက
အရမ်းဝေးတယ်လေ ။သူမ စာလုံးနည်းနည်းလောက်ပဲ သိတာလို့ ငါထင်တာပဲ။” ဟု ရှဲ့ဖင်းဟွိုက် ပြောလေသည်။
“ သနားစရာပဲ။ သူမ အရမ်းလှနေလည်း အလကားပါပဲ ”
လူတစ်စုမှာ မတတ်နိုင်စွာဖြင့် အံ့အားသင့်ခဲ့ကြသည်။
ဒါဆိုရင်တော့ သူမတွင် အလွန်လှပသည့်ရုပ်ရည်ရှိလိမ့်မည်ပင်။
“ အိုး ဟုတ်သားပဲ ၊ မင်းရဲ့အဖေ
မနက်ဖြန်ကျရင် ငွေတွေပို့ပေးတော့မှာမလား ”
တစ်ယောက်က မေးလိုက်သည်။
“ ဟုတ်တယ် ထင်တာပဲ၊ ဘာလို့လဲ ”
ရှဲ့ဖင်းဟွိုက် ဇဝေဇဝါနှင့် မေးလိုက်၏ ။
လူတိုင်းက သူ့အား ထူးဆန်းသောအကြည့်များဖြင့် ကြည့်လိုက်ကြကာ ဘာမှမဟုတ်တော့ပါဘူးဟုသာ ပြောကြလေသည်။
ရှဲ့ဖင်းဟွိုက်လည်း လှောင်ပြုံးပြုံးကာ သူတို့အား လျစ်လျူရှုလိုက်၏။
“ ဒီလူတွေကတော့ တစ်ခုခုပဲ ။ အမြဲလိုလို သူတို့ ငါ့ကို လျစ်လျူရှုထားကြတာ ။ ဒီနေ့မှ ငါ့ရဲ့ပျော်စရာကောင်းတဲ့အချိန်လေးတွေကို ကြားဝင်နှောင့်ယှက်ပြီး ဘာလို့ငါ့ဆီစကားလာပြောကြလည်း မသိဘူး။”
................
လူတစ်စုသည်လည်း ရှဲ့မိသားစုအကြောင်း မည်သို့ပြောရမည်ကိုပင် မသိကြတော့ပေ။
လူတိုင်း ဆွံ့အ ကုန်ကြ၏။
ဆရာများသည် သူတို့အားငွေများပေးသောကြောင့် စိတ်ညစ်နေခဲ့ကြသည် ဆိုသည်အား သူတို့မိသားစုမသိကြသည်လား ၊ ပြောင်းလဲ၍ ပေးရန်ခေါင်းမာနေကြသည်လေ ။
ရှဲ့ဖင်းဟွိုက်သည် သူ၏လက်ထဲတွင်
အစိမ်းရောင်မြက်ထုံးတစ်ထုံးကို
ကိုင်ကာ ပုရစ်နှစ်ကောင် ချနေကြသည်အားကြည့်
နေသည်။မကြာခင်မှာပင် ပုရစ်တစ်ကောင်သည် ရှုံးနိမ့်သွားခဲ့၏။ထိုအချိန်တွင် သူသည် သူ၏ဘယ်ဘက်ပါးပြင်ပေါ်၌ အမှတ်အသားတစ်ခုပြုလုပ်ကာ ဗလုံးဗထွေးအသံဖြင့်
“ နောက်တစ်ကြိမ် ၊ နောက်တစ်ကြိမ်ကွာ ” ဟူ၍ အော်ပြောနေသည်။
ရှဲ့ချောင်သည် ရထားလုံးဖြင့် သူမဘာသာပင်အိမ်ပြန်လာခဲ့သည်။
ရှဲ့နျိုရှန်းသည် ညနေတွင် အိမ်သို့ပြန်လာခဲ့ပြီး သူမအား လှမ်းခေါ်လိုက်သည် ။
အလွန်ပျော်ရွှင်နေပုံပင်...
သူ ရှဲ့ချောင် ကို မြင်သည့်အချိန်တွင် “ သမီး ဝင်ခွင့်စာမေးပွဲအောင်တယ်လို့ အဖေကြားခဲ့တယ် ၊ ဒါဆို အခုလက်ဆောင်ပေးဖို့ အရည်အချင်းပြည့်မှီပြီလား ”
ရှဲ့ချောင် ခေါင်းမညိတ်ခင် သူမ မျက်ခွံများတွန့်သွားခဲ့၏။
“ မဆိုးဘူး မဆိုးဘူး တော်တယ် ၊ ဒါမှငါ့သမီးကွ!”
ရှဲ့နျိုရှန်းသည် အလွန်ကျေနပ်ဝမ်းသာသွား၍ ငွေစငါးဆယ် တန်သောငွေစက္ကူကို ဆွဲထုတ်လိုက်သည်။
“ ဒီနေ့ ရုံးတော်ကနေ ဆုချီးမြှင့်ခံလိုက်ရတာ ကံကောင်းတာပဲ ၊ ဒီငွေကိုယူသွားပြီး သမီးသုံးချင်တာတွေ သုံးပစ်လိုက် ”
“သခင်ကြီး ဒီနေ့လောင်းကစားရုံကို သွားမယ်လို့ပြောခဲ့တာမဟုတ်လား ” သခင်မလု ကြားကြားချင်းမှာပင် ထမေးလိုက်သည်။
“ ငါ သွားခဲ့တယ်လေ ဒါပေမဲ့ အပေါင်းအသင်းတွေနဲ့ သောက်စားရုံလောက်ပါပဲ။ ပြီးတော့ သူတို့က ပညာသင်ဆုရကျောင်းသားတွေအကြောင်း ပြောဆိုရင်းငြင်းခုံနေကြတယ်လေ။ ငါက ဒီနေ့ ပါးစပ်အနံ့ မကောင်းနေလို့ စကားမပြောရဲခဲ့ဘူး။ ဒီနေ့မှ နန်းတော်ထဲကအမတ်က သူတို့ပြောပြသမျှ အရာအားလုံးကို ချောင်းဖမ်းလိမ့်မယ်လို့လည်း ထင်မထားခဲ့ဘူးလေ။ သူက ငါ့ကို ရင့်ကျက်ပြီး တည်ငြိမ်တဲ့သူပဲလို့ပြောပြီး ဆုချီးမြှင့်ခဲ့တယ်။ ပြီးတော့လည်း ငါ့မိသားစုအခြေအနေက အရမ်းဆင်းရဲတာကို
သူကြားထားပြီးသားမို့လို့ ငွေတွေချီးမြှင့်ခဲ့တယ်လေ။ ” ဟုပြောကာ အလွန်ပင်ဝမ်းမြောက်နေခဲ့၏။
ရှဲ့ချောင် မျက်ခွံများပင် တွန့်ကာလှုပ်သွားခဲ့သည်။
ရင့်ကျက်ပြီး တည်ငြိမ်တယ်တဲ့လား
သူက အဲ့လိုလူမျိုးလည်းမဟုတ်တာကို ဘာကို ဂုဏ်ယူနေတာလဲ ?
“ ဒီငွေတွေကို အဖေ့ရဲ့အပေါင်းအဖော်တွေကိုရော ဝေမျှပြီးမပေးခဲ့ဘူးလား။ ” ရှဲ့ချောင် မေးလိုက်သည်။
“ ငါက ဘာလို့ပေးရမှာလဲ? ”
ရှဲ့နျိုရှန်း တွေဝေသွား၏။
“ အဖေတို့က အမြဲတမ်းတပူးပူး တတွဲတွဲနဲ့လေ ပြီးတော့လည်း လူတိုင်းက အမှန်တရားကိုပြောနေကြချိန် ဘာတစ်ခုမှမပြောဘဲ ထူးဆန်းနေတာက အဖေတစ်ယောက်တည်းပဲလေ။တစ်ယောက်ယောက် လာစစ်မယ်ဆိုတာကို
အဖေသိနေပြီးသားလို့ သူတို့တွေထင်ကုန်ရင် ဘယ်လိုလုပ်မလဲ။သမီးသာဆိုရင်တော့ အဲ့လက်ဆောင်ကို မယူဘဲနေလိုက်တယ်။ ဒီကိစ္စကို အဖေကိုယ်တိုင် သွားရှင်းပြတာ အကောင်းဆုံးပဲ။ မဟုတ်ရင် လူတွေက ထပ်ပြီး အဖေနဲ့ အပေါင်းအသင်းလုပ်တော့မှာမဟုတ်ဘူး။ ”
ရှဲ့ချောင် အေးဆေးတည်ငြိမ်သည့် မျက်နှာထားဖြင့် ပြောလိုက်၏။
ရုံးတော်မှဆုလာဘ်သည် အတော်လေး ငွေပမာဏများလေသည်။ သူ့အနေဖြင့် ဆုလာဘ်အကုန်လုံးပေးလိုက်ဖို့ မလိုအပ်ပေ။
ဝေစုအနည်းငယ်ခွဲပေးလျှင်တောင် လုံလောက်ပေသည်။
ထို့အပြင် သူနှင့်ရင်းနှီးကြသူတွေသာ သူ ဆုလာဘ်ချီးမြှင့်ခံခဲ့ရကြောင်း သိသွားကြလျှင် လက်ဆောင်များဖြင့် ဂုဏ်ပြုပေးကြလိမ့်ဦးမည်။ ၎င်းတို့သည် သူ့အတွက် နောက်ထပ်ဝင်ငွေဖြစ်လာလိမ့်မည်ပင်။
ရှဲ့နျိုရှန်းသည် ရှဲ့ချောင် ပြောသည့် စကားအားကြားပြီးနောက် ချက်ချင်းဆိုသလိုပင်
“သမီးပြောတာအဓိပ္ပါယ်ရှိတယ်။”
ရှဲ့နျိုရှန်း နောက်ပြန်လှည့်လိုက်သည့်အချိန်တွင် သခင်မလု မျက်မှောင်ကြုံ့နေသည်အား တွေ့လိုက်ရသဖြင့် သူသည် သူမအား ချက်ချင်းပင် ထပြောလိုက်လေသည်။
“ ရှင်မ မင်းက ဘာလုပ်နေတာလဲ။
ငါ့အတွက် ဘာလက်ဆောင်မှမပြင်ထားဘူးလား။ ”
ယခုအချိန်တွင် ဝင်ငွေအား တာဝန်ယူကိုင်ဆောင်ထားသူသည် သခင်မလုပင်ဖြစ်၏။ ထို့ကြောင့် သူမသာမဟုတ်လျှင် တခြားမည်သူ့ဆီက သူ မျှော်လင့်လို့ရနိုင်မည်နည်း။
•••••••••