အတုအပ
Vol. 5 Ch. 62
သခင်မလုသည် မည်သည့်နေရာကိုမှ ခေါ်သွားခြင်းမခံရသည့်အပေါ် စိတ်မသာမယာဖြစ်နေ၏။
" ကျွန်မကတော့ ဒါကို မထောက်ခံဘူး သခင်ကြီး၊ တကယ်လို့ ဆုလာဘ်တွေခွဲပေးပြီး ရှင်းပြလိုက်မယ်ဆိုရင် ရှင်ကတည်ငြိမ်ရင့်ကျက်တဲ့သူဖြစ်လို့ မဟုတ်ဘူးဆိုတာ သူတို့ကိုပြောပြနေသလိုမဖြစ်သွားဘူးလား..."
" ဒါလည်းအဓိပ္ပာယ်ရှိတာပဲ..." ရှဲ့နျိုရှန်း ခေါင်းညိတ်လိုက်သည်။
နှစ်ခုလုံးအဓိပ္ပာယ်ရှိသည်။
ဒါပေမဲ့ သူသာဆုလာဘ် ခွဲမပေးဘူးဆိုရင် နောက်ပိုင်း ဘယ်သူမှ သူနဲ့အတူအပြင်သွားချင်ကြတော့မှာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား။
ရှဲ့နျိုရှန်းသည် မျက်မှောင်ကျုံ့နေပြီး သူ၏မျက်ခုံးများမှာ တွန့်ချိုးလွန်း၍ ယင်ကောင်ပင် ညစ်သတ်၍ရနေပြီဖြစ်သည်။
" အဖေက အမှောင်ကိုစွန့်ပြီး အလင်းဆီကိုပြန်သွားတာ။ အရာရှိတွေက အဖေ့ရဲ့ လောကဝတ်အပြုအမူတွေ အကျင့်တွေကို သတိထားမိနေပြီသား။ သူတို့က အဖေတည်ငြိမ်နေတဲ့အတွက် စိတ်ရင်းနဲ့ ချီးမွမ်းကြမှာမဟုတ်ဘူး။ အဲ့ဒီအစား နန်းတွင်းမှူးမတ်တစ်ယောက်က အလေးအနက်မထား တာဝန်မဲ့တဲ့သူမဖြစ်သင့်ဘူးလို့ တခြားသူတွေကိုပြောဖို့ပဲ အဖေ့ကို ဥပမာအနေနဲ့သုံးလိမ့်မယ်။ ဆုလာဘ် ခွဲပေးပြီး သူတို့ကိုအမှန်တိုင်းသာပြောလိုက်ပါ။ အရာရှိတွေက အဖေ့ကို ရှုံ့ချမယ်ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့ဒီအစား အဖေကို ရိုးသားတဲ့သူဆိုပြီးထင်ကြလိမ့်မယ်။" ရှဲ့ချောင် သူ့အား ထပ်၍သတိပေးလိုက်သည်။
သူမပြောပြီးနောက် သက်ပြင်းချလိုက်၏။သူမ ပင်ပန်းနေပြီဖြစ်သည်။
သူမအဖေသာမဟုတ်ခဲ့ရင် စိတ်ရှုပ်ခံပြီး ဘာကိုမှ ပြောပြနေမည် မဟုတ်ပေ။
ဓားပြဖြစ်ခဲ့ဖူးသူတစ်ယောက်က နန်းတွင်းအရာရှိတစ်ယောက်ဖြစ်လာဖို့ဆိုတာ လွယ်မှာတဲ့လား။
သူသည်သာလျှင် ကမ္ဘာပေါ်တွင် တစ်ဦးတည်းသောသူ ဖြစ်မည်။ ထို့ကြောင့်ပင် သူ၏အထက်လူကြီးများမှာ သူ့အား မည်သို့နားလည်ပေးနိုင်မည်နည်း။
" ဒါမှန်တယ်။ အရာရှိတွေက ငါရဲ့ စိတ်ရင်းကို ကောင်းကောင်းနားလည်ကြတယ်။ သူတို့ကို ဆုလာဘ် ခွဲပေးသင့်တယ်။ မဟုတ်ရင် ဘယ်သူမှ ငါ့ကို စကားပြောချင်ကြတော့မှာမဟုတ်ဘူး!"
အထက်လူကြီးများနှင့်ယှဉ်လျှင် သူ၏ လုပ်ဖော်ကိုင်ဖက်များမှာ ပို၍အရေးကြီးသည်။
သူသည် စစ်သူကြီးတစ်ယောက်ဖြစ်ကာ သူနှင့်အတူ သောက်စားပျော်ပါးခဲ့သည့်သူများမှာ စစ်ရေးအရာရှိများဖြစ်ကြသည်။သူတို့သည် တစ်ယောက်နှင့်တစ်ယောက် နီးစပ်ကြသည်။ အကယ်၍ သူသာဖယ်ကြဉ်ခံရမည်ဆိုလျှင် နောင်တစ်ချိန် သူ၏စစ်သည်များအား လေ့ကျင်ပေးရာတွင် အဆင်မပြေဖြစ်ပေလိမ့်မည်။
"ရှင်မ လက်ဆောင်တွေပြင်ထားလိုက်၊ ငါမနက်ဖြန်ပို့လိုက်မယ်။ ပြီးတော့ မနက်ဖြန်ကျရင် အကြီးဆုံးသမီးရဲ့ ကျောင်းကို ပေးဖို့ငွေတုံးအချို့ပြင်ထားလိုက်ဦး"ရှဲ့နျိုရှန်းက ပြောလိုက်သည်။
သခင်မလုက အခက်တွေ့နေပုံပေါ်ကာ " အိမ်တော်ရဲ့ ဘဏ္ဍာငွေ အခြေနေက ကြပ်တည်းနေတော့…."
" ငါတို့ ဘယ်လောက်ဆင်းရဲဆင်းရဲ ငါတို့ကလေးတွေကိုတော့ မနှိပ်စက်သင့်ဘူးလေ။ ငါတို့ရဲ့ သမီးအကြီးဆုံးက တာအိုဘုရားကျောင်းမှာနေခဲ့ရတာ။တကယ်လို့သာ လူတွေသိသွားခဲ့မယ်ဆိုရင် သူမကို အထင်သေးကြလိမ့်မယ်။ ရှဲ့မိသားစုချမ်းသာတာကိုပြဖို့ မနက်ဖြန်ငါကိုယ်တိုင် ငွေတုံးတွေယူသွားမယ်!" ရှဲနျိုးရှန်းက ဝင့်ကြွားစွာဖြင့်ပြောလိုက်သည်။
သူ့အတွက်တော့ သူကိုယ်တိုင်ကျောင်းတော်သို့ ငွေသွားပို့ပေးခြင်းသည် လေးစားမှုအားပြနေခြင်းဖြစ်သည်။
ရှဲ့ချောင်တစ်ယောက် မျက်ခွံလှုပ်သွားခဲ့သည်။
"မလုပ်နဲ့။ သမီး လက်ဆောင်ပြင်ပြီးသွားပြီ။ အဲဒါကြောင့် ငွေတုံးတွေကိုကထားလိုက်ပါ အဖေ"
" ဘယ်လိုလက်ဆောင်မျိုးပေးမှာလဲ?" ရှဲနျိုရှန်း မျက်မှောင်ကြုံ့လိုက်သည်။ "သမီး အရင်က ဖင်းဟွိုက်ကိုပေးဖူးတဲ့ ကျောက်စိမ်းပန်းပုလိုမျိုး လို့တော့ အဖေ့ကိုမပြောနဲ့။ ဘယ်သူကကျောက်တုံးအပိုင်းအစလေးတစ်ခုကိုလိုချင်မှာလဲ။"
ရှဲ့ချောင်သည် သူမတွင် မရဏကံကြမ္မာဆိုးရှိသဖြင့် သူမ၏ မိသားစုနှင့် အချိန်အကြာကြီး မကုန်ဆုံးခဲ့ရသည်က ကံကောင်းသည် ဟုတွေးမိသည်။
မဟုတ်လျှင် သူမအဖေကို ဒေါသထွက်ရလွန်း၍ စောစောသေရပေလိမ့်မည်။
" သမီး အရင်က ပန်းချီတစ်ခု ရခဲ့ဖူးတယ်။ အဲ့ဒါက တော်ဝင်ကျောင်းတော်ကို လက်ဆောင်အနေနဲ့ပေးဖို့ သင့်တော်မှာပါ။" ရှဲ့ချောင်ကဆိုသည်။
" ပန်းချီလား? အဖေ့ကိုပြစမ်းပါဦး။" ရှဲ့နျိုရှန်းက ချက်ချင်းပြောလိုက်သည်။
သူကိုယ်တိုင်မှာ အနုပညာအား သဘောကျလေးစားတာမျိုး မရှိသော်လည်း ပြောလိုက်လေသည်။
ရှဲ့ချောင် အသက်ရှူထုတ်လိုက်ကာ ချွင်းအာ အား သူမခြံဝန်းထဲမှ ပန်းချီအားသွားယူ ခိုင်းလိုက်၏။
လုသခင်မနှင့် ဖေ့ဝမ်ယွဲ့သည် အစကတည်းကပင် ရောက်နေခဲ့ကြပြီး ကြည့်ရန်အတွက် ခေါင်းအားဆန့်လိုက်ကြ၏။
" ဒါက ဘယ်သူ့ရဲ့ ပန်းချီကားလဲ။ ဒီဟာက တိရစ္ဆာန်နဲ့လူတွေရဲ့ပုံ သက်သက်ပဲကို။ တော်ဝင်ကျောင်းတော်က ဘယ်လိုလုပ် ဒီလို ပန်းချီကားမျိုးကို လိုချင်မှာလဲ။" ရှဲနျိုရှန်းတစ်ယောက်နားမလည်နိုင်ပေ။
" အမေ! ဒီမှာ ဆရာကြီးယွင်ဝေ့ရဲ့ တံဆိပ်နှိပ်ထားတယ်!"
ဖေ့ဝမ်ယွဲ့ မျက်ခုံးများပင် ပင့်တက်လာကာ
" ဒါက...အတုဖြစ်နိုင်လား?"
သခင်မလု၏ မျက်ဝန်းများတောက်ပလာကာ ဖေဝမ်ယွဲ့အားကြည့်လျက် မေးလိုက်သည်။
"ဆရာကြီး ယွင်ဝေ့လား? ဒီပန်းချီကားက တကယ်အစစ်သာဆိုရင် ဒါကို ဝယ်ဖို့ ငွေတုံးဘယ်လောက်တောင်ကုန်မှာလဲ။"
"သမီး ပန်းချီပညာနဲ့ ပတ်သတ်ပြီး သိပ်မသိပေမယ့် ပန်းချီရဲ့အရွယ်အစားနဲ့ ဆွဲထားတဲ့ဆရာကြီးရဲ့ဂုဏ်ပုဒ်ကို ကြည့်ပြီးဆုံးဖြတ်ရမယ်ဆိုရင်တော့ ဒီပန်းချီကားကို ငွေစ ၅၀၀၀ လောက်နဲ့ ရောင်းလိမ့်မယ်" ဖေ့ဝမ်ယွဲ့ပြောလိုက်သည်။
ဒါပေမယ့် ရှဲ့ချောင်က ဒီလောက်ဈေးကြီးတဲ့ ပန်းချီကို ဘယ်လိုရလာတာလဲ။
ဆရာကြီး ယွင်ဝေ၏ ပန်းချီကားများသည် ရှားပါးပြီး ဈေးတွင်ရောင်းချသည့် အရေအတွက်မှာလည်း အနည်းငယ်သာရှိသည်။
ရှဲချောင်သည် သူတို့အား ပန်းချီကားအား ထပ်၍ကြည့်ခွင့်မပြုတော့ဘဲ အဝေးသို့ ယူသွားခဲ့သည်။ ရှဲ့နျိုရှန်းသည် နမော်နမဲ့နိုင်လှသည်။အကယ်၍ သူသာပန်းချီကားအား မတော်တဆပျက်ဆီးစေခဲ့မည်ဆိုလျှင် သူမတစ်ခုလုံးကိုပြန်ရေးဆွဲရန် အလွန်ပင်အားထုတ်ရပေလိမ့်မည်။
" သမီးဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ဒီပန်းချီကားအတုကိုပေးမလို့လား? အဲဒီလူအိုကြီး တွေ့သွားလိမ့်မယ်! ဒါကစွန့်စားရာရောက်လွန်းတယ်။ ငွေတုံးပဲ ပေးသင့်တယ်လို့ အဖေထင်တယ်။ " ရှဲ့နျိုရှန်းသည် ငွေအားသိမ်းထားချင်သော်လည်း သူ၏သမီးအကြီးဆုံး ပါဝင်နေသည့်အတွက် ၎င်းအပေါ် ကပ်တွက် မနေသင့်ပေ။
••••••••