သူမရိုးသားခဲ့သည်
Vol. 5 Ch. 63
ရှဲ့နျိုရှန်းသည် တစ်ယောက်ယောက်အား ရိုက်နှက်ပစ်ချင်သကဲ့သို့ ပြင်းပြင်းထန်ထန်ကြည့်နေခဲ့၏။
" ဒီဟာက အစစ်ပါ" ရှဲ့ချောင်က ချက်ချင်းပင်ပြောလိုက်သည်။
" အစစ်၊ သမီးက ဒါကိုဘယ်က ရလာခဲ့တာလဲ?"ရှဲ့နျိုရှန်း ကလုံးဝမယုံကြည်ခဲ့ပေ။
သူသည် ဆရာကြီးယွင်ဝေ့အား သေချာမသိသော်လည်း ထိုဆရာကြီးယွင်ဝေ့၏ နာမည်အားကြားဖူးလေသည်။ သို့ဖြစ်ရာ ထိုဆရာကြီးအား အနည်းကျဉ်းတော့သိထားပေသည်။
သူနန်းမြို့တော်သို့ ရောက်တာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး သူအရာများစွာ သင်ယူခဲ့သည်။ ပုံမှန်အားဖြင့် ထိုသို့ ' အကျော်အမော်ဆရာကြီး' များ၏ ပစ္စည်းများသည် ငွေတုံးများစွာ ကုန်ကျသည်။
ထို့အပြင် ငွေသည် အရေးကြီးဆုံးအရာမဟုတ်ပေ။ ငွေဖြင့် အကျော်အမော်ဆရာကြီးတစ်ယောက်၏ ဖန်တီးမှုလက်ရာအား ရရှိနိုင်မည် မဟုတ်ပေ။
ရှဲ့နျိုရှန်းသည် သူ၏သမီးအရင်းအား မယုံသလို သူ့ကိုယ်သူ လည်း မယုံပေ။ သူ့လိုပင် သူ၏ကလေးများသည် သက်တမ်းတစ်လျှောက်တွင် ကြီးကျယ်ခမ်းနားသည့်အရာ တစ်ခုမှမလုပ်နိုင်လောက်ချေ။
ရှဲ့ချောင် အသက်ရှူထုတ်လိုက်သည်။
ဒီပန်းချီကားကိုဆွဲခဲ့တာ သူမဆိုတာကို ပြောပြမည်မဟုတ်ပေ။
မဟုတ်လျှင် ပန်းချီကားများအား နောင်အနာဂတ်တွင် ရောင်းရမည်မဟုတ်တော့ပေ။
ထို့အပြင် ယွင်ဝေ့ဆိုသည်က ကွယ်လွန်ခါနီးလူအိုတစ်ယောက်ဖြစ်သည်။ ဘဝ၏ နောက်ဆုံးအချိန်ကိုရောက်နေပြီဖြစ်သော လူအိုတစ်ယောက်၏ ပြောင်မြောက်လှသည့်လက်ရာများမှာ ယခုဆိုလျှင် ပို၍ပင် တန်ဖိုးမြင့်နေလေပြီ။
သို့သော်ငြား လူတွေသည် ဤပန်းချီကားအားဆွဲသည့်သူမှာ မိန်းမပျိုလေးတစ်ယောက်သာဖြစ်ကြောင်းသိသွားမည်ဆိုလျှင်တော့…..
ဈေးက သိသိသာသာ ကျသွားပေလိမ့်မည်။
" သမီး အဲ့ဒါကိုယွင်ကျင်းက စာအုပ်ဆိုင်တစ်ဆိုင်ကဝယ်ခဲ့တာ" ရှဲ့ချောင်က သာမာန်ကာလျှံကာ ဆင်ခြေတစ်ခုပေးလိုက်သည်။
" သမီးဝယ်ခဲ့တာ? သမီးအဲ့ဒါကိုဘယ်လောက်ပေးခဲ့ရလဲ?" ရှဲနျိုရှန်းက ချက်ချင်းမေးလိုက်သည်။
" သိပ်မများပါဘူး"
သူမထိုအရာအတွက် တစ်ပြားမှသုံးရန်မလိုခဲ့ပေ။
သခင်မလုမှာ မတတ်နိုင်တော့ဘဲ တိတ်တဆိတ် ကျိတ်ရယ်လိုက်၏။
ဆရာကြီး၏လက်ရာသည် ကျောက်စိမ်းတွင်းထဲမှကျောက်တုံး မဟုတ်။ တစ်ယောက်ယောက်က အလွယ်တကူ ကောက်ယူနိုင်ပြီး အဖိုးတန်တာကိုရှာဖွေတွေ့သွားနိုင်တာမျိုးမဟုတ်ပေ။
" ဘယ်လိုတောင်တုံးအလိုက်တဲ့ မိန်းကလေးလဲ"
သို့သော် ဖေ့ဝမ်ယွဲ့က သခင်မလု၏အင်္ကျီလက်အား တိတ်တဆိတ်ဆွဲလိုက်သည်။
သခင်မလု သူမအား ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်ရာ ဖေ့ဝမ်ယွဲ့က " အစ်မချောင် ရခဲ့တဲ့ ဒီပန်းချီကားက အစစ်ပဲဖြစ်ရမယ်။ အဖေ ဒါကိုသိမှာမဟုတ်ဘူး။ အစ်မက ယွင်ကျင်းမှာတုန်းက အချစ်ခံလေးဖြစ်ခဲ့တာ။ အစ်မပြန်တဲ့ အခါတိုင်း လူတွေက အစ်မကိုလက်ဆောင်တွေပေးကြတယ်လို့ကြားခဲ့တယ်။ အဲဒီလူတွေက အစ်မကို အတုရောင်းလိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ။ နောက်ပြီး ကြားမိတာဆရာကြီး ယွင်ဝေ့ကလည်း ယွင်ကျင်းကဆိုလား... အဲ့ဒီမှာ ပန်းချီအစစ်တွေပိုပြီးရှိနေနိုင်တယ်" လို့ပြောလိုက်သည်။
" ဟုတ်လား?" ရှဲ့နျိုရှန်းတစ်ယောက် အံဩသွားသည်။
ဆရာကြီးယွင်ဝေ့ ဘယ်နေရာကလာတယ် ဆိုတာသူမသိပေ။
သခင်မလု ယခုနားလည်သွားလေပြီ။
အစစ်ဖြစ်စေ အတုဖြစ်စေ သူမဒီအတွက်ပေးစရာမလိုဘူးဆိုလျှင်တောင်မှ ထိုအရာသည် တကယ်ကောင်မွန်ပေသည်။
" ချောင်အာက ဒါကိုပေးတယ်ဆိုတည်းက ဒီဟာက တကယ်ပဲ အစစ်ဖြစ်မှာပါ" သခင်မလုကဆိုသည်။
ရှဲနျိုရှန်းက ခဏမျှ ချီတုံချတုံဖြစ်သွားသည်။
"သမီး၊ ဒီပစ္စည်းက အစစ်ဆိုတာ သေချာလား။တော်ဝင်ကျောင်းတော်ကလူတွေက ချေးများကြတယ်။ ဒါက အတုဖြစ်နေမယ်ဆိုရင် သူတို့က စိတ်ထိခိုက်စေမယ့် စကားပြောကြမှာ။သမီးရဲ့ပုံစံက ပိန်ပိန်ပါးပါးနဲ့ ဒါကို မခံနိုင်မှာစိုးရိမ်တယ်"
" စိတ်မပူပါနဲ့ အဖေ၊ ဒါက အစစ်ပါ။ " ရှဲ့ချောင်က အလေးအနက်ထားကာ ပြောလိုက်သည်။
စင်စစ်တွင် ရှဲ့နျိုရှန်းမှာ လက်မခံနိုင်သေးပေ။ သို့သော်လည်း ရှဲ့ချောင်က အလေးအနက်ထားကာပြောနေသည့်အတွက် လက်ခံလိုက်သည်။
သူဒီနေ့ သူမပြောလိုက်သည်များအား မတွေးဘဲမနေနိုင်ဖြစ်သွားခဲ့သည်။
သူမက သူကံကောင်းလာမည်ဟုပြောခဲ့ပြီးသူ၏သမီးအကြီးသည် မှန်ကြောင်းသက်သေပြသွားခဲ့သည်။
သူမသည် အဓိပ္ပာယ်မရှိသည့်စကားများကိုပြောမည့်သူမဟုတ်ပေ။သူမ က ယုံကြည်မှုအပြည့်နဲ့ ဒီပစ္စည်းက အစစ်ဆိုပြီးပြောနေမှတော့ ဖြစ်နိုင်တာက... သူမ ရိုးသားခဲ့တာ…?
" တခြားမိသားစုတွေနဲ့ ယှဉ်လိုက်ရင် အဖေတို့မှာ ငွေအများကြီးမရှိပေမယ့် သမီးကို ကျောင်းတော်ကိုပို့ဖို့ ငွေနဲ့ပတ်သတ်ပြီး မနှမြောဘူး။ သမီးအဖေ့အတွက် ချွေတာပေးဖို့ မလိုပါဘူး။ ဟုတ်ပြီလား" ရှဲ့နျိုရှန်းက ထပ်ပြောလိုက်သည်။
ရှဲ့နျိုရှန်းကိုယ်တိုင်တောင် သူပြောလိုက်တာနှင့်ပတ်သတ်ပြီး ခံစားသွားရသည်။ သူဒီကလေးကို ကိုယ်တိုင်မပျိုးထောင်ခဲ့ရပေမယ့် ဒီကလေးက သူမအဖေကိုတော့ ချစ်ပေသည်။
ကြည့်ပါလား သူမက သူမအဖေရဲ့ပိုက်ဆံတွေကို မသုံးရက်ဘူးလေ။
ရှဲ့နျိုရှန်း သူ၏တောက်ပနေသည့်မျက်လုံးများဖြင့် ကြည့်လိုက်သည့်အခါ ရှဲ့ချောင်တစ်ယောက် သူမတစ်ကိုယ်လုံး ကြက်သီးထသွားရသည်။
သူသည် သခင်မလု၏ မလိုလားသည့် မျက်နှာအား ကြည့်ရန် သူ၏ခေါင်းအားလှည့်လိုက်လေသည်။ သူမသည် မတတ်သာဘဲ မျက်မှောင်ကြုံ့နေပြန်၏။
" အဖေ သမီးက ဘယ်လိုလုပ် အဖေ့ရဲ့ ပိုက်ဆံတွေကို မသုံးချင်ရမှာလဲ။ သမီးမှာ ဘာမှမပါလာဘူးလေ။ ဒီ ငွေတုံး ငါးထောင်ကို တခြားတစ်ခုခုမတွက် သုံးလိုက်ပါ့မယ်။" ရှဲ့ချောင် ပြောလိုက်သည်။
ရှဲ့နျိုရှန်းမှာ ခံစားလို့မပြီးသေးခင်မှာပင် သူ့သမီးထံမှ ထိုစကားအား ကြားလိုက်ရတော့သည်…..။
•••••••