ခင်ပွန်း
Vol. 5 Ch. 64
ရှဲ့နျိုရှန်းသည် ရိုးရှင်းသူ တစ်ယောက်ဖြစ်သည့်အတွက် ထိုကိစ္စနှင့်ပတ်သတ်၍ များများမတွေးဖြစ်ခဲ့ပေ။
ဘယ်လိုပဲဖြစ်ဖြစ် သူရှဲ့ချောင်အား ထိုငွေများပေးမည်သာဖြစ်သည်။ထို့အပြင် သူမသည် သူ၏တရားဝင် အကြီးဆုံးသမီးဖြစ်သည်။အခုဆိုရင် သူမသည် ၁၆ နှစ်ရှိနေပြီဖြစ်ကာ သူမတွင်ငွေမရှိဘူးဆိုတာ မဖြစ်သင့်ပေ။
ငွေစ၅၀၀၀ ဆိုသည်မှာ အလွန်များပြားလှသောပမာဏဖြစ်သော်လည်း သူမသည် နန်းမြို့တော်သို့ ရောက်ရှိခါစဖြစ်သည့်အတွက် အဝတ်အစားများနှင့် အသုံးအဆောင်များဝယ်ပြီးချိန်တွင် သိပ်၍ကျန်တော့မည်မဟုတ်ပေ။
" ကောင်းပြီ ယူလိုက်" ရှဲနျိုရှန်းသည် လူချမ်းသာ တစ်ယောက်ပမာ ဝင့်ကြွားစွာဖြင့်ပြောလိုက်၏။
သခင်မလုအတွက်တော့ သူမ၏အသားပဲ့ပါသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။
ရှဲ့နျိုရှန်းသည် အစောပိုင်းတွင် သောက်ထားသည့်အတွက် စကားအနည်းငယ်ပြောပြီးနောက် ပင်ပန်းနေပြီဖြစ်ရာ " မင်းတို့ မိန်းကလေးတွေပဲ ပြောကြတော့၊ ငါသွားအနားယူတော့မယ်" ဟုပြောကာထွက်သွားလေသည်။
သခင်မလု၏ မလိုလားမှုများသည် ရှဲ့နျိုရှန်းထွက်သွားပြီးနောက်ပို၍သိသာလာခဲ့သည်။
" ချောင်အာ သမီးက လက်ဆောင်အတွက်ပေးဖို့မလိုဘဲနဲ့ ဘာလို့ ငွေတွေကိုယူမှာလဲ။အဲ့ဒီငွေတွေကို ဘာအတွက်သုံးမလို့လဲ။ " လုသခင်မ မေးလိုက်သည်။
ရှဲ့ချောင်၏ အသံမှာ တည်ငြိမ်နေကာ ပြုံး၍
"အမေ ဂရုစိုက်ဖို့ မလိုပါဘူး"
လုသခင်မက " အမေက ဂရုစိုက်တာမဟုတ်ပါဘူး။ငွေက အရမ်းများတယ်လေ။ကြည့်ပါလား အမေတို့မိသားစုက အရမ်းကြီးကောင်းမွန်နေတာမှ မဟုတ်ဘဲ။ သမီး ညီမကလည်း ကျောင်းတော်ကိုသွားရအုံးမှာလေ။ အဲဒါကြောင့် အမေတို့ တတ်နိုင်သလောက် စုဆောင်းထားသင့်တယ်"
ရှဲ့ချောင်သည် ထိုစကားကြားလိုက်ရသည့်အတွက် စိတ်မဆိုးပေ။
သူမ တာအိုဘုရားကျောင်းတွင် နှစ်များစွာ နေထိုင်လာခဲ့ပြီးသည့်နောက် လူသားများ၏ နွေးထွေးမှု ကြင်နာမှုများကို တွေ့ကြုံခဲ့ရသလို တစ်ကိုယ်ကောင်းဆန်နိုင်မှုများကိုလည်း တွေ့ကြုံခဲ့ရသည်။
ရှဲ့ချောင် ဖြည်းညင်းစွာပြောလိုက်သည်။
"ကျွန်မ ရှင့်ကို လေးစားတဲ့အနေနဲ့ အမေလို့ခေါ်နေတာ။ ဒါပေမဲ့ ကျွန်မက ရှဲ့မိသားစု ရဲ့ အကြီးဆုံးသခင်မလေး ဖြစ်တယ်ဆိုတာတော့ သတိရပေးပါ။ကျွန်မ ငွေတွေကို ငြင်းကောင်းငြင်းနိုင်တယ်၊ ဒါပေမဲ့ အဲလိုဆိုတိုင်း ကျွန်မကိုဆန့်ကျင်ပြီး ဘယ်သူမှ ဒီငွေတွေကို မယူသွားရဘူး ၊ နားလည်ရဲ့လား?"
သူမ၏ အသံသည် အေးစက်မနေသော်လည်း နှလုံးသားမဲ့သည့် ခံစားချက်အား ခံစားနိုင်ပေသည်။
" ဘယ်သူက နင့်ရဲ့ငွေတွေကိုယူနေလို့လဲ!"
သခင်မလု ဒေါသထွက်သွားသည်။
" တချို့အရာတွေကိုအမှန်အတိုင်းရှင်းရှင်းလင်းလင်းပြောမယ်ဆိုရင် နာကျင်ရတတ်တယ်၊ အမေ့ရဲ့ဂုဏ်သိက္ခာက တန်ဖိုးရှိတယ်၊ ထိန်းသိမ်းထားပါ။"
ရှဲ့ချောင်သည် ပြုံးနေသည့်အမူအရာအား ထုတ်ဖော်ပြခဲ့ကာ ပြောပြီးသွားသည်နှင့် သူမ၏ ပန်းချီကားအားယူ၍ လှည့်ထွက်သွားခဲ့သည်။
သခင်မလုတစ်ယောက်ပြန်လည်တုံ့ပြန်ဖို့ပင် မတတ်သာအောင် ရှဲ့ချောင်မှာ တဲ့တိုးဆန်လွန်းလေသည်။
သခင်မလုသည် ရှဲ့ချောင်အား စတွေ့ကတည်းက...သူမအားအတော်လေး ကောင်းပေးခဲ့သည်။ရှဲ့ချောင်သည် သူမကို တွေ့တိုင်း'အမေ'လို့ခေါ်သလို ဂါရဝါပြုသင့်လျှင်လည်း ပြုသည်။သခင်မလုကြောင့် သူမကျောက်စိမ်းပျောက်သွားခဲ့တာတောင် ရှဲ့နျိုရှန်းအား မပြောခဲ့ပေ။
သို့သော်လည်း ဘယ်ကနေပေါ်ထွက်လာမှန်းမသိသည့် ရိုးသားပြီးတဲ့တိုးဆန်မှုတွေက လုသခင်မကို ထိတ်လန့်စေသည်။
အမှန်တိုင်းပြောရမည်ဆိုလျှင် ၊ဒီတစ်ခေါက် သူမရဲ့သမီးကိုသာ အတူတူမခေါ်လာခဲ့ဘူးဆိုရင် ရှဲ့ချောင်အား ယခုလိုမျိုးဆက်ဆံမည်မဟုတ်ပေ။
သခင်မလု၏ ခံစားချက်များမှာ ရှုပ်ထွေးနေ၏။ သူမ ခေါင်းလှည့်၍ ဖေဝမ်ယွဲ့အားကြည့်ကာအနည်းငယ် စိတ်မကောင်းဖြစ်သွားရသည်။
သူမရဲ့သမီးက ဆင်းရဲချို့တဲ့သည့်ဘဝတွင် နေခဲ့ရသည်။ ယခု သူမအနားတွင် ရှိနေပြန်တော့လည်း တခြားတစ်ယောက်က သူမအမေအား အမေ ဟုခေါ်သည်ကို ကြည့်နေရသည်။ ဒါက ဖေ့ဝမ်ယွဲ့အား နာကျင်ခံစားရစေနိုင်သည်။
" အာ.. သူမ(ရှဲ့ချောင်) ကသခင်ကြီးရဲ့ တရားဝင်သမီးတစ်ယောက် ဖြစ်နေတယ်ဆိုရင်တောင်မှ အမေတို့ မသေချာဘူး"
လုသခင်မကာ သက်ပြင်းချလိုက်ပြီး ဖေ့ဝမ်ယွဲ့၏လက်ကိုကိုင်ကာ "ဒါပေမယ့်၊ သမီးကတော့ အမေရဲ့ အချစ်ကလေးပါပဲ"
ဖေ့ဝမ်ယွဲ့က ကြက်သေသေသွားသည်။ထို့နောက်သူမခေါင်းကို ဖြည်းဖြည်းလေးညိတ်လိုက်သည်။
ရှဲ့ချောင်သူမခြံဝန်းဆီပြန်ရောက်သည့်အခါ ယခင်အတိုင်း ဘာမှမပြောင်းလဲဘဲရှိနေတာကိုတွေ့လိုက်ရသည်။
"ဒီနေ့ရေတွင်းတူးဖို့ဘယ်သူမှမလာဘူးလား" ရှဲ့ချောင်မေးလိုက်သည်။
အဘွားဝမ်က သက်ပြင်းချလိုက်သည်။ " ဟုတ်တယ်၊ ဒီမှာတစ်နေ့လုံးစောင့်နေခဲ့ပေမဲ့ နေ့လည်က ဘယ်သူမှလာတာမတွေ့မိလို့ သူတို့ကိုထပ်ပြောခဲ့သေးတယ်၊ အိမ်တော်ထိန်းကတော့ ရေတွင်းတူးနိုင်တဲ့သူက ဒီနေ့ အလုပ်နားထားတယ်လို့ပြောတယ်။ အဲဒါကြောင့်ခနစောင့်ဖို့လိုတယ်တဲ့"
" သူတို့ကို ဘယ်နှခါပြောပြီးသွားပြီလဲ" ရှဲ့ချောင်မေးလိုက်သည်။
" ကျွန်မအထင် သုံးခါရှိပါပြီ" အထိန်းတော်ဝမ်က ပြန်ဖြေလိုက်သည်။
" ကျွန်မ အိမ်တော်ကို ပတ်ကြည့်ပြီး အစ်ကိုကြီး ဘယ်ချိန်ပြန်လာမလဲသွားမေးလိုက်မယ်။ သူကျွန်မတို့အတွက် တူးပေးနိုင်တယ်"လို့ရှဲ့ချောင်ကဆိုသည်။
အဘွားဝမ်က ဒီစကားကိုကြားရတဲ့ အခါ အံ့ဩမနေဘဲ ချက်ချင်းခေါင်းညိတ်လိုက်သည်။
ခြံဝန်းသည်ဝေးလံပြီး တသီးတခြားဖြစ်လွန်းတာကြောင့် အစေခံတွေသည် သခင်မလေးအား အရေးတယူမလုပ်ကြပေ။
ကံကောင်းစွာဖြင့် သခင်မလေးက သူမအစားအသောက်တွေကို ကိုယ်တိုင်ချက်စားတတ်တာကြောင့် တော်သေးသည်။ မဟုတ်လျှင် သူမတွင်စားဖို့ရှိလိမ့်မည်မဟုတ်ပေ။
ဒီနေ့သည် ရှဲ့ဖင်းကန်း၏ နားရက်မဟုတ်သောကြောင့် သူအိမ်တော်ကို နှစ်နာရီလောက်ကြာမှသာပြန်လာခဲ့သည်။သူအထဲသို့ဝင်ဝင်ချင်း အဘွားဝမ်ကိုတွေ့လိုက်ရသည်။
ရှဲ့ဖင်းကန်းသည် အဘွားဝမ်အပေါ် သိပ်ပြီး အထင်မကြီးသော်လည်း ရှဲ့ချောင်အား အလုပ်ကျွေးပြုနေသူတစ်ယောက်မှန်းတော့သိသည်။
ရှဲ့ဖင်းကန်း တိုက်ရိုက်ပဲ မေးလိုက်သည် " ကျွန်တော့်ကိုရှာနေတာလား"
•••••••••••••