အထီးကျန်ရမည့်ကံ
Vol. 5 Ch. 66
ရှဲ့ဖင်းကန်း၏ နားရွက်ဖျားများမှာ နီရဲနေ၏။
သူ့ကိုကြည့်ရသည်မှာ စိတ်တိုနေပုံလည်းရသည်။
သူသည်အသက် ၂၀ဝန်းကျင်ဖြစ်ကာ သူ၏အကောင်းဆုံးအရွယ်လည်းဖြစ်သည်။မိန်းမ တစ်ယောက်မလိုချင်ဘူးဆိုတာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။
သို့သော်လည်း သူသည် မည်သူ့ကိုမှ လက်မထပ်နိုင်သေးပေ။ ယခုသူသည် ယွင်ကျင်းတောင်တန်းတွင်မဟုတ်၊ ဓားပြမိသားစုဝင်ဆိုသည့် နာမည်ဆိုးကို အပြီးတိုင်ဖျောက်ပစ်ဖို့လိုအပ်နေပြီး ရှဲ့မိသားစု၏စည်းမျဉ်းများကို လိုက်နာရန်လည်းလိုသည်။
သူတို့သည် တခြားသူများထက်ပိုပြီးစည်းကမ်းများကို ပိုပြီးလိုက်နာရန်လိုသည်။
သူနှင့် ဖင်းဟွိုက်၏ မျိုးဆက်များသည် မျှော်လင့်ချက်မရှိလှပေ။ နောက်ပြီး သူတို့၏ သတင်းများသည် ထွင်းထုထားသလိုမျိုးဖြစ်ပြီးသဖြင့် ၎င်းကိုပြောင်းလဲရန်နည်းလမ်းမရှိပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့၏နောက်မျိုးဆက်များသည်တော့ နာခံပြီး တွေးတောဆင်ခြင်နိုင်စွမ်းရှိသူများဖြစ်ကိုဖြစ်ရမည်။
သို့ရာတွင် သူ့အတွက် စဉ်းစားတွေးခေါ်နိုင်တဲ့ကလေးမျိုး မွေးပေးရန်အတွက် ဇနီးပင်ရှိမနေပေ။ သူသည် ဗဟုသုတကြွယ်ဝပြီး ထက်မြတ်သည့် အရာရှိသမီးတစ်ယောက်နှင့် လက်ထပ်နိုင်ရန် စဉ်းစားထားသည်။ အမူအကျင့်ကောင်းရှိဖို့သာအရေးကြီးပြီး ရုပ်ရည်သွင်ပြင် လှပနေဖို့ မလိုအပ်ပေ။
ထိုကဲ့သို့သခင်မလေးမျိုး….. အဆင့်နိမ့်အမတ်တစ်ဦး၏ သမီးတောင်မှ သူမကိုလက်ထပ်ရန် စောင့်ဆိုင်းနေသည့် အမျိုးသားများစွာရှိနေနိုင်သည်။
ထို့အပြင် အပြင်ကလူများသည် သူ့အားမိန်းမတစ်ယောက်ကို ရိုက်နှက်မည့် မကောင်းဆိုးဝါးတစ်ယောက်သဖွယ်ထင်ကြသည်။သူတို့က သူတို့ရဲ့သမီးကို တစ်ချက်ရိုက်ရုံနဲ့ သတ်ပစ်မည်စိုးသည့်အတွက် သူနှင့်လက်ထပ်ပေးရန် စဉ်းစားပေးလိမ့်မည်မဟုတ်ပေ။
သူက ဒီအကြောင်းနဲ့ပတ်သက်ပြီး အကူညီမဲ့သလိုခံစားရသည်။
သူသည် နှစ်ပေါင်းများစွာတစ်ကိုယ်တည်းဖြစ်လာပြီးသည့်နောက် သူ့တွင် ရွေးချယ်စရာမရှိတော့ပေ။သူ၏မျိုးဆက် ဆက်ပြီးတည်ရှိနိုင်ရန် ကြုံရာလူတစ်ယောက်ကို လက်ထပ်ယူရမည်သာဖြစ်သည်။
သူလုပ်ဖို့စဥ်းစားရင်း မေ့သွားခဲ့တာပင်။ ရှဲ့ချောင်က သူ့တွင် ကံမကောင်းသည့်မျက်နှာကို ပိုင်ထားတယ်လို့တွေးမိသွားလို့ဖြစ်နိုင်သည်။
သူ့ဘဝတွင် အရာအားလုံးကောင်းမွန်လှသော်လည်း လက်ထပ်ရမည့်ကိစ္စနှင့်ပတ်သက်လာလျှင် အခွင့်အရေး နည်းလွန်းလှသည်။
ရှဲ့ချောင်ထိုအကြောင်းကို တွေးမိပြီးနောက် ချက်ချင်းသဘောပေါက်သွားခဲ့သည်။ သူမခေါင်းငုံလိုက်ပြီး ရှဲ့ဖင်းကန်း ၏ မွေးဖွားသည့် ဇာတာခွင်ကို သုံးသပ်ကာ သူ၏ကံကြမ္မာကိုပြောဖို့လုပ်လိုက်သည်။
သူသည် သူမ၏အကိုရင်းဖြစ်သည့်အတွက် သူ၏ မွေးဖွားစဉ် အချက်အလက်အားလုံးကိုသိထားပေသည်။
သူမခွဲခြမ်းစိတ်ဖြာကြည့်ပြီးသည့်နောက် ကြက်သေသေသွားခဲ့သည်။
သူသည် နံနက် ၉နာရီနှင့် နေ့လည် ၃ နာရီကြားတွင်မွေးဖွားခဲ့သည်။' တစ်ကိုယ်တည်း အထီးကျန်ခြင်း' ဒါဆို ရှဲ့ဖင်းကန်းက တစ်ကိုယ်တည်းသမားဖြစ်မယ့် ကံဇာတာပါလာခဲ့တာလား။
အဖော်မဲ့ကြယ်ဆိုသည်က အထီးကျန်ကြယ်လည်း ဖြစ်သလို မုဆိုးဖိုကြယ်လည်း ဖြစ်၏။ သူ၏ ကံကြမ္မာက ထျန်းရှုကြယ်စင်နှင့် ထျန်းခု ကြယ်စင်တို့နှင့်ပင် သွား၍ ဆုံနေလိုက်သေးသည်။ ဤအရာက သူ၏ ဆိုးရွားနေနှင့်ပြီးသား ကံကြမ္မာကို ပို၍ပင် ဆိုးရွားသွားစေခဲ့သည်။
အမျိုးသားများအတွက်ဆိုလျှင် အထီးကျန်ရခြင်းသည် စိုးရိမ်စရာဖြစ်ပြီး မုဆိုးဖိုဟူသောစကားသည်လည်း မကြားဝံ့သောစကားလုံးဖြစ်လေသည်။
တကယ်လို့တစ်ယောက်ယောက်သာဒီလိုကံတရားမျိုးရှိခဲ့မယ်ဆိုရင် သူတို့က ချစ်ခြင်းမေတ္တာကို မခံစား နားမလည်နိုင်တဲ့သူတွေဖြစ်ကြလိမ့်မည်။
တစ်ကိုယ်တည်းသမားဖြစ်မည့်သူများသည် အမှီအခိုကင်းကာ သန်မာကြသော်လည်း အနည်းငယ် ခေါင်းမာကြသည်။သူတို့သည်ချစ်ခြင်းမေတ္တာနှင့်
ပတ်သက်သည့်ကိစ္စများကို ဝေးဝေးရှောင်ကြပေမည်။
ဒါ့အပြင်…
သူမ၏မိခင် ဖန်သခင်မသည် အတော်လေး ကံအကြောင်းမလှခဲ့ပုံရသည်။
သူမ၏ သမီးတွင် မရဏကံကြမ္မာဆိုးရှိနေပြီး သူမ၏သားဖြစ်သူတွင် တစ်ကိုယ်တည်းသမားကံဇာတာမျိုးရှိနေသည်။တစ်ကိုယ်တည်းကြယ်သည် တစ်စုံတစ်ယောက်၏ ဘဝထဲသို့ ဝင်ရောင်လိုက်သည်နှင့် သူက သူတို့၏ မိသားစုဝင်ခြောက်ယောက်လုံးရဲ့ ဘဝကို ထိခိုက်စေပေလိမ့်မည်။
ရှဲ့ချောင်အပြင် သူမ၏အမေတွင် ခက်ခဲသည့်ကံတရားရှိခဲ့ရခြင်းမှာ ရှဲ့ဖင်းကန်းကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်။
" ဘာတွေ တတွတ်တွတ်ပြောနေတာလဲ" ရှဲ့ဖင်းကန်ကပြောလိုက်သည်။
" အစ်ကိုကြီး၊ တာအိုဆရာသခင်တစ်ယောက် ဒါမှမဟုတ် ဘုန်းကြီးတစ်ပါးဖြစ်လာဖို့ အစ်ကို စိတ်ကူးကြည့်ဖူးလား။ တကယ်လို့ အစ်ကိုကြီး သာလုပ်မယ်ဆိုလို့ကတော့ ဆယ်နှစ်လောက်ကြာရင် ကျိန်းသေပေါက်အောင်မြင်မှာပဲ" ရှဲ့ချောင်သည်ပြုံးလျက်ပြောလိုက်သည်။
ဒါကိုလုပ်ဖို့အတွက် အလျင်မလိုပေ။
အရာရာကို ဖျက်ဆီးပစ်ဖို့နည်းလမ်းရှိသည်။ သူမ အစ်ကို၏ ပြဿနာသည် ခက်ခဲသည်ဟူ၍ ယူဆလို့ရသလို လွယ်ကူရိုးရှင်းသည် ဟူ၍လည်းယူဆနိုင်သည်။
မကောင်းသည့် ကံတရားအားလုံးသည် ဓာတ်ကြီး ငါးပါးနှင့် ဆက်စပ်နေသည်။ လူတစ်ယောက်သည် သူ၏ မကောင်းသည့်ကံကို ထိုဓာတ်ကြီးငါးပါးနှင့် ယင်းယန် ၏ ကောင်းကျိုးကိုသုံးကာ ချေဖျက်နိုင်သည်။
သို့သော် မည်သည့်အရာကိုမဆို ချက်ချင်းပြောင်းလဲ၍မရနိုင်။ လူတစ်ယောက်သည် သူ၏ကံကြမ္မာကို ဖြည်းဖြည်းချင်းသာပြောင်းလဲသင့်သည်။
သူကလက်ထပ်ချင်တာလား။ ဒါဆိုရင်တော့ သူစောင်ဖို့လိုလိမ့်မည်။
မည်သည့်အရာတွင်မဆို အကြောင်းနှင့်အကျိုးရှိသည်။ ရှဲ့မိသားစု ဘိုးဘေးများသည် သူတို့ရဲ့ သားမြေးများ၏ ကံကြမ္မာဆိုးကို ဖြစ်စေခဲ့သူများ ဖြစ်နိုင်ပေသည်။
ဖြစ်ကောင်းဖြစ်နိုင်တာက ရှဲ့မိသားစု၏ ဘိုးဘေးအုတ်ဂူများကို မသင့်တော်သောနေရာတွင်ထားမိ၍ ထိုသို့မဟုတ်လျှင် သူတို့သည် ယခင်က မကောင်းတာတစ်ခုခု ပြုမိ၍ဖြစ်နိုင်သည်။
ကံတရားက မျိုးရိုးလိုက်တယ်ဆိုတာ ဖြစ်နိုင်ပေသည်။
ရှဲ့ဖင်းကန်းသည် သူလက်ထဲမှ ပစ္စည်းကိရိယာ များကို ချလိုက်၏။ သူဒေါသထွက်နေသည်။
သူက ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားပြီးကျောက်ခုံပေါ်မှာထိုင်လိုက်၍လက်ဖက်ရည်တစ်ခွက် အလျင်အမြန်ငှဲ့ကာ " ဘာအဓိပ္ပယ်မရှိတာတွေပြောနေတာလဲ။ ငါကဘုန်းကြီးဖြစ်ရမယ်။ ဘုရားကျောင်းပျက်ဆီးသွားမှာ မင်းမစိုးရိမ်ဘူးလား"
" ညီမလေးက အတည်ပြောနေတာ။ အစ်ကိုကြီးမှာ တစ်ယောက်တည်းဖြစ်ရမယ့် ကံဇာတာ ပါလာတယ်၊ ဇနီးတစ်ယောက်ကိုလက်ထပ်နိုင်ဖို့က အတော်လေး ခက်လိမ့်မယ်" ရှဲ့ချောင်က ဖြည်းဖြည်းချင်းပြောလိုက်သည်။
" အဓိပ္ပာယ်မရှိလိုက်တာ" ရှဲ့ဖင်းကန်း က ထိုသို့ကြားရသည့်အတွက် ဒေါသထွက်သွားခဲ့သည်။ သို့သော် သူချက်ချင်းပဲ သဘောပေါက်ကာ " မင်းကို တာအိုဆရာသခင်က သင်ပေးခဲ့တာလား"
•••••••••