← Chapters

ဝေးဝေးသွားစမ်းပါ မကောင်းဆိုးဝါးကြီး

Vol. 5 Ch. 67

ဝေးဝေးသွားစမ်းပါ မကောင်းဆိုးဝါးကြီး

Vol. 5 Ch. 67

ရှဲ့ဖင်းကန်းသည် တာအိုဆရာသခင်အကြောင်းပြောလိုက်မိသောအခါ သူကိုယ်တိုင်ပင် အတော်လေးအံအားသင့်သွားသည်။

မော့လင်းကျစ်သည် ရှဲ့ချောင်ကိုပျိူးထောင်ပေးခဲ့သူတစ်ဦးဖြစ်သည့်အတွက် ရှဲ့ဖင်းကန်းတစ်ယောက် မော့လင်းကျစ်သည် မသေမျိုးတစ်ပိုင်း အယောင်ဆောင်တစ်ယောက်မဟုတ်ဘူးဆိုသည်အား သိသွားခဲ့သည်။သူ့ထံတွင် မှော်ပညာကဲ့သို့ အံဩစရာကောင်းသည့်အရာများအား ဆောင်ရွက်ရာတွင် အတော်လေးကျွမ်းကျင်နိုင်သည်။

" ညီမလေးကို ဆရာက ဒီပညာသင်ပေးခဲ့တာ။ အစ်ကိုကြီးရဲ့ အထီးကျန်ရမယ့် ကံတရားအတွက်တာအိုဆရာဒါမှမဟုတ် ဘုန်းကြီးဖြစ်လာဖို့ကို စိတ်မပါဘူးဆိုရင်လည်း ညီမလေး တို့ တခြားဟာတစ်ခုလုပ်ဖို့လိုတယ်။ အစ်ကိုကြီးကို ညီမလေး ဓာတ်ကြီးငါးပါးအဆောင်ပစ္စည်းလုပ်ပေးမယ်။အဲ့ဒီဟာကို အစ်ကိုကြီး ဘယ်နေရာကိုသွားသွားယူသွားရမယ် မဟုတ်ရင်လည်း အိပ်ယာ ပေါ်မှာထားထားရမယ်။ဒီပစ္စည်းက ယင်းယန်နဲ့ ဓာတ်ငါးပါးကို ထိန်းညှိပေးလိမ့်မယ်။ ဒါက အချိန်ကြာလာတာနဲ့ အမျှအလုပ်ဖြစ်လိမ့်မယ်"

ပုံမှန်အတိုင်းဆိုရင် သူ အဆောင်ပစ္စည်းတွေ ဒီထက်ပိုပြီးလိုလိမ့်မည်ပင်။

လူတစ်ယောက် အခြေကျဖို့အတွက် ပစ္စည်းတချို့လိုလိမ့်မည်။ယင်းယန်ဓာတ်ငါးပါးအဆောင်ပစ္စည်းသည် အရာအားလုံးအတွက် လုံခြုံတဲ့အဆောင်လို့မှတ်ယူနိုင်သည်။ရှဲ့ဖင်းကန်း ကထိုအရာအား အရင်သုံးရန်လိုသည်။

ကြည့်ရတာ ရှဲ့ဖင်းကန်းသည် လက်ထပ်ရန် အလျင်လိုပုံမရတာကြောင့်သူမအတွက် ပြင်ဆင်ဖို့ အချိန်ရလေသည်။

ရှဲ့ဖင်းကန်းက သူမကို စိုက်ကြည့်ပြီး ရုတ်တရက်ပြောလိုက်သည် "မင်း မော့လင်းကျစ်ဆီက ပညာတွေသင်ခဲ့တာလား"

" သိပ်အများကြီး မဟုတ်ပါဘူး နည်းနည်းလေးပါ" ရှဲ့ချောင်က ညင်သာစွာပြောလိုက်သည်။

" နည်းနည်းလေးဆိုရင်တောင် လုံလောက်နေပြီ၊သူ့မှာ အရည်အချင်းတွေ အများကြီး မရှိဘူးဆိုပေမဲ့ သူက ရုပ်လက္ခဏာဖတ်တဲ့ပညာမှာ တော်တော်လေးကျွမ်းကျင်တယ်၊ ညီမလေး သူရဲ့ ပညာ ၇၀ ၈၀ ရာခိုင်နှုန်းလောက်ကျွမ်းကျင်ဖို့မလိုဘူး၊ ၁၀ ၂၀ ရာခိုင်နှုန်းလောက် အမွေဆက်ခံနိုင်တယ်ဆိုရင်တောင် အနာဂတ်မှာ မင်းကို ဘယ်ယောကျာ်းကမှ လှည့်စားရဲမှာ မဟုတ်ဘူး "

ရှဲ့ဖင်းကန်းသည် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။သူက ရေတွင်းတူးနေကြတဲ့လူတွေကိုကြည့်ပြီး " ညီမလေး ဘာလို့‌ဒီနေရာမှာ ရေတွင်းတူးချင်ရတာလဲ"

သူက ဒီကောင်မလေးက အဆင်ပြေအောင် ဒီနေရာမှာတူးဖို့ လိုချင်ခဲ့တာလို့ထင်နေသည်။

ဒါပေမယ့် သူအခုတခြားအတွေးတွေးမိလိုက်သည်။

သူမက ကံကောင်းဖို့အတွက် ဖုန်းရွှေပညာအရ လုပ်တာ ဖြစ်နိုင်သည်။

" ဒီနေရာမှာ ရေတွင်းကို တူးလို့ ဘာအကျိုးမှရှိမှာမဟုတ်ဘူး" ရှဲ့ချောင်က ရိုးရိုးသားသားပဲပြောလိုက်သည်

ရှဲ့ဖင်းကန်းသည် မျက်မှောင်ကြုံကာ ရှဲ့ချောင်ကို အချိန်ခဏမျှကြည့်နေခဲ့သည်။ " ရေတွင်းရဲ့ တည်နေရာက မကောင်းဘူး၊ မောင်နှမဆက်ဆံရေးအတွက်‌ဆိုရင်ပေါ့။ အစ်ကိုတို့က ညီမလေးရဲ့ ခြံဝန်းကို တစ်ခါတစ်လေ လာကြတော့ အစ်ကိုတို့နဲ့ဆက်ဆံရေးကို ထိခိုက်စေရင် မကောင်းဘူးလေ။" ရှဲ့ချောင်က ဖြည်းဖြည်းချင်းပြောသည်။

ရှဲ့ဖင်းကန်းက ထိုသို့ပြောတာကိုကြားပြီးနောက် အထင်ကြီးလေးစားတဲ့အမူရာ ဖြစ်သွားခဲ့သည်။

ရှဲ့ချောင်ပြောတာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်သ‌ည်စေ၊ သူမက ထိုသို့ပြောသည့်အတွက် မကြားချင်ဟန်ဆောင်၍မရတော့ပေ။

ထို့အပြင် ဒါသည် မောင်နှမ ဆက်ဆံရေးနှင့်ပတ်သတ်နေသည်။ အရေးကြီးသည့်ကိစ္စဖြစ်သဖြင့် သူ သွားမရှုပ်သင့်ပေ။

" မင်းက စကားပြောရင်းကို မောနေတာ။စိတ်တိုစရာပဲ။ပြီးတော့ ခရုတစ်ကောင်လို နှေးနှေးလေးပြောနေတော့ ဘယ်သူက နားထောင်ချင်မှာလဲ" ရှဲ့ဖင်းကန်းကသူမကိုမဲပြီးပြောလိုက်သည်။

" နောက်ပြီး မင်းက လှည့်စားတတ်တဲ့သူတစ်ယောက်လို ဆရာတစ်ယောက်လို ထင်နေတာလား။ ယွမ်ရုန်သာ မင်းရဲ့ အမိန့်ကို မနာခံရင် ဆူစမ်းပါ၊ မဟုတ်လည်း အဖေ့ကိုသွားရှာလေ။ ငါ့ကို အလုပ်လုပ်ဖို့ ဒီကိုလာခိုင်းဖို့တွေးတယ်ပေါ့၊။ ဒီလိုက ယွမ်ရုန်ကို အပြစ်ပေးနိုင်မှာမဟုတ်ဘူး။"

ရှဲ့ချောင်တစ်ယောက် မတတ်သာဘဲ အော်ရယ်မိသွားရသည်။ " အစ်ကိုကြီးရဲ့ စကားလုံးတွေက တကယ်ကို ထိထိမိမိဖြစ်တာပဲ။ လက်မထပ်နိုင်တာ စိတ်မကောင်းစရာဘဲ"

ယွမ်ရုန်ကို ဆူပူကြိမ်းမောင်းရမယ်၊ ဒါက သူမအတွက် ပင်ပန်းလွန်းတယ်။

ရှဲ့ဖင်းကန်း သူမခြံဝန်းမှ ထွက်သွားပြီးရင် သူကိုယ်တိုင် ယွမ်ရုန်ကို ဆူနိုင်တာပဲ။ဘာလို့သူမက လုပ်ဖို့လိုမှာလဲ။

" မင်း ဆက်ပြောနေမယ်ဆိုရင် ငါလုပ်မိလိမ့်မယ်" ရှဲ့ဖင်းကန်းခြိမ်းခြောက်လိုက်သည်။

ရှဲ့ချောင် လှောင်ပြုံးမပြုံးခင် မျက်ခွံလှုပ်သွားသည်။

သူတစ်ကိုယ်တည်းသမားဖြစ်ရမယ့် ကံပါလာတာ မထူးဆန်းတော့ပေ။

" ဟွန့်" ရှဲ့ချောင်က ခနဲ့လိုက်ကာ " အစ်ကိုကြီး မလုပ်ချင်ရင်တောင် ဒီရေတွင်းကို တူးကိုတူးရမယ်။ ဒီနေရာမှာတူးလို့ ဘာအကျိုးမြတ်မှမရှိဘူးဆိုပေမယ့် အစ်ကိုကြီးက မိသားစုမှာ ယန်ဓာတ်အစွမ်းကို အများဆုံးပိုင်ထားတာလေ။ အစ်ကိုကြီးကိုယ်တိုင်သာ တူးမယ်ဆိုရင် မတူတော့ဘူးလေ။ ဒါက ညီမလေးရဲ့ ကျန်းမာရေးကို ကောင်းစေမှာ"

" တကယ်လား" ရှဲ့ဖင်းကန်း အတော်ထိတ်လန့်တုန်လှုပ်သွားသည်။

ရှဲ့ချောင်တကယ် ပြောချင်တာက သူမရဲ့ အစ်ကိုကြီးက အရွယ်ရောက်ပြီး ရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်နေပေမယ့် အခုချိန်ထိ လူပျိုစစ်စစ်ဖြစ်နေသေးသည်။ ဒါကြောင့်ပဲ သူ့ရဲ ယန်ဓာတ် က အားကောင်းနေသည်။မည်သည့် မကောင်းဆိုးဝါးက မှ သူမနား ကပ်ဝင့်မည့် မဟုတ်ကာ ဝေးဝေးနေကြလိမ့်မည်။

အကယ်၍ ရေတွင်းတူးဖို့ သူမအစ်ကိုကို မရှာခဲ့ဘူးဆိုရင် ဘယ်သူ့ကိုသွားရှာရမည်နည်း။ သူမအဖေကိုလား။

ရှဲ့ချောင်သူမခေါင်းကို အနည်းငယ်မော့ပြီး ဝုန်းဒိုင်းကြဲတော့မည့်ပုံနှင့် " ဒါဆို အစ်ကိုကြီး တူးမှာလား မတူးဘူးလား"

ရှဲ့ဖင်းကန်းက သူမခေါင်းကို ဆတ်ခနဲရိုက်လိုက်သည့်အတွက် အသံပင်ထွက်လာ၏။" ငါလုပ်မယ်။ ဒါပေမယ့် ငါစားဖို့တစ်ခုခု လုပ်ပေးရမယ်"

ရှဲ့ဖင်းကန်းက သူမခေါင်းကိုရိုက်ပြီးနောက် ပေါ့ပါးသွက်လက်စွာ ထသွားခဲ့သည်။

ရှဲ့ချောင်တစ်ယောက် ရိုက်ခံလိုက်ရသည့်အတွက်သူမခေါင်းထဲတွင် အသံများမြည်သွားသကဲ့သို့ပင် ခံစားလိုက်ရသည်။

ရှဲ့ဖင်းကန်းသည် ဝက်ဝံတစ်ကောင်ကဲ့သို့ကြီးမားသည် ဖြစ်ရာ မည်သူကမျှ သူဘယ်လောက်သန်မာကြောင်းတွေးကြည့်နိုင်မည်မဟုတ်ပေ။

သူက သူရဲ့ ခွန်အားကို ထိန်းထားတယ်ဆိုပေမယ့်လည်း ရှဲ့ချောင်အတွက် ၎င်းအားသည် အတော်လေး နာကျင်စေသည်။

ရှဲ့ချောင် စိတ်ဆိုးသွားသဖြင့် ခြောက်ခြားဖွယ်အမူအရာနှင့်ရယ်ကာပြောလိုက်သည် " အစ်ကိုကြီး ဒီနေ့ အလောင်းကို မြင်ခဲ့‌သေးလား ။ အစ်ကိုကြီးရဲ့ ကိုယ်ကနေ အပုပ်နံ့ရနေတယ်"

•••••••••••

All Chapters