ဆန္ဒ
Vol. 5 Ch. 68
အကယ်၍ ယခုအချိန်တွင် ဘေးနားပတ်ဝန်းကျင်၌ တစ်ယောက်ယောက်သာ ရှိမနေလျှင် ရှဲ့ချောင် သေချာပေါက် ဝေ့လည်ကြောင်ပတ်လုပ်နေမည် မဟုတ်ပေ။
ရှန့်ဖင်းကန်းကိုယ်ပေါ်မှ အပုပ်နံ့ကို သူမပြောနေခြင်း မဟုတ်ပါ။
သူမပြောချင်သည်က ပုပ်သိုးဆွေးမြည့်နေသည့် မကောင်းဆိုးဝါးဝိညာဉ်သည် ရှန့်ဖင်းကန်းနောက်သို့ လိုက်လာခဲ့ပြီး သူမ၏ခြံဝင်းထဲသို့ ဝင်လာခဲ့ခြင်းကို ဖြစ်သည်။ သိုသော် ထိုအရာသည် အနားသို့ကပ်မလာရဲပဲ တံခါးထောင့်တွင်သာ ဆောင့်ကြောင့်ထိုင်နေလေသည်။ ထိုအရာသည် အလွန်အော်ဂလီဆန်စရာ ကောင်းလှသည်။
သို့သော် ရှဲ့ဖင်းကန်းမှာ အံ့ဩနေဆဲဖြစ်သည်။
ရှန့်ဖင်းကန်းက "မင်းဘယ်လိုသိတာလဲ" ဟု ရုတ်တရက်မေးလိုက်သည်။
သူသည် သူ၏ဖခင်နှင့် မတူပေ။ သူ၏ဖခင်မှာ အဆင့်လေး စစ်သူကြီးဖြစ်သော်လည်း သူ့တွင် မည်သည့်လုပ်နိုင်စွမ်းမျှ မရှိပေ။
သူသည် ယခင်က စစ်တပ်အရာရှိစာမေးပွဲကို ဖြေဆိုခဲ့ဖူးပြီး သူ၏အဆင့်သည်လည်း အတော်လေးကောင်းမွန်ခဲ့သည်။ အစောပိုင်းတွင် သူသည် နန်းမြို့တော် စစ်တပ်အခြေစိုက်စခန်းတွင် အဆင့်ရှစ် အရာရှိအဖြစ် တရားဝင် တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော် မကောင်းသည့်အဖြစ်အပျက် တစ်ခု ဖြစ်ပျက်ခဲ့ပြီး လူအများသည် သူ့အား အကျင့်ပျက်သည်ဟု ထင်ခဲ့ကြသည်။ ထို့ကြောင့် စစ်တပ်အရာရှိတစ်ဦးအဖြစ် သူ၏အသက်မွေးဝမ်းကြောင်းမှာ ရုတ်ခြည်း အဆုံးသတ်သွားခဲ့ရတော့သည်။
သူသည် ရာထူးမှ ထုတ်ပယ်ခံရပြီးသည့်နောက်တွင် မှုခင်းဌာနခွဲတွင် ကွပ်မျက်သူပါးကွက်သားအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။
ကွပ်မျက်သူတစ်ယောက်အနေဖြင့် သံသယရှိသူများအား စစ်ဆေးမေးမြန်းခြင်း သို့မဟုတ် ရိုက်နှက်ခြင်းအတွက် တာဝန်ရှိပေသည်။ အပြင်ဖက်တွင် စုံစမ်းစစ်ဆေးရန် လိုအပ်လာသည့်အခါ သူ၏အထက်လူကြီးများနောက်လို့ လိုက်ပါသွားရသည်။
သူသည် အဆင့်နိမ့်အရာရှိတစ်ဦး ဖြစ်သော်လည်း သူ၏ ရက်စက်ခက်ထန်သောရုပ်ရည်အသွင်အပြင်ကြောင့် မှုခင်းဌာနခွဲတွင် ကောင်းစွာလုပ်ဆောင်နိုင်ခဲ့သည်။
အမှုသည် ကြီးသည်ဖြစ်စေ၊ အသေးအဖွဲ့ဖြစ်စေ သူနှင့်ဆိုလျှင် စစ်ဆေးမေးမြန်းမှုမှာ ပိုမိုမြန်ဆန်စွာ ပြီးဆုံးတတ်သည်။
ယနေ့ သူစုံစမ်းစစ်ဆေးဖို့ ထွက်လာချိန်မှာတော့ အလောင်းအား အမှန်တကယ် တွေ့ခဲ့ရလေသည်...
ရှဲ့ဖင်းကန်းသည် ရှဲ့ချောင်မှာ ထိုကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ လုပ်စရာရှိသကဲ့သို့ပင် သူမအား စိုက်ကြည့်နေ၏။
"ညီမ အနံ့ခံနိုင်တယ်ဆိုတာ ပြောပြပြီးပြီ မဟုတ်ဘူးလား?" ရှဲ့ချောင်၏ အသံမှာ နူးညံ့နေသည်။ ထို့နောက် သူမသည် ဖွဖွကလေး ပြုံးလိုက်ကာ
"အစ်ကိုကြီးရဲ့ အနံ့ဆိုးက ပြင်းလွန်းတယ်။ အကိုကြီးအိမ်ကို ညစ်ညမ်းတဲ့အရာတစ်ခုခု လိုက်လာတာမဖြစ်နိုင်ဘူးလား? ရုတ်တရက် သေဆုံးသွားတဲ့သူတွေက ကြောက်ဖို့ကောင်းတယ်လို့ ညီမလေးကြားဖူးတယ်။ ညဥ့်နက်သန်းခေါင် အကိုကြီး အိပ်နေတဲ့အချိန်မှာ အကိုကြီးကိုနင်းပြီး လည်ပင်းညှစ်သတ်ဖို့ ကြိုးစားမယ်လို့ အကိုကြီးထင်လားဟင်?"
"ဟမ်?" ရှဲ့ဖင်းကန်း နှာမှုတ်ထုတ်လိုက်သည်။ "ငါဘာလို့ သူ့ကိုကြောက်ရမှာလဲ? သူက မတော်မတရား အသတ်ခံရပြီး သူ့ခန္ဓာကိုယ်က အသားအလွှာအပုံလိုက် ရိုက်နှက်ခုတ်ဖြတ်ခံခဲ့ရတာ။ သူက ပျံသန်းနိုင်တဲ့ အရာတစ်ခုခုဖြစ်မယ်ဆိုရင်တောင် သူကအသုံးမကျတဲ့သူ ဖြစ်နေအုံးမှာပဲ!"
ရှဲ့ချောင်သည် မှင်တက်မိသွားပြီး သူမ၏မျက်ခွံများ ဂနာမငြိမ်လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ "အကိုကြီးရဲ့ ဒေါသကို လျှော့တွက်မိတာ ညီမလေး အမှားပါ" သူမသည် သနားချင့်စဖွယ်ပုံစံလေးဖြင့် ပြောလိုက်သည်။
သူမ ရှဲ့ဖင်းကန်းအား ခြောက်လန့်ရန် ကြိုးစားခဲ့သည်...
သူမ ထိုသို့ကြိုးစားမိခဲ့သည်က မိုက်မဲ၍ ဖြစ်လိမ့်သည်။
သူမ တံခါးအား ပြန်၍ကြည့်လိုက်သောအခါ ထိုပုပ်သိုးဆွေးမြည့်နေသည့် မကောင်းဆိုးဝါးဝိညာဉ်သည် ကြောက်လန့်တကြားနှင့် သူ၏ခေါင်းအား မြှုပ်နေသည်ကို တွေ့လိုက်ရသည်။
ရှဲ့ချောင် အံ့ဩသွားပြီး အားကျမိသွားသည်။ သူမတွင်လည်း သူမအစ်ကိုကြီးလို တစ်နေ့မှာ ဩဇာပြည့်လျှမ်းတဲ့ ယန်စွမ်းအင်မျိုးရှိနေလျှင် ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်မလဲ!?
သူသည် စကားပြောရုံဖြင့်ပင် မကောင်းဆိုးဝါးဝိညာဉ်ကို ကြောက်လန့်တုန်လှုပ်စေခဲ့သည်။ အဲဒါက...တကယ်အံ့ဩဖွယ်ရာပဲ...
ရှဲ့ချောင်သည် ခေါင်းမလှည့်မီ သူမ၏ မျက်လုံးများမှာ အနည်းငယ် တဖျပ်ဖျပ် လှုပ်သွား၏။
နှစ်နာရီအကြာတွင် ရေတွင်းတူးခြင်း ရပ်တန့်သွားလေသည်။
သူမသည် အချိန်ကို တွက်ချက်ကာ ရှဲ့ဖင်းကန်းအား မနက်ဖြန်တွင်လည်း တစ်ချိန်တည်းမှာပင် ထပ်လာခဲ့ရန် ပြောလိုက်သည်။
သို့သော် ရှဲ့ဖင်းကန်းထွက်သွားပြီးသည့်နောက် သူနှင့်အတူလိုက်ပါလာသည့် မကောင်းဆိုးဝါးဝိညာဉ်သည် နောက်တွင် နေရစ်ခဲ့သည်။
ထိုအရာက ရှဲ့ချောင် မြင်ဖူးသည့် ပထမဆုံးမကောင်းဆိုးဝါးဝိညာဉ် မဟုတ်ပေ။ သူမသည် မကြောက်ရွံ့ပေ။ သို့သော် ယခုမကောင်းဆိုးဝါးဝိညာဉ်သည် အတော်လေး ပုပ်သိုးဆွေးမြည့်ပြီး အကျည်းတန်နေသည်။ သူမ ထိုအရာကို ကြည့်မိသည့်အခါတိုင်း သူမ၏ အစာအိမ်ထဲ၌ မူမမှန်သကဲ့သို့ပင် ခံစားနေရသည်။
သဘောတရားအရ ဝိညာဉ်၏ ပုံပန်းအသွင်အပြင်သည် သူတို့သေဆုံးပြီးသည့်နောက်တွင် ၎င်းတို့၏မူလပုံစံအဖြစ် ပြောင်းလဲသွားတတ်ကြသည်။ သို့သော် ဒီတစ်ခုက...
ထိုမကောင်းဆိုးဝါးဝိညာဉ်သည် ရှဲ့ချောင်၏ တံခါးနားသို့ရောက်လာ၍ "မင်းငါ့ကို မြင်ရတယ်..."
ထိုမကောင်းဆိုးဝါးဝိညာဉ် မဝင်လာရဲသည်မှာ ဤအိမ်တွင် အစွမ်းထက်သည့် အရာတစ်ခု ရှိနေ၍ ဖြစ်သည်။
ရှဲ့ချောင်သည် မျက်မှောင်ကြုတ်ကာ "ငါ့အိမ်နဲ့ ဝေးဝေးနေစမ်းပါ ရွံဖို့ကောင်းတဲ့အကောင်ရာ"
မကောင်းဆိုးဝါးဝိညာဉ်၏ မှုန်မှိုင်းနေသော မျက်လုံးများသည် ယခုတွင် ကျယ်လောင်စွာပွင့်လာပြီး "ငါ့မှာ မပြည့်သေးတဲ့ ဆန္ဒတစ်ခုရှိတယ်။ မင်းငါ့အတွက် အဲဒီဆန္ဒကို ဖြည့်ဆည်းပေးမယ်ဆိုရင် ငါမင်းကိုမစားဘူး!"
"ဟမ်?" ရှဲ့ချောင်သည် ဖွဖွလေးပြုံး၍ သူမ၏အင်္ကျီလက်ထဲမှ သစ်သားလက်ကိုင်ပါရှိသော ရွှေနဂါးခေါင်းကြာပွတ်ကို ထုတ်ယူလိုက်သည်။ ထိုအရာသည် ကြိုးတစ်ချောင်းနှင့် ပို၍တူသည်။ သူမသည် ထိုကျာပွတ်ကို ရုတ်တရက် ချာကနဲလှည့်လိုက်ရာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
မကောင်းဆိုးဝါးဝိညာဉ်၏ ခန္ဓာကိုယ်မှ တရှဲရှဲမြည်သော မီးခိုးငွေ့များ ထွက်ပေါ်လာလေသည်။ ၎င်းသည် နာကျင်မှုများဖြင့် တုန်လှုပ်နေခဲ့သည်။
"ပထမဆုံးအကြိမ် လာလည်တဲ့သူတွေက ကောင်းကောင်းမွန်မွန်မပြုမူတတ်ကြဘူး။ နာကျင်ပြီးမှပဲ သင်ယူတတ်ကြတယ်" ရှဲ့ချောင်သည် တိုးညင်းစွာ ညည်းညူလိုက်သည်။ မကောင်းဆိုးဝါးဝိညာဉ်တို့အား သင်ခန်းစာသင်ပေးနေရသည်က သူမအတွက် အလွန်ပင်ပန်းရပေသည်။ မကောင်းဆိုးဝါးဝိညာဉ်တွေမှာ ပိုကောင်းတဲ့အမူအကျင့်တွေ မရှိနိုင်တော့ဘူးလား?
ထိုမကောင်းဆိုးဝါးဝိညာဉ်သည် အလျင်အမြန်ပင် တုံ့ပြန်လာသည်။ ကြာပွတ်ဖြင့် အရိုက်ခံရပြီးသည့်နောက်တွင် ၎င်းသည် သူ၏ခေါင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ကာ "ငါ့ကို သနားပါ ကြီးမြတ်တဲ့ အမတအရှင်! ငါ့မှာ ငွေရှိပါတယ်။ မင်းကို အကုန်လုံးပေးမယ်!"
ရှဲ့ချောင်သည် ခေါင်းညိတ်ကာ ဖြည်းညှင်းစွာမေးလိုက်သည် "ရှင့်ရဲ့ ဆန္ဒကဘာလဲ? တရားမဝင်တဲ့အရာနဲ့ ကိုယ်ကျင့်သိက္ခာမဲ့စေတဲ့ အရာ မဟုတ်သ၍ ငါ့ကိုပြောလို့ရတယ်"
•••••••••