ဦးခေါင်းခွံလေ့လာခြင်း
Vol. 5 Ch. 69
ရှဲ့ချောင်က ကြာပွတ်ကို ဖယ်လိုက်ပြီး ကုလားထိုင်ပေါ်ထိုင်ချလိုက်သည်။ နားထောင်ရန်အဆင်သင့်ဖြစ်နေပုံရသည်။
မကောင်းဆိုးဝါးဝိဥာဉ်မှာ အလွန်တရာရုပ်ဆိုးလှသည်။ ၎င်းမှာထိုအချိန်၌ မထဝံ့ပေ။
“ဆန္ဒလား…” မကောင်းဆိုးဝါးဝိဥာဉ်၏ အသံသည် ပျော့ပျောင်းနေသည်။ ပါးစပ်ကိုဖွင့်ဟလိုက်ပြီးမှ နှုတ်ဆိတ်သွားပြန်သည်။
သူ့ရဲ့ဆန္ဒကဘာလဲ။
တကယ်တော့ သူ့မှာ စိတ်ကူးပင်မရှိ။ သေပြီးသားမဟုတ်လား။ သူ့ကိုမြင်နိုင်တဲ့သူတစ်ယောက်ကို ထိမိသွားတာက အံ့ဖွယ်အခိုက်အတန့်တစ်ခုဖြစ်တဲ့အလျောက် သူ့နောင်တတွေကို ဖြည့်ဆည်းပေးစေချင်တာက သဘာဝကျတယ်မဟုတ်လား။
ဒါပေမယ့် သူ့မှာဆန္ဒအရမ်းများလွန်းနေသည်လေ။
ငယ်ငယ်ရွယ်ရွယ်နဲ့ သေခဲ့ရပြီး ၊ ကြောက်စရာကောင်းသည့် ပုံစံနှင့်သေဆုံးခဲ့ရသည်။ အိမ်ထောင်မပြုရသေးသလို ကလေးလည်းမရှိပေ။ ဘဝအတွက် ပိုက်ဆံရှာပြီး အရသာရှိသောမည်သည့်အရာကိုမှပင် မစားခဲ့ဖူးပေ။ လွန်ခဲ့သော အနှစ်( ၂၀)လုံးလုံး ဘာမှမရှိသောဘဝနှင့် နေထိုင်ခဲ့ရသည်။
မကောင်းဆိုးဝါးဝိဥာဥ်က ၎င်းကို တွေးရင်း ငိုကြွေးနေသည်။
ရှဲ့ချောင်က အလျင်စလိုမချည်းကပ်ပဲ ။ “သေချာလေးတွေးလိုက်ပေါ့ သင်္ဂြိုဟ်မယ်ဆိုငွေငါးစကုန်မယ်။ မြေကောင်းကောင်းမှာ မြှုပ်ခံရချင်ရင် အနည်းဆုံး ငွေအစ၂၀စျေးပိုပေးရမယ်။ ဘုန်းကြီးတွေနဲ့ကျကျနနလုပ်ချင်ရင် ငွေပိုပေးရမယ်။ 'ပစ္စည်း' ကအနည်းဆုံး ငွေ ၅၀လောက်တန်တယ်။ တံဆိပ်ခတ်ထားမှာမဟုတ်တော့ ဒီဇိုင်းလည်းကိုယ့်ဟာကိုယ်ရွေးလို့ရတယ်”
မကောင်းဆိုးဝါးဝိဥာဥ်က ခေါင်းကို မော့ကြည့်လိုက်ပြီး ထိုစကားကိုကြားသောအခါ အံ့အားသင့်သွားသည်။
"ဒီလောက်ဈေးကြီးတာ! ဘာပစ္စည်းမို့လို့လဲ"
“ပစ္စည်းလား…” ရှဲ့ချောင်က သူမ၏ ခြင်းတောင်းတွင်းနှိုက်ရှာလိုက်ပြီး လက်ဖဝါးအရွယ်ရှိသော သစ်သားရုပ်တစ်ရုပ်ကို ထုတ်လိုက်သည်။ "ဒီတစ်ခု။ ကြိုက်တာ ထွင်းလို့ရတယ်။ အိမ်တစ်လုံးနဲ့ လူရုပ်တောင် ထွင်းပေးလို့ရတယ်။ ဒါပေမယ့် စိတ်ကြိုက်လုပ်ပေးတာဆိုတော့ဈေးကြီးတယ်။”
ရှဲ့ချောင်လက်ထဲက သစ်သားအရုပ်ကို မကောင်းဆိုးဝါးဝိဥာဥ်က စိုက်ကြည့်နေသည်။
နတ်သမီးနဲ့တူတဲ့ မိန်းမတစ်ယောက်ရဲ့ ပုံစံထွင်းထုထားခြင်းဖြစ်သည်။ သူမသည် ကြော့ရှင်းကာချောမောပြီး လှပသည်။
" မင်းက ငါ့အတွက်ဒါကို မီးရှို့ပေးမှာလား" အံသြသွား၍ မကောင်းဆိုးဝါးဝိဥာဥ်ကမေးလိုက်သည် ။
"ဟား!" ရှဲ့ချောင်တိတ်တိတ်လေးပြုံးလိုက်သည်။ "ဟုတ်တယ်၊ ရှင်တတ်နိုင်မလားဆိုတဲ့အပေါ်တော့ မူတည်တာပေါ့"
“ဘယ်လောက်မလို့လဲ” မကောင်းဆိုးဝါးဝိဥာဥ်ကမေးလိုက်သည်။
"ကျွန်မကဒါကို ရှင့်လိုအထီးကျန်တဲ့ ဝိညာဉ်တွေကိုပဲ ရောင်းတာ။ ဒီတစ်ခုကတော့ ငွေစ ၁၀၀၀ လောက် ဖြစ်မယ်။ ဒါ ကျွန်မရဲ့ နောက်ဆုံးကမ်းလှမ်းချက်ပဲ” ဟု ရှဲ့ချောင်ကထပ်ကာပြောသည်။
"ဘာလို့ဒီလောက်ဈေးကြီးနေတာလဲ!?" မကောင်းဆိုးဝါးဝိဥာဥ် ပြင်းထန်စွာအသက်ရှုရှိုက်လိုက်သည်။
သူမက စောနကတင် ငွေစဆယ်ချီပမာဏကိုပြောနေခြင်းမှ ယခုငွေစ၁၀၀၀က ဘယ်လိုဖြစ်လာတာလဲ။ သစ်သားအရည်အသွေးက သာမန်မျှသာရှိသည်လေ။
"ရှင့်ရဲ့အရောင်အသွေးအရ အသက်ရှင်နေတုန်းမှာမကောင်းတာတွေ အများကြီးလုပ်ခဲ့တာ သေချာတယ်။ ဟုတ်တယ်မလား။ကျွန်မသတ်မှတ်ထားတဲ့ စျေးနှုန်းတွေက လူပေါ်မူတည်တယ် ရှင့်ပုံစံကို မကြိုက်ရင် ကျွန်မပိုတောင်းမယ်။ မကျေနပ်ရင် ထွက်သွားလိုက်တော့။ ဒါက စီးပွားရေးတစ်ခုလုပ်နေတာ။ ဘယ်သူကမှ ရှင့်ကို အတင်းမဝယ်ခိုင်းဘူး၊ ဘယ်သူမှလည်း ကျွန်မကိုမရောင်းခိုင်းဘူး။ ပုံမှန်အားဖြင့်တော့ငွေစ၅၀ လောက်ပဲတန်တဲ့စျေးသက်သာတာရှိတယ်။ ရုပ်ဆိုးလွန်းလို့ အခုလောလောဆယ်တော့လက်ထဲမှာ မရှိသေးဘူး” ဟု ရှဲ့ချောင်က ပြောလိုက်သည်။
သူမ ယခင်ကသင်္ဂြိုဟ်ပေးခဲ့သော ဝိညာဉ်မှာတော့ ကံကောင်းသော မျက်နှာရှိပြီး အရောင်အသွေးလည်းတောက်ပြောင်သည်။ အစေခံ ဖြစ်ခဲ့သော်ငြားလည်း မကောင်းမှုပြုခဲ့ပုံမပေါ်ခဲ့ပေ။
သို့ရာတွင်၊ ဤအကောင်ကြီးကတော့ ကွဲပြားသည်။ ခန္ဓာကိုယ်က ပုပ်ပွနေပြီး မနှစ်မြို့ဖွယ်အရိပ်အယောင်ကို သူမ ခံစားမိသည်။ အသက်ရှင်နေစဥ်အချိန်က မကောင်းမှုများစွာကို ပြုလုပ်ခဲ့ဖူးပေလိမ့်မည်။
“မင်း…”
မကောင်းဆိုးဝါးဝိဥာဥ်က သူမအား ထိတ်လန့်စွာ စိုက်ကြည့်နေသည်။ သူမကသူ၏လျှို့ဝှက်ချက်ကို ဖောက်ထွင်းမြင်နေရသလိုပင်။
"ဘာလဲ?ကျွန်မမှားနေလို့လား?" ရှဲ့ချောင်က ပြုံးပြရင်း ပြောလိုက်သည် ။
လူသားများအတွက် ကိုယ်ဟန်အမူရာ နှင့် လက္ခဏာဖတ်ရှုခြင်းပညာရပ်အပြင် ဝေါဟာရဗေဒ နှင့် ရောင်ဝါ ဖတ်ရှုခြင်း တို့ရှိပေသည်။ တစ်ယောက်ယောက်ကို အကဲခတ်လိုလျှင် ဦးခေါင်းခွံကို အရင်ကြည့်ရသည်။ ဦးခေါင်းခွံပေါ်ရှိ အရေပြားသည် အတွင်းရှိအရာများလောက် အရေးမကြီးပေ။
ဦးခေါင်းခွံတစ်ခုတည်းကို ကြည့်လျှင် သူ့နဖူးကပြည့်သည်ဟုယူဆမရပေ။ ထို့အတွက်သူ့ဘဝက သာမာန်ပဲဖြစ်လိမ့်မည်။
လည်ပင်းအရိုးပေါ်တွင် ကောင်းသောလက္ခဏာရပ် ၁၈ ရပ်ရှိသည်။ သို့သော်ဤလူက ပြားချပ်ချပ်နဲ့ သာမန်ဦးခေါင်းခွံတစ်ခုသာရှိသည်။ သူ့တွင် ကံကောင်းခြင်းလက္ခဏာ ၈ ရပ်ထဲမှ တစ်ရပ်မှ မပါပေ။သို့အတွက် သူ့ဘဝသည် ကံကောင်းခြင်းကင်းမဲ့သည်ဟု ဆိုလိုနိုင်သည်။
သူ၏ နောက်စေ့ရှိ အရိုးသည် အတော်လေးထင်းသည်—ထို့ကြောင့်သူ၏အပြုအမူသည် သိက္ခာမဲ့တတ်သည်။
သူ၏ နားထင်ရှိအရိုးသည် နိမ့်သည်—သို့တွက်သူသည် အထီးကျန်သော်ငြား ပါးနပ်သည်။
သာမန်အရိုး၊ မျက်ခုံးရိုးများရှိနေခြင်းက မတည်မြဲခြင်းရဲ့ပြယုဒ်ဖြစ်ပြီး စည်းစိမ်ဥစ္စာကို ရလျှင်လည်း၊ အလျင်မြန်ဆုံးရှုံးရတတ်သည်။ ညှိုးနွမ်းခြင်း၏ နိမိတ်ဖြစ်သည်။
သို့သော်၊ သူ့တွင် အလွန်မြင့်မားသော ပါးရိုးများရှိသည်—အာဏာ၏ လက္ခဏာတစ်ရပ်ဖြစ်သည်။
တင်းရင်းတောင့်တင်းသော အရိုးများက သူသည် ပူပင်ကြောင့်ကြစရာမလိုဘဲ ဘဝကို ဖြတ်သန်းခဲ့ရကြောင်းပြနေသည်။
သို့သော်လည်း အကုန်လုံးခြုံကြည့်လျှင် အားသာချက်နှစ်ခုပျောက်သွားသည်။ ထို့ကြောင့် ဤလူသည် တန်ခိုးနှင့် ဥစ္စာရှိလျှင်ပင်၊ သေးငယ်သော အသိုက်အဝန်းတွင်သာ ရှိနေမည်ဖြစ်ပြီး ကမ္ဘာကိုသိမ်းပိုက်နိုင်စွမ်းရှိသော ဘုရင် သို့မဟုတ် အရာရှိတစ်ဦး ဖြစ်မလာနိုင်ပေ ။
အိပ်မက်တစ်ခုလိုသာ ဖြစ်နေပေမည်။
ရှဲ့ချောင်အေးစက်သော အမူအရာကို ပြုနေလျက်ရှိပြီး ယခုအခါပို၍ပင်လျှို့ဝှက်ဆန်းကြယ်နေသည်။
•••••••••••