← Chapters

ကျောင်းတော်တွင်ပညာသင်ကြားခြင်း

Vol. 5 Ch. 70

ကျောင်းတော်တွင်ပညာသင်ကြားခြင်း

Vol. 5 Ch. 70

မကောင်းဆိုးဝါးဝိဉာဉ် ထံတွင်သံသယများစွာရှိလာပြီး ယခင်ကထက်ပင် ရှဲ့ချောင်ကို ပိုမိုကြောက်လာရှာသည်။

“အခုတော့ပစ္စည်းတွေ မဝယ်သေးဘူး။ တောင်းဆိုချင်တာတော့ရှိတယ်..ငါ့အတွက်တစ်ခုလုပ်ပေးပါ…” မကောင်းဆိုးဝါးဝိဉာဉ် က တုံ့ဆိုင်းစွာပြောသည်။ "ငါ မိန်းမတစ်ယောက်ကို ရှာနေတာ... သူ့ကို တစ်ကြိမ်ပဲတွေ့ဖူးပေမယ့်...စိတ်ထဲအတော်ရှုပ်နေတာလေးရှိလို့။"

ရှဲ့ချောင် က သေသေချာချာမေးလိုက်ရင်း "ဘယ်ကမိန်းမလဲ"

"ငါမသိဘူး...မသေခင်က မိန်းမတစ်ယောက်ကို မြင်ဖူးတယ်။ ရေးတေးတေး တွေ့လိုက်တာဆိုပေမယ့် သူကတော်တော်ဆွဲဆောင်မှုရှိတယ်လို့တော့သိတယ် … သူကငါ့ကို နာကြည်းနေတဲ့ပုံပဲ...လူသတ်နိုင်လောက်တဲ့ထိ နာကြည်းမှုမျိုးလို့ ခံစားမိတယ်” မကောင်းဆိုးဝါးဝိဉာဉ် က ဆိုသည်။

သူဘယ်လိုသေသွားတယ် အတိအကျမမှတ်မိ။ အားလုံးက ဝေဝါးနေခဲ့သည်။

သို့သော် သူ့သေဆုံးမှုမှာ ထိုမိန်းမနှင့် ဆက်စပ်နေကြောင်း သူသိနေသည်။

ရှဲ့ချောင်က အစ်ကိုအကြီးဆုံးကို မနက်ဖြန်တွင်မေးရန်စိတ်ထဲတေးမှတ်ထားလိုက်သည်။

မှုခင်းဌာနခွဲ၌ အမှုအားလုံးကို စစ်ဆေးရန် တာဝန်ရှိသည်။ အမှုများကို ပြန်လည်စစ်ဆေးရန်အပြင် သံသယဖြစ်ဖွယ်နှင့် အမှုကြီးများကို စုံစမ်းစစ်ဆေးရန်တာဝန်ရှိသည်။

သူ့အစ်ကိုကြီးက ၎င်းမကောင်းဆိုးဝါးဝိဉာဉ်ဘာဖြစ်သွားကြောင်း အတိအကျ သိနိုင်ပေလိမ့်မည်။

ထို့ထက် အလွန်ထူးဆန်းနေခြင်းဖြစ်သည်။

မကောင်းဆိုးဝါးဝိဉာဉ် ၏ပုံစံသည် ပုပ်ပွနေသည်။ အချိန်အတော်ကြာအောင်ပုပ်ပွပြီးနောက်မှ ဝိဉာဉ်အဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ သေချာပေါက် မူမမှန်နေပေ။

ရှဲ့ချောင်သည် မကောင်းဆိုးဝါးဝိဉာဉ်ထံမှ အချက်လက်အချို့ကိုရယူရန်တွက် စုတ်တံနှင့် စာရွက်ကို ထုတ်ကာ ထိုအမျိုးသမီး၏ အသွင်အပြင်ကို ရေးဆွဲရန်ပြင်သည်။

ပြီးနောက် ထည့်စရာပုလင်းတစ်လုံးကို ယူကာ အထဲ၌ မကောင်းဆိုးဝါးဝိဉာဉ် ကို ပိတ်ယူဖမ်းဆည်းခဲ့သည်။

အချို့သော မကောင်းဆိုးဝါးဝိဉာဉ်များတွင် ယန်စွမ်းအင်များပြားနေလျှင် ထိုလောက၌ ကြာရှည်စွာ သွားလာနေနိုင်ပြီး နာကြည်းမှုများနှင့်သေဆုံးသွားပါက ကမ္ဘာပေါ်တွင်ကြာရှည်စွာ တည်ရှိနေတတ်ကြသည်။မကောင်းဆိုးဝါးဝိဉာဉ်မှာ  မည်သို့သေဆုံးသွားမှန်း မသိသော်ငြား သူ့ရဲ့သေဆုံးမှုကို သိပ်ဂရုမစိုက်သည်မှာ ထင်ရှားသည်။ သံသယဖြစ်စရာပင်။

ယခုအချိန်မှာ ဝိညာဉ်အဖြစ်သွားလာနေသော်လည်း အချိန်တစ်ခုကြာပြီးနောက် ကွယ်ပျောက်သွားနိုင်သည်။ ထို့ကြောင့် ငွေမပေးရသေးမီ ၎င်းကို ရှဲ့ချောင်ကဖမ်းဆီးထားလိုက်လျှင် ပိုကောင်းသည်။

နောက်တစ်နေ့တွင်...

ယနေ့က ကျောင်းတော်တွင် ရှဲ့ချောင် ပညာသင်ကြားရမည့်နေ့ဖြစ်သည်။

သူမ နံနက်အစောမှာတွင်ပင်  အိမ်၏စာရင်းကိုင်သူဆီ သွားခဲ့သည်။

သခင်မလုလည်း ထိုနေရာတွင် ရှိနေခဲ့ပြီး ရှဲ့ချောင်ကိုမြင်သောအခါ အနည်းငယ် မျက်နှာပျက်ယွင်းနေသည်။

"မနေ့က ညည်းအစ်ကိုကြီး ကို ဘာပြောလိုက်တာလဲ... သူက အိမ်တော်ထိန်းယွမ်ကို တုတ်ကြီးနဲ့ရိုက်ပြီး အပြစ်ပေးလိုက်တယ် အိပ်ယာထဲမှာ ဘယ်လောက်ကြာအောင်နားရမလဲ မသိဘူး....အိမ်မှာ သူလုပ်စရာတွေအများကြီးရှိသေးတယ်လေ”

"မေမေ၊ ယွမ်ရုန်ကဘာလုပ်တာလဲလို့ မေးသင့်တယ်လေ။ တကယ်ကို ခွင့်မလွှတ်နိုင်စရာလုပ်ထားတာမလို့....အိမ်ပေါ်ကတောင် နှင်ချသင့်တယ်။ မိခင်တစ်ယောက်အနေနဲ့ ဒီလိုပြောသင့်တယ်မထင်ဘူးလား။ အဲဒါကို သင်ပေးစရာလိုသေးလို့လား” ရှဲ့ချောင်က သူ့လက်ထဲက ငွေစက္ကူတွေကို ကြည့်ရင်း စကားနည်းနည်းပြောလိုက်သည်။အနည်းငယ်ရဲတင်းလာပြီဖြစ်သည်။

သခင်မလုအံ့ဩသွားသည်။

ဒါ သူမလုပ်သင့်တာပဲ မဟုတ်ဘူးလား။

သခင်မလုကသူမ၏ အသံကို ပြင်လိုက်သည်။ "ယွမ်ရုန်က...မင်းအဖေနောက်လိုက်နေတာ ကြာပြီ....ဘာပဲဖြစ်ဖြစ် နည်းနည်းလေးတော့ ကျေးဇူးတင်သင့်ပါတယ်။”

“ဒီလောက်ကြာအောင် ဖေဖေ့နောက်လိုက်လုပ်ခဲ့တာတောင် ကျေးဇူးတင်စရာဆို လက်ချိုးရေလို့တောင်ရတယ်... ဒီလူက အသုံးမဝင်သလိုပဲနော်” ဟု ရှဲ့ချောင်က ညင်သာစွာပြောသည်။ ထို့နောက် မှတ်တမ်းစာအုပ်တွင် သူမ၏လက်ဗွေကို တံဆိပ်တုံးရိုက်နှိပ်သည်။

ငွေစအများအပြားရှိသည်။မှန်သည်။သို့သော် သူမပေါ့ပေါ့တန်တန် မသုံးတတ်ပေ။

သူမ အသက်ရှည်ချင်သည်။ ရံဖန်ရံခါ ကြုံဖူးသော မကောင်းဆိုးဝါးဝိဉာဉ် များ၏ ကံကြမ္မာကို ပြောင်းလဲခြင်းဖြင့် ကောင်းသောကံကို ရရှိရန်မှာ...မလုံလောက်ပေ။ ထို့ကြောင့် သူမ ဆိုင်တစ်ဆိုင်ဖွင့်တော့မည်ဟု ဆုံးဖြတ်ထားသည်။

ရှဲ့ မိသားစု၏သမီးဖြစ်သောကြောင့် မိမိကိုယ်ကို လူသိခံရန်မဖြစ်နိုင်ပေ။

သို့သော်၊ ဆိုင်တစ်ခုရှိလျှင် သူမအတွက်ဖုံးဖိရပို၍လွယ်ကူလိမ့်မည်။

သခင်မလုက ပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်သည်။ အိမ်တော်ထိန်းကို အကြောင်းပြုကာ စကားကြမ်းကြမ်းပြောရန်မှာ သူမအတွက် ခက်ခဲသည်။ အေးတိအေးစက်နေမှ တော်ကာကြလိမ့်မည်။

သူမက ငွေစက္ကူများကိုင်ဆောင်ကာ...အိမ်မှ ရှဲ့ချောင် ထွက်ခွာသွားသည်ကို ပျော်ရွှင်စွာကြည့်နေခဲ့သည်။

အဲဒါတွေက ငွေစ ၅,၀၀၀ ပဲတဲ့လား!

မိသားစု၏ဘဏ္ဍာရေးအခြေအနေမှာ တင်းကျပ်နေသော်လည်း သူမကငွေသုံးနေဆဲဖြစ်သည်။

သို့သော် ဖေဝမ်ယွဲ့ပြုံးနေ၏။

ရှဲ့ချောင်အား တော်ဝင်ကျောင်းတော်၌အောင်မြင်စွာတက်လှမ်းနိုင်ရန် သူမမျှော်လင့်ထားသည်။ သူမဝင်ခွင့်အောင်မြင်သည့်အခါမှ ပန်းချီအတုလုပ်ကြောင်း သတင်းက ပြန့်နှံ့သွားပြီး သူမရဲ့ အကျင့်စာရိတ္တကို မေးခွန်းထုတ်စရာဖြစ်လာနိုင်သည်။ ထိုအချိန်တွင် သူမ သေချာပေါက် ကျောင်းထုတ်ခံရနိုင်သည်မဟုတ်လား?

ရှဲ့ချောင် က ငွေစ ၅၀၀၀ကို ယူလိုက်ပြီးသည်နှင့် သခင်မလုလည်း ငွေသားအနည်းငယ်ယူပြီး ဖေဝမ်ယွဲ့ကို ကုလန်ကျောင်းတော်သို့ ခေါ်ဆောင်သွားခဲ့သည်။

ကုလန်ကျောင်းတော် သည်လည်းပဲ လူသိများသော ကျောင်းတစ်ခုဖြစ်သည်။ တော်ဝင်ကျောင်းတော်နှင့်ယှဉ်လျှင်တော့ ကုလန်ကျောင်းတော်က အမျိုးသားတွေကို အဓိကထားပြီး ပညာသင်ကြားလေ့ရှိသည်။ အမျိုးသမီးများအပေါ် တင်းကြပ်မှု အားနည်းသည်။

•••••••••

All Chapters