စာကြည့်တိုက်
Vol. 5 Ch. 71
စင်စစ်မှာမူ၊ နန်းမြို့တော်ရှိကျော်ကြားသော ကျောင်းတော်များတွင် ထူးခြားသည့် နောက်ခံများ ရှိတတ်သည်။
သို့သော်လည်း ဖေဝမ်ယွဲ့က မလိုလားသဖြင့် သူမမျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပန်ရန်ပျက်ယွင်းကာ အေးစက်နေဟန်ရှိနေသည်။
ရှဲ့ချောင်ကမူ ကွဲပြားသည်။
သူမ၏အတွေးထဲတွင် တော်ဝင်ကျောင်းတော်သည် ကောင်းမွန်သောအရာများနှင့်သာ ပြည့်နှက်နေပြီး သူမအတွက် အကျိုးပြုသည့် ယန် စွမ်းအင်လည်း အပြည့်ရှိနေသည်။
“သခင်မလေး... အစေခံတွေကို ကျောင်းတော်ကို ခေါ်သွားလို့မရဘူး။ သခင်မလေးကျန်းမာရေးနဲ့ ခံနိုင်ရည်ရှိပါ့မလား" ချွင်းအာက အတော်လေး စိတ်ပူနေသည်။
တစ်နေ့လျှင် ခြောက်နာရီမှ ရှစ်နာရီအထိ နေရမည့် ကျောင်းတော်မှာ ရှုပ်ထွေးနေပေလိမ့်မည်။
“ငါ လုပ်နိုင်ပါတယ်။” ရှဲ့ချောင်သည် နေမင်းကြီးကဲ့သို့ ဂုဏ်ယူနေပုံရသည်။ သူမ၏လေသံတွင် နွေးထွေးမှုလေးပင် ရှိလာသည် ။
ကျောင်းတက်ရတာ ကောင်းသည်။ နောက်ဆုံးတော့ သူမဟာ စိတ်အားထက်သန်မှုကို ခံစားနေရသည်။
တကယ်တော့ သူမရဲ့ ကျန်းမာရေးဟာ အသက် ၁၅ နှစ်အရွယ်ကတည်းက သိသိသာသာ ကောင်းမွန်လာခဲ့ပြီဖြစ်သည်။သို့သော်ယခင်ကမူ…
ပြောရလျှင်ဇာတ်ကြောင်းရှည်ကြီးတစ်ပုဒ်ဖြစ်လိမ့်မည်။
မွေးဖွားပြီး သိပ်မကြာခင်မှာပင် သူမ၏ ခန္ဓာကိုယ် အားနည်းသွားခဲ့သည်။ သူမအသက်ရှုရခက်နေပြီး မကောင်းဆိုးဝါးဝိဉာဉ်များကို အချိန်ပြည့် ကြောက်လန့်နေခဲ့ရသည်။ လမ်းလျှောက်တတ်စကတည်းက အမြဲလိုလို မေ့လဲကျလေ့ရှိသည်။
သူမခန္ဓာကိုယ်က ရေခဲလှိုဏ်ဂူထဲမှာ ရှိနေသလိုခံစားရတတ်ပြီး ညသန်းခေါင်၌လည်းရုတ်တရက် ချမ်းစိမ့်မှုကို ခံစားရလေ့ရှိသည်။
ယင်စွမ်းအင်၏လွှမ်းမိုးမှုကြောင့် နေ့တိုင်းဆိုသလို အိပ်မက်ဆိုးများ မက်နေတတ်သည်။
ထို့ကြောင့် သူမက အိပ်စက်ရသည်ကို မကြိုက်ချေ။ အချိန်ရတိုင်း နေရောင်အောက်တွင် စာဖတ်နေလေ့ရှိသည်။ အားနည်းခြင်းမှ ကာကွယ်ရန် လေ့ကျင့်ခန်းပင်လုပ်လေ့ရှိသည်။
ပညာများများ သင်ယူပြီး ကြိုးကြိုးစားစား လုပ်ခြင်းက သေရမည်ဆိုသည့် ခံစားချက်ကို မေ့ပျောက်စေလေသည်။
သို့သော် ကျောင်းတော်၌မူကွဲပြားသည်။
ဤနေရာတွင် အမျိုးကောင်းသားနည်းပြီး အမျိုးကောင်းသမီးများ ပိုများသည်။ မွန်းတည့်ချိန်တွင် နေမင်း၏စွမ်းအင်ထက် ယန်စွမ်းအင်ကပိုမိုကောင်းမွန်နေတတ်သည်။ ယမန်နေ့ကတည်းက ကျောင်းတော်၌မကောင်းဆိုးဝါးဝိဉာဉ်ဟူ၍ တစ်ကောင်မှ မမြင်ရသောကြောင့် သူမအတိုင်းထက်လွန်ပျော်နေသည်။
ဤနေရာတွင် ဖုန်းရွှေ အရမ်းကောင်းသည်ဟု သူမ သိခဲ့ပါက၊ အစကတည်းက နန်းမြို့တော်သို့ အရောက်လာခဲ့မည်ဖြစ်သည်။
သူမ၏နောက်ကျော၌ သူမမိသားစုကို အန္တရာယ်ဖြစ်စေနိုင်သည့် မကောင်းဆိုးဝါးစွမ်းအင်များစွာကို ခံစားမိနေသောကြောင့် ဘေးခြံဝင်းထဲမှာ သူမနေထိုင်နိုင်ခဲ့သည်...
သနားစရာပင်!
ရှဲ့ချောင်က ခဏတာပြုံးကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
လောလောဆယ်၌ ရထားလုံးအများအပြား ကျောင်းတော်၏ အပြင်ဘက်တွင် ရပ်တန့်လျက်ရှိနေသည်။
ကျောင်းတော်က ကျောင်းသားတွေအတွက် အခန်းများကို ပြင်ဆင်ထားသည်။ သို့သော် ကျောင်းသူ အများစုက နေ့စဉ် အိမ်ပြန်ကြသောကြောင့် အမျိုးသား ကျောင်းသား ပိုများသည်။
လစဉ်အားလပ်ရက်ငါးရက်ရှိပြီး အမျိုးသမီးများအတွက် တင်းကျပ်မှုနည်းပါးသည်။ ခန္ဓာကိုယ် အားနည်းပြီး နာမကျန်းဖြစ်လျှင် အနားယူရန်နေ့များကို လျှောက်ထားနိုင်သည်။ သို့သော် တတ်နိုင်သမျှ အိမ်စာများကို မှီအောင် လုပ်ရပေလိမ့်မည်။
ကျောင်းတော် တံခါးပေါက်သို့ လှမ်းပြီးနောက် လူတိုင်း လမ်းလျှောက်ရပေမည်။ ဒါတင်မကသေးဘဲ အားလုံးကို သခင်မလေးဟူ၍နှိမ့်ချခြင်းနှင့်အစေခံ ခေါ်လာခြင်း စသည့်အခွင့်ထူးခံ လုပ်ရပ်များကိုတားမြစ်ထားသည်။
ရှဲ့ချောင်က သူမယခင်နေ့က ဝင်ခွင့်စာမေးပွဲဖြေဆိုခဲ့သည့် နေရာကို လျှောက်လာခဲ့သည်။
ဆရာရွှီသည် တစ်နေကုန် စိုးရိမ်နေခဲ့သည်။ ငွေစများစွာဖြင့် မျက်စိအစူးခံရန်အသင့်ဖြစ်နေပြီ ဖြစ်သည်။
ဒါတင်မကသေးဘဲ အပြင်မှာ စောင့်ကြည့်နေသောသူ အများပြားရှိသည်။ ရှဲ့နျိုရှန်းက ငွေစများပို့ခြင်းကို စောင့်ကြည့်ဖို့ သူတို့ရောက်လာသည်။
ကံမကောင်းစွာပဲ ရှဲ့နျိုရှန်းရောက်မလာခဲ့ပါ။
ဆရာကြီးရွှီသည် သူဒီမှာမရှိနေခြင်းက ထူးဆန်းသည်ဟုထင်ခဲ့သည်။
“ဆရာ၊ ဒါက ကျွန်မ လက်ဆောင်ပါ” ပန်းချီကားကို ရှဲ့ချောင်ပေးလိုက်သည် ။
ရွှီမြန်အံ့အားသင့်သွားသည်။ "ပန်းချီကားတစ်ချပ်?"
ငွေစတွေ မပေးလျှင်တောင် ငွေစက္ကူတွေ ပေးမည်ဟု သူထင်ခဲ့သည်။ ပြောရလျှင် ငွေစက္ကူပေးလျှင်တောင် အလွန်ကောင်းသည်။ တောက်ပြောင်မနေဘူးလေ!
"ဟုတ်ပါတယ်" ရှဲ့ချောင်ခေါင်းညိတ်လိုက်သည်။
သူမ၏ ပိန်ပိန်ပါးပါးနှင့် နုနယ်သော ခန္ဓာကိုယ်သည် ယခုအခါ အတော်လေး စိတ်အားထက်သန်နေပုံရသည်။ သူမ၏ မျက်လုံးများသည် တောက်ပနေပြီး သူမ၏ နူးညံ့သော အသံကား သာယာ ငြိမ့်ညောင်းသော်လည်း အားကောင်းစွာစီးဆင်းနေသည့် ရေစီးကြောင်းကဲ့သို့ ဖြစ်နေသည်။
ရွှီမြန် အခုမှစိတ်သက်သာရာရသွားသည်။ အရည်အသွေးပြည့်မီသရွေ့ ဤလက်ဆောင်က သင့်လျော်မည်ဟု သူထင်သည်။
၎င်းတန်ဖိုးက ငွေစ ၅,၀၀၀ ဖြစ်ဖို့ မမျှော်လင့်ထားပေ။ ငွေစ ၂၀၀၀၊၃၀၀၀တန်ကြေးရှိလျှင်တောင် အလုပ်ဖြစ်ပေသည်။
သို့သော် ပန်းချီကားကို ထုတ်ကြည့်လိုက်သောအခါတွင် သူ အံသြသွားသည်။
ဒီပန်းချီဆွဲချက်နဲ့ အထိန်းအကွပ်မဲ့သောလက်ရေးက...
ထိုအချိန်တွင် သူ၏ စိတ်အဟုန်တက်ကြွလာပြီး ပန်းချီကားကို ချက်ချင်းသိမ်းလိုက်သည်။ “အံ့သြစရာပဲ! ကောင်းတယ်၊ ဒါကို စာကြည့်တိုက်မှာ သိမ်းထားလို့ရတယ်”
ကျောင်းတော်ကစုဆောင်းရရှိသည့်ပစ္စည်းများ ၊ ငွေစက္ကူများ၊ငွေစများကို စတိုခန်းထဲတွင် သိမ်းဆည်းထားတတ်ပြီး ကြွေထည်ပစ္စည်းများနှင့် အဖိုးတန်ကျောက်မျက်ရတနာများကို ဘဏ္ဍာတိုက်အတွင်းထိန်းသိမ်းထားကာ စာအုပ်များနှင့် ပန်းချီကားများကို စာကြည့်တိုက်တွင်းသိမ်းဆည်းထားတတ်သည်။စာကြည့်တိုက်၌ တံခါးချပ်အနည်းငယ်ရှိသည်။ တံခါးက အလှမ်းဝေးလေလေ၊ အထဲရှိ ပစ္စည်းများကတန်ဖိုးကြီးလေလေ၊ဖြစ်သည်။
လူအများအပြားသည် ပစ္စည်းများခိုးယူခံရခြင်း မရှိရန် နှင့် မီးဘေးမှကာကွယ်ရန် စာကြည့်တိုက်ကို ကြည့်ရှုစောင့်ရှောက်လျက်ရှိကြသည်။
•••••••••