သစ်ခွခြံဝင်း
Vol. 5 Ch. 72
ရွှီမြန်၏အလွန်စိတ်လှုပ်ရှားနေပုံသည် လူအများအား စူးစမ်းချင်စိတ်ဖြစ်စေခဲ့သည်။
"ဆရာကြီးရွှီ၊ အဲဒါ ဘာလဲ...ကျွန်တော်တို့ကိုလည်းပြပါလား!” လူတစ်ဦးက စောဒကတက်သည်။
စောင့်ကြည့်ဖို့ တစ်ကူးတကလာခဲ့ကြတဲ့သူတွေကိုတောင် ဆရာကြီးရွှီက မပြဘူးလား?!
"မင်းတို့ဘာဖြစ်နေကြတာလဲ ခေါင်းလောင်းသံမြည်နေပြီ အတန်းကို သွားကြတော့... နောက်ကျရင် မင်းတို့ဆရာက အပြစ်ပေးမှာကို မကြောက်ဘူးလား" ရွှီမြန် အော်ဟစ်လိုက်ပြီး သူ့လက်ထဲရှိ ပန်းချီကားကို ပိုမိုတင်းကျပ် စွာဆုပ်ကိုင်ထားလိုက်သည် ။
ဒါက ဆရာကြီး ယွင်ဝေ့ရဲ့ လက်ရာပဲ!
ဆရာကြီး ယွင်ဝေ့သည် အပြင်လောကတွင် ကျော်ကြားသူတစ်ဦးဖြစ်သည်။ စျေးကွက်တွင် သူသည် ပန်းချီကားများစွာရောင်းချခြင်းမရှိသော်လည်း ပန်းချီကားတစ်ချပ်ချင်းစီက အဖိုးတန်လှသည်။ ယခုတွင်တော့ ကျောင်းတော်ကြီးတွင် အရက်သောက်တတ်သည့်တာအိုဆရာသခင်ကြီးတစ်ဦး ပန်းချီကားတစ်ချပ်ကို စုဆောင်းထားနိုင်ခဲ့ပြီဖြစ်သည်။ ၎င်းဟာ သေးငယ်သော ပန်းချီကားတစ်ချပ်ဖြစ်သော်လည်း ထူးခြားပြီးစိတ်ကူးယဉ်ဆန်သော ပန်းချီကားတစ်ချပ်ဖြစ်သည်။
ပန်းချီကားထဲက တာအိုဆရာသခင်သည် သာမန်လူနဲ့ ဘာမှခြားနားမှုမရှိပေ။ အရက်သောက်သုံးခဲ့သူပင်ဖြစ်နေသည်။ သို့သော် သေချာကြည့်လိုက်လျှင်၊ ကမ္ဘာပေါ်ရှိအရာအားလုံးကို မြင်တွေ့နေရသည့် တာအိုဆရားသခင်ကြီး၏ ဝမ်းနည်းကြေကွဲမှုကို သတိပြုမိကြမည်ဖြစ်သည်။
တာအိုဆရာကြီး၏ ကိုယ်ပိုင်ဟန်ရှိမှုနှင့် ပေါ့ပါးမှုတို့ကို ပန်းချီကားပေါ်တွင် ပြောင်မြောက်စွာပြသထားသည်။
ဆရာကြီး ယွင်ဝေ့၏ လက်ရေးသည် ပျံဝဲနေသောဖီးနစ်နှင့် နဂါးတစ်ကောင်သကဲ့သို့ ဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် လေပြင်းမုန်တိုင်းနှင့် မိုးခြိမ်းသံကြီးသကဲ့သို့ပင်။ အလွန်မင်း အရိုင်းဆန်မှုဟန်ပန်များ ပါ၀င်နေသည် ။
နှစ်ဆယ်ချီကြာပြီး ပန်းချီမဆွဲတော့ဘဲ သူဘယ်လိုနေမလဲ။ထိုကဲ့သို့ ဆရာကြီးတစ်ပါးက သိပ်မကြာမှီအချိန်၌ လောကမှစွန့်ခွာရပေတော့မည်။ မည်သူမဆို နောင်နှစ်များစွာတွင် အဖိုးတန်အရာတစ်ခုဖြစ်လာမည့် ပန်းချီကားများစွာကို မိမိတို့တတ်နိုင်သလောက် စုဆောင်းထားချင်ကြပေလိမ့်မည်။
"ဆရာ၊ ကျွန်မအဘယ်အတန်းမှာတက်ရမလဲရှင့်" ရှဲ့ချောင်က မေးလိုက်သည်။
ရွှီမြန် ဝမ်းသာလွန်းနေသဖြင့် မေ့လုနီးပါးဖြစ်သွားသည်။ ရှဲ့ချောင်သတိပေးပြီးမှသာ ချက်ချင်းပြောလိုက်သည်။ " နှင်းလုံးနှင်းဆီခြံဝင်းက ရိအတန်းမှာ တက်ရမယ်... ငယ်ငယ်ကတည်း က တာအိုဘုရားကျောင်းမှာ ကြီးပြင်းလာတယ်လို့ ကြားတယ်... မင်းရဲ့ အခြေခံက လိုက်မမှီနေမှာကို ငါစိုးရိမ်တယ် ဒါကြောင့် ဒီအတန်းက မင်းနဲ့ ပိုသင့်တော်လိမ့်မယ်"
ရှဲ့ချောင်၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားသည်။ ဤ နှင်းလုံးနှင်းဆီ ခြံဝင်းမှာမည်ကဲ့သို့ပုံစံဖြစ်နေသည်ကို သူမမသိသောကြောင့် ခေါင်းညိတ်ရုံသာ တုံ့ပြန်နိုင်ခဲ့သည်။
ထို့နောက် ဆရာကြီးရွှီက ကျောင်းသားသစ်များကို ၎င်း၏အတန်းသို့ ခေါ်ဆောင်လာခဲ့သည်။
ရှဲ့ချောင်အတန်းထဲရောက်သည်နှင့် အံ့သြသွားသည်။
အတန်းတစ်တန်းလုံးက…
သူမ ဘာပြောရမလဲ။ အားလုံး… ဆယ်နှစ်သမီးလေးတွေ... ၁၅နှစ်ဟူ၍ တစ်ယောက်တစ်လေပင် မပါပေ။
မိတ်ဆွေရှာရန် ဉီးစားပေးမထားခဲ့သော်လည်း ကလေးများနှင့် ပတ်ပတ်လည်ဝိုင်းရံနေသည် မဟုတ်လား?သူမသည် အာရုံစူးစိုက်မှုကို ရှာဖွေသူမဟုတ်ပေ။
"ဆရာ၊ ကျွန်မ နဲ့ အသက်အရွယ်တူတဲ့ လူတွေရှိတဲ့အတန်းထဲမှာပဲ နေလို့ရမလား" ရှဲ့ချောင်က မေးသည်။
"ရပါတယ်.. မင်းနဲ့သက်တူရွယ်တူ အများစုက ဒီမှာစာသင်နေတာ ကြာပြီလေ...သူတို့က အခြေခံကောင်းတယ် နောက်ပြီး ကျောင်းရဲ့လိုအပ်ချက်က မြင့်တယ်လေ...ဒီအတန်းကတော့ မတူဘူး... လိုအပ်ချက် ပိုနည်းတယ်” ရွှီမြန်မှာ အဖိုးတန်အရာတစ်ခုကို ရရှိထားသောကြောင့် အထူးစိတ်ရှည်နေသည်။ သူ့အသံကလည်း နူးညံ့သိမ်မွေ့နေသည်။
"ကျွန်မအဆင်ပြေမှာပါ" ရှဲ့ချောင်က ပြောသည် ။
“ကောင်းပြီ၊ ဒါဆိုမင်းကို အဲဒီကိုလိုက်ပို့ပေးမယ်..စာလိုက်မမှီရင် မင်းပြန်လာနိုင်တယ်" ရွှီမျန်အား ယခုအချိန်တွင် စကားပြောရန် အလွန်လွယ်ကူနေသည်။
စကားပြောပြီးနောက်မှသာ ရှဲ့ချောင်အား သစ်ခွခြံဝန်းသို့ ပို့လိုက်မည်ဖြစ်သည်။
လမ်းတစ်လျှောက်တွင် အခြားအမျိုးသမီးငယ်များ စကားစမြည်ပြောနေကြသည်ကို သူမ နားထောင်လာခဲ့သည်။ထို့အတွက် အတန်းပုံစံစနစ်အား သူမနားလည်လာခဲ့သည်။
ချန်၊ခွင်၊ရိ၊ယွဲ့ (၁)၊(၂)၊(၃)၊(၄) စသည့်အတန်းတို့ရှိသည်။အတန်းနေရာချထားရေးသည် ၎င်းတို့မှာ မည်သူဖြစ်ကြောင်းနှင့် သက်ဆိုင်သည်။
ဥပမာအားဖြင့်၊ သူမသည် အဆင့်လေး
အရာရှိ၏အကြီးဆုံးသမီးဖြစ်သောကြောင့် သူမကို ရိအတန်းတွင်းသို့ထည့်သွင်းပေးခဲ့သည်။
၎င်းနောက်တွင် အဆင့်ငယ်ငါးခု ရှိသေးသည်။
ပန်းများဖြင့် အဆင့်သတ်မှတ်ကြသည်။
ပထမတစ်ခုက ပျိုနီပန်းခြံဝင်း၊ ဒုတိယ သစ်ခွခြံဝင်း၊တတိယ ခရေခြံဝင်း၊ စတုတ္ထမြောက် နှင်းလုံးနှင်းဆီခြံဝင်းနဲ့ ပဉ္စမကတော့ ကြွေပန်းခြံဝင်း ဖြစ်သည်။
ရွှီမြန်က သူမကို အဆင့်မြင့်သော အတန်းသို့ ပို့ရန် သဘောတူခဲ့သော်လည်း သစ်ခွခြံဝင်းသို့သာ စေလွှတ်ခဲ့သည်။ အကြောင်းရင်းမှာ ပျိုနီပန်းခြံဝင်း အတန်းသို့ဝင်လိုလျှင် အရည်ချင်းစစ်စာမေးပွဲ ဖြေကြရသည်။အတန်းထဲရှိ မိန်းကလေးတိုင်းမှာ အရည်ချင်းရှိ၊လှပသော မိန်းမပျိုများဖြစ်ကြသည်။သို့အတွက် ကျောင်းသားဦးရေလည်း နည်းသည်။
ဖြတ်လမ်းကနေ မည်သူမျှဝင်မရပေ။
နှင်းလုံးနှင်းဆီ ခြံဝင်းအတွင်းတွင် နှင်းဘောလုံးပင်တစ်ပင်သာရှိသည်။၎င်းနှင့် ပတ်သက်ပြီး ဘာမျှထူးခြားခြင်းမရှိပေ။
သို့ရာတွင် သစ်ခွခြံ၌မူကွဲပြားသည်။
ခြံဝန်းတစ်ခုလုံး သစ်ခွမျိုးစိတ်များစွာ စိုက်ပျိုးထားသည်။ မွှေးရနံ့က သင်းပျံ့နေကာ ထူးထူးခြားခြား ဖြစ်နေသည်။
ရှဲ့ချောင်သည် အနည်းငယ် လှည့်ပတ်ကြည့်ပြီးနောက် အတန်းတွင်းဝင်ရောက်လာခဲ့ကာ မထင်မရှားနေရာ၌ ထိုင်စရာရှိသည်ကို သူမတွေ့လိုက်ရသည်။
သူမ မထင်မရှားနေရာ၌ ထိုင်နေသော်ငြား အာရုံစူးစိုက်မှုတစ်ချို့ကိုမူ ဆွဲဆောင်နိုင်ခဲ့သည်။
၎င်းက သစ်ခွခြံဝင်းဖြစ်နေသောကြောင့်ဖြစ်မည်။ပြောရလျှင် ဤနေရာသို့ ကျောင်းသားအသစ်များ ပို့လေ့မရှိပေ။
•••••••••