← Chapters

အတင်းအဖျင်း

Vol. 5 Ch. 73

အတင်းအဖျင်း

Vol. 5 Ch. 73

လူများက ရှဲ့ချောင်အကြောင်းကို အလွန်သိချင်နေကြသည်။ ခေါင်းကို ရံဖန်ရံခါ လှည့်ကြည့်တတ်ကြသည်။

သူမ၏ အကြောင်းကို တော်တော်များများ မသိခဲ့ကြပေ။ သို့သော် တဆင့်စကားတဆင့်နားဖြင့် ပြန့်နှံ့ကာသိရှိသွားကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှဲ့ချောင်ဘေးမှ ထိုင်ခုံများ လွတ်လာခဲ့သည်။

" အဲဒီမိန်းကလေးက ဓားပြမိသားစုက မဟုတ်လား... ဆရာကြီးရွှီက  ငါတို့သစ်ခွခြံဝင်းကို ဘာလို့ ပို့တာလဲ"

တစ်စုံတစ်ယောက်က တိုးတိုးတိတ်တိတ်ပြောလိုက်သည်။

“သူမညီမက ကြွေပန်းခြံဝန်းမှာ မဟုတ်လား... သူမက ဓားပြမိသားစုကလာတာ..ငါတို့ကိုအမှီလိုက်နိုင်ပါ့မလား "

“ကျွန်မ သူမကို စောစောက လှမ်းကြည့်လိုက်မိတယ်... သူမအစ်ကိုကို လာရိုက်ခိုင်းတော့မလားမသိဘူး”

လူတိုင်း ထိတ်လန့်သွားသည်။

ရှဲ့ချောင်က ထိုအရာအားလုံးကို မကြားခဲ့ပေ။ သူမယူလာသည့်စာအုပ်ကိုသာ ဖတ်နေခဲ့သည်။

ဤသည်က သစ်ခွခြံဝင်းဖြစ်သည်။ ဤနေရာ၌ သူတို့သင်ယူနေသောအရာများသည် နှင်းလုံးနှင်းဆီခြံဝန်းနှင့် ကွဲပြားသည်။ နှင်းလုံးနှင်းဆီခြံဝန်းတွင် ပထမဦးဆုံးအညွှန်းကိုဖတ်နေဆဲဖြစ်ပြီး၊ ဤနေရာတွင်တော့ ... အယူဝါဒသုတေသနအကြောင်း အကြောင်းပြောနေကြပြီဖြစ်သည်။

စာအုပ်လေးအုပ်နှင့် ဂန္တဝင်ငါးပါး၊ အမျိုးမျိုးသော ဆွေးနွေးမှုများ၊ ဉာဏ်ပညာ စုစည်းမှု၊ လောကီအရေးပါသူများနှင့် သမိုင်းအကြောင်းတို့ကို လေ့လာရန် မဖြစ်မနေ လိုအပ်သည်။

အတန်းတစ်ခုစီတွင် ဆရာတစ်ဦး စီစဉ်ပေးထားပြီး တစ်ရက်လျှင်အနည်းဆုံး စာသင်ချိန်လေးနာရီ ရှိမည်။

ဥပမာ၊ ရှဲ့ချောင်တက်ရောက်နေသော ပထမဉီးဆုံးအတန်းက “ဆရာမယွမ်၏လူမှုဘဝအတွက် ၏စည်းမျဉ်းများ”သင်ကြားနေခြင်းဖြစ်သည်။ အဓိကအားဖြင့် လူများနှင့်ဆက်ဆံရာတွင် တစ်ဦးနှင့်တစ်ဦး ဆက်ဆံပုံနှင့် မိသားစုကို မည်ကဲ့သို့ စီမံဆောင်ရွက်ရမည်ကို အဓိကထား ပြောဆိုထားသည်။ ဤအတန်းကား အမျိုးသမီးများအတွက် ရည်ညွှန်းထားကြောင်းထင်ရှားပါသည်။

စာပေအတွက် မရှိမဖြစ် အတန်းဖြစ်သည်။ မဖြစ်မနေသင်ယူရမည့် ကိုယ်ခံပညာအတန်းတစ်ခုဖြစ်သည့် မြင်းစီးကာ လေးပစ်ခြင်းနှင့် အိုးပစ်ခြင်း အတန်းတို့လည်းရှိသည်။

ကျန်အတန်းများမှာ လက်ဖက်ရည်ပွဲ၊ ပန်းခင်းခြင်း၊ အနုပညာလေးရပ်၊ ဂီတသီအိုရီ၊ သင်္ချာ၊ ချယ်လှယ်ခြင်းနှင့် ဟင်းချက်ခြင်းစသည့် ဘာသာရပ်များဖြစ်သည်။ ပိုပြင်းထန်သော ကာယအတန်းမှာ ဥပစ်ပွဲ[၁]ဖြစ်လိမ့်မည်။ ပင်ပန်းသည့်လှုပ်ရှားမှုများရှိသည့်အရာမှာ... ဘောလုံးကစားပွဲဖြစ်သည်။

ဆရာကြီးရွှီက ဤအရာအားလုံးကိုလမ်းတစ်လျှောက်လုံး ပြောပြပေးခဲ့ခြင်းဖြစ်သည်။သူမကို စာအုပ်ငယ်တစ်အုပ်လည်း ပေးလိုက်သည်။

အတန်းတစ်ခုစီ၏ အချိန်ဇယားနှင့် ဆရာများ၏ အမည်များကို စာအုပ်ငယ်တွင် ရေးထားခြင်းဖြစ်သည်။

ရှဲ့ချောင်ကား သူမသင်ယူရမည့်အရာများကိုလေ့လာရင်း ရင်ခုန်နေခဲ့သည်။

တစ်အောင့်ကြာသည့်အခါ ခေါင်းလောင်းသံမြည်လာပြီး ဆရာကြီးဝင်လာသည်။

အတန်းပိုင်ဆရာတွင် လုဟူသော မိသားစုအမည်ရှိသည်။ သူသည် မိသားစုကြီးတစ်ခုမှ ဆင်းသက်လာကာ ကျောင်းသားများစွာကို ပညာသင်ကြားပို့ချပေးနေလျက်ရှိသည်။ သစ်ခွခြံဝင်း မှာရှိသောကျောင်းသားများ၏တာဝန်ခံအဖြစ် သတ်မှတ်ထားခြင်းခံရသည်။

အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး ခန့်မှန်းခြေအားဖြင့် အသက်၆၀ ဝန်းကျင်ရှိပြီဖြစ်သည်။ ခန့်ငြားထည်ဝါပြီး မုတ်ဆိတ်ရှည်ကြီးးနှင့် အမတအရှင်သခင်တစ်ယောက်သယောင်ပင် ဖြစ်နေသည်။

ဆရာကြီးလု ဝင်လာပြီးနောက် အတန်းထဲကို အကဲခတ်ကြည့်ရင်း ပြောသည် "မင်းတို့ ဘာလို့ အတူတူပြွတ်သိပ်ပြီးထိုင်နေကြတာလဲ ...ထိုင်ခုံတွေဆီ ပြန်သွား”

သို့သော် ကျောင်းသားများက တိတ်ဆိတ်လျက်ရှိသည်။ခေါင်းကို မြှုပ်ပြီး စကားမပြောရဲကြပေ။

ခဏအကြာတွင် အမျိုးသမီးတစ်ဦး မတ်တပ်ထရပ်ပြီး “ဆရာကြီး… သခင်ရှဲ့က ဓားပြဖြစ်ဖူးတယ်…”

'ဒါကြောင့် သူနဲ့နီးနီးလေးထိုင်မယ့်အစား ကျွန်မတို့ချင်းပဲ အတူတူ ညှစ်ထိုင်ချင်လို့ပါ'

ဆရာကြီး လုက ထိုနေရာ၌ ထိုင်ပြီး “လူကြီးလူကောင်းများ၏ လေးပါးသော အကျင့်သီလ၊ တာဝန်ကို ရိုသေခြင်း ၊ ပြုစုပျိုးထောင်ခြင်း၏ ကရုဏာ၊ ဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်ခြင်း။ အဲ့ဒါဘာကိုဆိုလိုတာလဲ?"

ထိုအမျိုးသမီးလည်းထိတ်လန့်သွားကာ “ရိုသေလေးမြတ်သော အပြုမူ၊ ဆရာကို ရိုသေခြင်း၊ လူတို့ကို ကြင်နာ၍ လူတို့နှင့် ဖြောင့်မတ်စွာ ဆောင်ရွက်နေထိုင်ခြင်းပါ” ဟု တုန်တုန်ယင်ယင် ပြောလိုက်သည်။ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော သူသည် အမျိုးကောင်းသား ဖြစ်၏။

"မှန်တယ်။ သခင်ရှဲ့ ဟာ အရင်တုန်းက မှားခဲ့ဖူးပေမယ့် အခုချိန်မှာပြောင်းလဲသွားပြီ။ တိုင်းပြည် အကျပ်အတည်း ကြုံလာတဲ့အခါ ရပ်တည်ပေးခဲ့ပြီး ဖြောင့်မတ်တဲ့သူပါ။ အခုဆို လုံ့လဝီရိယရှိစွာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတစ်ဦးလည်းဖြစ်တယ်။ အကျင့်မပျက်ဘဲ ဧကရာဇ်မင်းမြတ်က လွှဲအပ်သမျှတာဝန်အားလုံးကို အံ့သြဖွယ်ကောင်းအောင် လုပ်ဆောင်တယ်။ လူတွေကို အနိုင်ကျင့်ခြင်းမရှိဘူး.. ဒါကြောင့် သူက လူကြီးလူကောင်းနဲ့ တူတဲ့ အရာရှိကောင်းတစ်ယောက်ဆိုတာ သက်သေပြနေတယ်.. ဒါဆို သူအရင်က ဓားပြဖြစ်ဖူးရင်ရော ဘာဖြစ်တော့မှာလဲ။”

ဆရာကြီးလုကဆက်ပြောသည်။ “မင်းရဲ့ အတွေးအမြင်တွေနဲ့ တစ်ယောက်တည်း အေးဆေးထိုင်နေ၊ လူတွေအကြောင်း အတင်းအဖျင်း မပြောပါနဲ့။ ကျန်တဲ့လူတွေအားလုံး ကိုယ့်ထိုင်ခုံတွေဆီ ပြန်သွားလို့ပြောနေတာ မကြားဘူးလား!”

ပြောပြီးသည်နှင့် တပြိုင်နက် ထိုင်ခုံပြောင်းသွားသော သူများသည် မူလထိုင်ခုံများသို့ ဂရုတစိုက်ရိုးကျိုးစွာ ပြန်သွားကြသည်။

ဤဆရာကြီးက အလွန်ခွင့်လွှတ်တတ်ကြောင်း မြင်လိုက်ရ၍ ရှဲ့ချောင်အံ့အားသင့်သွားသည်။

သူမအဖေ အရာရှိဖြစ်လာသည်မှာ ငါးနှစ် ခြောက်နှစ်ရှိနေပြီဖြစ်သည်။ တော်တော်များများက ၎င်းကို အကဲဖြတ်နေကြတုန်းမို့ သူ့အသက်မွေးဝမ်းကြောင်း၌အတားအဆီးတွေနှင့် ကြုံနေရတုန်းပင်ဖြစ်သည်။

သူမအဖေကို ချီးကျူးသော စကားကြားရသည်မှာ ဤသည်ကပထမဆုံးအကြိမ်ဖြစ်သည်။

[၁] ချွိဝမ် သို့မဟုတ် တရုတ်ဂေါက်သီး။

••••••••••

All Chapters