← Chapters

ပြဿနာရှာသူ

Vol. 5 Ch. 74

ပြဿနာရှာသူ

Vol. 5 Ch. 74

ရှဲ့ချောင်ကားဆရာကြီးလုကို ပို၍ လေးစားသွားသောကြောင့် အတန်းထဲတွင်အာရုံစိုက်နေမိသည်။

သူမသည် တာအိုဘုရားကျောင်း၌ စာအုပ်မျိုးစုံကို ဖတ်ခဲ့ဖူးသော်လည်း ထိုကဲ့သို့သော စာအုပ်မျိုး တစ်ခါမှ မဖတ်ဖူးပေ။

ဆရာကြီး လုကား အနည်းငယ်ခက်ထန်သော်လည်း ရှဲ့ချောင်ကအတန်းထဲတွင် အာရုံစိုက်နေနိုင်ခဲ့သည်။

သို့အတွက်ဆရာကြီးလုလည်း သူမကို တိတ်တဆိတ် စောင့်ကြည့်နေကြောင်း မသိဖြစ်နေခဲ့သည် ။

'ပြဿနာရှာသူဆိုတာကဘာလဲ..'

အတန်းမစခင်ကတည်းက ဤသို့ဖြစ်လာနိုင်ကြောင်း ခံစားမိပြီးသားဖြစ်သည်။ ရှဲ့နျိုရှန်း၏ ကိုယ်ရေးအကျဉ်းက အနည်းငယ်ထိရှိလွယ်သည်မဟုတ်လား။

ကျောင်းတော်တွင် ရှဲ့မိသားစုမှအခြားကလေးနှစ်ဦးကို သပိတ်မှောက်ခဲ့ကြသည်။ ယခုလည်း သူ့အတန်းထဲ၌ တစ်ယောက်ရှိနေပြီဖြစ်သည်။ သူမကား ကြမ်းတမ်းသူဖြစ်နေပါက ငြင်းခုံမှုများကို ရှောင်ရှားရန် ခက်ခဲလိမ့်မည် ။

သူသည်လည်းပဲ  ဇယာကတံခါးခေါက်နေပြီဖြစ်သောကြောင့် ကြောက်စရာကောင်းလောက်မည့် ရှဲ့နျိုရှန်း ၏သမီးအား ပညာသင်ကြားရခက်မည်ကို စိုးရိမ်နေသည်။ သူ့ကို ပုန်ကန်ရင် ဘယ်လိုလုပ်မလဲ။

သို့သော်အတန်းထဲတွင် သူမကိုစောင့်ကြည့်ပြီးနောက် ဆရာကြီး လုမှာအပျော်ကြီးပျော်နေခဲ့သည်။

သူမက စာမတတ်သော်လည်း အာရုံစူးစိုက်မှုတစ်ခုတည်းဖြင့် အဆုံးအဖြတ်ပေးရလျှင်၊ လိမ်မာရေးခြား ရှိသူတစ်ယောက်ဖြစ်သည်မှာ သေချာသည်။

ဆရာကြီးလု၏ အတန်းသည် တစ်မနက်လုံး ကြာမြင့်သည်။

အတန်းထဲရှိ အမျိုးသမီးအားလုံးနီးပါး အိပ်ငိုက်နေကြပြီ။

ဤသည်က ရှဲ့ချောင်၏ မျက်ဝန်းများကို ပိုတောက်ပစေသည်။

"သူနားလည်လောက်မယ်ထင်လို့လား ဆရာကြီး လုကို သေချာပေါက်မျက်နှာချိုသွေးနေတာပါဟာ” ဟု ရှဲ့ချောင်ဘေးရှိ အမျိုးသမီး နှစ်ဉီးက တိုးတိုးလေး ပြောလိုက်သည်။

"သူ့မှာ ရှဲ့ဖင်းကန်းနဲ့တူတဲ့အမေရှိတယ်လို့ ကြားတယ်။ ဟူး...စိတ်ပျက်စရာ... အစ်မသုန့်အကြောင်းတွေးလိုက်တိုင်း ရှဲ့မိသားစုက လူတွေ ကိုဝေဖန်ချင်လွန်းလို့သေတော့မယ်!" အခြားအမျိုးသမီးက ဆိုသည်။

ရှဲ့ချောင်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။

အစ်မသုန့်?

သူမ..ဖြစ်နိုင်မလား…

သူမအစ်ကိုကြီးက ချစ်ရေးဆိုပြီး လိုက်စောင့်ကြည်ခဲ့တယ်တဲ့လား။

မဖြစ်နိုင်? သူမ၏အစ်ကိုအကြီးဆုံးသည် အချစ်ကိုမဖော်ပြတတ်သည့် အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် ထိုနေရာ၌ ရင့်ကျက်မှု မရှိသေးဘဲ၊ ယခုချိန်ထိတစ်ကိုယ်တည်း ဖြစ်နေဆဲပင်။ မိန်းမတစ်ယောက်ကို ချစ်ရေးဆိုရန်မှာ ဘယ်လိုဖြစ်နိုင်မလဲ၊ ဝေးလေစွ။

ထိုနောက့် ထိုမိန်းမများ ခေါင်းစဉ်ပြောင်းသွားသည်။ “အိမ်ရှေ့စံမင်းသား နန်းမြို့တော်ကို ပြန်လာတယ်လို့ ကြားတယ်။ သူဒီမှာရှိနေရင် စတုတ္ထမြောက်မင်းသား ဒုက္ခရောက်မှာ သေချာတယ်။"

“အရှင့်သားက အရာရာမှာတော်ပေမယ့်လည်း ခေါင်းမာလွန်းတယ်။ ဧကရာဇ်မင်းဆိုတာ မသန်စွမ်းသူမဖြစ်ရဘူးလေ..ကျွန်မသာ သူ့နေရာမှာဆိုရင် အစကတည်းက နှုတ်ထွက်ပြီးနေလောက်ပြီ...သူရထားသမျှ အရာရှိတွေရဲ့ ထောက်ပံ့ပေးမှုကို ဖြုန်းတီးနေသလိုပဲ”

“တိုးတိုးပြောပါဟာ” တစ်ဖက်လူက သူမကို ချက်ချင်းသတိပေးလိုက်သည်။

ဤသို့ ရာထူးကနေ နုတ်ထွက်ဖို့ မည်သူက ဆန္ဒရှိမှာလဲ။

ဟိုးအစကတည်းက၊ မသန်စွမ်းဖြစ်နေတဲ့မင်းသားက ဇာတ်သိမ်းကောင်းခဲ့ဖူးလို့လဲ။

ရှဲ့ချောင်သည် အတင်းအဖျင်းစကားဝိုင်းကို ထပ်ပြီး နားထောင်နေရရှာသည်။

အိမ်ရှေ့စံမင်းသား?မသန်စွမ်းတဲ့လား?

သူမက နန်းမြို့တော် ကို ယခုမှ ရောက်ဖူးသည်ဖြစ်သောကြောင့် အရာရှိများအကြောင်း သိပ်မသိပေ။ သို့သော်... သူမ မြို့တော်လာချိန် အစောပိုင်းက ထိမိခဲ့သော သခင်ငယ်၏ လက်မှာတော့ တစ်ခုခု လွဲမှားနေပုံရသည်။

ဖြစ်နိုင်ပါ့မလား…

ရှဲ့ချောင်သည် သူမကို နိုးကြားစေသော အရာများကို စဉ်းစားနေခဲ့သည်။

ဆရာကြီးလု ပြောသည့် အကြောင်းအရာအတော်များများ သူမ သိပြီးသားဖြစ်သည်... တကယ်တော့ မနက်ပိုင်း အတန်းက သူမအတွက် အတော်လေးခဲယဥ်းသည် ။

အဓိက..အတန်းပြီးဆုံးပြီးနောက် ရှဲ့ချောင်သည် စောစောပြန်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

မြင်းစီးကာလေးပစ်ရမည့်အတန်းကို မဖြစ်မနေတက်ရောက်ရသော်လည်း နေ့စဉ်အစား တစ်လမှာ အကြိမ်အနည်းငယ်သာ ပြုလုပ်ရသောကြောင့်...... သူမ ထွက်သွားနိုင်ခဲ့သည်။

အိမ်ကိုလွမ်းသည်တော့ မဟုတ်။ သူမ၏ဘဝလုံခြုံမှုအတွက် လုပ်ငန်းစီစဉ်ရန် ဆိုင်တစ်ဆိုင်ကိုတော့ ရှာဖွေချင်ခဲ့သည်။

“အတန်းတက်တာ နေ့တစ်ပိုင်းပဲရှိသေးတယ်...သူက ပြန်ချင်နေပြီ။ မျှော်လင့်ထားတဲ့အတိုင်းပဲ  သူမကဒီမှာ အချိန်လာဖြုန်းနေတာ...သူမမောင်နှမတွေထက်တောင် ပိုဆိုးတယ်!”

တစ်စုံတစ်ယောက်သည် စိတ်တိုနေပုံဖြင့်ကြည့်ကာ ပြောလိုက်သော်လည်း ရှဲ့ချောင်ဒီအတိုင်းသာထွက်သွားလေသည်။

"ပြီးပြီလား နင်သူ့ကိုသွားရန်စလိုက်လို့ ရှဲ့ဖင်းကန်းက နင့်ကို လာရှာရင် ဘယ်လိုလုပ်မလဲ"

"သူ့ကိုကြောက်တယ်လို့ ဘယ်သူပြောလဲ! သူကအဆင့်နိမ့်အရာရှိတစ်ယောက်ပဲလေ..ဒါကိုတောင်မသိဘူး...ထပ်ပြီး နှောင့်ယှက်လို့ကတော့  သူ့ကိုဖမ်းဖို့ ငါ တစ်ခုခုလုပ်ရမှာပေါ့ !”

သူမကပြောနေပေမယ့် ရှဲ့နျိုရှန်းက တရားဝင်အရာရှိတစ်ယောက်ဖြစ်သည်။

နောက်ပြီး…

ရှဲ့မိသားစုတွင် ယခုအချိန်အထိ ပူပင်ကြောင့်ကြကင်းသောဘဝဖြင့်နေထိုင်လာရသည့် အခြားအကြောင်းရင်းတစ်ခု ရှိသေးသည်။

•••••••

All Chapters