မင်းတို့ဘာလုပ်နေကြတာလဲ?
Vol. 5 Ch. 75
ခေတ်ကောင်းစဉ်အခါက၊ အာဏာရှိပညာရှင်အကြံပေးတစ်ဦးသည် တောင်ပေါ်တွင် ရှဲ့ မိသားစုနှင့်အတူနေထိုင်ခဲ့ဖူးသည်။
ထိုပညာရှင်အကြံပေး မြှောက်စားခံရပြီးကတည်းကစ၍ ရာထူးတိုးခြင်းခံခဲ့ရသည်။
ဧကရာဇ်မင်းမြတ်က သူ့ကို တော်ဝင်ပညာရှင်
အဖြစ် ခန့်အပ်ခဲ့ပြီး ဒုတိယအဆင့် အရာရှိဖြစ်တဲ့ ခရမ်းရွှေရောင်ကွမ်လုသမားတော်ဘွဲ့ ခန့်အပ်ခြင်းခံခဲ့ရလေသည်။ တစ်ဖက်မှာတော့ သူကဖုန်းရွှေကြည့်တာကို အဓိကထား လုပ်ဆောင်ပေးပြီး အခြားတစ်ဖက်တွင်တော့ သူကဧကရာဇ်ဘုရင်မင်းမြတ်နှင့် နီးစပ်သောအရာရှိတစ်ဦးဖြစ်လာသည်။ ဘုရင်မင်းမြတ်သည် သူ့အားသဘောကျသည့်အတွက် တော်ဝင်နန်းတွင်းမှ တခြားသောအရာရှိများကလည်းသူ့အား လေးစားကြရပေသည်။
တစ်ချိန်တည်းမှာပင် ထိုတော်ဝင်ပညာရှင်သည်… ရှဲ့ဖင်းကန်းနှင့် ရင်းနှီးသောဆက်ဆံရေးရှိလေသည်။
ရှဲ့ချောင်သည်တော့ အခြားသူများ၏အတွေးများအား မည်သို့သိနိုင်မည်နည်း။
သူမသည် ရှဲ့မိသားစုမှ ပေးသော ငွေစက္ကူ ၅၀၀၀မှာ နေရာကောင်းတွင် ဆိုင်တစ်ဆိုင်ဝယ်ရန် လုံလောက်မှုရှိမရှိ တွေးတောနေခဲ့သည်။
တစ်ချိန်တည်းမှာပင် နန်းမြို့တော်မှလူအချို့မှာ သူမအား ရှာဖွေနေကြသည်။
"အစ်ကိုချင်း၊ အလျင်စလိုမလုပ်ပါနဲ့။ ဘာပဲဖြစ်ဖြစ် မင်းကိုကယ်တင်ဖို့ အမတအရှင်ရှဲ့ကို ဒူးထောက်ပြီး တောင်းပန်ရမယ်ဆိုရင်တောင် သေချာပေါက်လုပ်ပေးမှာပါ!" နန်းတွင်းသက်တော်စောင့်ကျို့ သည် သူ့သူငယ်ချင်းကောင်းကို ကြည့်ရင်း စိတ်မကောင်းကြီးစွာဖြစ်လျက်ရှိသည်။
ချင်းကျီကား ယခုအချိန်တွင် အိပ်ယာထက်တွင် လဲလျောင်းနေ၏။
သူသည် အားနည်းကာ ကြည့်ရဆိုးနေသည်။
ရေထဲတွင် နစ်မြုပ်နေသလိုပင်။အသက်ရှူရခက်ပြီး ခံစားရဆိုးနေသည်။
ချင်းကျီလည်း သူ့ကိုယ်သူ တိတ်တဆိတ် သနားမိသွားသည်။
ကံမကောင်းပုံများ။
အမတအရှင် ရှဲ့၏ဆရာကိုရှာတွေ့ပြီးနောက် သူ၏ကံဆိုးမှုများကွယ်ပျောက်သွားလိမ့်မည်ဟု ထင်နေခဲ့သော်လည်း မော့လင်းကျစ်ကိုတွေ့ရသည့်အခါ၊သူသည် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးသေခြင်းတရားကို စောင့်ဆိုင်းရန်သာပြောကြားခဲ့သည်။
မော့လင်းကျစ်သည် သူ၏အခက်ခဲမှာ ပြင်းထန်သည်ဟု ပြောခဲ့ပြီး သူလုပ်နိုင်တာ ဘာမျှမရှိကြောင်းလည်းပြောပြခဲ့သည်!
သူ့တပည့်ကိုင်တွယ်နိုင်သည့်အရာတစ်ခုအတွက် မော့လင်းကျင့်အကူအညီမဲ့နေခဲ့သည်။
ယခုအချိန်အထိ အသက်ရှင်နေထိုင်နိုင်စေရန်အတွက် အဆောင်လက်ဖွဲ့ နှင့်တရားဓမ္မပစ္စည်းများအား သူ၏အဖိုးတန်ပစ္စည်းအချို့နှင့် အလဲအထပ်လုပ်ကာယူဆောင်လာခဲ့ရသည်။
"အမတအရှင်ရှဲ့က အရာရှိတစ်ယောက်ရဲ့သမီးဆိုတာ မင်းမကြားလိုက်ဘူးလား။ သူမက ငါ့ကိုဘယ်လိုလုပ်ကူညီမှာလဲ ငါသူမကို ဆက်ဆံခဲ့တဲ့ပုံက…” ချင်းကျီက ၎င်းကိုပြောပြီးနောက် နောင်တမျက်ရည်ကျနေခဲ့သည်။
ဤသို့ဖြစ်သွားမည်ဆိုတာ သူသိခဲ့လျှင်၊ အမတအရှင်ရှဲ့ကို အနိုင်ကျင့်ခဲ့မိမှာ မဟုတ်တာသေချာသည်!
“သခင်လေးက ငွေစက္ကူတချို့ ပြင်ထားသင့်တယ် ပြောတယ်... အလုပ်ဖြစ်နိုင်လောက်မယ်ထင်တာပဲ.. ဒါပေမယ့် ဒီနေ့ကံမကောင်းဘူး မိန်းကလေးရှဲ့ က ကျောင်းသွားတက်နေတယ် ကြားတယ်...အဲဒီမှာ သူမကိုရှာမယ်လို့ တွေးထားပေမယ့် သူမကအစောကြီးပြန်သွားတယ်တဲ့” နန်းတွင်းသက်တော်စောင့်ကျို့ သက်ပြင်းချလိုက်သည်။
ချင်းကျီ မျက်လုံးထဲမှ အလင်းရောင်မှာ ယခု ပို၍ပင် မှေးမှိန်သွားလေ၏။
“စိတ်မပူပါနဲ့... လူတွေအများကြီးကို စောင့်ကြည့်ခိုင်းထားပါတယ်...သူမအခုအိမ်ပြန်မရောက်သေးဘူး….သူမအိမ်ပြန်ရောက်တာနဲ့ ရှဲ့အိမ်တော်ကို ချက်ချင်းသွားပေးမယ်။" နန်းတွင်းသက်တော်စောင့်ကျို့ က ဆိုသည်။
" အမတအရှင်ရှဲ့ က မင်းရုတ်တရက်ကြီး ပေါ်လာရင် စိတ်ဆိုးသွားမှာကို ငါကြောက်တယ်။" ချင်းကျီ သနားစရာကောင်းစွာဖြင့် ပြောလိုက်သည်။
နန်းတွင်းသက်တော်စောင့်ကျို့မှာလည်း အကူအညီမဲ့နေခဲ့သည်။
ချင်းကျီကား လက်တွေ့ကျကျပြောတတ်နေပြီဖြစ်သည်။ အရင်က ဘာလို့ ဒီလိုမဟုတ်ခဲ့ရတာလဲ!
နန်းမြို့တော်သို့ သွားရာလမ်းတစ်လျှောက် တာအိုဝါဒီဘုန်းတော်ကြီးအချို့ထံ သွားရောက်လည်ပတ်ခဲ့ကြသော်လည်း အချည်းနှီးဖြစ်ခဲ့ရသည်။
သူ့မှာ ဘာမှားယွင်းနေသလဲ သူတို့ မပြောနိုင်ကြပေ။
အမတသခင်ရှဲ့သာလျှင် ကံကြမ္မာဟောရာ၌ အတိကျဆုံးဖြစ်သည်။
ရှဲ့ချောင်က သာမန်တာအိုဆရာသခင်အမျိုးသမီးတစ်ဦးသာဖြစ်လျှင် ကောင်းပေလိမ့်မည်။ နန်းတွင်းကိုယ်ရံတော်အများစုသည် အင်အားကြီးသောမိသားစုများမှဖြစ်သည်။ ချင်းကျီကဲ့သို့သော လူနည်းစုကိုသာ စစ်တပ်စခန်းမှ ရွေးချယ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူက အရာရှိကြီး တစ်ယောက်ဖြစ်သည်။ ထို့အပြင် သူ့တွင် တောက်ပနေသော အနာဂတ်တစ်ခုရှိသည် အများအားဖြင့် လူများကသူ့ကို လေးစားကြသည်။
သို့သော် ရှဲ့ချောင်သည်လည်းပဲ သာမန်မိန်းမပျိုလေးတစ်ဦးဖြစ်သည်။
သူမ၏ဂုဏ်သိက္ခာကို ဖျက်ဆီးရန် ဤအမျိုးသမီးက ကံကြမ္မာဟောရာတွင် တိကျမှန်ကန်သည်ဟု မည်သူမျှ မပြောသကဲ့သို့ ချင်းကျီကလည်း သူ့ကိုကယ်တင်ပေးဖို့တောင်းဆိုရန် သူ့အိမ်သို့ မသွားသင့်ပေ။ အကြောင်းကိစ္စမရှိပဲ သူမကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်သင့်ပေ။
အထူးသဖြင့် အရှင့်သားသည် မကြာသေးမီကပင် ရာဇ၀တ်မှုဆိုင်ရာပြစ်မှုများစွာနှင့် အထောက်အထားများစွာကို တွေ့ရှိခဲ့သည်။ နန်းမြို့တော်တရားရုံး၌ အရှုပ်အထွေးများစွာဖြစ်လာလိမ့်မည်။ အတော်များများက အရှင့်သားကို သဘောမကျကြသောကြောင့် လက်အောက်ငယ်သားအနေဖြင့် သူ့ကို နောက်ထပ်ဒုက္ခမပေးသင့်ပေ။
ရှဲ့ချောင်သည် လမ်း၏အနည်းငယ် ကြမ်းတမ်းသည့် အခြေအနေများကို မှတ်ထားပြီး..လမ်းလျှောက်ပြန်လာခဲ့သည်။
ထို့နောက်သူမအိမ်သို့ပြန်လာခဲ့သည်။
ချင်းကျီ၏လက်အောက်ငယ်သားများက ရှဲ့အိမ်တော်၏တံခါးအပြင်ဘက်တွင် တိတ်တဆိတ်စောင့်ကြည့်နေကြသည်။ ရှဲ့ချောင်အိမ်ကိုပြန်ရောက်လာသည်ကိုတွေ့တော့ သူတို့အမေကိုမြင်လိုက်ရသလိုပင်၊
သူမကို ဝင်မတိုက်ရုံတမယ် အရှိန်ပြင်းပြင်း လျှောက်လာခဲ့ကြသည်။
သို့သော်လည်း သူတို့တားဆီးခြင်းခံလိုက်ရသည်။
ရှဲ့ဖင်းကန်းသည် မည်သည့်နေရာမှ ထွက်ပေါ်လာခဲ့သည်မသိ ။ လူနည်းစုရှေ့တွင် ရပ်နေ၏။
"မင်းတို့ ဘာလုပ်နေကြတာလဲ! ငါ့အိမ်အပြင်မှာ ပုန်းနေကြတာကြာပြီထင်တယ်!” ရှဲ့ဖင်းကန်း၏ဝက်ဝံနှင့်တူသော ခန္ဓာကိုယ်သည် ခံ့ညားထည်ဝါပြီး သူတို့ထဲမှအနည်းငယ်ကို နှိမ့်ချစွာကြည့်နေ၏။
••••••••