ကောင်းသောကံများ စုစည်းခြင်း
Vol. 5 Ch. 77
မည်သို့ပင်ဖြစ်စေ ရှဲ့ချောင်သည် ထိုအရာကို ပြောပြီးဖြစ်သောကြောင့် ရှဲ့ဖင်းကန်းမှာ သူမအား ရှက်သွားအောင် မလုပ်ချင်ပေ။ နောက်ဆုံးတော့လည်း သူမသည် အမျိုးသမီးတစ်ယောက်ဖြစ်သည်ပင်။
သူ ရှင်းပြလိုက်၏။ " အဲ့လူက ဆင်ခြေဖုံးနေရာမှာ မြှုပ်ခံခဲ့ရတာ။ သစ်ခုတ်သမားတစ်ယောက်က သူ့ကိုရှာတွေ့ခဲ့ပြီးတော့ တူးထုတ်ပြီးတဲ့အချိန်မှာ ပုပ်တောင်ပုပ်နေပြီ။ သူ့ခန္ဓာကိုယ်ရဲ့ နေရာအတော်များများမှာ သံတွေလည်းစိုက်ခံထားရသေးတယ်။ ကြည့်ရတာ ခြောက်ခြားစရာပဲ။ သံတွေကိုတော့ ဖယ်လိုက်ပြီးပါပြီ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ချင်ကျိုးမှာ အမှုအကြီးကြီးရှိခဲ့ဖူးတယ်။ အကြီးအကဲတစ်ယောက်က သူ့မိသားစုကို ခေါ်ထုတ်လာခဲ့ပြီး မိသားစုတစ်ခုလုံး အသတ်ခံခဲ့ကြရတယ်။ သူတို့တွေက တူညီတဲ့နည်းလမ်းတစ်ခုတည်းနဲ့ပဲ အမြှုပ်ခံခဲ့ရတာ။ ပြီးတော့ တရားခံကိုလည်း အခုအချိန်ထိ ရှာမတွေ့သေးဘူး "
ထိုအရာအား ကြားလိုက်ချိန်တွင် ရှဲ့ချောင် မျက်မှောင်ကြုတ်သွားခဲ့သည်။
" သူ့ခန္ဓာကိုယ်ပေါ်မှာ သံတွေရှိနေခဲ့တယ်ဆို? ဘယ်လောက်များများလဲ? " ရှဲ့ချောင် မေးလိုက်၏။
" ၁၁ ချောင်းလောက်လို့ ထင်တာပဲ " ရှဲ့ဖင်းကန်း ထိုအကြောင်းအား တွေးလိုက်ချိန်တွင် သူ၏မျက်နှာအမူအရာမှာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ " သံတွေက ဘယ်နေရာမှာ အစိုက်ခံထားရတာလဲလို့တော့ လာမမေးနဲ့နော်။ အဲ့တာတော့ ငါမင်းကို မပြောပြနိုင်ဘူး "
အချို့သောနေရာများမှာ အတော်လေးမသင့်တော်ပေ။ အမျိုးသမီးတစ်ယောက်က ထိုသို့သောအရာကို မကြားသင့်ပေ။
" ဘာလို့မရတာလဲ? အဲ့တာတွေက သူ့ခေါင်းရယ်၊ သူ့မျက်ခုံးနှစ်ဖက်ကြား၊ လည်ချောင်း၊ နှလုံး၊ ချက်၊ ဝမ်းဗိုက်၊ ခန္ဓာကိုယ်အောက်ပိုင်း၊ လက်မောင်းတွေနဲ့ ခြေထောက်တွေမှာမလား? " ရှဲ့ချောင် မေးလိုက်၏။
ထိုအရာအား ကြားလိုက်ချိန်တွင် ရှဲ့ဖင်းကန်းသည် လေးနက်သောမျက်နှာဖြင့် သူမအား ကြည့်လိုက်လေ၏။
ရှဲ့ဖင်းကန်းသည် တိုက်ရိုက်ပင် မေးလိုက်၏။ " မင်း တရားခံကို သိနိုင်တာလား? "
ရှဲ့ချောင် အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။ " အစ်ကိုကြီးရယ် နေရာ ၁၁ခုက အတော်လေးထူးခြားတယ်။ ရွှေယွဲ့တာအို ဘုရားကျောင်းမှာ အဲ့ဒီလိုစာအုပ်တွေ ရှိတယ်လေ။ ညီမ ဖတ်ခဲ့ဖူးတယ်"
" လူသားတွေမှာ နာမ်ဝိဉာဥ်သုံးခုနဲ့ ရုပ်ဝိဉာဥ်ခုနစ်ခု ရှိတယ်။ ဒီနာမ်ဝိဉာဥ်သုံးခုထဲမှာ ကောင်းကင်ဘုံစိတ်ဝိဉာဥ်နဲ့ မြေကမ္ဘာစိတ်ဝိဉာဥ်တို့က လှည့်ပတ်သွားနေကြတာ။ ခန္ဓာကိုယ်ထဲမှာကျန်နေတဲ့ တစ်ခုက ဘဝကံကြမ္မာစိတ်ဝိဉာဥ်ပဲ။ ရုပ်ဝိဉာဥ်ခုနစ်ခုက ယင်၊ယန်နဲ့ တူညီတယ်။ သူတို့က ခန္ဓာကိုယ်ထဲမှာ ဖုံးကွယ်နေပြီးတော့ ချက်ကရာခုနစ်ခု ဖြစ်ပေါ်လာတယ်"
" ခေါင်းထဲမှာ Sahasrara၊ မျက်ခုံးနှစ်ခုကြားမှာ Agya၊ လည်ချောင်းထဲမှာ Vishuddha၊ ဝမ်းဗိုက်ထဲမှာ Svadhishthana၊ အောက်ပိုင်းမှာ Muladhara၊ နှလုံးထဲနဲ့ ခြေလက်လေးဖက်မှာကျ Anahata ဆိုပြီး ရှိတယ်။ နေရာ ၁၁ခုက သံနဲ့ချုပ်ထားခံရချိန်မှာ ဘဝကံကြမ္မာစိတ်ဝိဉာဥ်က ထွက်မသွားနိုင်သလို ပြန်လည်းမဝင်စားနိုင်တော့ဘူး။ အဲတာက စိုးရိမ်စရာ မကောင်းဆိုးဝါးကျိန်စာပဲ"
[အဲဒါတွေကဘယ်လိုဘာသာပြန်ပေးရမှန်းမသိတော့လို့ဒီအတိုင်းပြန်ထည့်လိုက်တာပါㅠㅠ]
" အဲ့လိုအရာမျိုး ရှိလို့လား? " ရှဲ့ဖင်းကန်းမှာ အတွေးထဲတွင် နစ်မြုပ်နေလေသည်။
ထိုကဲ့သို့သာ ဖြစ်ခဲ့လျှင် တရားခံသည် မေ့ကျစ်ဝူနှင့် လွန်ခဲ့သောနှစ်နှစ်ဆယ်မှ အရာရှိမိသားစုဝင်များအပေါ် မည်မျှကြီးမားသည့်အငြိုးရှိနေခဲ့မည်လဲ?
" အစ်ကိုကြီးလိုက်နေတဲ့ အမှုရဲ့ဦးတည်ချက်က ဘာလဲ? အစ်ကို့မှာ အကြံတစ်ခုခုများ ရှိလား? " ရှဲ့ချောင် ထပ်မေးလိုက်၏။
" လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က အမှုက ခက်ခဲပေမယ့် မေ့ကျစ်ဝူရဲ့ဟာကကျ ဒီအတိုင်းပဲ။ သဲလွန်စတချို့တော့ ရှိလောက်ဦးမှာ။ ဒီလူက အားနည်းသူတွေကို အနိုင်ကျင့်ပြီး အာဏာရှိတဲ့လူတွေကိုကျ ကြောက်တတ်တဲ့လူတစ်ယောက်။ ဘယ်လိုဖြစ်ဖြစ် သူက ကိုယ်ခံပညာနည်းနည်းလောက်တော့ တတ်တယ်။ သူ့ကို သူရဲဘောကြောင်တဲ့လူတစ်ယောက်လို့ သိကြတာ။ အဲတာကြောင့် သူသိတဲ့ လူတွေထဲကတစ်ယောက်က လုပ်ခဲ့တာလို့ အစ်ကိုတို့ သံသယရှိတယ်။ လူဘယ်နှစ်ယောက်က သတ်တယ်လို့တော့ အခုထိ မသိရသေးဘူး။ အစ်ကိုတို့ ဆက်စုံစမ်းနေတုန်းပဲ"
လက်တွေ့တွင်တော့ ဤအမှုသည် အမှုအေးတစ်ခုဖြစ်လာနိုင်သည်ဟု သူခံစားနေရ၏။
မေ့ကျစ်ဝူထံတွင် မိသားစုမရှိသလို သူငယ်ချင်းအစစ်အမှန်လည်း သိပ်မရှိပေ။ သူသေဆုံးချိန်၌ မည်သူမျှ သူ့အားလာမရှာခဲ့ကြပေ။
ထိုသူသည် ဆိုးရွားသောအရာ အများအပြားအား ပြုလုပ်ခဲ့သည်ဖြစ်၏။ အကယ်၍ လွန်ခဲ့သောနှစ်များက အမှုနှင့်သာ ဆက်စပ်မှုမရှိပါက ထိုသူ့အမှုအား မည်သူမှ စုံစမ်းကြမည်မဟုတ်ပေ။
ရှဲ့ချောင် အနည်းငယ်တုံ့ဆိုင်းနေ၏။
ဤသည်ကို မည်သို့ပြောရမည်အား သူမ စဥ်းစားမရပေ။
တရားခံသည် လူပေါင်းများစွာကို သတ်ခဲ့၏။ ထိုတရားခံကိုသာ ဖမ်းနိုင်ခဲ့မည်ဆိုပါက သူမ သေချာပေါက် ကောင်းသောကံအမြောက်အမြားအား စုစည်းနိုင်မည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အစ်ကိုကြီးအား သူမသည် မည်သည့်နေရာကမှန်းမသိသည့် တစ္ဆေများကို မြင်ရပါသည်ဟု ဘယ်လိုလုပ်ပြောနိုင်ပါ့မည်နည်း?
" မိန်းမတစ်ယောက် ဖြစ်နိုင်တယ်" သာမန်ကာလျှံကာပြောလိုက်သည့် ရှဲ့ချောင်၏အသံမှာ ခေါင်းလောင်းတစ်လုံးကဲ့သို့ပင်။
" ဒီမေ့ကျစ်ဝူက ငကြောက်တစ်ယောက်ဆိုတော့ သူ့အနားကိုကပ်နိုင်မယ့်လူက အားနည်းပြီး အန္တရာယ်မပေးနိုင်တဲ့ မိန်းမပဲဖြစ်နိုင်တယ်လို့ ညီမယူဆတယ်။ ဘာလို့ အသက်လေးဆယ်၊ ငါးဆယ်အရွယ် အမျိုးသမီးတွေကို မစုံစမ်းကြည့်တာလဲ? ဩဇာရှိတဲ့လူမျိုးဆို အကောင်းဆုံးဖြစ်လိမ့်မယ်။ ပြီးတော့ ဒီလိုအရာကို လုပ်နိုင်စွမ်းရှိတဲ့ လူမျိုးတွေက ထူးခြားတဲ့စာအုပ်တစ်ချို့ကို ဖတ်ကိုဖူးမှာပဲ။ သူတို့ရဲ့ အမူအရာနဲ့ ပြောဆိုပုံတွေက ပုံမှန်လူတွေနဲ့ ကွဲထွက်နေလိမ့်မယ် "
" အိုး ဟုတ်တာပေါ့ သူမက မဆင်းရဲနိုင်ဘူး။ သူမမှာ ငွေတစ်ချို့တော့ ရှိကိုရှိမှာပဲ "
" အသက်လေးဆယ်၊ ငါးဆယ်အတွင်း မိန်းမတွေကို မသိပေမယ့် အသက်နှစ်ဆယ်အရွယ်တစ်ယောက်တော့ ရှိတယ်။ မေ့ကျစ်ဝူ သူ့အိမ်ကနေထွက်သွားတဲ့ တစ်နေ့တုန်းက မိန်းမလှလေးတစ်ယောက်ကို သွားတွေ့ခဲ့တယ် " ရှဲ့ဖင်းကန်းမှ ပြောလိုက်၏။
" ဒီလူက အရမ်းသတိရှိတယ်။ သူ့နောက်ကိုလိုက်နေတဲ့ တစ်စုံတစ်ယောက်ဆီက အသတ်ခံရတယ်ဆိုတာ မဖြစ်နိုင်တာပဲ။ ဒါက အမှုဆိုကတည်းက အဲဒီမိန်းမအိမ်ရဲ့ အနီးတဝိုက်မှာ ပေါ်လာတဲ့ လူတွေကို အစ်ကိုကြီး စုံစမ်းရမယ်။ တစ်ယောက်ယောက်က သူ့ကိုတွေ့ဖို့လာပြီး သေချာတဲ့ ပင်ကိုယ်လက္ခဏာတစ်ခုနဲ့ ကိုက်ညီနေလို့ သတ်လိုက်တာလည်း ဖြစ်နိုင်တယ်" ရှဲ့ချောင် ပြောလိုက်၏။
အသက်နှစ်ဆယ်အရွယ် မိန်းကလေးမှာ ဤနေ့တွင် ထိန်းသိမ်းခံရပြီး အကြိမ်များစွာ စစ်မေးခံရလေသည်။
သူမသည် ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေပေသည်။ သူမသည် သတ်ဖြတ်နိုင်စွမ်းမရှိသည့်လူတစ်ယောက်ဖြစ်ကြောင်းမှာ သိသာထင်ရှားနေလေ၏။
မည်သို့ပင်ဖြစ်စေ ရှဲ့ချောင်ပြောခဲ့သည်က အဓိပ္ပာယ်ရှိသည်ပင်။
••••••••