← Chapters

မျက်တောင်မခတ် လိမ်လည်ခြင်း

Vol. 5 Ch. 78

မျက်တောင်မခတ် လိမ်လည်ခြင်း

Vol. 5 Ch. 78

ရှဲ့ချောင်သည် ရှဲ့ဖင်းကန်း သူ၏စုံစမ်းမှုတွင် လုံလုံလောက်လောက်အသေးစိတ်မကျမည်အား စိုးရိမ်နေသည်။

သူမစဥ်းစားလိုက်ပြီးနောက် အရာအားလုံးကို စတင်အစီအစဥ်ချလိုက်၏။ " အစ်ကိုကြီး အစ်ကိုသိတဲ့အတိုင်း ညီမရဲ့ဆရာဆီကနေ အကြောင်းအရာတစ်ချို့ကို သင်ယူခဲ့တယ်လေ။ ညီမ ရုပ်လက္ခဏာအကြောင်းသိတယ်။"

" ဒီနေ့ အစ်ကို့ရဲ့ပူပန်မှုတွေက မျက်နှာပေါ်မှာ အထင်းသားပဲ။ ဆက်စပ်နေတဲ့အဖြေက မိန်းမတစ်ယောက်အပေါ်မှာ မူတည်နေတယ်။ ဒီတော့ ကျေးဇူးပြုပြီး မထိန်းချုပ်ထားပဲ မိန်းမတစ်ယောက်ရဲ့ အတင်းအဖျင်းတွေကို ရှာပါ။ ပြီးတော့..."

ရှဲ့ချောင်သည် ကံကြမ္မာကို ဟောနေသကဲ့သို့ထင်ရစွာ သူမ၏လက်ကို ဆန့်တန်းလိုက်၏။

" ပြီးတော့...မိန်းမတစ်ယောက်ဆိုတော့ အနံ့ကောင်းသင့်တယ် " အချိန်တစ်ခုမျှကြာသော် သူမပြောလိုက်၏။

" အနံ့ကောင်းတယ်? ညီမလေးကအဲ့တာကိုလည်း ခန့်မှန်းနိုင်တာပဲပေါ့!? ဘယ်သူ့ကို လှည့်စားဖို့ ကြိုးစားနေတာလဲ!? " ရှဲ့ဖင်းကန်း တိတ်တဆိတ် ရယ်လိုက်လေသည်။

ရှဲ့ချောင်၏ပါးများ အနည်းငယ် နီရဲသွားလေ၏။ " စုံသာစုံစမ်းလိုက်ပါ! ညီမ ခန့်မှန်းသမျှ အရာအားလုံးက မှန်ပြီးတိကျတယ်! "

" ဒါဆို အစ်ကို့ကိုပြောပြပါဦး။ သူမရဲ့ ဘေးနားက တခြားဘယ်အရာတွေကရော အနံ့ကောင်းသေးလဲ? " ရှဲ့ဖင်းကန်းသည် သူမအား ထိုးနှက်ရန် စိတ်အားထက်သန်နေလေ၏။ ဤကဲ့သို့ ပေါက်ကရများကို ပြောရဲသည်မှာ ရှဲ့ဖင်းဟွိုက်သာဖြစ်ပါက သူ့အား ချက်ချင်းပင် ရိုက်မည်ဖြစ်သည်။ ဘယ်လိုတောင် သူမက ဒီလောက်ထိပြောရတာလဲ!?

" သူမရဲ့ မျက်လုံးအောက်မှာ မှဲ့တစ်ခုရှိတယ် " ရှဲ့ချောင် ချောမွေ့စွာ ပြောလိုက်၏။

ရှဲ့ဖင်းကန်းမှာ ပြောစရာမဲ့သွားကာ မျက်ခွံများ လှုပ်သွားလေသည်။ " မင်း စကားပြောရဲသေးတယ်ပေါ့! "

ရှဲ့ချောင် ကူကယ်ရာမဲ့သလို ခံစားနေရသည်။

သူမသာ လိုချင်လျှင် ခန့်မှန်းနိုင်မည်ပင်။ မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ယောက်မှာ ကံကြမ္မာဟောရာတွင် သေချာသောအချက်အလက်အား ထောက်ပံ့ပေးရလေသည်။ ထိုအရာမှာ သင်္ချာတွက်ရသလိုပင်။ အရာအားလုံးမှာ မသိကိန်းဖြစ်နေပါက သဘာဝကျစွာပင် အဖြေသည်လည်း မသိကိန်းဖြစ်နေမည်ပင်။

ရှင်းလင်းအောင်ပြောရလျှင် ကံကြမ္မာဟောခြင်းသည် ဖြစ်တန်စွမ်းနှင့် ယုတ္တိဗေဒတို့၏ စွမ်းရည်တစ်ခု ဖြစ်လေသည်။ အကြိုလေ့ကျင့်နိုင်သော အခြေအနေမရှိပေ။ မရှိသည့်အရာထံမှ မည်သည်ကိုမျှ သူမပြုလုပ်နိုင်မည် မဟုတ်ပေ။

" အစ်ကိုကြီး ညီမပေးခဲ့တဲ့ အချက်တွေထဲကနေ စုံစမ်းကြည့်လိုက်။ ညီမက အစ်ကို့ရဲ့ညီမပါ။ ညီမ အစ်ကို့ကို ထိခိုက်အောင်မလုပ်ပါဘူး။ ညီမက လုပ်ပါ့မလား? " သူမပြောနေစဥ်အတွင်း ရှဲ့ချောင် သက်ပြင်းနှစ်ချက်ချလိုက်၏။

" ကြည့် ညီမ စကားပြောရလို့ မောနေပြီ။ အစ်ကို့အနာဂတ်အတွက်သာမဟုတ်ရင် ညီမက ဒီလောက်အားအင်အများကြီးစိုက်ထုတ်ပြီး ဘာလို့ပြောပြရမှာတဲ့လဲ? "

သူမ စကားပြောပြီးသည်နှင့် စတင်၍ ပြင်းထန်စွာ ချောင်းဆိုးတော့သည်။

သူမ ပြုလုပ်ခဲ့သည့် တစ်ဝက်မှာ အစစ်အမှန်ဖြစ်ပြီး တစ်ဝက်မှာ အတုအယောင်သာ ဖြစ်သည်။

သူမသည် နှစ်ပေါင်းများစွာ ဖျားလာခဲ့သည်ဖြစ်သောကြောင့် လူနာတစ်ယောက် မည်မျှထိ အားနည်းနိုင်ကြောင်းကို လေးနက်စွာ နားလည်နိုင်စွမ်း ရှိလေ၏။ ထိုကဲ့သို့ပင် သူမကိုယ်သူမ စိုးရိမ်ဖွယ် သနားစရာကောင်းလောက်အောင် ပြုလုပ်ထားလေသည်။

မျှော်လင့်ထားခဲ့သလိုပင် ရှဲ့ဖင်းကန်းမှာ သူမ၏ အပြင်းအထန် ချောင်းဆိုးနေမှုကြောင့် သူ၏ နှလုံးသည် ရင်ဘတ်ထဲမှ ခုန်ပေါက်ထွက်သွားတော့မည်ဟုပင် ခံစားလိုက်ရ၏။

" ကောင်းပြီ ငါမနက်ဖြန်ကျရင် လုပ်လိုက်မယ်" ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်လိုက်၏။ " မင်းက အရမ်းအားနည်းတယ်။ ပြီးတော့ မင်းရဲ့  ကံဆိုး..."

ထိုအချက်အား ပြောမိသည်နှင့် ရှဲ့ဖင်းကန်း သူ၏ပါးစပ်ကို ပိတ်လိုက်လေသည်။ အမျိုးသမီးတစ်ယောက်အတွက် ကံကြမ္မာဆိုးတစ်ခု၏ ဂုဏ်သတင်းရှိသည်မှာ ကောင်းသောအရာမဟုတ်ပေ။

ထို့အပြင် ရှဲ့ချောင်မွေးဖွားလာစဥ်ကတည်းက သူတို့ပြောသည့်တစ်ခုတည်းသောအရာမှာ သူမခန္ဓာကိုယ် အားနည်းကြောင်းပင်ဖြစ်၏။ သူတို့သည် အမှန်တရားအား ပြောင်းပြန်လှန်ကာ သူတို့၏အဖေထံ၌ ကံကြမ္မာဆိုးရှိပြီး သူသည် သူမအား ထိခိုက်စေနိုင်ကြောင်း ပြောခဲ့ကြသည်။

သူနှင့် ဖခင်ဖြစ်သူသည်သာ အခြေအနေအမှန်ကိုသိသည့် လူများဖြစ်ကြ၏။ သူတို့သည် သခင်မလုကိုပင် မပြောရဲကြပေ။

ရှဲ့ဖင်းကန်း သက်မချလိုက်ကာ ရေတွင်းအားတူးရန်သာ ဆက်လုပ်လိုက်သည်။

မကြာမီတွင် ရှဲ့ချောင်၏ခြံဝင်းအပြင်၌ မသင်္ကာဖွယ်ငနဲတစ်ကောင်အား သူထပ်မြင်လိုက်ရပြန်၏။

ထိုသူအား သူချက်ချင်းပင် ဖမ်းဆီးခဲ့သည်။ " မင်း ဘာလို့ မိန်းမငယ်လေးရဲ့ ခြံဝင်းထဲကို စိုက်ကြည့်နေတာလဲ!? ငါ့ကိုပြောမှာလား မဟုတ်ရင် ငါမင်းကို ရောင်းစားပစ်ရမလား! "

အစောပိုင်း၌ လူတစ်ချို့သည် ရှဲ့ချောင်အား စောင့်ဆိုင်းနေခဲ့ကြ၏။ သူတို့ သတိထားနေရမည်ဖြစ်သည်။

ယခုတော့ သူ့ညီမမှာ အရမ်းလှလွန်းနေသည်ဟုပင် သူသံသယရှိလာမိသည်။ ထို့ကြောင့် သူမသည် မကောင်းသည့်ကောင်များ၏ ပစ်မှတ်ထားခြင်းကို ခံနေရသည်လား!

သို့မဟုတ်လျှင် ထိုအဘွားကြီးသည် အဘယ်ကြောင့်များ မသင်္ကာဖွယ်ကောင်းအောင် ပစ်ချခဲ့ရသနည်း? မတိုင်မီက ရှဲ့မိသားစုရှိ လူအားလုံးအား ရှဲ့ချောင်၏ခြံဝင်းဆီသို့ သူမ၏အမိန့်မပါပဲ မသွားရ!ဟုပင် သူတားမြစ်ခဲ့လေသည်။

အဘွားကြီးမှာ တိုက်ရိုက်ပင် အသယ်ခံထားရ၏။

သူမ ကိုင်ထားသော မှတ်စုလေးမှာ အောက်သို့ ပြုတ်ကျသွားခဲ့လေသည်။

ရှဲ့ဖင်းကန်းသည် ကောက်ယူကာ ဖတ်လိုက်၏။

ရေးထားသည်မှာ ' အမတအရှင်ရှဲ့ အသက်တစ်ခုကို ကယ်ပေးပါ။ ကျွန်ုပ်တို့ ရွှေစတစ်ရာ ပေးပါ့မယ်! ကျေးဇူးပြုပြီး ကျွန်ုပ်တို့နဲ့ အပြင်မှာ စကားပြောပေးပါ! '

" ရွှေစတစ်ရာ? အဲ့တာ ဘယ်သူလဲ? " ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်လိုက်၏။ " အမတအရှင်ရှဲ့က ဘယ်သူလဲ? အဲ့တာမင်းလား? ဒီဆိုးရွားတဲ့နာမည်ကို မင်းဘယ်နေရာကများ ရလာခဲ့တာလဲ? ဒါသာ ပျံ့နှံ့သွားခဲ့ရင် ဘာတွေဖြစ်လာမှာလဲ? မင်းလက်ထပ်ပြီး ခင်ပွန်းတစ်ယောက်ကော လိုချင်သေးရဲ့လား? "

ရှဲ့ချောင်၏ မျက်ခွံများ လှုပ်သွားခဲ့သည်။

" အစ်ကို့ရဲ့ မိသားစုနာမည်ကလည်း ရှဲ့ပဲလေ၊ မဟုတ်လို့လား? " သူမ အလျှော့မပေးပဲ ပြောလိုက်၏။

ရှဲ့ဖင်းကန်းမှာ သူ၏ညီမနှင့်ပက်သက်၍ ကူကယ်ရာမဲ့သွားလေသည်။ သူမသည် မျက်တောင်ပင်မခတ်ပဲ သိသာစွာကို လိမ်နေလေ၏။

သူမသည် အားနည်းကြောင်းကို တွက်ဆလိုက်ရင်း သူမအား သူ မအော်ရဲပေ။

သူသည် နှိမ့်ချသည့်ပုံစံဖြင့်သာ ပြောနိုင်တော့သည်။ " အဲ့လောက်လည်း ဂုဏ်သတင်းက မဆိုးပါဘူး။ မင်းကို အစ်ကို အရင်ကပြောပြခဲ့ဖူးသလိုပဲ မင်းရဲ့ကံကြမ္မာနဲ့ လိုက်ဖက်ညီတဲ့ ခင်ပွန်းတစ်ယောက်ကိုရှာဖို့ အစ်ကိုတို့ မင်းကို နန်းမြို့တော်ဆီ ပြန်ခေါ်သွားမယ်။ နန်းမြို့တော်ကလူတွေက အစ်ကိုတို့ထက် ပိုပြီးကွဲကွဲပြားပြား တွေးကြတယ်။ သူတို့က အမျိုးသမီးတွေအပေါ် အရမ်းတင်းကြပ်တယ်...ဘာတွေပဲဖြစ်ဖြစ် ပုံမှန်အမျိုးသမီးပုံစံကနေ ဘာကိုမှမတူကွဲပြားအောင် မင်းလုပ်စရာမလိုဘူး။ နောက်ကျရင်တော့ မင်းနဲ့အတူကလေးလိုချင်တဲ့ တစ်စုံတစ်ယောက်ကို ငါတို့ရနိုင်မှာပါ "

အမျိုးသားမှာ အရေးမကြီးပေ။ သို့သော် သူမ၏ကံကြမ္မာဆိုးက သူမယောကျာ်းကို သတ်လိုက်လျှင်... သူတို့လုပ်နိုင်သည့် အရာတစ်ခုမှ မရှိတော့ပေ။

ရှဲ့ချောင် သူမ၏ကလေးကို အောင်မြင်စွာ မွေးဖွားလိုက်သည်ကိုသာ သူတို့လိုချင်သည်ဖြစ်၏။ ထို့နောက်တွင် ရှဲ့မိသားစုမှ သူမ၏ကလေးအား ဂရုစိုက်ပေးမည်ဖြစ်လေသည်။

အနာဂတ်တွင် အမျိုးသားအား သူမ ဆုံးရှုံးလိုက်ရလျှင်ပင် တာအိုဘုရားကျောင်းအချို့၌နေရန် သူမ ဆုံးဖြတ်ကာ သူမ၏ အသုံးစရိတ်များအတွက် ကလေးအား ပေးချေခိုင်းလျှင် ဆယ်စုနှစ်များစွာ ကောင်းမွန်သောဘဝ၌ သူမ နေထိုင်နိုင်ပေလိမ့်မည်။

•••••••••

All Chapters