← Chapters

ငါ တစ်ယောက်ယောက်ကို ရိုက်ခဲ့တယ်

Vol. 5 Ch. 79

ငါ တစ်ယောက်ယောက်ကို ရိုက်ခဲ့တယ်

Vol. 5 Ch. 79

ရှဲ့ချောင် ရှဲ့ဖင်းကန်းအား စွေကြည့်လိုက်လေသည်။

လူတိုင်းကို သူ့လို စိတ်ကူးယဥ်မဆန်တတ်တဲ့လူလို့များ ထင်နေလားမသိ?

" ဘာဖြစ်နေလဲဆိုတာ အစ်ကို့ကို အတိအကျပြော? မင်းက အခုမှ နန်းမြို့တော်ကိုလာတာလေ။ တစ်ယောက်ယောက်က ဘယ်လိုလုပ်ပြီးတော့ မင်းဆီ စာပို့နိုင်ရတာလဲ? " ရှဲ့ဖင်းကန်းသည် သူ့ကိုသူ အတော်နူးညံ့ညင်သာသည်ဟု ထင်နေပေ၏။

" မသိဘူး။ ဘယ်သူမှန်း ညီမလည်း မသိဘူး " ရှဲ့ချောင်သည် မိန်းမကောင်းလေးတစ်ယောက်ပုံဖမ်းရင်း သူမ ခေါင်းကို ခါယမ်းလိုက်၏။

မည်သူဖြစ်ကြောင်း သူမ တကယ့်ကိုမသိပေ!

အသက်တစ်ချောင်းကို ကယ်ဖို့ ရွှေစတစ်ရာပေးတယ်? ထိုလူမှာ ချမ်းသာသည့်ပုံပင်။

ရှဲ့ချောင်ကြည့်ရသည်မှာ စစ်မှန်ကာ လိမ်နေပုံနှင့် မတူပေ။ ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်ကာ တစ်ခဏမျှကြာသော် ပြောလိုက်၏။ " နောက်ထပ်ရက်နည်းနည်းလောက် ငါမင်းနဲ့အတူ ကျောင်းတော်ကို လိုက်ခဲ့မယ်။ အပြင်က လူရမ်းကားတွေကို ငါသံသယရှိတယ်။ မင်းက ငယ်ရွယ်ပြီး နယ်ဘက်ကရောက်လာကာစရှိသေးတာကို မြင်ပြီး သူတို့တွေ မင်းကို ငွေနဲ့ဖျားယောင်းဖို့ ကြိုးစားမှာကို စိတ်ပူရတယ်။ သူတို့ကတော့ လောကကြီးကိုမမြင်ဖူးသေးတဲ့ ဆင်းရဲတဲ့ကောင်မလေးလို့ ထင်နေကြမှာပဲ"

ဆင်းရဲနေမှုအတွက် ရှဲ့မိသားစုကိုသာ သူတို့ အပြစ်တင်နိုင်ပေသည်။ သူတို့ ဆင်းရဲကြောင်းအား နန်းမြို့တော်ရှိ အရာရှိမိသားစုတိုင်း သိကြပေသည်။

အကြီးဆုံးသခင်မလေး ရှဲ့ချောင်ကို ငွေမရှိသည့် ဆင်းရဲသူလေးဟု ထိုလူများထင်ကြသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။

ရှဲ့ချောင်မှာ အတော်လေးအခက်တွေ့နေပြီဟု ခံစားနေရ၏။

ရှဲ့ဖင်းကန်းသာ သူမကို ကာကွယ်ပေးနေလျှင် ဆိုင်၌ အရေးကိစ္စများအား သူမဘာသာ စီစဥ်နိုင်တော့မည်မဟုတ်ပေ။

သူမဖွင့်ထားသော ဆိုင်သည် ပြိုင်ဘက်ကင်းဖြစ်၏။ သူမ၏ အဓိကစီးပွားရေးမှာ လူသေများနှင့် ညှိနှိုင်းရခြင်း ဖြစ်ပေသည်။

ထိုအချိန် ရှဲ့ဖင်းကန်း...

သူသည် ဒေါသထွက်လွယ်သူတစ်ယောက်ပေ။ အကယ်၍ သူသာ ရှာတွေ့ခဲ့လျှင် ဒေါသထွက်လောက်၏။

မည်သို့ပင်ဖြစ်စေ...အချို့သော သောင်းပြောင်းထွေလာကိစ္စများအား ကိုင်တွယ်ရန် သူမ၏ကျန်းမာရေးမှာ မသင့်လျော်ပေ။ မည်သည့်အတွက်ကြောင့်မဆို သူမသည် အကူအညီအတွက် တစ်စုံတစ်ယောက်အား လိုအပ်ပေသည်။

ရွှေယွဲ့တာအိုဘုရားကျောင်း၌ နေထိုင်ခဲ့သည့် ထိုနှစ်များအတွင်း သူမသည် လူအတော်များများနှင့် သိခဲ့ပေသည်။ သူမအတွက် ဆိုင်ကို စီမံရန် တစ်စုံတစ်ယောက်အားရှာရန်  ထိုမျှမခက်ခဲပေ။

အတွေးတချို့ပေးပြီးနောက် ရှဲ့ချောင်သည် ရိုးသားစွာ ပြောလိုက်၏။ " အနှောင့်အယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ် အစ်ကိုကြီး "

" အဲ့တာအတွက် မပူပါနဲ့ " ရှဲ့ဖင်းကန်း ခေါင်းခါလိုက်၏။

" ဘာလို့ ကျောင်းတော်ကို ပြန်မတက်ဖြစ်တော့တာလဲ အစ်ကိုကြီး? " ရှဲ့ချောင် ရုတ်တရက် မေးလိုက်၏။ " အတွေးအခေါ်ပညာရှင်ပဲဖြစ်ဖြစ် ကိုယ်ခံပညာရှင်ပဲဖြစ်ဖြစ် ကျောင်းတော်မှာ နှစ်နည်းနည်းလောက် လေ့လာပြီးသွားရင် အစ်ကိုကြီး အဆက်အသွယ်တွေ ပိုပြီးရလာမှာ မဟုတ်ဘူးလား? "

ရှဲ့ဖင်းကန်းမှာ ဤနှစ်တွင် အသက်နှစ်ဆယ်ဖြစ်လေသည်။ ရှဲ့မိသားစုသည် နန်းမြို့တော်သို့ လွန်ခဲ့သော ငါးနှစ်၊ ခြောက်နှစ်ခန့်က လာခဲ့ကြသည်ဖြစ်၏။ ထို့နောက် ရှဲ့ဖင်းသည် ကျောင်းတော်သို့ သွားခဲ့ရ၏။ မည်သို့ပင်ဖြစ်စေ သူသည် နန်းတွင်းကိုယ်ခံပညာ စာမေးပွဲကို ဖြေခဲ့ကာ ကိုယ်ခံပညာရှင်ဘွဲ့အား ပေးအပ်ခံခဲ့ရ၏။

မည်သို့ပင်ဖြစ်စေ ကိုယ်ခံပညာရှင်ဖြစ်ရခြင်းမှာ အတွေးအခေါ်ပညာရှင်ဖြစ်ရခြင်းလောက် မကောင်းပေ။ ကိုယ်ခံပညာရှင်တစ်ယောက်၏ အနာဂတ်သည်လည်း ငြီးငွေ့ဖွယ် ကောင်းလေသည်။

ရှဲ့ဖင်းကန်း၏ ပါးများ နီရဲသွားလေ၏။

သူတွေးနေခဲ့သည့်အရာများအား မည်သူကမျှ မသိခဲ့ပေ။

ရှဲ့ချောင် မှန်းဆကာ မေးလိုက်၏။ " ဖြစ်နိုင်တာက အစ်ကိုကြီး တကယ် ဝင်ခွင့်စာမေးပွဲဖြေခဲ့တယ် မဟုတ်လား? သူတို့က အစ်ကို့ကို ငြင်းလိုက်တာလား? "

ရှဲ့ဖင်းကန်း စကားမပြောနိုင်ဖြစ်သွားပေသည်။ သူ၏ညီမ အရမ်းထက်မြက်နေခြင်းသည် ကောင်းသောအရာမဟုတ်ကြောင်း သူသဘောပေါက်လိုက်၏။ သူ မည်သည့်လျှို့ဝှက်ချက်ကိုမှ သိမ်းမထားနိုင်ပေ။

" အစ်ကို အခြေခံဝင်ခွင့်စာမေးပွဲ မအောင်ခဲ့ဘူးလား? " ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်၏။

မဖြစ်နိုင်လိုက်တာ?

သူမသည် ဤနှစ်များအတွင်း အိမ်တော်၌ မရှိခဲ့သော်လည်း အိမ်တော်၌ ဖြစ်ပျက်ခဲ့သော အရာတော်တော်များများကို သိ၏။ ရှဲ့ဖင်းကန်းသည် အမှန်တကယ် ကျောင်းတော်သို့ သွားခဲ့ရ၏။

ရှဲ့ဖင်းကန်း အဝေးသို့ကြည့်ကာ သာမန်ကာလျှံကာ ပြောလိုက်၏။ " ငါတို့ နန်းမြို့တော်ကို လာခဲ့တုန်းက ငါတစ်ယောက်ယောက်ကို ရိုက်ခဲ့တယ်။ ငါ့မှာ အခု မကောင်းတဲ့ဂုဏ်သတင်း ရှိနေတယ်။ အဲ့တာကြောင့် ကျောင်းတော်က ငြင်းပယ်လိုက်တာ "

ဖြစ်ရပ်မှာ လွန်လေခဲ့ပြီးသောအချိန်က ဖြစ်ခဲ့ကာ လူအတော်များများသည် ထိုအကြောင်းအား မေ့လျော့ကောင်း မေ့လျော့သွားလောက်ပြီဖြစ်၏။

ရှဲ့ချောင် သူ့အား အံ့ဩစွာကြည့်လိုက်ကာ " အစ်ကို ဘယ်သူ့ကို ရိုက်ခဲ့တာလဲ? "

" တော်ဝင်ကျောင်းတော်က ဆရာတစ်ယောက်။ အဲ့ဒီလူက သူ့ရဲ့စကားလုံးတွေနဲ့ ယုတ်မာတဲ့လူ။ ငါတို့ရှဲ့မိသားစုက အရာရှိတွေအဖြစ် မထိုက်တန်ဘူးဆိုပြီး ပြောခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သူက ဆရာတစ်ယောက်မှန်း ငါမသိခဲ့ဘူး။ ငါသာ သိခဲ့ရင်..." ရှဲ့ဖင်းကန်း အချိန်တစ်ခုမျှ တုံ့ဆိုင်းသွား၏။ " ငါသူ့ကို ပိုပြင်းပြင်းရိုက်ခဲ့မှာ"

ရှဲ့ချောင်သည် ရှဲ့ဖင်းကန်းအား စာနာစွာ ကြည့်လိုက်၏။ ထိုအချိန်တုန်းက ရှဲ့မိသားစု၏ အခြေအနေအား သူမ ကောင်းကောင်းသိသည်ပင်။

ဓားပြများဖြစ်ခဲ့ခြင်းက အတော့်ကို မှားယွင်းခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူတို့၌ ရွေးချယ်စရာတစ်ခုသာရှိခဲ့ပါက အဘယ်ကြောင့် ဓားပြများ ဖြစ်ကြရန် သူတို့ ရွေးချယ်မည်နည်း?

ထို့ပြင် ထိုအချိန်တုန်းက သူမအဖေမှ လူရိုင်းများအား သုတ်သင်ပေးခဲ့ချိန်တွင် ဓားပြများမှာ မတိုက်ခိုက်နိုင်ကြဟု မည်သူမှ မပြောခဲ့ပေ။ စစ်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်သောကြောင့် ရှဲ့မိသားစုသည် အဘယ်ကြောင့် ဆုလာဘ်များ မရရှိပဲ နေမည်နည်း?

" ကောင်းကောင်းလုပ်ခဲ့တာပဲ " ရှဲ့ချောင် သူ့ကို အားပေးလိုက်၏။

ဤသည်ကို ကြားလိုက်ရသောအခါ ရှဲ့ဖင်းကန်းမှာ အတော်လေးပျော်ရွှင်သွားလေသည်။

ပျော်ရွှင်မှုကြောင့် သူသည် မှတ်စုစာရွက်အား မတော်တဆ စုတ်ဖြဲမိသွားခဲ့သည်။

ထိုအချိန်တွင် လူများသည် အပြင်၌ စောင့်ဆိုင်းနေကြ၏။ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ကောင်းကင်မဲမှောင်မသွားမီအထိ ရှဲ့ချောင်အား မတွေ့ခဲ့ကြရပေ။

ထိုမျှတင်မကပဲ နောက်တစ်နေ့နံနက်တွင် ရှဲ့ဖင်းကန်းသည် ရှဲ့ချောင်အား တော်ဝင်ကျောင်းတော်သို့ သူကိုယ်တိုင် လိုက်ပို့လေ၏!

•••••••

All Chapters