← Chapters

သူက ငရဲပဲ(၃)

Vol. 35 Ch. 524

သူက ငရဲပဲ(၃)

Vol. 35 Ch. 524

ရွှီချင်းက ရောင်စုံမန္တာန်အလင်းများကြားပြေးထွက်သွားပြီး တခြားသောမျိုးနွယ်ခြားတစ်ဦးရှေ့သို့ ရောက်ရှိလာသည်။

ထိုမျိုးနွယ်ခြားသည် မန္တာန်များပစ်လွှတ်နေသည့်အထဲက တစ်ဦးဖြစ်သည်။ သူတွင် အတောင်ပံများ ရှိနေသော်လည်း ကျွမ်ရှင်းမျိုးနွယ်တော့ မဟုတ်ဘဲ ကျီးကန်းတစ်ပိုင်းလူတစ်ပိုင်းတစ်ဦးသာ ဖြစ်နေသည်။

ထိုကျီးကန်းလူက ရွှီချင်းရောက်ရှိလာသည်ကို မြင်လျှင် သူ၏မျက်လုံးတို့ပြူးကျယ်သွားပြီး နောက်ဆုတ်ရန်ကြိုးစားလိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။ ရွှီချင်းက သူ၏ဇက်ကို ဖမ်းချုပ်လိုက်ပြီး ဘေးတွင်ရှိသော နံရံနှင့် ဆောင့်ချလိုက်သည်။

နံရံလည်းတုန်ခါသွားပြီး ကျီးကန်းလူ၏ ဇက်လည်း ပေါက်ကွဲကာ ခေါင်းလည်း ကွဲကြေသွားသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်အလောင်းလည်း မြေပြင်သို့ လဲပြိုကျသွားတော့သည်။

“နှမြောစရာပဲ…”

ရွှီချင်းစိတ်ထဲတွင် နှမြောမိသွားသည်။ သူ ထိုလူထံက ရွှေအမြုတေလုံးများ ထုတ်ယူချိန်မရလိုက်ခဲ့ပေ။

သူက တစ်ချက်ယမ်းလိုက်ရာ ကျီးကန်းလူ၏အလောင်းမှာ အဝေးသို့ လွင့်စဉ်သွားတော့သည်။

ပတ်ပတ်လည်တွင်ရှိနေသော မျိုးနွယ်ခြားရာဇဝတ်ကောင်များကို ကြည့်လိုက်ရင်း ရွှီချင်းက နှုတ်ခမ်းသပ်လိုက်ကာ ပြန်ပြေးထွက်လာပြန်သည်။

သူက အဆိပ်ကို အသုံးပြုခြင်းမရှိသေးပေ။ သူ့အနိုင်ဖဲချပ်များကို ဤနေရာတွင် သုံးရန်မတန်သေးဟု ရွှီချင်း တွေးထားသည်။ အမှန်တော့ သူက မန္တာန်အတတ်များကိုပင် သုံးခဲလှသည်။ သူက မျက်စိတစ်မှိတ်အတွင်း ရာဇဝတ်ကောင်တစ်ဦးနောက်သို့ ရောက်လာရာ ထိုသူ၏မျက်နှာမှာ ချက်ချင်းပျက်ယွင်းသွားသည်။  သူက ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း အချိန်မမီတော့ပေ။

ရွှီချင်း၏ ညာလက်က ထိုသူ၏နောက်ကျောထဲသို့ ထိုးဖောက်ဝင်သွားပြီး နှလုံးကို ဖမ်းညှစ်လိုက်သည်။ သူက နှလုံးကို ဖြစ်ညှစ်လိုက်ပြီး ကောင်းကင်နန်းတော်များထဲသို့ ရှာဖွေလိုက်ကာ မှေးမှိန်နေသော ရွှေအမြုတေလေးလုံးကို ထုတ်ယူလိုက်သည်။

ဤသို့ဖြင့် ဃ၁၇အချုပ်ခန်းထဲတွင် နာကျင်စွာ‌အော်သံများ ပဲ့တင်ထပ်နေတော့သည်။

ထို့အပြင် ထိုအသံတို့သည် ပိုမိုစူးရှလာပြီး ခြောက်ခြားမှုတို့ ရောစွက်လာကြသည်။

၃၀… ၄၀… ၅၀…

ရွှီချင်း၏ သတ်ဖြတ်နှုန်းက မြန်သည်ထက်မြန်လာသည်။ သူ့တိုက်ကွက်တို့၏ ရက်စက်မှုနှင့် ဖြတ်လတ်လျင်မြန်မှုတို့က ပို၍အံ့မခန်းစရာပင်။ ထိုအချိန်တွင် သူတကိုယ်လုံးက သွေးအရိပ်တစ်ခုကဲ့သို့ မျိုးနွယ်ခြားတစ်ဦး၏ လည်ပင်းကို ဖမ်းဆုပ်လိုက်ပြီး သူ၏သွေးပျက်စွာ‌အော်သံများကြားတွင် ရွှေအမြုတေတို့ကို ဆွဲထုတ်လိုက်သည်။

ထိုအချိန်ခဏတွင် ရာဇဝတ်ကောင်တစ်ကောင်သည် နောက်ကျောဘက်မှ အလစ်ဝင်တိုက်ခိုက်လိုက်သည်။ သို့ရာတွင် သူက ရွှီချင်းအနီးတို့ ရောက်လာသည့် တစ်ခဏတွင် အရိပ်တစ်ခု လှုပ်ရှားသွားသည်။ နောက်တခဏအတွင်း မျိုးနွယ်ခြား၏ ခန္ဓာကိုယ်တဝက်မှာ မမြင်နိုင်သော ပါးစပ်ကြီးတစ်ခု ကိုက်စားသည်ကို ခံလိုက်ရသည့်အလား ပျောက်ကွယ်သွားသည်။

သတ်ဖြတ်ခြင်းတို့ ဆက်လက်ဖြစ်ပွားနေတော့သည်။

အမွှေးတစ်တိုင်စာအချိန်အတွင်းတွင် သွေးညှီနံ့များ လေထဲတွင် ပျံ့နှံ့နေတော့သည်။ မြေပြင်တွင် အလောင်းများဖြင့် ဖုံးလွှမ်းနေပြီး သူတို့အများစုမှာ ကောင်းကင်နန်းတော်များ ဖျက်ဆီးခံထားကြရသည်။ သူတို့၏ ရွှေအမြုတေတို့မှာလည်း ထုတ်ယူခံထားကြပြီး သူတို့၏ ချီနှင့်သွေးတို့ကို ရွှီချင်း၏ ရွှေကျီးကန်းက စုပ်ယူဝါးမျိုပြီးနောက် ခြောက်သွေ့အလောင်းတို့အဖြစ် ပြောင်းလဲသွားကြသည်။ သူတို့မှာ အသေဆိုးဖြင့် သေဆုံးကြရသည်။

ခေါင်းတစ်ခုလုံးဖျက်စီးခံရသူများနှင့် ခေါင်းနှင့်ကိုယ် အိုးစားကွဲကြသူများလည်း ရှိနေသေးသည်။ ဆိုးရွားလှသော မြင်ကွင်းပင်။

ရွှီချင်းထံ၌ ခန္ဓာကိုယ်များ အရှင်လတ်လတ် ဖြတ်တောက်ခြင်းခံရသော ထူးခြားမျိုးနွယ်တချို့လည်း ရှိနေသေးသည်။

ထိုအချိန်တွင် အသက်ရှင်ကျန်နေသော ရာဇဝတ်သားတို့မှာ မည်မျှပင် ကြမ်းတမ်းသည့်သဘာဝရှိသော်လည်း ကြောက်ရွံ့စိတ်တို့ကို ထိန်းချုပ်နိုင်ခြင်းမရှိကြတော့ပါ။

သူတို့မျက်လုံးထဲတွင် ရွှီချင်းသည် အစမှအဆုံးထိ အမူအရာပြောင်းလဲခြင်းအလျင်းမရှိပေ။ သို့ရာတွင် သူတို့ခံစားချက်တို့ကတော့ ပြောင်းပြန်ဖြစ်ကုန်သည်။

ယခင်အစောပိုင်းတွင်တော့ ရွှီချင်းသည် သူတို့အတွက် သားရေစာမုန့် သို့မဟုတ် သိုးငယ်တစ်ကောင်ပမာသာ ဖြစ်သည်။ သို့ရာတွင် ယခုတွင်တော့ သူက သိုးရေကို စွန့်ပစ်လိုက်သည့် ဝံပုလွေတစ်ကောင် ဖြစ်နေသည်။ ထိုဥပမာသည်လည်း သင့်တော်လှသည်မဟုတ်သေးပေ။ သူသည် လမ်းလျှောက်နေသည့်ငရဲ ဖြစ်တော့သည်။

ထိုအချက်တို့အားလုံးကြောင့် သူတို့၏စိတ်များထဲတွင် လှိုင်းလုံးကြီးများ ဖြစ်လာပြီး ကိုယ်ခန္ဓာတို့လည်း တုန်ယင်လာကြတော့သည်။

“သူက နယ်မြေဃက နယ်ရုပ်မဖြစ်နိုင်ဘူး။”

“နယ်မြေဃက နယ်ရုပ်တွေ တိုက်ခိုက်ချိန်မှာ ခံစားချက်လှုပ်ခတ်မှုရှိသေးတယ်။ သူ… သူကတော့ ခံစားချက်ကို မရှိဘူး။”

“သူက တကယ့်နတ်ဆိုးပဲ။ သူက ဒဏ်ရာတွေရနေတာ ထင်ရှားနေပေမဲ့ မျက်မှောင်တောင် တစ်ချက်မကြုတ်ဘူး။ ဒီလိုလူမျိုး…ငါလက်မြှောက်ပြီ။ အရှင်နယ်ရုပ် ကျွန်‌တော်တို့ လက်မြှောက်ပါပြီ။”

ရွှီချင်းမှာ ဒဏ်ရာများ ကင်းစင်နေသည်တော့ မဟုတ်ပါ။ ထောင်သားများစွာက ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရကာ ရွှီချင်းကလည်း အနိုင်ဖဲချပ်များကို ထုတ်မသုံးသဖြင့် ဒဏ်ရာတချို့ ရထားသည်။

သို့ရာတွင် သူသည် ဒဏ်ရာရလေလေ ပိုပြီး ကြမ်းတမ်းလေ ဖြစ်လာသည်။ အထူးသဖြင့် ထောင်သားတစ်ဦးထံ ပြေးဝင်လိုက်ပြီး ထောင်သား၏ခေါင်းကို သူ့ခေါင်းနှင့် ဆောင့်တိုက်ခိုက်ပြီး ထိုခေါင်းကို အစိတ်စိတ်ခွဲခြေလိုက်ခြင်းက…။

ထိုမြင်ကွင်းတွင် ကျန်ရှိနေသော ရာဇဝတ်သားများ ခြောက်ခြားသွားကြသည်။ သူတို့က ရွှီချင်းအား အလွန်အမင်းကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။ သူတို့မျက်လုံးထဲတွင် ရွှီချင်း၏ ရက်စက်ကြမ်းတမ်းမှုသည် သူတို့ထက်ကျော်လွန်နေပေသည်။

ရွှီချင်း၏ သွေးလွှမ်းနေသော ခေါင်းက သူတို့ဘက်သို့ လှည့်လာသည်ကို မြင်သည်နှင့် သူတို့၏ စိတ်ပိုင်းဖြတ်ထားမှုတို့ ထိန်းမနိုင်အောင် ပြိုလဲပျက်စီးသွားကြတော့သည်။ သူတို့က နယ်ရုပ်များထံသို့ အရူးတပိုင်းပြေးသွားကြတော့သည်။

အချုပ်ခန်းတံခါးပေါက်တွင် ရှိနေကြသော နယ်ရုပ်များကလည်း ထိုမြင်ကွင်းတွင် ထိတ်လန့်မိနေကြသည်။ ယနေ့မြင်ကွင်းကား သူတို့ တသက်လုံးမေ့နိုင်မည်မဟုတ်သော မြင်ကွင်းတစ်ခုပင်။

သူတို့က မြေပြင်တွင် ပြန့်ကျဲနေသော အလောင်းများ၊ စေးထင်းနေသောသွေးများနှင့် သွေးပျက်ခြောက်ခြားစွာ ဥဒဟိုပြေးနေကြသည့် ရာဇဝတ်သားများကို ကြည့်လိုက်ပြီး လွန်စွာတည်ငြိမ်အေးဆေးလျက်ရှိနေသော ရွှီချင်းထံသို့ ပြန်ကြည့်လိုက်ကြသည်။

အားလုံး အထိတ်တလန့်‌အော်လိုက်မိကြပြီး စိတ်ထဲတွင် ပြင်းထန်စွာ လှုပ်ရှားသွားကြသည်။ သူတို့အမူအရာတို့သည်လည်း လွန်စွာ လေးနက်တည်ကြည်နေကြသည်။

သူတို့သည် သတ်ဖြတ်ခြင်းများစွာ မြင်တွေ့ခဲ့ဖူးပြီး အားလုံးက အသတ်အဖြတ်နှင့်ပတ်သက်၍ လက်ယဉ်သူများ ဖြစ်ကြသည်။ သို့သော် သူတို့ ထိတ်လန့်အံ့သြမိသည်က ရွှီချင်း၏သတ်ဖြတ်ခြင်းကြောင့်မဟုတ်ဘဲ သတ်ဖြတ်ချိန်အတွင်း ရွှီချင်း၏ အမူအရာပင်ဖြစ်သည်။

သူတို့ကလည်း ရက်စက်ကြမ်းတမ်းသောလူများ ဖြစ်သည့်တိုင် ရွှီချင်းလုပ်သလိုတော့ မလုပ်နိုင်ကြပေ။ အစမှအဆုံးထိ ထိုရွှီချင်းသည် ရှေးဟောင်းရေတွင်းပမာ အမူအရာ တစိုးတစ်စဉ်းမျှ မပြောင်းလဲခဲ့ပါ။

သတ်ဖြတ်ခြင်းဖြစ်စေ သတ်ဖြတ်ခံရခြင်းဖြစ်စေ ခံစားချက်တို့အား ထိန်းချုပ်နိုင်ရန်ခက်ခဲလှသည်။ ခံစားချက်တို့က လှုပ်ခတ်မိကြစမြဲပင်။

သတ်ဖြတ်ခံရချိန် ကြောက်လန့်သွေးပျက်မှုနှင့် သတ်ဖြတ်ချိန်၌ စိတ်လှုပ်ရှား ပျော်ရွှင်မှုတို့သည် တုပဖုံးကွယ်၍မရနိုင်သလောက်ပေ။

အမူအရာအပြောင်းအလဲအနည်းငယ်တော့ မလွဲမသွေရှိကြမည်ပင်။

နယ်မြေ(ဃ) အတွင်းက နယ်ရုပ်အားလုံးအတွက်တော့ ထိုအချက်သည် တူညီနေကြသည်။

အဆုံးစွန်ထိသတ်ဖြတ်ခဲ့သူတို့သာ သို့မဟုတ် လူသားကမ္ဘာတွင် ငရဲကို ကြုံ့တွေ့ခဲ့ဖူးသူတို့သာ သတ်ဖြတ်ခြင်းကို အတွင်းသန္ဓေစိတ်အဖြစ် ပြောင်းလဲနိုင်ကြပေသည်။ ထိုမှသာ ဤသို့သော အခြေအနေမျိုးတွင် သူတို့၏ခံစားချက်တို့သည် တည်ငြိမ်စွာရှိနေနိုင်ပေမည်။

သူတို့က ထိုသို့သော လူမျိုးကို မြင်တွေ့ခဲ့ဖူးကြသည်။

ထိုသူတို့ကတော့ ရှစ်ဆယ့်ကိုးထပ်အောက် နယ်မြေ(ဂ) တွင် စောင့်ကြပ်နေကြသည့် နယ်ရုပ်များ ဖြစ်ကာ၊ သူတို့ထက်တစ်ဆင့်မြင့်ကြသောသူများ ဖြစ်သည်။

ထိုနေရာရှိ နယ်ရုပ်တိုင်းသည် ထိုသို့သောလူမျိုးဖြစ်နေသည်။

“နယ်မြေ (ဂ)”

ထိုနယ်ရုပ်တို့က အချင်းချင်းကြည့်လိုက်ကြသည်။ ထိုတည်ကြည်မှုအောက်တွင် သူတို့၏ရွှီချင်းထံကြည့်နေသည့် အကြည့်တို့က ယခင်အစောပိုင်းကဲ့သို့ နောက်ပြောင်ကျီစယ်လိုဟန်တို့ မပါရှိတော့‌‌ပေ။ ထိုအစား ၎င်းအကြည့်များထဲတွင် လွန်စွာလေးစားမှုနှင့် ပြင်းထန်သော အလင်းတို့သာ ပါဝင်နေတော့သည်။

All Chapters