← Chapters

နီးလျက်ဝေးခြင်း(၁)

Vol. 35 Ch. 529

နီးလျက်ဝေးခြင်း(၁)

Vol. 35 Ch. 529

ရွှီချင်းက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူ့စိတ်နယ်ပယ်ထဲရှိ အင်ပါယာဓားကို တိတ်တဆိတ်အာရုံခံလိုက်သည်။ အင်ပါယာဓားသည် သူနှင့်တသားတည်းဖြစ်သွားသည်ဟု ခံစားချက်တစ်ခုရနေမိသည်။

ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်လာသည်။

ထိုခံစားချက်ကြောင့် အင်အားတစ်မျိုးကို ခံစားနေမိသည်။

ဤကား အင်ပါယာအဆင့် ကျင့်စဉ်ပညာရပ်ကြောင့် ရရှိလာသော အားဖြည့်ချက်တစ်ခုဖြစ်ပြီး သူက ထိုဓားနှင့် သိကျွမ်းရင်းနှီးမှုတစ်မျိုးလည်း ဖြစ်သည်။ ဤကား အင်ပါယာဓားကို သူနက်ရှိုင်းစွာဆင်ခြင်သုံ့သပ်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုတစ်ရပ် ဖြစ်ပေသည်။

သူက ထိုဓား၏ဖွဲ့စည်းပုံအစိတ်အပိုင်းအားလုံး၊ ဓားသွားတစ်လက်မတိုင်း၏ ထက်မြက်မှုနှင့် ၎င်းကိုယ်ထည်အတွင်းစီးဆင်းနေသော အလင်းတန်းတစ်ခုချင်းစီတိုင်းအား ရင်းနှီးစွာသိရှိနေသည်။

သို့ရာတွင် ထိုရင်းနှီးမှုခံစားချက်သည် ရေပြင်ပေါ်က လပုံရိပ်အလား တခဏမျှသာဖြစ်ပြီး ပုံရိပ်ယောင်ပမာဖြစ်နေသည်။ သူက ဆက်လက်လေ့လာကာ အသုံးပြုနေရန်လိုအပ်နေပြီး ပုံရိပ်ယောင်မှ အစစ်အမှန်အဖြစ်ပြောင်းလဲရင်း သူ့ဝိညာဉ်ထဲတွင် သန္ဓေစိတ်အဖြစ် ထွင်းမှတ်ထားနိုင်သည်အထိ လုပ်ဆောင်ရဦးမည်။

“အဲဒီတော့မှ ဒုတိယအဆင့်ကို တက်နိုင်ပြီး နန်းတော်တစ်ခုစာ တိုက်ခိုက်ရေးအင်အား တိုးလာနိုင်မှာပဲ။”

ရွှီချင်း ရေရွတ်လိုက်သည်။

အချိန်အတန်ကြာလျှင် သူက ညာလက်ဝါးကို ကြည့်လိုက်သည်။ သူ့အတွေးဖြင့် လက်ဝါးထဲတွင် စူးရှသော အလင်းတန်းများဖြာထွက်လာပြီး လျင်မြန်စွာစုစည်းလျက် တဖြည်းဖြည်းအသွင်ဖွဲ့စည်းကာ ဓားအရိပ်တစ်ခု ဖြစ်လာသည်။

၎င်းဓားအရိပ်တွင် သတ္တဝါအပေါင်းကို သတ်ဖြတ်လိုသည့် ထက်မြက်ခြင်းအရှိန်အဝါတစ်ခု ပါဝင်နေသည်။

၎င်းတွင် ဤကမ္ဘာလောကရှိ မိစ္ဆာနှင့်နတ်ဘုရားအားလုံးကို ချေဖျက်နိုင်ဟန် ကြီးမားကျယ်ပြန့်သော စွမ်းပကားအရှိန်အဝါလည်းရှိနေသည်။

ဓားကိုင်တို့၏ အင်ပါယာအဆင့်ကျင့်စဉ်ပညာရပ်သည် အနှစ်သာရတွင် ကာကွယ်ခြင်းမဟုတ်ဘဲ သတ်ဖြတ်ခြင်းအတွက်ဖြစ်နေကြောင်း ရွှီချင်းခံစားမိပေသည်။ ၎င်းတွင် ကြမ်းတမ်းပြင်းထန်သော အရှိန်အဝါတို့မှာ လွန်စွာကြီးလေးနေသည်။

ဤကား ကာကွယ်ရန်သတ်ဖြတ်သော ဓားတစ်လက်ပင်။

ရွှီချင်း နားလည်လိုက်ပြီး သူ့မျက်လုံးများထဲတွင် စူးရှသော အလင်းတစ်ခု ထင်ဟပ်လာသည်။ ၎င်းက သူလက်ဝါးထဲရှိ ဓားအလင်းနှင့် ပဲ့တင်လှိုင်းထပ်သွားပြီး ပေါင်းစည်းသွားတော့သည်။

ဓား‌မြည်သံတစ်ခုကိုလည်း ခပ်သဲ့သဲ့ကြားလိုက်ရမိသေးသည်။ ထိုအသံတွင် ရင်းနှီးသိကျွမ်းနေမှုတို့ ပါဝင်နေသည်။

အစောပိုင်းတွင် ဆင်ခြင်သုံ့သပ်နေခဲ့ချိန်က မြောက်မြားစွာသော ကိုယ်ရိပ်သဏ္ဌာန်တို့ကိုလည်း ခပ်ရေးရေးမြင်တွေ့လိုက်ရသေးသည်။ ကိုယ်ရိပ်သဏ္ဌာန်တစ်ခုချင်းစီတိုင်းသည် အင်ပါယာဓားကိုကိုင်ဆောင်ထားပြီး သူတို့နှင့် တူညီသော လမ်းကြောင်းကိုလျှောက်လှမ်းမည့် နောက်မျိုးဆက်သစ်အား ကြည့်ရှုလျက် ပြုံးနေကြသည်။

ရွှီချင်းက ဗလာနယ်နေရာသို့ ဦးညွှတ်လိုက်သည်။

သူက ထိုဓားနှင့် ယခင်ရှေ့မျိုးဆက်များကို တစ်ချိန်တည်း ဦးညွှတ်လိုက်ခြင်း ဖြစ်သည်။

ထိုအချိန်မှစပြီး သူသည် အင်ပါယာကျင့်စဉ်အတတ်နှစ်ခု ပိုင်ဆိုင်သွားပြီဖြစ်သည်။

ရွှေကျီးကန်းသည် ဤကမ္ဘာလောကရှိ အရာအားလုံးကို ဝါးမျိုသန့်စင်နိုင်သည်။

အင်ပါယာဓားမှာ ဧကရာဇ်ဘုရင်အောက်ရှိ သက်ရှိအားလုံးကို သတ်ဖြတ်နိုင်စွမ်းရှိသည်။

ဒုတိယဖြစ်သော အင်ပါယာဓားသည် သူ့စွမ်းအားထက်ကျော်လွန်သော အင်အားတို့ဖြင့် ပေါက်ကွဲလိုလျှင် အားဖြည့်ပျိုးထောင်ရန် အချိန်လိုအပ်သေးသော်လည်း သူက ဓားသန္ဓေမျိုးစေ့ကို ဖွဲ့စည်းနိုင်ခဲ့လေသည်။ တခြားအရာအားလုံးသည် အချိန်အနည်းနှင့်အများသာ လိုအပ်တော့သည်။

ဓားချီဖြင့် ဖွဲ့စည်းထားသည့် အင်ပါယာဓားကိုကြည့်ရင်း ရွှီချင်းသည် ရင်ထဲကလှိုင်းလုံးများကို ချုပ်တည်းလိုက်သည်။ အချိန်အတန်ကြာပြီးနောက်တွင် သူက စိတ်တို့ပြန်လည်ချုပ်ထိန်းလာနိုင်ပြီး သူမျက်နှာတွင် အတွေးနက်ဟန်တို့ ပြန်ပေါ်လာသည်။

“အင်ပါယာဓားပညာရပ်ကို နှစ်ပေါင်းများစွာ အားဖြည့်ပျိုးထောင်ဖို့က ငါ့အတွက်လွယ်မှာ မဟုတ်ဘူး။ ဒီတော့ ငါအဓိကလုပ်ရမှာကတော့ ဒီပညာရပ်ကို တိုက်ပွဲတိုင်းမှာ ငါအနိုင်ဖဲတစ်ကွက် အဖြစ် ပြောင်းလဲဖို့ပဲ။ ဒီဓားနဲ့ ပိုရင်းနှီးကျွမ်းဝင်လာအောင်လုပ်ပြီးရင် ပုံရိပ်ယောင်ကနေ အစစ်အမှန်ကို အမြန်ဆုံးပြောင်းလဲနိုင်အောင်လုပ်ပြီး နန်းတော်တစ်ခုစာ တိုက်ပွဲစွမ်းအား မြင့်နိုင်အောင် ဒုတိယအဆင့်ကို တက်နိုင်ဖို့ လုပ်ရမယ်။”

“ရင်းနှီးကျွမ်းဝင်မှုလုပ်ဖို့အတွက် ဓားတစ်လက်လိုတယ်…”

ရွှီချင်း ရုတ်တရက်နားလည်လာသည်။ သူက အမိန့်ဓားကို ဆွဲထုတ်လိုက်သည်။

ထိုဓားကိုကြည့်လိုက်ရင်း သူအတွေးများထဲနစ်မြုပ်သွားမိသည်။ ဤဓား၏ အခြားသော အသုံးတစ်ခုကို သဘောပေါက်လာသည်။

ဓားကိုင်တို့၏ နေ့စဉ်လုပ်ငန်းများအတွက်နှင့် ဓားခန်းဆောင်ဆောင်လုပ်ခြင်းအတွက် လိုအပ်ရုံမက ဤဓားတွင် အခြားသောလျို့ဝှက်လုပ်ဆောင်ချက်တစ်ခုလည်း ရှိနေသေးသည်။ ၎င်းက အင်ပါယာဓားအား အောင်မြင်စွာဆင်ခြင်သုံ့သပ်နိုင်ခဲ့သူတို့အတွက် ဓားနှင့်ရင်းနှီးကျွမ်းဝင်မှု တိုးမြှင့်ပေးရန်ဖြစ်နေသေးသည်။

အဘယ်ကြောင့်ဆိုသော်.. ထိုဓားသည် အင်ပါယာဓားနှင့် တစ်ထေရာတည်းတူညီသောကြောင့်ပင်။

“ဒီနေ့အထိ တည်တံ့နေနိုင်ခဲ့တဲ့ ဓားကိုင်ရုံးတော်ကြီးဆိုတဲ့အတိုင်းပဲ။ သူတို့ရဲ့ လုပ်ဆောင်မှုတိုင်းမှာ နက်နဲတဲ့ အဓိပ္ပာယ်တွေနဲ့ အခြေခံအတွေးအခေါ်တွေ ပါဝင်နေသည်။”

ရွှီချင်းခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

“ဒီလိုအုတ်မြစ်အခြေခံနဲ့ဆို ဓားကိုင်ရုံးတော်ကြီးရဲ့ နှစ်ပေါင်းများစွာသမိုင်းမှာ အင်ပါယာဓားကို သုံ့သပ်အောင်မြင်နိုင်ခဲ့သူတွေ အများကြီးရှိမှာပဲ။ ပထမတစ်ခေါက်တည်းနဲ့ အောင်မြင်သူမရှိရင်တောင် ဒုတိယတစ်ခေါက်မှာ အောင်မြင်နိုင်တဲ့သူ မနည်းလောက်ဘူး။”

ရွှီချင်းက နှစ်ကြိမ်အတွင်းအောင်မြင်ခဲ့သောကြောင့် သူ့ကိုယ်သူ ဘဝင်မြင့်မနေစေရန် သတိပေးလိုက်သည်။ ခုန်ရှန်းလုံသည်လည်း နှစ်ကြိမ်တည်းနှင့် အောင်မြင်နိုင်ခဲ့သည်။

ထိုသို့တွေးလိုက်ပြီးနောက် ရွှီချင်းက ပင့်သက်တစ်ချက်ရှိုက်ကာ လျှောက်ထွက်လာခဲ့တော့သည်။

သို့ရာတွင် သူအင်ပါယာဓားကို သုံ့သပ်အောင်မြင်သွားသည့်တစ်ခဏ၌ အချုပ်ထောင်ဌာန၏ ရှစ်ဆယ့်ကိုးထပ်တွင် ကျင့်ကြံနေသော ရုံးတော်သခင်၏မျက်လုံးများ တဖြည်းဖြည်းပွင့်လာသည်ကိုတော့ ရွှီချင်း မသိလိုက်ပေ။

၎င်း၏နောက်ကျောပေါ်က ဒေါင်လိုက်မျက်ဆန်ကြီးလည်း ဖျတ်ခနဲပွင့်လာသည်။

“နှစ်ကြိမ်တည်းနဲ့ အင်ပါယာဓားကို သုံ့သပ်အောင်မြင်နိုင်ခဲ့သူ နောက်တစ်ဦး ရှိလာပြီ။ သူ့နာမည်က ရွှီချင်းပဲ။”

အသံလေးလေးကြီးတစ်ခု ပဲ့တင်ထပ်သွားပြီး ရှစ်ဆယ့်ကိုးထပ်တွင် မုန်တိုင်းတစ်ခု လှုပ်ခတ်သွားသည်။

ထိုအသံက ရွှီချင်းထွက်ခွာသွားပြီးနောက် ရုံးတော်သခင်နှင့် ပြောဆိုနေခဲ့သော အသံပင်ဖြစ်သည်။

ရုံးတော်သခင်က အတွေးထဲနစ်မျောသွားပြီး ခဏအကြာတွင် တည်ငြိမ်စွာမေးလိုက်သည်။

“ဃ(၁၃၂)က ဘယ်လိုနေလဲ။”

“အဲဒီနေရာက ထူးခြားနေပါတယ်။ ကျုပ်က အချုပ်ထောင်ဌာနရဲ့ အသုံးအဆောင်ဝိညာဉ်ဖြစ်ပေမဲ့ ကြည့်ရှုပိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ ရွှီချင်းနောက်ကို ကံဆိုးမှုက လိုက်ပါနေပါပြီ။ ပြီးတော့ အရှင်တစ်ဦးတည်းကပဲ ဃ(၁၃၂)ရဲ့ လျို့ဝှက်ချက်ကို သိတာပါပဲ။ သူ့ကို တန်းပြောပြလိုက်လို့ရပါတယ်။ ကျုပ်လည်း လျို့ဝှက်ချက်တွေ ဘယ်နှခုရှိနေမလဲဆိုတာ သိချင်နေသေးတယ်။”

မုန်တိုင်းထဲက အသံသည် တဝုန်းဝုန်းမြည်သံများအဖြစ် ပျံ့နှံ့ထွက်သွားသည်။

“ဃ(၁၃၂)..”

ရုံးတော်သခင်၏ မျက်လုံးများထဲတွင် ပြန်လည်သတိရမှုတို့ထင်ဟပ်လာသည်။

“အဲဒီထဲမှာ လျို့ဝှက်ချက်က တစ်ခုလည်းမကဘူး။”

“ဒါပေမဲ့ ငါက တစ်ခါမှ ဘက်လိုက်တဲ့ထုံးစံမရှိဘူး။ အားလုံးက ကံကြမ္မာအပေါ်ပဲ မူတည်လိမ့်မယ်။ ခုနစ်ရက်နေလို့ သူ့ကိုယ်ပေါ်က ကံဆိုးမှု မပျောက်သေးရင် သူ့ကို ဃ(၁၃၂)အစောင့်နေရာက ဖယ်ရှားလိုက်တော့။ အခြားအချုပ်ခန်းကို ပြောင်းပေးလိုက်။ ဒီကံထူးမှုနဲ့ သူကံမစပ်ဘူးလို့ပဲ အဓိပ္ပာယ်ရမှာပဲ။”

ရုံးတော်သခင်က တည်ငြိမ်စွာပြောလိုက်ပြီး မျက်လုံးများမှိတ်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် ဓားကိုင်ရုံးတော်ထဲတွင် ရွှီချင်းလမ်းလျှောက်ကာ ထွက်လာသည်။

“ဒီရောက်လက်စနဲ့၊ ပရဆေးဆိုင်တွေသွားပြီး အဆိပ်ဆေးမြက်ပင်တွေ သွားဝယ်လိုက်ဦးမယ်။ အဆိပ်တာအို ရှာဖွေလေ့လာမှုကို မေ့ထားလို့မဖြစ်ဘူး။ ပြီးတော့ သန့်စင်ဆေးဖြူလုံး(ဆေးလုံးပြောင်) တွေလည်း ဝယ်ပြီး လေ့လာကြည့်ရဦးမယ်။”

ရွှီချင်းကလေထဲသို့ ပျံတက်လိုက်ပြီး မြို့တော်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

ထိုအချိန်တွင် ဉာဉ့်ယံနှောင်းပိုင်းသို့ပင် ရောက်ရှိနေပြီဖြစ်သည်။ ကောင်ကင်တွင် တိမ်မည်းများ ဖုံးလွှမ်းနေပြီး မိုးချိန်းသံများ တဝုန်းဝုန်းမြည်ဟီးလျက်ရှိသည်။ မုန်တိုင်းတစ်ခု အစပျိုးနေပြီး မကြာခင်မိုးရွာတော့မည်ဖြစ်ကြောင်း ထင်ရှားနေသည်။

သို့ရာတွင် နေ့နှင့်ညအချိန်မရွေးပဲ ဆိုင်အများစုကတော့ ဖွင့်လှစ်ထားကြသည်။ အဓိကဝယ်ယူသူတို့မှာ သတ်မှတ်ချိန်ပုံသေမရှိသော ကျင့်ကြံသူများသာဖြစ်ကြသည်။

သို့ရာတွင် ရွှီချင်းက ဓားကိုင်ရုံးတော်ပြင်ပလေထဲသို့ ပျံတက်လာသည်ပြီး ဒေသငယ်မြို့တော်သို့ ပျံသန်းရန်ပြင်လိုက်သည့်တခဏတွင် ကောင်းကင်၌ မိုးချိန်းသံများ တဝုန်းဝုန်းမြည်ဟီးလာသည်။ တိမ်များအတွင်းမှ မိုးကြိုးတစ်စင်းဆင်းသက်လာပြီး လေထဲတွင် ရှိနေသော ရွှီချင်းထံ တည့်တည့်ဝင်ရောက်လာသည်။

ထိုမိုးကြိုးသည် အဘက်ဘက်သို့ ကိုင်းများဖြာထွက်နေသော သစ်ကိုင်းပမာပင်။

၎င်း၏အရှိန်မှာ လျန်မြန်လွန်းနေပြီး စွမ်းအားကတော့ ပို၍ပင် အံ့မခန်းဖွယ်ပြင်းထန်နေသည်။ ကောင်းကင်ဘေးဒုက္ခတစ်ခု ကျရောက်လာသည့်အလားပင်။

All Chapters