← Chapters

အင်တာနက်ပေါ်မှ အပူတပြင်း ပြောဆိုမှုများ

Vol. 34 Ch. 499

အင်တာနက်ပေါ်မှ အပူတပြင်း ပြောဆိုမှုများ

Vol. 34 Ch. 499

“ဟမ်၊ ဖိုင်တွေ များလှချည်လား”

ရဲ့လင်းချန်သည် ထိုင်ချလိုက်ပြီးနောက် သူ့အရှေ့မှ စားပွဲတွင် ဖိုင်တွဲများနှင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။

ရှောင်ဖေးဖေးက သူမမေးစေ့ကို ပွတ်နေပြီးမှ ပြောလိုက်သည်။

“အဲ့ဒါတွေအားလုံးက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ပြောကြတဲ့ အနုပညာ သတင်းစာ တွေလေ၊ တခြားဟာတွေက အဓိက ကြော်ငြာသူတွေဆီက ပို့လာတဲ့ ဖိုင်တွေ”

ကြော်ငြာကုမ္ပဏီ တော်တော်များများသည် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ဈေးများများ တောင်းခြင်းကို ထေ့ငေါ့ခဲ့သော်လည်း ယခု သူတို့ တစ်ယောက်ချင်းစီက ပြန်ဝယ်ရန်အတွက် ဈေးကို တိုးပေးရန် စဉ်းစားနေ ကြသည်။

“ဘုရား ဘုရား၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက အခု အဲ့လောက်တောင် အာရုံစိုက်ခံနေရတာလား”

“ဟုတ်တယ်”

ရှောင်ဖေးဖေးက ပြန်ပြောသည်။

“ဒီသတင်းစာတွေကို ကြည့်ပါဦး၊ တချို့ ဆောင်းပါးတွေက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို စပြီးတော့ သေချာ သုံးသပ်ပြီး သုံးသပ်ချက်တွေကို တင်ပြထားတာ၊ ဒါ ကျွန်မတို့ ဇာတ်လမ်းကို ကြည့်တဲ့ အများပြည်သူတင် မကဘဲနဲ့ ကျွန်မတို့ နယ်ပယ်ထဲက လူတွေ အများကြီးကိုပါ အံ့ဩစေခဲ့တာ”

ရဲ့လင်းချန်က ခေါင်းညိတ်၍ စားပွဲပေါ်မှ သတင်းစာကို စူးစမ်းချင်စိတ်ဖြင့် စဖတ်လေသည်။

၎င်းတို့အားလုံးသည် ယနေ့မနက်ပိုင်း အဓိက အနုပညာ သတင်းစာဌာနများမှ ဖြစ်သည်။ ထိုသတင်းစာများကို မှာယူသည့် ကုမ္ပဏီများအားလုံး ၎င်းကို နေ့တိုင်း သတိထားမိနေမည်မှာ သေချာသည်။ ရှောင်ဖေးဖေးတောင်မှ မနက်ခင်း သတင်းစာမျိုးစုံကို မှာယူထားပြီး ထိုသတင်းစာ တစ်စောင်ချင်းစီ၏ အကြီးမားဆုံး နေရာယူထားသည့် အပိုင်းမှာ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း ဖြစ်ပေသည်။ ယင်းက အလွန် မျက်စိဖမ်းစားနိုင်လွန်းလှသည်။

[ထိတ်လန့်စရာပဲ၊ ရှန်းကျောင်းရုပ်သံက ပြန်ဦးမော့လာပြီ]

[တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရဲ့ တန်ပြန် တိုက်ခိုက်မှု၊ အားပါးတရ ချီးကျူးထားသော သုံးသပ်မှုများ]

[သရုပ်ဆောင်ဝိုင်က ဆန်းကြယ်မှုတစ်ခုကို ထုတ်ဖော်လိုက်ပြန်ပြီ၊ မင်းတို့ သူ့ကို မေးခွန်းထုတ်နေသေးတာလား]

[တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရဲ့ နှုန်းထားတွေက ဘယ်လောက် ဖြစ်မလဲ၊ သူတို့ နောက်ဆုံးအထိ ရယ်နိုင် ပါ့မလား]

[ဟာသကို လုံးဝ အဆင့်သစ်တစ်ခုအထိ ခေါ်သွားတာပဲ၊ ဒါက ဟာသဆိုတဲ့ အဓိပ္ပာယ်ပါလား]

[တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက ပုံစံကျကျ ထွက်လာတာပဲ၊ ဒါက ဘဝသရုပ်ဖော် ဟာသဇာတ်လမ်းရဲ့ ခေတ်သစ်တစ်ခုကို ဖန်တီးလေမလား]

[သူတို့ရဲ့ အွန်လိုင်း ထုတ်လွှင့်ခွင့် မူပိုင်ခွင့်ကို ဈေးတင်ထားလိုက်တာ၊ သရုပ်ဆောင်ဝိုင်က ဈေးကို တက်ထား တာလား]

[တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရဲ့ အရည်အသွေးကို ထိန်းထားနိုင်ပါ့မလား၊ ငါတို့ စောင့်ကြည့်ကြတာပေါ့]

ရဲ့လင်းချန် နှာခေါင်းပွတ်ကာ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

“သူတို့က အရမ်း ချဲ့ကားလွန်းတယ်၊ သူတို့က လုပ်ဇာတ်ထွင်တဲ့နေရာမှာ အရမ်း တော်တယ်”

ရှောင်ဖေးဖေးက ပြန်ပြောသည်။

“ဒါက ရှင် သတင်းမီဒီယာက ဘယ်လိုမျိုးလဲဆိုတာကို မသိလို့ မဟုတ်ဘူး၊ သူတို့က အုတ်အော်သောင်းတင်း ဖြစ်တာကို ကြိုက်လို့ပဲ၊ သူတို့ရဲ့ အဓိက ဦးစားပေးက ရှင့်ရဲ့ စိတ်ဝင်စားမှုကို အရင် ဖမ်းဖို့လေ၊ အဲ့တော့ သတင်းက ပိုစိတ်ဝင်စားဖို့ ကောင်းလေ ပိုကြိုက်လေပဲ၊ အကြင်းဖျင်း ပြောရရင် သူတို့က အမြဲ ချဲ့ကားပြောပြီးတော့ သတင်းတစ်ခုကို ပိုဖိရေးတတ်တယ်၊ ဒါပေမဲ့ အမှားတစ်ခုခု ရှိရင်တော့ သူတို့က အရင် ရှင့်ကို နင်းချေပြီး သတ်ပစ်မှာ”

ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်သည်။ ဤသည်မှာ မီဒီယာက သူတို့ကိုယ်သူတို့ စီမံခန့်ခွဲသည့်ပုံပင်။

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းသည် ကြည့်ရှုသူနှုန်း ကျဆင်းခြင်း သို့မဟုတ် နောက်ပိုင်း အရည်အသွေး ကျဆင်းသွားပါက ပြစ်တင်ဝေဖန်ခံရမည်မှာ အသေအချာပင်။ ဤသို့သော မီဒီယာတွင် မှတ်ချက်ပေါင်းစုံ ပေါ်လာ ကြမည်ပင်။

ရဲ့လင်းချန်သည် သတင်းကောင်းကို မြင်ရရုံသက်သက်နှင့် မီဒီယာအား ကြင်နာ၍ စိတ်ဝင်စားဖွယ်ကောင်းသည်ဟု မသတ်မှတ်ပါ။

တစ်ချိန်တည်းမှာပင် အင်တာနက်ပေါ်၌ အပူတပြင်း ပြောဆိုမှုများက မနေ့ညကတည်းက မရပ်သွားပေ။

မနက် သုံး၊လေးနာရီမှာတောင်မှ တော်တော်များများက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းနှင့် ပတ်သက်ပြီး ပြောနေကြဆဲ ဖြစ်ကာ ဟာသမြောက်သော စကားများကို ပြန်ပြောနေကြသည်။ အချို့သော သူများသည် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းတွင်းမှ ဆွဲဆောင်မှုရှိသော စာသားများ အပါအဝင် ရယ်ရသော စကားတိုင်းကို မှတ်ထားကြသည်။

သို့သော် လူတိုင်း စိတ်အဝင်စားဆုံး ခေါင်းစဉ်မှာ ကြည့်ရှုသူနှုန်းထား ဖြစ်သည်။ သာမန် သိချင်သူများဖြစ်စေ၊ အဓိက ရုပ်သံဌာနများဖြစ်စေ အားလုံးက သိချင်နေကြသည်။ သူတို့ ကြည့်ရှုသူနှုန်း ဘယ်လောက်များ ရမလဲ။

[သူတို့ အခု ဘာတွေ လုပ်နေကြတာလဲ၊ ဘာလို့ အခုထိ ထွက်မလာသေးတာပဲ]

[အဲ့ဒီ စာရင်းအချက်အလက်ကလူတွေ ဘာတွေ လုပ်နေတာလဲ၊ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကလည်း နည်းလိုက်တာ]

[တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရဲ့ ကြည့်ရှုသူနှုန်းက အရမ်း ဆိုးမှာ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် အဲ့ဒါက ကြည့်လို့ကောင်းတယ်လို့ ငါ ထင်တယ်]

[လခွမ်း ငါ ကြည့်ရှုသူနှုန်းထား စာမျက်နှာကို refresh လုပ်နေပင်မယ့် ပေါ်မလာသေးပါလား]

[ဘယ်တော့ ထွက်လာမှာလဲ၊ သူတို့က အားကိုးလို့ မရဘူးလား၊ ငါ ဒါကို စောင့်နေရုံနဲ့တင် အချိန်ကုန်နေပြီ]

[မြန်မြန်၊ မြန်မြန်၊ မြန်မြန်]

[သူတို့ ဘယ်အချိန် အလုပ်သွားတာလဲ၊ ဒီလိုအခြေအနေမျိုးမှာ သူတို့ မအိပ်ဘဲနဲ့ တစ်ညလုံး တွက်နေသင့်တာ မဟုတ်ဘူးလား]

[တကယ်ပါပဲ၊ နှုန်းက ဘယ်လောက်လဲ၊ ငါ အခု သောက်ရမ်း စိုးရိမ်နေပြီ]

[တစ်ချိန်တည်း လွှင့်တဲ့ ဇာတ်လမ်းတွေက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းနဲ့ မယှဉ်နိုင်ဘူး၊ သူတို့ရဲ့ ကြည့်ရှုသူနှုန်းက လုံးဝ ပေါက်ကွဲထွက်သွားမှာ၊ ငါတော့ လုံးဝ မျှော်လင့်နေပြီ]

[အပေါ်ကလူ၊ မင်းက အကောင်းမြင်စိတ် များလွန်းနေပြီ၊ အရင်ဆုံး ငါ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းနဲ့ ပတ်သတ်ပြီး မကောင်းပြောချင်တာ မဟုတ်ဘူးလို့ ပြောချင်တယ်၊ ငါက လက်တွေ့ကျကျ အမှန်တရားကို ရှာဖွေတတ်တဲ့သူ ဖြစ်ပြီးတော့ အားလုံးကို စိတ်ကို ပြင်ဆင်ထားစေချင်တယ်၊ ပြောရရင် ဖန်တီးထားတဲ့ မူပိုင်ဇာတ်လမ်းက နာမည်မကြီးရင် ဒါမှမဟုတ် မထုတ်လွှင့်ခင် လူတော်တော်များများက မျှော်လင့်နေတဲ့ အရာမျိုး မဟုတ်ရင် ဇာတ်လမ်းရဲ့ ပထမဆုံး အပိုင်းက သိပ်မကောင်းနိုင်ဘူး၊ ဒါအတွက် အခြေခံက ကြည့်ရှုသူ အခြေခံ ရှိကိုရှိဖို့ လိုတယ်၊ ဒါပေမဲ့ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက မထုတ်လွှင့်ခင်မှာ ပရိသတ် ကောင်းကောင်းတောင် မရှိဘူး၊ ရှန်းကျောင်းရုပ်သံရဲ့ ပရိသတ် အခြေခံကလည်း ပိုပြီး စိုးရိမ်ဖို့ ကောင်းတယ်၊ အပိုင်း သုံး ဒါမှမဟုတ် လေးက ကြည့်ရှုသူနှုန်း တစ်ရာခိုင်နှုန်း ရလောက်ပင်မယ့် မနေ့က နှုန်းကတော့ ၀.၉ ထက် မပိုလောက်ဘူးလို့ ငါ ထင်တယ်]

[ကျွမ်းလိုက်တာ၊ အပေါ်ကလူရဲ့ သုံးသပ်ချက်က အဓိပ္ပာယ် ရှိတယ်]

[တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရဲ့ အရည်အသွေးက သိပ်ကောင်းတာကို ငါလည်း သဘောတူတယ်၊ ဒါပေမဲ့ လက်တွေ့ကို ဆန့်ကျင်နိုင်လောက်တဲ့အထိတော့ သိပ်ကောင်းမနေဘူး]

[၀.၉ ရာခိုင်နှုန်းကတင် အံ့ဩဖို့ ကောင်းနေပြီ၊ တကယ်လို့ အရည်အသွေးက နောက်ပိုင်း ကျမသွားခဲ့ရင် သေချာပေါက် ကြောက်ဖို့ကောင်းမှာပဲ]

[မဖြစ်နိုင်လိုက်တာ၊ ငါ အဲ့ဒါကို တအား ကြိုက်တာ၊ အနည်းဆုံး တစ်ရာခိုင်နှုန်းတော့ ရှိသင့်ပါတယ်]

[ဒါ အခြေအမြစ် မရှိဘူး၊ ဒါပေမဲ့ အားလုံးက ဖြစ်နိုင်ချေ ရှိတယ်၊ အများကြီး အသည်းအသန် ပြောဆိုအောင် လုပ်နိုင်တာနဲ့တင် အတော်လေး လုံလောက်နေပြီ]

ပြောဆိုမှုများတွင်း၌ ကျွမ်းကျင်သူများ ရှိနေပြီး သူတို့တစ်ယောက်ချင်းစီက အားလုံးကို သေချာ သုံးသပ်နေသည်။

မကြာခင်မှာပင် ဝေ့ပေါ်၌ ကြည့်ရှုသူနှုန်းထား မဲပေးသည့် အစီအစဉ်တစ်ခု ပေါ်လာသည်။ အဓိက ရုပ်သံဇာတ်လမ်းတွဲများ၏ ကြည့်ရှုသူနှုန်းထးများကို မဲပေးရန် ဆွဲထုတ်ထားသည်။ ထိုအခြေအနေတွင် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို အားပေးသည့်နှုန်းက ယခင်နှင့်မတူဘဲ တိုးနေကာ လူတော်တော်များများက ကိုယ့်အချစ်အတွက်နှင့် နန်းတော်ကို ကျော်လိမ့်မည်ဟု ခန့်မှန်းကြသည်။

[လူတွေက ရူးနေပြီ၊ အချို့လူတွေက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရဲ့ ကြည့်ရှုသူနှုန်းက ၁.၃ ရာခိုင်နှုန်းတောင် ရောက်လိမ့်မယ်လို့ ထင်နေကြတယ်]

[အမာခံ ပရိသတ်တွေ၊ ငါ ဒီကို ရန်ဖြစ်ဖို့ လာတာပဲ၊ မနေ့က တိုက်ခန်းတွင်းမှ ကြည့်ရှုသူနှုန်းရဲ့ အဆင့်က ကိုယ့်အချစ်အတွက်နဲ့ နန်းတော်လောက် မကောင်းဘူး၊ နောက်ပိုင်း ငါတို့ကို ကျော်ဖို့ မရှိမဖြစ် ရှိထားရမယ့် လိုအပ်ချက်က မင်းတို့ရဲ့ အရည်အသွေးကို ထိန်းထားဖို့ပဲ၊ ကြည့်ရှုသူနှုန်းက ဆော့ကစားလို့ ရမယ့်အရာလို့ ထင်နေတာလား]

[ဘာလို့ မဖြစ်နိုင်ရမှာလဲ၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ငါ အားပေးတယ်၊ သူတို့ ကြည့်ရှုသူနှုန်းက နံပါတ်တစ် ဖြစ်မှာ]

[အတိအကျပဲ၊ ငါတို့ အားလျော့လို့ မဖြစ်ဘူး၊ နှစ်ရာခိုင်နှုန်း ကျော်မယ်လို့ ငါ ထင်တယ်]

[အပေါ်ကလူ၊ မင်း တော်တယ်]

အားပေးသူများစွာ ရှိနေပြီး လူတိုင်းက မရပ်မနား ငြင်းခုန်နေကြသည်။ သို့ရာတွင် အများဆုံး မဲပေးသည့်နှုန်းက ၀.၇ နှင့် ၁ ရာခိုင်နှုန်းကြားတွင်သာ ရှိလေသည်။

ကိုယ့်အချစ်အတွက် ကြည့်ရှုသူနှုန်းက နန်းတော်နှင့် အတူတူပင် ဖြစ်ပြီး ၀.၈ နှင့် ၁.၁ ရာခိုင်နှုန်းကြား၌ ရှိလိမ့်မည်ဟု ခန့်မှန်းနေကြသည်။

“ပြည်သူ တော်တော်များများက ငါတို့ကို အားပေးတဲ့ပုံပဲ”

ရဲ့လင်းချန်သည် အင်တာနက်ပေါ်မှ ဆွေးနွေးမှုများကို ကြည့်ပြီး ပြုံးလိုက်မိသည်။ လူအများက အလွန် ချစ်ဖို့ကောင်းသည်ဟု သူ တွေးမိသည့် အချိန်များပင် ရှိလေသည်။

သူ့အတွက် မနေ့ညက ကြည့်ရှုသူနှုန်းက လုံးဝ အရေးမကြီးပါ။ ဇာတ်လမ်းတွဲတစ်ခု၏ ရေရှည် လုပ်ဆောင်နိုင်စွမ်းကို အမြဲ မြင်သင့်ပြီး အကျိုးဆက်က ကောင်းသလား မြင်တက်ရပေမည်။ တကယ်တမ်းတွင် ကနဦး အဆင့်များက အရာအားလုံးကို ကိုယ်စားမပြုပါ။

အခြားသော အဓိက ရုပ်သံဌာနများမှာမူ။

“ဘယ်လိုလဲ၊ ကြည့်ရှုသူနှုန်းတွေ မထွက်သေးဘူးလား”

“မထွက်သေးဘူး၊ ခဏနေ ထွက်လာမှာပါ”

“ဟေ့ အင်တာနက်ပေါ်က ပြောတာတွေကို ဖတ်ပြီးပြီလား”

“ဖတ်ပြီးပြီ၊ အဓိပ္ပာယ် မရှိလိုက်တာ၊ သူတို့အားလုံးက အပျော် ဝင်ပါတဲ့ သာမန်လူတွေပဲ”

“သူတို့က သာမန်လူတွေပဲလေ၊ သံသယ ဝင်စရာတောင် မလိုဘူး၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက ကိုယ့်အချစ်အတွက်ကို ကျော်မယ်လို့ ပြောနေတဲ့သူတွေတောင် ရှိတယ်၊ ဒါပေမဲ့ သူတို့က လူအများ အခြေခံအရ ဘယ်လောက် နောက်ကောက်ကျန်နေခဲ့ပြီလဲဆိုတာကို သူတို့ ကြည့်တောင် မကြည့်ဘူး”

“အဲ့ဒါကို ရယ်စရာတစ်ခုလို့ပဲ သဘောထားလိုက်”

“တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက အခု ပျော်လို့ ကနေလောက်ပြီ၊ ဒါပေမဲ့ ဒီလိုဇာတ်လမ်းမျိုးက အလွယ်တကူ ပြိုလဲမှာပဲ၊ တကယ်လို့ သူတို့ရဲ့ နောက်ပိုင်း အပိုင်းတွေရဲ့ အရည်အသွေးက မကောင်းဘူးဆိုရင် ကိုယ့်အချစ်အတွက်ကို ကျော်ဖို့ မဖြစ်နိုင်ဘူး”

“မင်း ကြွားတာတွေနဲ့ မကောင်းပြောတာကို ဖယ်ထုတ်လိုက်မယ်ဆိုရင် ဘယ်လောက် ဖြစ်မယ်လို့ မင်း ထင်လဲ”

“၀.၉ ရာခိုင်နှုန်းလောက်ပေါ့”

“အင်း … အဲ့ဂဏန်းလောက်တော့ ရှိသင့်ပါတယ်”

“ကြည့်ရှုသူနှုန်းက ၀.၉ ကျော်မလားဆိုတာကတော့ ဆက်ကြည့်ရမှာပဲ၊ ဒါက ပထမဆုံးအပိုင်းပဲ ရှိသေးတာလေ”

…

All Chapters