← Chapters

ကြည့်ရှုသူနှုန်းထားက … စာရင်းထက် ကျော်နေပြီ

Vol. 34 Ch. 500

ကြည့်ရှုသူနှုန်းထားက … စာရင်းထက် ကျော်နေပြီ

Vol. 34 Ch. 500

အဓိက ရုပ်သံဌာနများအားလုံး ထိုအကြောင်းနှင့် ပတ်သက်၍ စိတ်မကြည်ကြချေ။ တိုက်ခန်းတွင်းမှ အချစ် ဇာတ်လမ်း၏ ကျော်ကြားမှုက သူတို့ကို အားကျလာစေသည်။ Tencent Video ၏ မြင့်မားသော ဈေးကို ရဲ့လင်းချန် ငြင်းလာသောအခါ သူ၏ ရူးသွပ်မှုကို လူတိုင်း ခံစားမိသည်။ သူ အရူး ဖြစ်သည်ကို သူတို့အားလုံး စိတ်အားထက်သန်စွာ ကြည့်ချင်နေကြသည်။

ရုပ်သံဌာနတိုင်းနှင့် ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းတိုင်း၏ ခန့်မှန်းချက်များက ကွဲပြားလေသည်။

ယင်းက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ကျော်ကြားမှုကို ရောင်ပြန်ဟပ်စေသည်။

နေ့လယ် ဆယ့်နှစ်နှာရီအတိမှာပင် နှစ်သစ်ကူးနေ့မှ ရုပ်သံဇာတ်လမ်းတွဲများ၏ ကြည့်ရှုသူနှုန်းများကို ကြေညာ လာ၏။ လူအများ၏ သိချင်သော မျက်လုံးများက အလွန် အာရုံစိုက်၍ ကြည့်ရှုကြလေသည်။

“ဘုရားရေ၊ ဘုရား ဘုရား”

“လာစမ်း၊ လာစမ်း၊ သောက်ကျိုးနည်းပါလား”

“ငါ့ကို ပြဦး”

“နောက်ဆုံးတော့ ထွက်လာပြီပဲ”

“ဒါက ဘာလဲ … ဘာတွေ ဖြစ်နေတာလဲ”

မရေတွက်နိုင်သော သာမန် စောင့်ကြည့်သူများက ပြုံတိုး၍ ကြည့်ကြလေသည်။

ဝက်ဝက်ကွဲအောင် လူကြိုက်များသည့် ရုပ်ရှင်နယ်ပယ် အတွင်းလူများကလည်း အာရုံစိုက်နေကြသည်။

သို့သော် ကြည့်ရှုသူနှုန်းထား အချက်အလက်ကို သူတို့ မြင်လိုက်သည့် အခိုက်အတန့်မှာပင် အားလုံး မှင်တက် သွားပြီး စိတ်ထဲ၌ အော်ဟစ်မိကြသည်။

နှစ်သစ်ကူးနေ့က တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းနှင့် ပြိုင်ဆိုင်သည့် လျိုလျန်ရုပ်သံ၊ ထောင်ကျီရုပ်သံနှင့် အခြားသော ရုပ်သံကြီးများအားလုံးသည် မျက်လုံး ကျွတ်ကျမတတ် ဖြစ်နေလေ၏။ သူတို့အားလုံး၏ မျက်နှာတွင် မယုံနိုင်ဟန်များ ပေါ်နေသည်။

“ဒါက … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒါ အလိမ်အညာ ဖြစ်နေမလား”

“ဘုရားရေ”

“မဖြစ်နိုင်ဘူး၊ ငါ့မျက်လုံးတွေ ကန်းတော့မယ်”

“ဒါ လုံးဝကို အမှားပဲ၊ ဒါ စာရင်းဇယား အမှားဖြစ်တာ၊ လခွမ်း”

ကြည့်ရှုသူနှုန်း အချက်အလက်မှ ကိန်းဂဏန်းများစွာသည် အလွန် စိတ်ဝင်စားစရာ ကောင်းပြီး လူတိုင်း မြင်နိုင် လေသည်။

အံ့ဩစရာကောင်းစွာပင် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက တကယ်ကို ပထမနေရာ၌ ရှိနေ၏။

ပထမနေရာ ရခြင်းက လူတိုင်း၏ ခန့်မှန်းမှုများထက် များစွာ ကျော်လွန်နေသော်လည်း အထင်ရှားဆုံးအချက်မှာ ကြည့်ရှုသူနှုန်း ဖြစ်သည်။ ယင်းက ၂.၀၃ ရာခိုင်နှုန်း ဖြစ်နေ၏။

ဘယ်သူမှ၊ အမာခံ ပရိသတ်များတောင်မှ ၂ ရာခိုင်နှုန်းကို ကျော်လိမ့်မည်ဟု ထင်မထားမိပါ။ ယင်းက တကယ်ကို ၂ ရာခိုင်နှုန်းကို ကျော်လွန်နေ၏။

၂ ရာခိုင်နှုန်းကို ကျော်သွားတာ ဘာသဘောလဲ၊ ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲ နယ်ပယ်ထဲသို့ ရဲ့လင်းချန်၏ ကနဦး ဝင်ရောက်မှု ဥပမာကို အများ မြင်နိုင်ပေသည်။ ရှောင်ဖေးဖေး ခေါင်းဆောင် ပါဝင်သော ဇာတ်လမ်းတွင် မျက်နှာဖုံးနှင့်လူအဖြစ် ပါဝင်စဉ်က သူ၏ ထူးခြားသော သရုပ်ဆောင်စွမ်းရည်နှင့်ဆိုလျင် နှစ်ရာခိုင်နှုန်းသာလျင် ရနိုင်ပေလိမ့်မည်။

ထို့အပြင် နှစ်ရာခိုင်နှုန်း ရရှိသည်က ပထမအပိုင်းတင် မဟုတ်ပါ။ တဖြည်းဖြည်းနှင့် မှန်မှန် တိုးလာခြင်း ဖြစ်သည်။

*မယုံနိုင်စရာပဲ*

*ထိတ်လန့်ဖို့ကောင်းလိုက်တာ*

*အံ့ဩစရာပါလား*

လူတိုင်း၏ ဦးနှောက်က တစ်ခဏမျှ ကြေမွသွားသလို ခံစားလိုက်ရသည်။ သူတို့အားလုံး ပိုပို၍ အံ့ဩလာ ကြသည်။

လက်ရှိ အခြေအနေအရ ကြည့်ရှုသူနှုန်း နှစ်ရာခိုင်နှုန်း ကျော်သည့် မည်သည့် ဇာတ်လမ်းတွဲမဆိုသည် လက်ရာကောင်းများ၏ ထိပ်တန်းဟု သတ်မှတ်နိုင်ပေသည်။

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ အောက်တွင် ကိုယ့်အချစ်အတွက်က ၀.၉၅ ရာခိုင်နှုန်း၊ နန်းတော်က ၀.၉၃ ရာခိုင်နှုန်း၊ ချစ်ခြင်းမေတ္တာ ကြီးမားသော မိသားစုလေးက ၀.၈၁ ရာခိုင်နှုန်း။

…

ကြည့်ရှုသူနှုန်းများက မဆိုးသော်လည်း သူတို့အားလုံးက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ အနိုင်ပိုင်းခြင်း ခံလိုက်ရသည်။ လမင်း၏ ဂုဏ်ကျက်သရေနှင့် ယှဉ်ပြိုင်သော ပိုးစုန်းကြူးများလိုပင်၊ ယင်းက လုံးဝကို မတူညီသော အဆင့်အတန်းပင်။

လျိုလျန်ရုပ်သံ၌ ရုပ်သံဌာနတစ်ခုလုံး တိတ်ဆိတ်နေသည်။

သူတို့သည် ကြက်သေ သေ၍ ငြိမ်သက်နေရုံသာ တတ်နိုင်လေသည်။

ဥက္ကဋ္ဌဟဲသည် ပါးစပ်အဟောင်းသား ဖြစ်နေပြီး ထိုအတိုင်း ဖြစ်နေသည်မှာ အတော်ကြာလေပြီ။

လျိုလျန်ရုပ်သံက လက်ရှိတွင် ပရိသတ် အကြီးမားဆုံး ရုပ်သံတစ်ခုအဖြစ် ကျော်ကြားသော်လည်း သူတို့ သည်လည်း ကြည့်ရှုသူနှုန်း နှစ်ရာခိုင်နှုန်းကျော်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းနှင့် ထိပ်ဆုံးမှ သူတို့နေရာကို ပြန်ယူနိုင်သော်လည်း အခွင့်အရေးက လွဲချော်ပြီးသွားလေပြီ။

…

ထောင်ကျီရုပ်သံ။

ရုပ်သံဌာန၏ ဌာနချုပ်၌။

ခေါင်းဆောင်တစ်ယောက်သည် သူ၏ ဝန်ထမ်းများ ပေးလာသော အချက်အလက်ကို ကြည့်ပြီး ခန္ဓာကိုယ်က စတင် တုန်ခါလာသည်။ သူ့ကိုယ်သူ မထိန်းနိုင်တော့သဖြင့် သူ အော်ဟစ်လိုက်သည်။

“ငါ့ကို ကြည့်၊ ပြော ဒီကြည့်ရှုသူနှုန်းတွေက အမှန်ပဲလား၊ ဒီနေ့က ဧပရယ်လ်ဖူးလ် နေ့လား၊ မင်း အခု ငါ့ကို သောက်ကျိုးနည်း လာနောက်နေတာလား၊ နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ နှစ်ရာခိုင်နှုန်းကျော်ဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

တိတ်ဆိတ်သွားလေသည်။

ဘယ်သူမှ စကားမပြောရဲပါ။ ဘယ်သူမှ ထိုမေးခွန်းကို မဖြေရဲပေ။

*ကြည့်ရှုသူနှုန်း စာရင်းအချက်အလက်မှာ အမှား ရှိနေတာများလား၊ ဒါပေမဲ့ ဖြစ်နိုင်ချေက မပြောပလောက် စရာလောက်ပဲမို့ အဲ့ဒါကို ကျော်လိုက်လို့ ရနေတယ်*

…

Tencent Video။

ထိုနေရာမှ ဝန်ထမ်းများလည်း မှင်တက်နေသည်။

“ဒါက ဘယ်လို စိတ်ကူးယဉ် နှုန်းမျိုးလဲ၊ ဒါက ရူးချင်စရာပဲ”

“ငါ နားမလည်နိုင်တော့ဘူး၊ ဒါ ဘယ်လို ဖြစ်တာလဲ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“ချီးပဲကွာ၊ ငါတို့ဘော့စ်က သူတို့ကို ယွမ်သန်းငါးဆယ်နဲ့ ကမ်းလှမ်းတာကို ငါတို့က ရူးမိုက်တဲ့ အကြံလို့ ထင်ခဲ့တာ၊ တကယ်တမ်းကျတော့ ငါတို့ဘော့စ်က ကောင်းကောင်း ဆုံးဖြတ်တတ်တာကို သက်သေ ပြနေပါလား”

“သရုပ်ဆောင်ဝိုင်ကလည်း တကယ် အံ့ဩဖို့ ကောင်းတယ်၊ သူက ယုံကြည်မှုအပြည့်ပဲ၊ သူ မရောင်းဘူးလို့ ပြောတယ်၊ တကယ်လည်း မရောင်းခဲ့ဘူး”

“မုန်တိုင်းထန်တော့မှာ သေချာတယ်၊ ဒါက သေချာပေါက် သန်းငါးဆယ် ကျော်မှာ၊ ငါတို့ တစ်ဦးတည်း ထုတ်လွှင့်ပိုင်ခွင့်ကို ရနိုင်ပါ့မလားတောင် မသိဘူး”

“သူတို့ အရူးကြီး ရူးတော့မှာ ဟုတ်တယ်မလား၊ ဈေးက အဲ့လောက် မြင့်မှ ဖြစ်မှာလား”

…

ရှန်းကျောင်းရုပ်သံ၌။

ဒါရိုက်တာကျန်းသည် ရုပ်သံဇာတ်လမ်းတွဲ၏ ကြည့်ရှုသူနှုန်း အချက်အလက်ကို ကိုင်ပြီး ငါးမိနစ်မျှ ကြက်သေ သေနေ၏။

ထို့နောက် သူက စီးကရက်တစ်လိပ်ကို အသာထုတ်၍ သောက်လိုက်သည်။ စီးကရက်က လျင်မြန်စွာ လောင်ကျွမ်းသွားပြီး အကြိမ် အနည်းငယ်မျှ ဖွာပြီးသည်နှင့် ကုန်သွားလေသည်။ ထို့နောက် သူက စားပွဲကို ရိုက်၍ ရုတ်တရက် ထရပ်ကာ အော်ဟစ်လိုက်သည်။

“လခွမ်း၊ ဒါ အံ့ဩဖို့ကောင်းတာပဲ”

သူ၏ ဆဲရေးတိုင်းထွာသော စကားက ရုံးခန်းတစ်ခန်းလုံးကို ဆူညံသွားစေပြီး လူတစ်ယောက်ချင်းစီက စတင်၍ ရေရွတ်ပြောဆိုကြသည်။

“ငါတို့တော့ ချမ်းသာပြီ၊ ရှန်းကျောင်း ရုပ်သံ ချမ်းသာပြီဟေ့၊ ဝါးဟားဟားဟား …”

“ငါ့မျက်နှာကို မြန်မြန်လေး ရိုက်လိုက်စမ်းပါ၊ ဒါ အိပ်မက် မဟုတ်ဘူးလို့ ငါ့ကို သက်သေပြပေး”

“ဖြောင်း”

“လခွမ်း၊ မြေယိုးကောင်၊ မင်း ဘာလို့ ငါ့ကို ရိုက်တာလဲ”

“အာ … ငါလည်း အိပ်မက် မက်နေတာ ဟုတ်၊ မဟုတ် သိချင်လို့ပါ”

“ဒါရိုက်တာကျန်းက အံ့ဩဖို့ကောင်းလိုက်တာ၊ အရင်တုန်းက ငါတို့ရဲ့ လူသူမဲ့ကျွန်း၌ ရှင်သန်နေထိုင်ခြင်း ရသစုံ ရှိုးပွဲက ငါတို့ရုပ်သံကို နာမည်ကြီးသွားစေခဲ့တယ်၊ အခုတစ်ခေါက် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းနဲ့ ထပ်နာမည်ကြီးပြန်ပြီ၊ သူက ကံကောင်းခြင်းသားတော်ပဲ”

“တကယ်ကို အံ့ဩဖို့ကောင်းတာ၊ သူက ကံကောင်းခြင်းသားတော် မဟုတ်ရင်တောင်မှ ဇာတ်လိုက်ရဲ့ အရှိန်အဝါက သူ့ပေါ် ကျနေတာ ဖြစ်မယ်”

“မေးနေစရာတောင် မလိုဘူး၊ ဒီမေးခွန်းအတွက် တစ်ခုတည်းသော အဖြေက ဒါက မိုက်တယ်ဆိုတာပဲ”

…

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ အဖွဲ့နေရာ၌ အဖွဲ့ဝင်များအားလုံး မှင်တက်နေ၏။

“အဲ့လောက် များတာလား … ဘယ်လောက် ရတာလဲ”

လုရှောင်ပုသည် ခေါင်းစောင်းနေပြီး အသံက တုန်ယင်နေလေသည်။

ချန်ချီချီက ခေါင်းအသည်းအသန် ကုတ်နေ၏။

“နေဦး၊ ငါ့ကို အခြေအနေကို နားလည်အောင် ကြိုးစားခွင့် ပေးပါဦး၊ ငါ့ကို တစ်ယောက်ယောက်လောက် ထပ်ပြောပြနိုင်မလား”

“ငါယိုး … ငါတို့ရဲ့ ကြည့်ရှုသူနှုန်းက နှစ်ဒဿမသုံးတောင်လား”

“ငါ့ဦးနှောက်တော့ ချောင်နေပြီ၊ ငါ့ကို တစ်ယောက်လောက် နည်းနည်း ဦးနှောက် ငှားပါလား”

“ငါတော့ မရဘူး၊ ငါ့ခေါင်းလည်း မပြည့်ဘူး”

ဟူရီဖေး၏ အမူအရာက စိတ်ရှုပ်ထွေးဟန် ပေါ်နေသည်။

“ဒါ ငါ ပထမဆုံး ပွဲဦးထွက် သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲလေ၊ ဒါတောင် ကြည့်ရှုသူနှုန်းက နှစ်ရာခိုင်နှုန်း ကျော်နေပြီလား”

“ဒါက ငါ ချဲ့ကားပြီး ပြောတာ မဟုတ်သလို၊ မကောင်းပြောမှာလည်း မဟုတ်ဘူး၊ ဒါပေမဲ့ ငါ ဒီအကြောင်းကို ငါ့တစ်သက်လုံး ကြွားဝါ ပြောနေမိတော့မှာပဲ၊ အား … သခင်လေးရဲ့က သိပ်ချောတာပဲ”

ချန်မိန်ကျားက ပြုံး၍ မျက်လုံးကိုမှေးကာ မြူဆွယ်သော မိန်းကလေးတစ်ဦးသဖွယ် ပြုမူလေသည်။

…

ယင်းက နယ်ပယ်တွင်း၌ အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေသည်။

တစ်နိုင်ငံလုံးမှ ပြည်သူများလည်း အုတ်အော်သောင်းတင်း ဖြစ်ကုန်သည်။

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက သံသယ ဝင်စရာ မလိုအောင် ထိပ်ဆုံးကို ရောက်နေပြီ။

တစ်ချိန်တည်း ပြသသော ဇာတ်လမ်းတွဲများတွင်း၌ နံပါတ်တစ်။

ယခုလ ရုပ်သံဇာတ်လမ်းတွဲ ကြည့်ရှုသူနှုန်းများ၌ နံပါတ်တစ်။

ယခုနှစ် ရုပ်သံဇာတ်လမ်းတွဲ ကြည့်ရှုသူနှုန်းများ၌ နံပါတ်တစ်။

ဘဝ သရုပ်ဖော် ဟာသ ရုပ်သံဇာတ်လမ်းတွဲများ၌ နံပါတ်တစ်။

ယင်း၏ အဓိကအချက်မှာ ဤသည်က ပထမနေ့၏ ကြည့်ရှုသူနှုန်းများသာ ဖြစ်နေသေးခြင်းပင်။

လူတိုင်း နှလုံးခုန်နှုန်း မြန်ဆန်လာသည်ဟု ခံစားမိပြီး ပြောစရာ စကား ပျောက်ဆုံးကုန်သည်။

*အံ့ဩစရာပဲ၊ ဒါက အံ့ဩစရာပဲ*

နယ်ပယ်တွင်းမှ လူများသည် သူတို့၏ စိတ်ထဲမှ ကြောက်ရွံ့မှုကို ဘယ်လို ဖော်ပြရမလဲ မသိချေ။ သူတို့အားလုံးသည် စိတ်ထဲ၌ အမေးသင်္ကေတများစွာ ဖြစ်ပေါ်နေသည်ဟု ခံစားမိနေသည်။

ဘယ်လိုဖြစ်တာလဲ။

ဘာကြောင့်လဲ။

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းတွင် နာမည်ကြီး သရုပ်ဆောင်များ မပါသလို သူတို့၏ဇာတ်ကြောင်းကလည်း အလွန် ဆွဲဆောင်မှု မရှိပေ။ သူတို့က အသည်းအသန် လူသိအောင် မကြော်ငြာသလို လူတော်တော်များများကလည်း အစပိုင်း၌ အကောင်းမမြင်ကြချေ။ ထို့အပြင် တစ်ချိန်တည်း ထုတ်လွှင့်ခဲ့သည့် ရုပ်သံဇာတ်လမ်းတွဲများက ပို၍တောင်မှ နာမည်ကြီးသည်ဟု ပြောရပေမည်။

သို့သော် ဤသို့သော အခြေအနေများ၌ သူတို့၏ ကြည့်ရှုသူနှုန်းထားက … အကြီးအကျယ် တိုးနေ၏။

...

All Chapters