← Chapters

တောင်နှင့်တိမ်တို့ ကောင်းကင်ပြာကိုဖုံးလွှမ်းနေသည်

Vol. 36 Ch. 533

တောင်နှင့်တိမ်တို့ ကောင်းကင်ပြာကိုဖုံးလွှမ်းနေသည်

Vol. 36 Ch. 533

တစ်ချိန်တည်းမှာပင် နယ်မြေ(ဃ၁၃၂)အတွင်း၌။

ရွှီချင်းက ကောင်လေးပျောက်ကွယ်သွားသည့်နေရာကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။ အချိန်အတန်ကြာသော် သူက ပန်းချီကားမျိုးနွယ်ရှိနေသည့် လှောင်အိမ်သို့ လျှောက်လှမ်းလာခဲ့သည်။

အရိပ်လေးထံက ယခင်ခြိမ်းခြောက်မှုကြောင့်ဖြစ်လောက်မည်။ ပန်းချီကားမျိုးနွယ်အဘိုးကြီးက ဤတစ်ကြိမ်တွင်တော့ ပုန်းမနေတော့ပေ။ ထိုအစား ရွှီချင်းကို မြင်သည်နှင့် သူက အလျင်အမြန်သံတိုင်များထံသို့ ချဉ်းကပ်လာပြီး ရိုသေစွာ လက်သီးအုပ်လိုက်သည်။

“ရွှေမို့ကျစ် ပန်းချီကားမျိုးနွယ်က အပြစ်သားပါ၊ အစောင့်ကြီးကို ဂါရဝပြုပါတယ်။”

“အဲဒါကဘာလဲ။”

ရွှီချင်းက ရှေ့တွင်ရှိသော ပုံရိပ်ယောင်အဘိုးကြီးကို ကြည့်ကာ ခပ်တိုးတိုးမေးလိုက်သည်။

“အရှင်အစောင့် အဲဒါက ကံကောင်းမှုပါ။”

အဘိုးကြီးက တုန့်ဆိုင်းခြင်းမရှိဘဲ ခပ်တိုးတိုးပြန်ဖြေလိုက်သည်။

ထိုစကားတွင် ရွှီချင်း၏ မျက်လုံးများ စူးရှသွားသည်။ သူ့အကြည့်အောက်တွင် အဘိုးကြီး၏ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ယင်သွားသည်။ သူရှေ့က ဤအစောင့်သည် ယခင်သူတွေ့ဖူးခဲ့သည်မှ ကွဲပြားနေသည်ဟု ခံစားလိုက်မိသည်။

အမှန်တွင် သူက အစောင့်အား ဂရုစိုက်ခြင်းမရှိပေ။ သူတို့မျိုးနွယ်သည်လည်း ထူးခြားသည်ပင်။ ထိုပန်းချီကားထဲက လူအားလုံးကို ဖျက်ဆီးခံရသည့်တိုင်၊ ပန်းချီကားကိုယ်တိုင် ဖျက်ဆီးခံရသည်အထိဖြစ်လာသည့်တိုင် ကိစ္စရှိမည်မဟုတ်ပေ။ ၎င်းတို့အားလုံးမှာ ပုံရိပ်ယောင်များသာ ဖြစ်ကြသည်။

သို့ရာတွင် အ‌စောင့်၏ အရိပ်ကြောင့် ဖြစ်လာသည့် အသက်ဘေးအန္တရာယ်တွင် ၎င်းသည် သူတို့အား ဝါးမျိုနိုင်သည်ဟု ခံစားချက်ကောင်းကောင်းရရှိမိလာသည်။

ထိုအချက်ကြောင့် သူ့စိတ်တို့ ပူပန်လာရသည်။ ဝါးမျိုခြင်းခံရလျှင် လွန်စွာနာကျင်ရမည်ပင်။

ထို့ကြောင့် ရွှီချင်း၏အကြည့်ထဲက ပြောင်းလဲမှုကို သတိထားမိသည်နှင့် သူက အလျင်အမြန်ဆက်ပြောလိုက်သည်။

“အရှင်အစောင့် ဒီကံကောင်းမှုက ဘာကြောင့် ဒီနေရာမှာရှိနေတာလဲဆိုတာတော့ ကျုပ်လည်း မသိပါဘူး။ ကျုပ်ကို ချုပ်လှောင်ခံရချိန်ကလည်းက သူက ဒီနေရာမှာ ရှိနေခဲ့တာပါပဲ။”

“အရှင်အစောင့်ကြီးကို ကျေးဇူးတင်ရဦးမယ်။ အဲဒီကံကောင်းမှုက ကျုပ်တို့ပန်းချီကားမျိုးနွယ်ကမ္ဘာထဲမှာ အမြဲလာနေတတ်လို့ သူရှိနေသ၍ ကျုပ်ထွက်မလာရဲခဲ့ဘူး။ အဲဒီကောင်လေးက ကျုပ်ကို ဝါးမျိုချင်နေတယ်လို့တောင် ခံစားရသေးတယ်။”

“ဒါကြောင့် အရှင့်ကို အရင်က သတိမပေးနိုင်ခဲ့တာပါ။ ခွင့်လွှတ်ပေးနိုင်မယ် ထင်ပါတယ်‌။”

အဘိုးကြီးက အလျင်အမြန်ရှင်းပြနေသည်။ သူ့စကားတို့က ယုံနိုင်စရာမဟုတ်မှန်းသူလည်း သိနေသည်။ သူက နယ်ရုပ်ကို အစကတည်းက သတိပေးရန် စိတ်ကူးခြင်းလည်း မရှိခဲ့ပေ။

သို့ရာတွင် သူက ရှင်းလင်းမှုတော့ ပြုရပေမည်။

ရှင်းပြခြင်းနှင့် ရှင်းမပြခြင်းတို့သည် တစ်ခါတစ်ရံ အဓိပ္ပာယ်များစွာကွဲထွက်သွားတတ်သည်။

အနည်းဆုံးတော့ ရှင်းပြခြင်းသည် သူ့စိတ်ကို ထုတ်ဖော်ပြရာရောက်ပေဦးမည်။

ရွှီချင်းက ပန်းချီကားမျိုးနွယ်အဘိုးကြီးကို အေးစက်စက်စိုက်ကြည့်လိုက်သည်။ အဖိုးကြီး၏စကားတို့ကို သူယုံကြည်မှုမရှိလှပေ။ စစ်ဆေးမေးမြန်ခြင်းလည်း မပြုအားသေးပေ။

ရွှီချင်းက လှည့်ထွက်လာကာ အချုပ်ခန်းတံခါးပေါက်သို့ ပြန်လာခဲ့ပြီးနောက် အရိပ်လေးကို ဖြန့်လွှတ်လိုက်ပြီး ဤနေရာကို စောင့်ကြည့်ခိုင်းလိုက်တော့သည်။

သူ့အတွက် ဆုလဒ်သဘောလည်း ဖြစ်ပေသည်။

အရိပ်လေးက ချက်ချင်းတက်ကြွလှုပ်ရှားသွားသည်။ သူသည် အရုပ်သစ်တစ်ရုပ်ရသကဲ့သို့ ပျော်ရွှင်သွားသည်။ သူက ချက်ချင်းပင် အပိုင်းဆယ့်လေးပိုင်းခွဲထွက်သွားပြီး လှောင်အိမ်ဆယ့်လေးခုထဲသို့ ဖြန့်ဝင်သွားသည်။

အရိပ်လေးက သိချင်စိတ်ဖြင့် ကူညီစားပေးသဖြင့် တိမ်မြူသားရဲသည် ကိုက်စားခြင်းကို ရပ်တန့်လိုက်သည်။

အမျိုးသမီးကတော့ ပိုမိုတုန်ယင်လာပြီး ကောက်ရိုးရုပ်များအား ချော့သိပ်ခြင်းကို ရပ်တန့်လိုက်တော့သည်။ အဘယ်ကြောင့်ဆိုသော အရိပ်လေးပေါ်လာပြီးနောက်တွင် ကောက်ရိုးအရုပ်များက တုန်ယင်သောကိုယ်များဖြင့် တစ်ရုပ်ပြီးတစ်ရုပ် ထရပ်လိုက်ပြီး သူ့အား နာခံစွာ ဝိုင်းပတ်နေကြသောကြောင့်ပင်။

နောက်ဆုံးတွင် သူတို့က အရိပ်နှင့်အတူ အမျိုးသမီးအား ဝိုင်းပတ်လိုက်ကြပြီး သိမ်းငှက်ပမာစောင့်ကြည့်နေလိုက်ကြသည်။

ကျောက်ဆုံကတော့ လည်ပတ်နေသေးသော်လည်း ၎င်းက သူ့တကိုယ်တည်းအားဖြင့်အလိုလိုလည်နေခြင်းတော့ မဟုတ်တော့ပေ။ ထိုအစား ဦးခေါင်းက ၎င်းကျောက်ဆုံအား အစွမ်းကုန်တွန်းနေလျက်ရှိနေသည်။

နှစ်ဖက်လုံးသည် ကြောက်လန့်မှုတို့ပြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ရှိနေသော လှောင်အိမ်ထဲတွင် အရိပ်ကြာပွတ်တစ်ခု ဖြစ်တည်လာပြီး သူတို့အား တဖြန်းဖြန်းရိုက်နေသောကြောင့်ပင်။

ပန်းချီကားမျိုးနွယ်မှ ပန်းချီကားရှိနေသော လှောင်အိမ်ထဲတွင်တော့ လူပုံရိပ်၂၂ဦးတို့၏ ဟန်မူရာတို့သည် ပြုံးနေရာမှ ကြောက်ရွံ့ခြင်းသို့ ပြောင်းလဲသွားကြသည်။ အဘယ်ကြောင့်ဆိုသော် အရိပ်လေး၏ အဓိကကိုယ်သည် ၎င်းအပေါ် လဲလျောင်းကာ ဟိုဟိုဒီဒီလျက်နေသောကြောင့်ပင်။

ထိုအချိန်တွင် လှောင်အိမ်တစ်ခုလုံး အေးချမ်းမှုတို့ဖြင့်ပြည့်နေတော့သည်။

ကောင်လေးသည်သာ တစ်ချက်တစ်ချက်တွင် ရွှီချင်းအား ကြည့်လာသည်။ သူ့အကြည့်က သူ့ညာလက်ကောက်ဝတ်သို့ အမြဲကျရောက်နေသေးသော်လည်း သူ၏ သိချင်စိတ်တို့ကတော့ ယခင်ကလောက်မပြင်းထန်တော့ပေ။ နောက်ဆုံးတွင် သူက ရွှီချင်းနှင့် မျက်နှာချင်းဆိုင်တွင် တင်ပျဉ်ခွေထိုင်လျက် မေးထောက်ကာ ရွှီချင်းအား ကြည့်နေလိုက်တော့သည်။

ရွှီချင်းကလည်း သူ့အား ပြန်ကြည့်လိုက်သည်။

ထိုကောင်ငယ်လေးသည် ဤ(ဃ၁၃၂)၏လျို့ဝှက်ချက်ဖြစ်ကြောင်း သူသိနေသည်။

အချိန်တို့ ကုန်လွန်လာခဲ့ပြီး မကြာခင်လဝက်ကျော်လွန်လာသည်။

ထိုလဝက်အတွင်းတွင် ရွှီချင်းအပြင်သို့ ပြန်ထွက်ခဲ့ချိန်တို့၌ ဖြေရှင်းမရသော ကိစ္စများ ဆက်လက်ကြုံတွေ့ရခြင်းမရှိတော့ပေ။ (ဃ၁၃၂)ကလည်း သူ့ထိန်းချုပ်မှုအောက်တွင် လွန်စွာတည်ငြိမ်သွားသည်။

သို့ရာတွင် အတွင်းက အချုပ်သားတို့သည် ရွှီချင်းအား ကြည့်လိုက်တိုင်း ခြောက်ခြားမှုတို့ မျက်နှာတွင် ထင်ဟပ်လာမိကြသည်။

အဘယ်ကြောင့်ဆိုသော သူတို့အားလုံးသည် တစ်နေရာမဟုတ်တစ်နေရာ ချို့ယွင်းနေကြသည်ပင်။

အားလုံးသည် အရိပ်လေး၏ လက်ချက် ဖြစ်သည်။

သူ၏သိလိုစိတ်တို့မှာ ပြင်းထန်လွန်းနေသည်။ သူက ဟိုဟိုဒီဒီတစ်ကိုက်စီ အမြဲကိုက်ကြည့်နေတတ်သည်။…ကံအားလျော်စွာ အချုပ်သားများအားလုံးသည် မကောင်းဆိုးဝါးများ ဖြစ်နေကြပြီး တစ်ညအိပ်ပြီး ပြန်ကောင်းလာကြမည်ဖြစ်သည်။

ဦးခေါင်းကတော့ တတွတ်တွတ်ပြောခြင်းတို့ ရပ်သွားလေသည်။ သို့သော် ရွှီချင်း ဖြတ်သွားချိန်တိုင်းတွင်တော့ သက်ပြင်းချတတ်လေ့ရှိသေးသည်။

“ငါ့ကို နင်းခြေမသတ်ပါနဲ့။ နင်းခြေမသတ်ပါနဲ့တော့။ နာလှပါပြီ။”

ကောင်လေးကလည်း ရွှီချင်းနှင့် ရင်းနှီးလာပြီဖြစ်သည်။ ရွှီချင်းရောက်ရှိလာသည့် ရက်တိုင်းတွင် သူက ချက်ချင်းအကောင်အထည်ဖွဲ့ပြီး ဘေးတွင် ထိုင်လေ့ရှိသည်။

သူက ရွှီချင်းကို ကာကွယ်ရန် သဘောတူညီချက်အချို့ကို ဆောင်ရွက်နေသည့်အလားပင်။

တစ်ခါတစ်ရံ သူက အရိပ်လေးကိုရှာပြီး အချုပ်သားများအား အရိပ်လေးက နှိပ်စက်သည်ကို စောင့်ကြည့်နေတတ်သေးသည်။

ကျင်းကန်းဂိုဏ်းဘိုးဘိုးကတော့..အသနားခံဟန်ပြုနေသဖြင့် သူ့အား သိုလှောင်အိတ်ထဲပြန်မသိမ်းတော့ချေ။ သို့ဖြင့် (ဃ၁၃၂)ထဲတွင် အရိပ်လေးအပြင် ကျင်းကန်းဂိုဏ်းဘိုးဘိုးလည်း လှည့်ပတ်လှုပ်ရှားနေတော့သည်။

သူကတော့ ထိုကျောက်ဆုံအား လွန်စွာစိတ်ဝင်စားနေသည်။ သူက အရိပ်လေးနှင့် မည်သို့ပြောခဲ့သည်မသိ ကျောက်ဆုံလှောင်အိမ်ကို သူ့စီမံခွင့်အောက်သို့ရနိုင်ရန် သဘောတူညီမှုယူနိုင်ခဲ့သည်။

အရိပ်လေးက ပန်းချီကားမျိုးနွယ်ကို အများဆုံးစိတ်ဝင်စားဟန်ရသည်။ သူက ပန်းချီကားပေါ်တွင် လဲလျောင်းကာ တစ်ခါတစ်ခါ လျက်နေရသည်ကို အလွန်သဘောကျနေသည်။

အချိန်တို့ကုန်လွန်လာသည်နှင့် ပန်းချီကားမှာ မှုန်ဝါးလာတော့သည်။

ထိုအရာအားလုံးကို ကြည့်လိုက်ပြီး ရွှီချင်းက အချိန်ကိုစိတ်ထဲတွင် ကျိတ်၍ တွက်ဆမိသည်။ ဤလဝက်တွင် အခြားသော နယ်ရုပ်များနှင့် ပြောဆိုခဲ့ရာမှ အချုပ်ထောင်ဌာန၏နယ်ရုပ်များသည် လစဉ်ထောင်သားများအား ရှင်းလင်းခွင့်အချိုးကျရလေ့ရှိသည်။

သို့ရာတွင် ထိုဝေစုသည် အချုပ်ခန်းအတွင်းက အချုပ်သားများအတိုင်းအချိုးကျလျှင်တော့ သူက နှစ်ဦးစာသာ ရရှိနိုင်လောက်မည်ဟု ရွှီချင်းတွက်ဆလိုက်မိသည်။

သူက နှမြောမိနေတော့သည်။

“(ဃ၁၃၂)မှာ အချုပ်သားတွေနည်းလွန်းတာပဲ။”

ရွှီချင်းက အချုပ်သားများ မည်သို့ ဖြည့်သွင်းရမည်ကို ကြံနေစဉ် ပန်းချီကားမျိုးနွယ်မှ အဘိုးကြီးက တုန်ယင်သော အသံဖြင့် တောင်းပန်လာတော့သည်။

“အရှင်အစောင့် ဒီအဘီုးကြီးမှာ လျို့ဝှက်ချက်တစ်ခု ပြောဖို့ရှိနေပါတယ်။ အခြားထူးခြားတာတွေ မတောင်းဆိုချင်ပါဘူး။ ဒီအဘိုးကြီးရဲ့ လျို့ဝှက်ချက်ကို နားထောင်ပြီး မဆိုးဘူးလို့ ထင်ရင်…ဒီအရိပ်ကို ပြန်ခေါ်ပေးနိုင်မလား။”

ရွှီချင်း၏ ဟန်မူရာကတော့ တည်ငြိမ်အေးဆေးနေပြီး သူက အာရုံစိုက်ခြင်းလည်းမရှိပေ။

“အရှင်အ‌‌စောင့်…ကျုပ်တို့(ဃ၁၃၂)မှာ အချုပ်သားဘယ်နှယောက်ရှိတယ်လို့ ထင်ပါသလဲ။”

အဘိုးကြီးက တုန်ယင်သောအသံဖြင့် ပြောလိုက်သည်။

ထိုစကားသည် ကြောက်ရွံ့မှုတို့ပြည့်နေပြီး သူက မတတ်သာလွန်းသဖြင့် ရွေးချယ်စရာမရှိဘဲ ရွှီချင်းအား ပြောပြရသည့်ဟန်ဖြစ်နေသည်။

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်ပြီး ‌အေးစက်စက်ကြည့်လိုက်သည်။

သူ ရောက်ရှိလာခဲ့ချိန်ကတည်းက ဤနေရာရှိ ရာဇဝတ်သား ဆယ့်လေးဦးအကြောင်းကို သိနေခဲ့ပြီး တစ်ဦးချင်းစီအား သေချာစစ်ဆေးကြည့်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် သူက (ဃ၁၃၂)၏ လျို့ဝှက်ချက်ကိုလည်း ဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်သည်။

ယခုပန်းချီကားမျိုးနွယ်မှ အဘိုးကြီးက ဤသို့ရုတ်တရက်မေးလာရာ သူသည် ကိစ္စတို့တမင်ရှုပ်ထွေးဆန်းကြယ်အောင် ပြုနေသည်ဟု ထင်ရပေတော့သည်။

ရွှီချင်း၏အကြည့်သည် အတန်ငယ်အေးစက်သွားပြီး အကြည့်အား ပြန်လွှဲဖယ်တော့မည့်ဟန်ပြင်လိုက်သည်။

သို့ရာတွင် နောက်တစ်ခဏတွင် သူက သေချာပြန်စဉ်းစားလိုက်ပြီး သူ့မျက်နှာထားလည်း ရုတ်ချည်းပြောင်းလဲသွားသည်။

“အရှင်အစောင့်၊ အရှင်လည်း အာရုံခံမိတယ်မလား။”

ပန်းချီကားထဲက အဘိုးကြီးက ထိုမြင်ကွင်းတွင် အသံတို့ တုန်ယင်လာသည်။

“အရှင်အ‌စောင့် ဒီနေရာမှာ ရာဇဝတ်သားဆယ့်လေးယောက် ရှိနေတာမှန်ရဲ့လား။”

“အရှင်အစောင့် သေချာစဉ်းစားကြည့်လိုက်ပါဦး။”

“အရှင့်မှတ်ဉာဏ်ထဲမှာ ဒီနေရာမှာအချုပ်သားဘယ်နှယောက်ရှိပါသလဲ။”

“အရှင်က (ဃ၁၃၂)ရဲ့ လျို့ဝှက်ချက်ကို တကယ်ရှာတွေ့ခဲ့ပြီးပါပြီလား။”

အဘိုးကြီး၏အသံက တစ်ဖြည်းဖြည်းတိုးဝင်လာပြီး ပျောက်ကွယ်သွားတော့သည်။

ရွှီချင်းက ၎င်းရှိနေသော လှောင်အိမ်ကို ကြည့်လိုက်ပြီး မျက်လုံးများလင်းလက်သွားသည်။

၎င်း၏စကားတို့တွင် မက်လုံးပေးဆွဲဆောင်မှုတို့ ပါဝင်နေသည်ကို ရွှီချင်း သိနေသည်။

သို့ရာတွင် မည်သို့ပင်ဖြစ်စေ သူက စိတ်ထဲတွင် အတည်ပြုရမည်ဖြစ်ကာ မှတ်ဉာဏ်တို့အား ပြန်ဖော်ကြည့်လိုက်သည်။

သူဤနေရာသို့ လာခဲ့သော ပထမရက်တွင် သူက လှောင်အိမ်များအား တစ်ခုချင်းစစ်ဆေးခဲ့ပြီးပြီပင်။

အချုပ်သားဆယ့်လေးဦးရှိနေသည်။ ပထမဆုံးသည် တိမ်မြူသားရဲ၊ ဒုတိယသည် လူသားအမျိုးသမီး၊ တတိယမှာ ကျောက်ဆုံ…ဆယ့်သုံးယောက်မြောက်ကတော့ ဦး‌ခေါင်းဖြစ်ပြီး ဆယ့်လေးယောက်မြောက်ကတော့ ပန်းချီကားမျိုးနွယ်ဖြစ်သည်။

“ဆယ့်လေးယောက်၊ မှန်တာပဲ။”

All Chapters