← Chapters

မှတ်ဉာဏ်(၁)

Vol. 36 Ch. 534

မှတ်ဉာဏ်(၁)

Vol. 36 Ch. 534

ရွှီချင်းက သေချာစဉ်းစားကြည့်လိုက်ပြီးနောက် အချက်အလက်များပါသော ကျောက်စိမ်းပေလွှာကို ထုတ်ကာ သေချာစစ်ဆေးကြည့်လိုက်သည်။ ဆယ့်လေးယောက်သာ ဖြစ်နေသေးသည်။

သို့ရာတွင် အကြောင်းတစ်ခုခုဖြင့် ရွှီချင်းတစ်ခုခုမှားနေဟန်ခံစားနေရသည်။

သို့ရာတွင် မည့်သည့်အရာက မှားနေသည်ကို သူမပြောနိုင်ဖြစ်နေသည်။ ထို့ကြောင့် ရွှီချင်းက ထရပ်လိုက်ပြီး တိမ်မြူသားရဲရှိရာ လှောင်အိမ်သို့ လျှောက်လာခဲ့သည်။

တစ်ချက်ကြည့်လိုက်ပြီးနောက် လျှောက်လမ်းအတိုင်းပတ်လျှောက်လာခဲ့ရင်း ပန်းချီကားမျိုးနွယ်အဘိုးကြီးထံရောက်လာသည်အထိပင်။ သူရေတွက်လာခဲ့ရာ ဆယ့်လေးဦးရှိနေပြန်သည်။

ထိုအချိန်တွင် ပန်းချီကားမျိုးနွယ်လှောင်အိမ်ပြင်ပတွင် ရွှီချင်း၏ ဟန်မူရာသည် သုန်မှုန်နေပေသည်။ သူက မှုန်ဝါးနေသည့် ပန်းချီကားကို ကြည့်လိုက်ပြီး ကျင်းကန်းဂိုဏ်းဘိုးဘိုးအား အမိန့်တစ်ချက်ပေးလိုက်သည်။

ထိုခဏတွင် သံနက်တုတ်က ပျံထွက်လာပြီး အချုပ်ခန်းတစ်ခုလုံး ပတ်ပျံလိုက်သည်။ ၎င်းက လှောင်အိမ်အားလုံးအတွင်းသို့ ဝင်ရောက်စစ်ဆေးကြည့်ခဲ့ပြီးနောက်တွင်မှ ပြန်လာတော့သည်။ ထို့နောက် ရွှီချင်းအား အရာအားလုံးပုံမှန်အတိုင်းရှိနေကြောင်း ပြောလိုက်သည်။

ရွှီချင်း ငြိမ်ကျသွားပြီး အရိပ်‌လေးကို လွှတ်စုံစမ်းခိုင်းပြန်သည်။ အရိပ်လေးက အချုပ်သားအားလုံးကိုပင် ဖြတ်သန်းကြည့်လိုက်ပြီး နတ်အာရုံလှိုင်းတစ်ခု လွှတ်လိုက်တော့သည်။

သူယခင်က စစ်ဆေးကြည့်ခဲ့သည့်အတိုင်းသာ ဖြစ်နေသည်။

ရာဇဝတ်သား ဆယ့်လေးဦးအမှန်ပင်ဖြစ်နေသည်။

ရွှီချင်း၏ မျက်နှာက အုံ့မှိုင်းလာသည်။ သူက အရိပ်လေးကို ထိန်းချုပ်လိုက်ပြီး ပန်းချီကားတစ်စိတ်တစ်ပိုင်းကို ဘေးဖယ်လိုက်ကာ ပန်းချီကားထဲက အဘိုးကြီးတကိုယ်လုံးအား လှစ်ဖော်လိုက်သည်။

ပန်းချီကားမျိုးနွယ်အဘိုးကြီးကလည်း ရွှီချင်းအား ပြန်ကြည့်လိုက်သည်။ သူ့ဟန်မူရာမှာ ခြောက်ခြားလျက်ရှိနေကာ ငိုကြွေးလိုက်သည်။

“ဆရာ ကျုပ်မှာရွေးချယ်စရာမရှိတော့လို့ ပေါက်ကရတွေပြောလိုက်မိတာပါ။ အခုပဲ အရိပ်နက်က ကျုပ်ကို ဝါးမျိုတော့မှာမလို့ပါ။ ဒီလိုပြောပြီးအချိန်ဆွဲဖို့ကလွဲပြီး အခြားမရှိတော့ပါဘူး။ မဟုတ်ရင် ကျုပ်ပျောက်ကွယ်သွားရတော့မှာပါပဲ။ ဆရာက သဘောထားကြီးပါတယ်။ တစ်ကြိမ်ခွင့်လွှတ်ပေးပါ။ တစ်ကြိမ်ပါပဲ။”

ရွှီချင်းက ပြန်ပြောခြင်းမပြုတော့ဘဲ သူ့အကြည့်တို့ကတော့ ပိုမိုအေးစက်လာသည်။

အဘိုးကြီးက တုန်ယင်လာပြီး သူခြောက်ခြားမှုတို့တွင် သွေးပျက်ကြောက်လန့်မှုကြီးစွာ ပါဝင်လာသည်။ ထို့နောက် သူက အလျင်အမြန်ပြောလိုက်သည်။

“ကျုပ်အခုထပ်ပြောမှာကတော့ တကယ့်လျို့ဝှက်ချက်တစ်ခုပါ။ အရှင်အစောင့် တကယ်တော့ ကျုပ်တို့အချုပ်ထောင်ဌာနတကယ်ချုပ်ထိန်းပိတ်လှောင်ထားတဲ့ တကယ့်အချုပ်သားအစစ်က..နတ်ဘုရားတစ်ပါးပါပဲ။”

“အသေးစိတ်ပြော။”

ရွှီချင်းကတလုံးချင်းပြောလိုက်သည်။

“အရှင်အစောင့် ကျုပ်လည်း အသေးစိတ်တော့မသိပါဘူး။ ကျုပ်ထက်ပိုကြီးတဲ့ အချုပ်သားတစ်ဦးထံက ကြားခဲ့ဖူးတာပါ။ အချုပ်ထောင်ဌာနကို ဆောက်ခဲ့တုန်းက နတ်ဘုရားတစ်ပါးရဲ့ကိုယ်ပွားကို ချိပ်ပိတ်ချုပ်လှောင်ထားခဲ့တယ်တဲ့။…ရုံးတော်သခင်တွေ အဆက်ဆက်ဒီနေရာကို ‌စောင့်ကြပ်ခဲ့ရတာကလည်း ဒီအကြောင်းရင်းကြောင့်ပါပဲ။”

ရွှီချင်းအတွေးနက်သွားသည်။ သူက ဤနေရာကို ပထမဆုံးလာခဲ့ချိန်ကို ပြန်အမှတ်ရလိုက်မိပြီး ကျင်းနက်ကြီးထဲက ‌ဟိန်းအော်သံများကို သတိရလိုက်မိသည်။ အချုပ်ထောင်ဌာနထဲမှ တစ်ခါတစ်ခါထွက်လာသော လှုပ်ခတ်မှုကြီးများကိုလည်း စဉ်းစားလိုက်မိသည်။

ဤနေရာတွင် အလောင်းများကို သူတို့ရှင်းလင်းသည့် နည်းလမ်းကိုလည်း တွေးလိုက်မိသည်။ သူတို့က ကျင်းနက်ကြီးထဲသို့ တစ်ခုခုအား အစာကြွေးသည့်အလား အလောင်းများပစ်ချခဲ့သည်။

ထိုအတွေးတို့က သူ့စိတ်တို့အား ပြည့်နှက်သွားပြီး ကျယ်ပြန့်လာကာ နောက်ဆုံးတွင် သူ့စိတ်တစ်ခုလုံး ပြည့်လာသည်အထိပင်။ ၎င်းတို့က ပန်းချီကားမျိုးနွယ်အဘိုးကြီးအပေါ်ရှိနေသော သူ့သံသယတို့အား လျော့ပါးသွားစေသည်။

အချိန်အတန်ကြာပြီးနောက်တွင် ရွှီချင်းက အဘိုးကြီးကို တစ်ချက်ကြည့်လိုက်ပြီး အရိပ်လေးကို ပန်းချီကားထံမှ အပြီးရုတ်သိမ်းလိုက်တော့သည်။

အရိပ်လေးက စိတ်မပါသော်လည်း ငြင်းပိုင်ခွင့်တော့မရှိပေ။ ၎င်းက အခြားသော အချုပ်သားများကိုသာ အာရုံစိုက်ပြီး ဆက်လက်ကစားရုံသာ ရှိတော့သည်။

ကျင်းကန်းဂိုဏ်းဘိုးဘိုးလည်း ထိုနည်းတူဖြစ်ကာ ကျောက်ဆုံထံသို့ ပြန်သွားလိုက်တော့သည်။

နယ်မြေ(ဃ၁၃၂)က ပုံမှန်ပြန်ဖြစ်သွားတော့သည်။

ထိုကံကောင်းမှုကောင်လေးလည်း ပြန်ပေါ်လာပြန်သည်။ သူက ရွှီချင်းနောက်သို့ တစ်ချိန်လုံးလိုက်နေဟန်ရှိပြီး အကွာအဝေးတစ်ခုထိန်းထားလျက် ဖယ်ခွာခြင်းမရှိတော့ပေ။

အချိန်တို့ တရွေ့ရွေ့ကုန်လွန်သွားပြီး ရက်အချို့ကျော်လွန်သွားသည်။

ရွှီချင်းကား ပုံမှန်အတိုင်းပင်။ သူက အဘိုးကြီး၏စကားတို့အား တစ်ခါတစ်ရံစဉ်းစားကြည့်ခဲ့သော်လည်း သူ့စိတ်ထဲတွင် အလိုလိုမေ့ပျောက်သွားသည်။

ထိုနေ့တွင် သူ့တာဝန်ပြီးချိန်တွင် (ဃ၁၃၂)မှထွက်လာခဲ့ပြီး ဓားခန်းဆောင်သို့ ပြန်ရန်ပြင်လိုက်စဉ် အချုပ်ထောင်ဌာနထဲတွင် အသိတစ်ဦးကို တွေ့လိုက်ရလေသည်။

ခုန်ရှန်းလုံပင်။

ခုန်ရှန်းလုံသည် ပြင်ပလူဆိုးထိန်းရုံးတွင် တာဝန်ကျကာ ရာဇဝတ်သားများကို ဖမ်းဆီးရန်တာဝန်ယူထားသည်။

သူက ယနေ့ရာဇဝတ်သားတစ်ဦး လာပို့ခြင်းဖြစ်သည်။ ရွှီချင်းက သူ့ကို မြင်မိချိန်တွင် သူသည် ကိုးထပ်တွင် အသိအကျွမ်းနယ်ရုပ်အနည်းငယ်နှင့် ရယ်မောပြောဆိုလျက်ရှိနေသည်။ သူ၏ဘေးတွင်တော့ သေအံ့ဆဲဆဲနှစ်မျက်နှာမျိုးနွယ်တစ်ဦး ရှိနေသည်။

၎င်းနှစ်မျက်နှာမျိုးနွယ်၏ ကျင့်ကြံဆင့်ကလည်း မြင့်မားပေသည်။ သူသည် ဒဏ်ရာများပြင်းထန်နေသော်လည်း ရွှေအမြုတေကောင်းကင်းခုနစ်ခုလှိုင်းများတော့ ပြင်းထန်စွာထုတ်လွှတ်နေသေးသဖြင့် သူ့မျိုးနွယ်ထဲတွင် ထူးချွန်သူဖြစ်ကြောင်း ညွှန်ပြနေသည်။ မဟုတ်လျှင် သူသည် နန်းတော်ခုနစ်ခု ရှိရန်ဖြစ်နိုင်မည်မဟုတ်ပေ။

သို့ရာတွင် သူက ယခုတွင်တော့ ဆိုးရွားသော အခြေအနေတွင်ရှိနေသည်။ သူက ပြင်းထန်စွာထိုးနှက်ခံထားရဟန်ဖြင့် တကိုယ်လုံးဒဏ်ရာများ အပြည့်ဖုံးလွှမ်းနေသည်။ ထို့အပြင် သူသည် ခြေထောင်တစ်ဖက်လည်း ဆုံးရှုံးထားရကာ သွင်ပြင်အရ ၎င်းခြေထောက်အား အတင်းဆွဲဖြုတ်ခံထားရဟန်တူပေသည်။

ခုန်ရှန်းလုံကလည်း ထိုသူ ဒဏ်ရာရနေသည့်တိုင် အာရုံစိုက်ဟန်တော့မရှိပေ။ သူက ရွှီချင်းအား မြင်သည်နှင့် မျက်လုံးများဝင်းလက်သွားပြီး ပြုံးပြလိုက်လေသည်။

“ရွှီချင်း…”

“အစ်ကိုခုန်…”

ရွှီချင်း ပြန်နှုတ်ဆက်လိုက်သည်။ ပတ်ပတ်လည်နယ်ရုပ်များလည်း ပြုံးလိုက်ပြီး ရွှီချင်းအား နှုတ်ဆက်လိုက်ကြသည်။ ဤအချိန်ပိုင်းတွင် ရွှီချင်းက နယ်မြေ(ဃ၁၃၂)၌ တာဝန်ကျနေခဲ့သည်မှာ အချိန်တစ်ခုကြာခဲ့ပြီး အခန်းမပြောင်းဘဲ အောင်မြင်စွာ စောင့်ကြပ်နေခဲ့သည်။ ထိုအချက်သည် နယ်ရုပ်များကြား သတင်းစကားတစ်ခုအဖြစ် ပျံ့နှံ့နေခဲ့သည်။

အထူးသဖြင့် သူကနေ့တိုင်းအပြင်သို့ထွက်ပြီး ထိခိုက်ခြင်းအလျင်းမရှိ အကောင်းပကတိပြန်လာနိုင်ခဲ့သည်။ ထိုအချက်ကြောင့် သူ့အား ပိုမိုလေးစားလာကြတော့သည်။

ခုန်ရှန်းလုံကိုမြင်လျှင် ရွှီချင်းကလည်း ပြုံးလိုက်မိသည်။ ထို့နောက်သူ့အကြည့်က သူ၏ ကိုယ်ပေါ်က ဒဏ်ရာများထံသို့ ကျရောက်သွားသည်။

“ဘာမှမဖြစ်ပါဘူး။ အသေးအဖွဲပါ။ ရွှီချင်း မင်းက နယ်ရုပ်ဖြစ်လာတာလား။ ဟားဟား ထင်တော့ထင်သားပဲ။”

ခုန်ရှန်းလုံက ရွှီချင်း၏တာအိုဝတ်စုံပေါ်က အနက်ရောင်မီးတောက်ပုံစံများကို ကြည့်လိုက်ပြီး ပတ်ပတ်လည်နယ်ရုပ်များ၏ ဟန်မူရာကိုလည်း သတိပြုလိုက်မိသည်။ ရွှီချင်းနယ်ရုပ်ဖြစ်လာသည်ကိုတော့ သူက များစွာအံ့သြမိဟန်မရှိချေ။

“အမှန်တော့…မင်းရုံးတော်သခင်ရဲ့ သံတော်ဆင့်ဖြစ်သွားပြီလို့ ကြားချိန်ကတည်းက ငါထင်ခဲ့တာ..”

“ဘာထင်ခဲ့တာလဲ။”

ခုန်ရှန်းလုံ၏စကားမဆုံးသေးခင် အေးစက်တည်ကြည်သော အသံတစ်ခုက ကိုးထပ်လှေကားများထံမှ ထွက်ပေါ်လာသည်။

ထိုအသံက ပဲ့တင်ထပ်သွားပြီးနောက် ရုံးတော်သခင်၏ အေးစက်သော ကိုယ်ရိပ်သဏ္ဌာန်ထွက်ပေါ်လာသည်။ သူ့ခြေလှမ်းတိုင်းတွင် ဖိအားများထုတ်လွှတ်လျက်ရှိသည်။

နယ်ရုပ်များအားလုံး လေးနက်သွားကြပြီး တပြိုင်နက်ဦးညွှတ်လိုက်ကြသည်။

“ဂါရဝါပြုပါတယ်။ ရုံးတော်သခင်။”

ရွှီချင်းလည်း ဦးညွှတ်လိုက်သည်။ ခုန်ရှန်းလုံ၏ ကိုယ်က တုန်ယင်သွားပြီး သူက အလျင်အမြန်ခေါင်းငုံ့နှုတ်ဆက်လိုက်သည်။

ခုန်ရှန်းလုံက အလွန်ကြောက်ရွှံ့ဟန်ဖြစ်နေကြောင်း ရွှီချင်း သတိပြုလိုက်မိသည်။ သူ၏နဖူးတွင် ချွေးသီးကြီးများပင် ဖုံးနေတော့သည်။

ရုံးတော်သခင်ထံမှ ဖိအားတို့က ကြီးမားလွန်းလှသည်။ သူက ချဉ်းကပ်လာသည်နှင့် မွန်းကြပ်သော ခံစားချက်တို့သည်လည်း ကိုးထပ်တစ်ခုလုံး အပြည့်ဖုံးလွှမ်းလာသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး ရုံးတော်သခင်၏ ကိုယ်ရိပ်သည် အားလုံးရှေ့သို့ လျှောက်လာတော့သည်။

သူက မြေပြင်တွင် လဲနေသည့် နှစ်မျက်နှာမျိုးနွယ်ရာဇဝတ်သားအား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်က ခုန်ရှန်းလုံထံ ကျရောက်သွားကာ အေးစက်စက်ပြောလိုက်တော့သည်။

“မင်းကျင့်ကြံဆင့်နဲ့ ဒီကျင့်ကြံသူကို တစ်ကွက်အတွင်း ချုပ်ထိန်းပြီး အရှင်ဖမ်းနိုင်ခဲ့မှာ သေချာတယ်။ ဘာလို့နှစ်ကွက်သုံးခဲ့ရတာလဲ အပြင်ကလူတွေက မင်းကို ဒီမျိုးဆက်ရဲ့ ကောင်းကင်လက်ရွေးစင်အဖြစ် ချီးမွန်းနေကြလို့ အောက်ခြေလွတ်နေပြီလား။ အခြားအရာတွေကိုတော့ ဒီလောက်မြန်မြန်မတတ်ပေမဲ့ ဘဝင်မြင့်တာကိုတော့ ချက်ချင်းတတ်လာတာပဲ။”

ထိုသို့ပြောလိုက်ပြီး သူက တူညီသောအေးစက်မှုဖြင့် ရွှီချင်းထံကြည့်လိုက်သည်။

“ပြီးတော့ မင်း၊ မင်းက ပြန်ပြီးကျင့်ကြံမနေဘဲ ဒီနေရာမှာ ဘာလုပ်နေတာလဲ။ (ဃ၁၃၂)ကို ချုပ်ထိန်းနိုင်လို့ အောက်ခြေလွတ်နေတာလား။ ပြီးတော့ တကယ်ရော ချုပ်ထိန်းနိုင်ခဲ့လို့လား။ မင်းမှာ အစွမ်းရှိရင် (ဃ၁)ကို သွားချုပ်ထိန်းပြီး နယ်မြေ(ဂ)ကို တက်နိုင်အောင်လုပ်ပါလား။”

ရွှီချင်း၏မျက်လုံးများ မှေးကြုတ်သွားသည်။ ရုံးတော်သခင်၏ စကားတို့က သူ့အား အတွေးများစေသည်။

ရုံးတော်သခင်၏ စိတ်ထားကို ရွှီချင်း သိရှိခဲ့ပြီးဖြစ်သည်။ ဤအချိန်အတွင်းတွင် သူက အခြားသော နယ်ရုပ်များနှင့် ရင်းနှီးလာနိုင်ခဲ့ရာ ဤမျိုးဆက်ဓားကိုင်ရုံးတော်၏ ရုံးတော်သခင်က အခြားသူများထက်ပိုမိုတင်းကြပ်ကြောင်း ပြောဆိုသည်ကို ကြားနိုင်ခဲ့သည်။

သူတို့ပထမဆုံးတွေ့ခဲ့ချိန်နှင့် ၎င်း၏ဆူပူမှုတို့မှ ဤအချိန်တွင် မည်သို့မှ ပြန်ပြော၍ရမည်မဟုတ်ကြောင်း ရွှီချင်းနားလည်သည်။

ခုန်ရှန်းလုံကလည်း ခေါင်းငုံနေပြီး ပြန်ပြောဆိုခြင်းမပြုပေ။

“ဘာလို့ပြန်မပြောတာလဲ။ မင်းကိုမေးနေတာလေ။”

ရုံးတော်သခင်၏ အကြည့်သည် ရွှီချင်းကို ကျော်သွားပြီး ခုန်ရှန်းလုံအပေါ် ကျရောက်သွားသည်။

ခုန်ရှန်းလုံက တွန့်ဆုတ်လျက် ခပ်တိုးတိုးပြောလိုက်သည်။

“အဲဒီအချိန်က နှစ်မျက်နှာကျင့်ကြံသူအနီးမှာ လူကပြား အစေခံမယ်အနည်းငယ်ရှိနေပါတယ်။ သူတို့က သနားစရာလူတွေပါပဲ။ ကျွန်တော့တိုက်ကွက်က ပြင်းထန်လွန်းပြီး အပြစ်မဲ့သူတွေကို ထိခိုက်မှာစိုးလို့…”

လူကပြားတို့ကတော့ မျိုးနွယ်တစ်ခုမဟုတ်ပေ။ ၎င်းတို့က လူသားများနှင့် မျိုးနွယ်ခြားများ မိတ်ဖက်ခြင်းမှ ပေါက်ဖွားလာကြသူများဖြစ်သည်။ ၎င်းတို့၏ ကံကြမ္မာကတော့ ပိုမိုဆိုးရွားပေသည်။

ရုံးတော်သခင်က တိတ်သွားပြီး အချိန်အတန်ကြာပြီးနောက်တွင်မှ ပြောလိုက်သည်။

“ဒါဆိုရင်တောင် မင်းက နန်းတော်ခုနစ်ခု ရွှေအမြုတေနဲ့ယှဉ်တာမှာ ဘာလို့ဒဏ်ရာရလာသေးတာလဲ။ မင်းဘယ်လိုကိုယ်တွင်းရေးကိစ္စတွေ ကျိတ်လုပ်နေတာလဲ။”

ခုန်ရှန်းလုံ၏နဖူးပေါ်တွင် ချွေးသီးများကျလာပြီး မတတ်သာဘဲ ဆက်ပြောလိုက်ရသည်။

“သူ့မှာ အခြားအဖော်တွေရှိနေပါသေးတယ်။ သူတို့က ထွက်ပြေးသွားကြတယ်။ သူတို့က အလိုရှိစာရင်းထဲမပါကြပေမဲ့ သူတို့လုပ်ခဲ့တဲ့ရက်စက်မှုတွေကို မြင်တွေ့ခဲ့ပြီးနောက် သူတို့နောက်ကို လိုက်ပြီး အကုန်သတ်ပစ်ခဲ့ပါတယ်။ အဲဒီနောက် ယှဉ်ရခက်တဲ့ ပြိုင်ဘက်တစ်ဦးလည်း တွေ့ခဲ့ပြီး သူကိုသတ်ခဲ့ချိန်မှာ ဒဏ်ရာတွေရခဲ့တာပါ။”

ရုံးတော်သခင်က ခုန်ရှန်းလုံအား အေးစက်စက်ကြည့်လိုက်ပြီး လှေကားထံသို့ ပြန်လျှောက်သွားသည်။ သို့ရာတွင် အေးစက်သော အသံတစ်ခုက ပျံ့လွင့်လာသေးသည်။

“အဲဒါကို လက်ခံလို့တော့ ရနိုင်တယ်။ ဒါပေမဲ့ မင်းက ဓားကိုင်စည်းမျဉ်းအတိုင်းမလုပ်ဘဲ အပိုပြဿနာတွေ ရှာခဲ့တယ်။ ခုနစ်ရက်ချုပ်နှောင်ပြီး အပြစ်ဒဏ်ခံရမယ်။ သူ့ကိုခေါ်သွားကြ။”

ရုံးတော်သခင်က ထိုသို့ပြောကာ ထွက်ခွာသွားတော့သည်။

All Chapters