ယွီလဲ့ကျိန်စာ
Vol. 33 Ch. 449
အခန်း( ၄၄၉)
ယွီလဲ့ကျိန်စာ
အခန်းတံခါးပြန်ပွင့်လာခဲ့သည်။
လီလော့၊ ယုဟုန်ရှီနှင့်ချီချန်းတို့ ပြန်ထွက်လာချိန်သည့်အခါ ချောင်ရှန်းနှင့်ရှန်ကျင်းရှောင် တို့ကို တံခါးဝတွင်တွေ့လိုက်ရသည်။
ချောင်ရှန်းက ယုဟုန်ရှီကို ပြုံးပြရင်း.....
"အားလုံးအဆင်ပြေသွားပြီလား?"
ထိုသို့မေးနေစဉ် တစ်ခုခုတော့ လွဲနေပြီမှန်းခံစားလိုက်ရသည်။
ချီချန်းက သူ့နောက်တွင်ရှိသော ရှန်ကျင်းရှောင်ကို ဓားမြှောင်လိုအကြည့်များနှင့် စိုက်ကြည့်နေ၏။
"ရှန်ကျင်းရှောင်...နင့်လက်ချက်ပဲဖြစ်ရမယ်!"
ချီချန်းဆီမှ ရေပဲ့တင်ထပ်သံစွမ်းအားများထွက်ပေါ်လာပြီး ပြင်းထန်သော ရေလှိုင်းများဖြစ်ပေါ်လာ၏။ ထိုရေလှိုင်းများက ရှန်ကျင်းရှောင်ကို ရစ်ပတ်သွားသည်။
ရှန်ကျင်းရှောင်ကလည်း သူ့ကိုယ်ပိုင် ကြက်သွေးရောင် ပဲ့တင်ထပ်သံ စွမ်းအားများကို တည်ငြိမ်စွာ ထုတ်ဖော်လိုက်ပြီး သူမ၏ စွမ်းအားများကို အလွယ်တကူ ချေဖျက်လိုက်သည်။ သူ့နောက်တွင် နီမြန်းနက်မှောင်နေသော အသွင်သဏ္ဍာန်တစ်ခု ပေါ်ထွက်လာသည်။
ထိုအရာသည် ခြေလက် လေးဖက်ပါရှိပြီး နတ်ဆိုးအော်ရာများထုတ်လွှတ်နေသော ရှန်ကျင်းရှောင်၏ပဲ့တင်ထပ်သံဖြစ်သည်။
လီလော့ အံ့သြသွားသည်။ ရှန်ကျင်းရှောင် သူ့ရဲ့ ပဲ့တင်ထပ်သံကို ထုတ်ဖော်ပြသသည်ကို ပထမဆုံးမြင်ဖူးခြင်းပင်........ သူက အိုင်းဖရစ်ပဲ့တင်ထပ်သံ အသုံးပြုသူလား....
[TN/ အိုင်းဖရစ်...အစ္စလာမ်ဘာသာရေးကျမစာများထဲတွင်ဖော်ပြထားသောနတ်ဆိုး....]
ထိုပဲ့တင်ထပ်သံသည် မီးပဲ့တင်ထပ်သံမှတဆက့်သန္ဓေပြောင်းလာသော ရှားပါးသည့်ပဲ့တင်ထပ်သံဖြစ်သည်။
သူ့နောက်က မီးနတ်ဆိုးကြီးက ပြင်းပြင်းထန်ထန် လှုပ်ခါပြီး ရေလှိုင်းများကို စေ့စေ့စပ်စပ် ထိုးဖောက်လိုက်ပြီးနောက် လျင်မြန်စွာဖြင့် ရှန်ကျင်းရှောင် နောက်ဆုတ်လိုက်လေသည်။
"နည်းပြ ချီချန်း၊ မင်းငါ့ကို တိုက်ခိုက်နေတယ်ပေါ့.... မင်း ကျောင်းစည်းကမ်း ဖောက်ဖျက်နေတာလား...."
ချီချန်း ဘာမှပြန်မဖြေ သူ့ကိုဒေါသတကြီ စိုက်ကြည့်နေသည်။
ရုတ်တရက် အကြမ်းဖက်မှုကြောင့် ချောင်ရှန်းလည်း ထိတ်လန့်သွားသည်။
"နည်းပြ ချီချန်း တစ်ခုခုဖြစ်နေတာလား..."
"ခုနက ကျွန်မတို့ ပစ္စည်းတစ်ခုသန့်စင်နေတုန်းရောဂါဖောက်လာတယ်...အဲ့လို့ဖြစ်အောင် နည်းပြရှန်ကျင်းရှောင်ရဲ့လုပ်တယ်လို့ထင်နေတာ.. "
ယုဟုန်ရှီ ပြောသမျှနားထောင်ရင်း ချောင်ရှန်းမျက်လုံး ပြူးသွားသည်။
"ယွီလဲ့ကျိန်စာလား.....?"
ယုဟုန်ရှီ တခုခုနားလည်လိုက်သဖြင့်မျက်ဝန်းများ တောက်ပလာသည်။
ယွီလဲ့ကျိန်စာဆိုတာ.. နည်းပြ ချီချန်းရဲ့ မျက်နှာပေါ်က မဟူရာငါးအမှတ်အသားကိုပြောတာလား... ဒါဆို ခရမ်းအဆင့်နည်းပြတွေအကုန်လုံး ဒီအကြောင်းသိကြတယ်ပေါ့....
သို့သော်လည်း ချောင်ရှန်းက ဆက်လက်ရှင်းပြခြင်းမပြုခဲ့ပေ။ ယုဟုန်ရှီသည် အပြင်လူအဖြစ် သတ်မှတ်ခံရဆဲဖြစ်ပြီး လျှို့ဝှက်ချက်များကို ပေးသိလိုက်လို့မရပေ။
ယုဟုန်ရှီကလည်း ဒီအကြောင်းကို ကောင်းကောင်းကြီးနားလည်ခဲ့ပါသည်။
ဒေါသမပြေသေးသော ချီချန်းကတော့ လက်သီးတင်းတင်းဆုပ်ကာ ရေစွမ်းအားများကိုထပ်မံထုတ်ဖော်ပြီး ရှန်ကျင်းရှောင်ဆီ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။
ထိုအချိန်တွင် ပြင်းထန်သောစွမ်းအားတစ်ခုကျရောက်လာပြီး ချီချန်းကိုအသာအယာနောက်ဆုတ်စေခဲ့သည်။ထိုသို့ပြုလုပ်ခဲ့သူသည် ဒုကျောင်းအုပ်စုရှင်းဖြစ်နေသည်။
"နည်းပြ ချီချန်း၊ ဘာဖြစ်တာလဲ"
ဒုကျောင်းအုပ်စုရှင်းက ချီချန်းကို လေးနက်စွာ ကြည့်နေသည်။ ကျောင်းဝန်းအတွင်း ပြင်းထန်သော စွမ်းအားများသုံး၍တိုက်ခိုက်နေသည်ကိုအာရုံခံမိသောကြောင့် အခုလိုချက်ချင်းရောက်လာခဲ့ရခြင်းဖြစ်သည်။
ချောင်ရှန်းက အခြေအနေကို အမြန်ရှင်းပြလိုက်သည်။
"ယွီလဲ့ ကျိန်စာက အစပျိုးခဲ့တာလား?"
စုရှင်းသည် ချီချန်း၏ နံဘေးသို့ လျင်မြန်စွာ လျှောက်သွားကာ ဇာပုဝါကိုပင့်တင်လိုက်လေသည်။
"ဟမ်?"
ငါး၏အမြီးတစ်ဝိုက်တွင် ရွှေရောင်ကွင်းတခကို ချက်ချင်းတွေ့လိုက်ရသည်။
" တံဆိပ်ခတ်လိုက်တာလား...ဒီတံဆိပ်ကထူးဆန်းနေတယ်....... ဒါက ရွှေနဂါးဘဏ်ရဲ့ လျှို့ဝှက်ပညာရပ်များလား။"
စုရှင်း အလန့်တကြား မေးခွန်းထုတ်လိုက်သည်။
အရင်တုန်းကတော့ ယွီလဲ့ ကျိန်စာကို အစပျိုးလာတိုင်း သူမကသာ ချီချန်းကိုတံဆိပ်ခတ်ပေးခဲ့ရသည်။ ဤတံဆိပ်သည် ယခင်က သူမဖန်တီးခဲ့သော အရာများထက်ပင် ပိုမိုအားကောင်းနေသည်။
ယုဟုန်ရှီ ငြင်းဆန်တော့မည့်ဆဲဆဲတွင် လီလော့ထံမှ အသနားခံသော ချောင်းဟန့်သံကို ကြားလိုက်ရသည်။
"ဟုတ်ပါတယ်...ဒါ ရွှေနဂါးဘဏ်ရဲ့လျှို့ဝှက်ပညရပ်တခုပါ...အရေးပေါ်အခြေနေမို့ထုတ်သုံးလိုက်ရတာပါ...."
"ကျွန်မတို့ရှင့်အပေါ် အကြွေးတခုတင်နေခဲ့ပြီ....."
စုရှင်း ကျေးဇူးတင်စကားဆိုလိုက်သည်ကိုယုဟုန်ရှီက အပြုံးဖြင့် လက်ခါပြလိုက်သည်။
ချီချန်းက ဇာပုဝါကိုသေချာပြန်ဝတ်ပြီးသည်နှင့်......
" ဒါ ရှန်ကျင်းရှောင်လက်ချက်ပဲဖြစ်ရမယ်...သူ့ကိုသေချာစစ်ဆေးသင့်တယ်...."
ရှန်ကျင်းရှောင် ပြုံးလိုက်သည်။
" ကျုပ်က နည်းပြချောင်ရှန်းရဲ့ အနားမှယ တညလုံးအတူရှိနေခဲ့တာလေ...သူ့မျက်စိအောက်မှာ ဘယ်သူလှုပ်ရှားရဲမှာလဲ...."
ချောင်ရှန်း တုံ့ဆိုင်းသွားသည်။
"ဟုတ်တယ် ငါတို့နှစ်ယောက် တညလုံးအတူရှိနေကြတာ...သူ သံသယဖြစ်စရာ ဘာမှ မလုပ်ခဲ့ဘူး”
"နည်းပြ ချီချန်း။ မင်းငါ့ကို နှစ်အတော်ကြာ စိတ်ဆိုးပြီး အယုံအကြည်မရှိခဲ့မှန်းသိပါတယ်၊ ဒါပေမယ့် ဒါတွေက ဟိုတုန်းက အမှားတွေပါ... မင်းကို ငါ အကြိမ်ကြိမ်တောင်းပန်ခဲ့ပြီးပြီ၊ မင်း ဘယ်တုန်းကမှ လက်မခံခဲ့ဘူး..."
ရှန်ကျင်းရှောင် စကားခဏရပ်လိုက်သည်။
"ဒါပေမယ့် မင်းကို ယွီလဲ့ကျိန်စာရအောင်လုပ်ခဲ့တဲ့သူကို မေ့မထားလိုက်ပါနဲ့....ဒီလောက်ကြီးလေးတဲ့ပြစ်မှုကြီးကို ကျုပ်အပေါ်လွှဲမချသင့်ဘူး....."
ချီချန်း၏ လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားသဖြင့် သူမ၏ လက်ဆစ်များ ဖြူဖွေးနေ၏။
"ကျွန်တော် သိချင်တာတခုရှိတယ်...ခင်ဗျားဘာလို့ရုတ်တရက်ဒီကိုရောက်လာတာလဲ၊ နည်းပြ ရှန်ကျင်းရှောင်? တစ်ညလုံးလုံးအဆင်ပြေနေခဲ့ပေမယ့် ခင်ဗျားရောက်လာချိန်မှာ ရုပ်တရက်ကျိန်စာထဖောက်လာတယ်ဆိုတော့ ကျွန်တော်တို့ ခင်ဗျားကို သံသယမဝင်သင့်ဘူးလား...."
ဤသည်မှာ လီလော့ ရုတ်တရက်ဝင်ပြောလိုက်ခြင်းဖြစ်သည်။
" မင်းဘာတွေလုပ်လဲဆိုတာလာကြည့်တာ...ဆရာသခင်အဆင့် မြို့စားအဆင့်နှစ်ယောက်နဲ့အတူ ဘာတွေများ သန့်စင်နေတာလဲ....ကောလိပ်ကိုထိခိုက်တာမျိုးတွေဖြစ်မှာစိုးလို့ လာစစ်ဆေးတာ....ဒါမှမဟုတ် ဒုကျောင်းအုပ်ကြီးရှေ့မှာ မင်း ဘာကိုသန့်စင်ခဲ့တယ်ဆိုတာ ထုတ်ပြလိုက်...."
လီလော့က ပြုံးပြီး ခေါင်းခါလိုက်သည်။
"ဒါက လျှို့ဝှက်ချက်..."
"ဒါဆို မင်းကြောင့် နည်းပြချီချန်း ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့တာမဟုတ်မှန်း ဘယ်လိုသိနိုင်မှာလဲ.....တကယ်ဆို ငါတို့ကသာ မင်းကိုသံသယဝင်သင့်တာ....."
" ရှန်ကျင်းရှောင် ပါးစပ်ပိတ်ထား "
ချီချန်း အော်ဟစ်လိုက်သည့်အခါ ရှန်ကျင်းရှောင်က ပြုံးပြပြီး လှည့်ထွက်သွားလေသည်။
"နည်းပြ ချောင်ရှန်း၊ ကျေးဇူးပြုပြီး ဉက္ကဌယုကို လိုက်ပို့ပေးလိုက်ပါ"
ချောင်ရှန်း စုရှင်းကို မြန်မြန် ခေါင်းညိတ်ပြလိုက်သည်။
ယုဟုန်ရှီက ယဉ်ကျေးသော အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ ဒါတွေက ကျောင်းကိစ္စဖြစ်ပြီး ရွှေနဂါးဘဏ်က အပြင်လူတစ်ယောက်အနေနဲ့ဝင်ပါဖို့မသင့်တော်တာကြောင့် လီလော့ ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထွက်လာခဲ့လိုက်သည်။
ယုဟုန်ရှီနှင့်ချောင်ရှန်းတို့ ထွက်သွားပြီးနောက် စုရှင်းက ချီချန်းလက်ကိုဆွဲပြီး လျှို့ဝှက်စွာ ဆွေးနွေးနေလေ၏။
ဆွေးနွေးပြီးနောက် လီလော့ကို ခဏမျှသာစိုက်ကြည့်ပြီး ပြန်သွားခဲ့သည်။အစကနေအဆုံးထိ လီလော့ကို ဘာတစ်ခွန်းမျှမေးခွန်းမထုတ်ခဲ့ပေ။
ယခုဆို ချီချန်းနှင့်လီလော့တို့သာ ကျန်ရစ်ခဲ့သည်။
"ဆရာ၊ ဒုက္ခပေးပေးမိခဲ့တဲ့အတွက်တောင်းပန်ပါတယ်...."
သူဘာကြောင့် ထိန်းချုပ်မှုလွတ်သွားတယ်ဆိုတာ မသေချာပေမယ့် လီလော့၏အကူညီကြောင့်သာမဟုတ်လျှင် အခုလိုပြန်ကောင်းလာဖို့လွယ်ကူမည်မဟုတ်ပေ။
“နင်နဲ့ ဘာမှ မဆိုင်ဘူး”
လီလော့ တုံ့ဆိုင်းသွားပြီး ချီချန်းနောက်ကိ ခပ်သွက်သွက်လိုက်သွားခဲ့သည်။
အုံ့ဆိုင်းနေသော မိုးသောက်ယံချိန်တွင် ဆရာတပည့်နှစ်ယောက် တိတ်ဆိတ်စွာ လမ်းလျှောက်ကြနေသည်။
"လီလော့၊ ငါဘယ်လို ကူးစက်ခံခဲ့ရသလဲသိချင်လား....."
***