ယွီလဲ့ဘုရင်.....
Vol. 33 Ch. 450
နည်းပြချီချန်း မည်သို့ ကူးစက်ခံရသည်ကို လီလော့ အမှန်တကယ် သိချင်နေသည့်အတွက် ချက်ခြင်းပင် အာရုံစိုက်လိုက်သည်။
"ငါတို့ကောလိပ် စောင့်ကြပ်နေတဲ့ အရိပ်လှိုဏ်ဂူရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ဘုရင်အဆင့်ကမ္ဘခြားသက်ရှိတစ်ကောင်ရှိနေတယ်...ဒါ့ကြောင့် ကျောင်းအုပ်ကြီးဖန်က အရိပ်လှိုဏ်ဂူထဲကနေ အခုချိန်ထိ ထွက်မလာနိူင်သေးတာ...ငါတို့က အဲ့ဒါကို ယွီလဲ့ဘုရင်လို့ နာမည်ပေးတယ်။"
ထိုနာမည်ပြောနေစဉ် အရိပ်တစ်ခုသည် သူ့မျက်နှာပေါ်သို့ ကျဆင်းသွားသည်။
"ယွီလဲ့ဘုရင်?"
ဘုရင်အဆင့်ကမ္ဘာခြားသက်ရှိ...ထိုအရာသာ သူတို့၏ကမ္ဘာထဲသို့ လွတ်ထွက်လာပါက ရှပြည်ထောင်စု၏ နှစ်ပေါင်းများစွာ သာယာဝပြောမှု ၊အသက်အိုးအိမ်ပေါင်း ထောင်ပေါင်းများစွာ ခဏအတွင်း ပျောက်ကွယ်သွားနိုင်သည်။
"အရင်တုန်းက ယွီလဲ့ဘုရင် အရိပ်လှိုဏ်ဂူထဲကနေ ခွဲထွက်ပြီး ရှပြည်ထောင်စုမှာ ကျင်လည်နေဖို့ ကြံစည်ခဲ့ပေမယ့် ကောလိပ်ရဲ့တည်ရှိမှုကြောင့် မအောင်မြင်နိုင်ခဲ့ဘူး....."
တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ ရှေ့မတိုးသာနောက်မဆုတ်သာအခြေနေကို ဖြိုခွင်းဖို့ ကျောင်းက ကြီးမားတဲ့ ခြုံခိုတိုက်ခိုက်မှုတစ်ခု စီစဉ်ခဲ့တယ်......."
"ဒီအစီအစဉ်မှာ ခရမ်းအဆင့်နည်းပြတွေတင်မကဘဲ ရှပြည်ထောင်စုတခွင်က မြို့စားအဆင့်တွေလည်း ပါဝင်ခဲ့တယ်.....အဲ့အထဒမှာ နင့်မိဘတွေလည်းပါတယ် သူ့တို့ဆီကနေ အကူအညီအများကြီးရခဲ့တယ်...နင့်မိဘတွေက တကယ်ထူးချွန်တဲ့သူတွေပါ....."
လီလော့သည် မိဘများအကြောင်း နားထောင်ရင်း ပင့်သက်ရှိုက်လိုက်မိသည်။ သူမိဘတွေရဲ့အရိပ်က နေရာတိုင်းမှာကျန်ရစ်နေဆဲပင်.....
"ဒါပေမယ့် ချုံခိုတိုက်ခိုက်မှုမအောင်မြင်ခဲ့ပြီးကတည်းက ကမ္ဘာခြားသက်ရှိတွေနဲ့တိုက်ခိုက်ဖို့ ပြင်ပကပညာရှင်တွေကို မဖိတ်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်....."
"ဘာဖြစ်လို့?" လီလော့ အံ့သြသွားသည်။ ကြယ်တာယာခရီးရှည်ကောလိပ်က ကြွယ်ဝချမ်းသာသည့်အတွက် အခြားသောပညာရှင်တွေကိုဌားရမ်းခြင်းက ပိုသက်သာနိုင်သည်မဟုတ်လော
....
" ဘာကြောင့်လဲဆိုတော့ ကမ္ဘာခြားသက်ရှိတွေနဲ့ရင်ဆိုင်တဲ့အခါ လုအရေအတွက်များတာက အားသာချက်ဖြစ်မလာတဲ့အပြင် ဘေးဒုက္ခတွေကိုတောင်ဖြစ်လာစေလို့ပဲ....."
" ကမ္ဘာခြားသက်ရှိတွေက လူတွေရဲ့စိတ်ခံစားချက်ကိုကောင်းကောင်းကြီး လှည့်စားနိုင်တယ်...ဘုရင်အဆင့်ဆိုတော့ပိုလို့တောက်ကြောက်ဖို့ကောင်းသေးတယ်.....မြို့စားအဆင့်တွေက ဘဝအတွေ့အကြုံတွေ၊ခွန်အားရဲ့အနှစ်သာရတွေကိုကောင်းကောင်းကြီးနားလည်နေကြတဲ့အတွက် သူတို့စိတ်ထဲမှာ ဖုံးကွယ်ထားရတဲ့အမှောင်ဘက်ခြမ်းတွေရှိနေကြတယ်... ဒီလူတွေက ဘုရင်အဆင့်ကမ္ဘာခြားသက်ရှိရဲ့လွှမ်းမိုးချယ်လှယ်မှုကို တွန်းလှန်နိုင်ကြမှာမဟုတ်ဘူး...."
“ဒါကြောင့်မို့ ကျောင်းက ကျောင်းသားလူငယ်တွေကိုသာ အရိပ်လှိုဏ်ဂူထဲ ပို့ခဲ့တာပေါ့...နင်တို့ရဲ့ ဖြူစင်တဲ့ နှလုံးသားနဲ့ စိတ်ဓာတ်တွေက ကမ္ဘာခြားသက်ရှိတွေကိုရင်ဆိုင်ရာမှာ အဖိုးတန်တဲ့အရာတွေဖြစ်နေခဲ့လို့ပဲ....."
“ဒီချုံခိုတိုက်ခိုက်မှုမှာ ကူးစက်ခံရတဲ့ ကျွမ်းကျင်သူတွေက ငါတို့အတွက် အကြီးမားဆုံး ပြဿနာတွေဖြစ်လာခဲ့တယ်...."
"ယွီလဲ့ဘုရင် အရိပ်လှိုဏ်ဂူထဲကနေ လွတ်မြောက်ခါနီးမှာ ကျောင်းအုပ်ကြီးဖန်က အမိအရတားဆီးနိုင်ခဲ့တယ်....နင့်ရဲ့မိဘတွေကလည်း ကြီးမားတဲ့အကူအညီတွေပေးခဲ့တယ်.... သူတို့က တကယ်ကို သန်မာတယ်—ကျောင်းအုပ်ကြီးဖန်ကတောင် ဒါကို အသိအမှတ်ပြုခဲ့တယ်...."
လီလော့၏ နှလုံးခုန်သံများမြန်ဆန်လာသည်။ သူလျှောက်လှမ်းခဲ့သော မြေပြင်သည် ဤကဲ့သို့သော သမိုင်းကြောင်းများရှိနေမည်ဟု ထင်မထားမိခဲ့ပေ။ ကောလိပ်ဘက်က ကျွမ်းကျင်သူများကို ငှားရမ်းခြင်းထက် ကျောင်းသားများ၏ အသက်ကို စွန့်လွှတ်ဖို့ရွေးချယ်ခဲ့ရခြင်းအကြောင်းအရင်းကို သေချာစွာနားလည်ခဲ့ရပြီ.....
ဤသည်မှာ သူတို့ရဲ့ အတိတ်က ကျရှုံးမှုတွေရဲ့ ရလဒ်ပင်.......
"ငါ့မျက်နှာပေါ်က ယွီလဲ့ကျိန်စာကလည်း ယွီလဲ့ဘုရင်ကြောင့်ရခဲ့တာ...."
သူမ လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး.....
"ယွီလဲ့ဘုရင်ကို ကျောင်းအုပ်ကြီးဖန်နဲ့ နင့်ရဲ့မိဘတွေ ဝိုင်းရံထားတဲ့အခါ ကိုယ်ပွားကိုးခုခွဲပြီး ထွက်ပြေးသွားတယ်... ကိုယ်ပွားတစ်ခုနောက်လိုက်ဖို့ ငါနဲ့ရှန်ကျင်းရှောင်တို့ တာဝန်ယူခဲ့ကြတယ်.... ငါတို့နှစ်ယောက် ဒီကိုယ်ပွားကိုဖမ်းဆီးဖိို့ ချိတ်ပိတ်ခြင်းပညာရပ်ကိုအသက်သွင်းခဲ့ရတယ်...
“ဒါပေမယ့် တခြားကိုယ်ပွားတွေအားလုံးကို ဖမ်းချုပ်လိုက်တော့မှသာ ငါတို့ဆီရောက်နေတဲ့ကိုယ်ပွားက အစစ်မှန်းသိလိုက်ရတယ်....ဟုတ်တယ်၊ အဲ့ဒီတုန်းက ယွီလဲ့ ဘုရင်က ဒဏ်ရာအပြင်းအထန်ရထားတယ်.... တကယ့်အစစ်က ငါတို့ရှေ့မှာပေါ်လာပေမယ့် ငါတို့က အဲဒါကို တံဆိပ်နဲ့ အချိန်အတော်ကြာအောင် ထိန်းထားနိုင်ခဲ့တယ်.....ဒါပေမယ့် ရှန်ကျင်းရှောင်က ကြောက်လန့်ပြီး ငါ့ကိုယွီလဲ့ဘုရင်နဲ့တိုက်ခိုက်ဖို့တစ်ယောက်တည်းထားခဲ့တယ်... ကျောင်းအုပ်ကြီးဖန်သာအချိန်မှီရောက်မလာခဲ့ရင် ငါ သေနေလောက်ပြီ.... "
"ဒါတောင်မှ ယွီလဲ့ကျိန်စာကြောင့် အမာရွတ်ကျန်ခဲ့တယ်။ ဒါက သူ့ရဲ့ သေးငယ်တဲ့
လှုပ်ရှားမှုတစ်ခုဆိုပေမယ့် မြို့စားတွေတောင် မတားဆီးနိုင်ခဲ့ဘူး.... ကျောင်းအုပ်ကြီးဖန်သာ မကူညီခဲ့ရင် ငါအစကတည်းက ရူးနေလောက်ပြီ....."
"အဲ့ဒီအချိန်ကစပြီး၊ တခြားသူတွေ ဒီကျိန်စာကို မမြင်ရအောင် ဖုံးအုပ်ထားခဲ့ရတယ်"
သူမ၏အသံသည် ငြိမ်သက်တိတ်ဆိတ်နေသော်လည်း သူမခံစားနေရမည့် ခံစားချက်မုန်တိုင်းကို စိတ်ကူးကြည့်နိုင်သည်။
အကြောက်တရား....ဒေါသနဲ့ အလိုမကျမှုတွေ... စိတ်ပျက်အားငယ်မှုတွေ...
"ရှန်ကျင်းရှောင်က သူရဲဘောကြောင်တဲ့ခွေးတစ်ကောင်ပဲ"
ဤသည်မှာ နည်းပြ ချီချန်း နှင့် ရှန်ကျင်းရှောင်တို့ကြား ရန်ငြိုးဖွဲ့ရခြင်း အကြောင်းအရင်းဖြစ်သည်။ချီချန်း သူ့ကို တူးတူးခါးခါး မုန်းတီးခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ သူမသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ထိုအမုန်းတရားကိုရင်ဝယ်ပိုက်ထားခဲ့ရသည်။
ကျောင်းစည်းကမ်းကိုသာမလိုက်နာရင် ချီချန်း သူ့ကို သေတဲ့အထိ စိန်ခေါ်ပြီးနေလောက်ပြီ....
“နောက်တော့ သူက ဆုတ်ခွာဖို့ အချက်ပြခဲ့တယ်ပြောပြီး သူ့ကိုယ်သူ ခုခံကာကွယ်ခဲ့တယ်၊ ဒါပေမယ့် ငါကတော့ ဆက်နေဖို့ တွန်းအားပေးခဲ့တယ်...ဒါ့ကြောင့်မို့ ရင်သူကိုကြာကြာထိန်းမထားနိုင်ခဲ့ဘူး...."
"ခွေးမသား!"
လီလော့ ယခုအချိန်တွင် အလွန်ဒေါသထွက်
နေပြီဖြစ်သည်။ အစပိုင်းမှာ ချီချန်းကို ဖေးမနှစ်သိမ့်ဖို့ စိတ်ကူးထားပေမယ့် သူခိုးကလူပြန်ဟစ်ဆိုသလိုဖြစ်နေသည့် ရှန်ကျင်းရှောင်ကိုသာပျစ်ပျစ်နှစ်နှစ်ကျိန်ဆဲလိုက်တော့သည်။
“ကောလိပ်မှာ ဒီလိုလူယုတ်မာမျိုးရှိမနေသင့်ဘူး....."
ချီချန်းက ခပ်ပါးပါးလေး ပြုံးလိုက်သည်။
" အမှန်တော့ အဲ့တုန်းက ငါတို့နှစ်ယောက်ပဲရှိခဲ့တာဆိုတော့ သူပြောခဲ့တဲ့စကားနဲ့ ပတ်သက်ပြီး ဘာမှလုပ်လို့မရဘူး....ရှန်ကျင်းရှောင်ကိုနည်းနည်းပါးပါးအပြစ်ပေးပြီး ဖြေရှင်းလိုက်ကြတယ်..."
"ဒါက သူ့အတွက် လွယ်လွန်းတယ်
ကျောင်းအုပ်ကြီး သက်သေခံပေးနိုင်တာပဲလေ....."
သူမ ခေါင်းခါလိုက်သည်။
"ကျောင်းမှာ သူ့ကိုယ်ပိုင် အကျိုးစီးပွားနဲ့ ဦးစားပေးရမယ့်အရာတွေ ရှိတယ်...ရေခပ်မကြုံရင်တောင် ထင်းခွေတော့ကြုံဉီးမှာပေါ့..အဲ့အခါကျရင် ကောလိပ်ဘက်ကဝင်မစွက်ဖက်ဖ်ို့မျှော်လင့်ရမှာပဲ..."
လီလော့ ခဏမျှ တိတ်ဆိတ်သွားသည်။
"ဆရာ၊ အခွင့်အရေးရရင် ကျွန်တော့်ကိုခေါ်လိုက်...ဆရာ့ရဲ့ဇာတ်လမ်းကိုကြားပြီး ရှန်ကျင်းရှောင်ကို ပိုမုန်းလာတယ်! ဒီလူဒီလောက်ထိ ရွံစရာကောင်းမယ်လို့မထင်ခဲ့မိဘူး...."
"ဒါငါ့ကိစ္စပါ..နင်နဲ့ဘာဆိုင်လို့လဲ...."
လီလော့က စိတ်ရှုပ်သောပုံစံဖြင့် ခေါင်းယမ်းလိုက်သည်။
"အဓိကပြဿနာက အခု ဆရာရဲ့ လှပတဲ့မျက်နှာကို ဇာပုဝါနောက်ကွယ်မှာ တချိန်လုံး ဖုံးကွယ်ထားရတယ် .ဘယ်လောက်တောင်နှမြောစရာကောင်းလိုက်သလဲ...."
"လီလော့..နင် တော်တော်သတ္တိကောင်းနေတယ်ပေါ့....ကိုယ့်ဆရာကိုစနောက်နေရသလား....."
" စနောက်နေတာမဟုတ်ပါဘူး ...အမှန်တိုင်းပြောနေတာပါ...ဆရာ့လို ချောမောလှပသူတစ်ယောက်အတွက် သိပ်နစ်နာသလိုခံစားရလို့ပါ....."
သူမကို အားပေးဖို့ ကြိုးစားနေမှန်း သိနေသည့်တိုင် ချီချန်း နှစ်ခြိုက်စွာပြုံးနေလေ၏။
“ကောင်းပြီ...တော်လောက်ပြီ...နင် ငါ့ကိုတကယ်ကူညီချင်တယ်ဆိုရင် ရှန့်ပိန်းတွေ့ဆုံပွဲ မှာ အသန်မာဆုံး ကြယ်တစ်ပွင့် ကျောင်းသားဘွဲ့ကို ယူခဲ့လိုက်ပါ....ဒါမှ ကောလိပ်ကရှန်ကျင်းရှောင်ကို ကာကွယ်ပေးလို့မရမှာ..... "
သူမသည် လီလော့၏ စိတ်အားထက်သန်နေသေယာ မျက်လုံးများကို ကြည့်ကာ အပြုံးတစ်ပွင့်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒါပေမယ့် နင်ငါ့ကို တစ်ခုတော့ ကတိပေးရမယ်....."
"ဘာကတိလဲ...?"
"သူ့ကို ငါ့ကိုယ်တိုင်အဆုံးသတ်မယ်...."
***