ကြိုတင်ထွက်ခွာခြင်း....
Vol. 33 Ch. 451
သီးသန့်ခန်းထဲကို ပြန်ရောက်သည့်အခါ ပူပူနွေးနွေး ရရှိထားသော ပဲ့တင်ထပ်သံတုပခြင်းလှည်းဘီးကို ချက်ချင်း ဆွဲထုတ်လိုက်သည်။သူသည် နည်းပြချီချန်းနှင့်ယုဟုန်ရှီတို့ကို အတိုင်းအတာတစ်ခုအထိ ယုံကြည်ခဲ့သော်လည်း ၎င်းတို့နှစ်ဉီးရှေ့တွင် ထိုအရာကိုမစစ်ဆေးဝံ့ခဲ့ပေ။ တတိယမြောက်ပဲ့တင်ထပ်သံဖန်တီးခြင်းသည် အလွန်လေးနက်သော လျှို့ဝှက်ချက်တစ်ခုဖြစ်နေသည်။
သည်တစ်ခေါက်ဖန်တီးထားသော လှည်းဘီးသည် တြိဂံပုံသဏ္ဍာန်ရှိပြီး အခြားလှည်းဘီးများထက် အနည်းငယ်ကွဲလွဲနေသည်။သို့သော်လည်း ယခင်ကကဲ့သို့ပင် ၎င်းကို မှော်က္ခရာများဖြင့်် ဖုံးအုပ်ထားသည်။
သို့ရာတွင်၊ ယခင်တစ်ခုသည် ရာနှင့်ချီသောပါဝင်ပစ္စည်းများအတွက် အပေါက်များပြည့်နေသော်လည်း၊ ဤတစ်ခုတွင် ရိုးရိုး ဆဋ္ဌဂံပုံသဏ္ဍာန်အပေါက်နှစ်ခုသာပါရှိသည်။
မူလပဲ့တင်ထပ်သံနှင့်အကူပဲ့တင်ထပ်သံတို့အတွက် ပါဝင်ပစ္စည်းတစ်မျိုးတည်းကိုသာ ထည့်သွင်းရမည့်အဓိပ္ပါယ်ပင်....
ဆိုလိုသည်မှာ ဤအရာများသည် ယခင်ကထက် ပိုမိုရှားပါးပြီး ဈေးပိုကြီးလာမည် ဖြစ်သည်။
နောက်ဆုံးရရှိထားသော ပဲ့တင်ထပ်သံကို အရေအတွက်ဖြင့် တည်ဆောက်ထားလျှင်၊တတိယမြောက်ပဲ့တင်ထပ်သံကို အဆုံးစွန်သော အရည်အသွေးမြင့်ပစ္စည်းများဖြင့်တည်ဆောက်ရမည်ဖြစ်သည်။
မြို့စားအဆင့်ပါဝင်ပစ္စည်းများကို ရှာဖွေရမည်ဟု လီလော့ကြိုတင်ခန့်မှန်းထားပါသည်။
“ဒါပေမယ့် ဘယ်မှာသွားရှာရမှာလဲ…”
ရွှေနဂါးဘဏ်တိုက်ရုံးချုပ်မှာတောင် ဒီလိုရှားပါးပစ္စည်းတွေရှိပါ့မလား..ဒါ့အပြင်၊ စျေးနှုန်းကလည်း မိုးလောက်ထိမြင့်နိုင်တယ်....တော်သေးတာပေါ့ ပါဝင်ပစ္စည်းနှစ်မျိုးပဲလိုလို့...အရင်ကလို အခုတစ်ရာသာဆို လော့လန်အိမ်တော်ကိုပါရောင်းပစ်ရလိမ့်မယ်.....
မည်သို့ပင်ဆိုစေကာမူ လောလောဆယ်အတွက် အရေးမကြီးသေးပေ။ တတိယ ပဲ့တင်ထပ်သံကို ရရှိရန် စစ်သူကြီးအဆင့်သို့ ရောက်ရပေမည်။ သူသည် ဆရာသခင်အဆင့်၏နောက်ဆုံးအဆင့်သို့ရောက်နေပြီဖြစ်သော်လည်း၊ စစ်သူကြီးအဆင့်သို့ ရောက်ရန် အလှမ်းဝေးနေဆဲပင်.....
လှည်းဘီးကိုသေချာစွာစစ်ဆေးပြီးနောက် အိတ်ဆောင်စက်လုံးထဲသို့ပြန်ထည့်လိုက်သည်။တတိယပဲ့တင်ထပ်သံအတွက် ဒြပ်စင်များကို သေချာစွာစဉ်းစားထားရပေတော့မည်။
လီလော့ စာရွက်တစ်ရွက်ကို ထုတ်ယူပြီး စက်ဝိုင်းသုံးခုကို ဆွဲလိုက်သည်။ ပထမစကဝိုင်းတွင် "ရေအလင်း" ဟုရေးခဲ့ပြီး ဒုတိယတွင် "မြေသစ်သား" ဟုရေးခဲ့သည်။
ဒါတွေက သူ့ရဲ့ လက်ရှိ ပဲ့တင်ထပ်သံတွေပါ....
ထိုနှစ်ခုသည် ပံ့ပိုးမှုနှင့် ထိန်းချုပ်မှုအမျိုးအစားများဖြစ်ကြပြီး ပဲ့တင်ထပ်သံပညာရပ်များကို သိသာထင်ရှားစွာ မြှင့်တင်ရန်အတွက် မူလပဲ့တင်ထပ်သံနှင့်အကူပဲ့တင်ထပ်သံတို့ကို သေချာစွာပေါင်းစပ်အသုံးပြုနိုင်ခဲ့သော်လည်း ပြင်းထန်သည့်တိုက်စစ်စွမ်းအားပေးစွမ်းနိုင်ခြင်းမရှိခဲ့ပေ။
အကယ်၍ လွတ်လပ်စွာ ရွေးချယ်ခွင့်ရခဲ့ပါလျှင် ဤသို့သော်ပဲ့တင်ထပ်သံများကိုရွေးချယ်မည်မဟုတ်ပေ။ သို့သော် ရေနှင့်သစ်သား နှစ်မျိုးစလုံးသည် ပဲ့တင်ထပ်သံရရယူခြင်းပညာရပ်၏ ဆိုးကျိုးများကို လျှော့ချရန် သူ့ခန္ဓာကိုယ်အတွက် အထူးသင့်လျော်နေသည်။
အခြေခံအုတ်မြစ် အားနည်းလွန်းတာကြောင့် ကြိုးစားရှင်သန်ဖို့ သူ့ရဲ့တစ်ခုတည်းသောရွေးချယ်မှုဖြစ်ခဲ့သည်။ သို့သော် သူသည် တတိယမြောက် ပဲ့တင်ထပ်သံကို ရွေးချယ်ပြီးချိန်တွင် စစ်သူကြီးအဆင့်သို့ရောက်နေမည်ဖြစ်သည်။
အနည်းဆုံးတော့ တတိယမြောက်ပဲ့တင်ထပ်သံကိုကိုယ်တ်ိုင်ရွေးချယ်နိုင်မည်သာ....
လီလော့က စားပွဲကို အသာလေး ပုတ်လိုက်သည်။ ယခုအချိန်တွင်၊ သူသည် ပံ့ပိုးမှုအမျိုးအစား ပဲ့တင်ထပ်သံများကို ထည့်သွင်းစဉ်းစားရန် မလိုအပ်တော့ပေ။
တတိယမြောက် စက်ဝိုင်းတွင် စကားလုံးတစ်လုံးကို ရေးခဲ့သည်။
"တိုက်ခိုက်ရေး..."
မီး၊ သတ္တု၊ လျှပ်စီ သို့မဟုတ် သားရဲ ပဲ့တင်ထပ်သံတို့သည် သူ့အတွက် လက်ခံနိုင်သော ရွေးချယ်စရာများဖြစ်သည်။
ဒါပေမယ့် နောက်ဆုံးရွေးချယ်မှုကတော့ သူလက်လှမ်းမီနိုင်တဲ့ ပါဝင်ပစ္စည်းအမျိုးအစားပေါ် မူတည်နေသေးသည်။
ထို့ကြောင့် ရှန့်ပိန်းတွေ့ဆုံပွဲတွင် ဆုလာဘ်များဆွတ်ခူးပြီးမှသာ ဆက်စဉ်းစားရတော့မည်။
...............................
နောက်တစ်နေ့တွင် ကျန်းချင်းအာ သူ့ဆီရောက်လာခဲ့သည်။
"သန့်စင်ရေးက ဘယ်လိုလဲ..."
သူတို့နှစ်ဦးသည် ရေကန်တစ်ဝိုက်တွင် ထုံးစံအတိုင်း လမ်းလျှောက်နေကြပြီး ချီချန်းနှင့်ယုဟုန်ရှီတို့ကို ဖိတ်ကြားခြင်းအကြောင်း အားလုံးကို ပြောပြလိုက်သည်။
သူတို့ အကြိုက်ဆုံးနေရာတစ်ခုတွင် ထိုင်ခဲ့ကြပြီး အမှန်တကယ် သန့်စင်မှုအတွင်း ဖြစ်ပျက်ခဲ့သော အရာများအကြောင်းကို အကုအစင်ပြောပြလိုက်သည်။
ကျန်းချင်းအာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး သတင်းအချက်အလက်များကို တိတ်တဆိတ် နားထောင်နေသည်။
လီလော့က နည်းပြ ချီချန်း၏ ယွီလဲ့ကျိန်စာအကြောင်းကိုပင် ပြောပြခဲ့သည်။ ထိုအကြောင်းကို အလွယ်တကူထုတ်မပြောသင့်သော်လည်း အရင်တခါ အရိုက်ခံရပြီးတကည်းက ကျန်းချင်းအာအပေါ်ဘာမျှထိန်ချန်မထားရဲတော့ပေ။
" သက်သေမရှိပေမယ့် ရှန်ကျင်းရှောင် တစ်ခုခုလုပ်ခဲ့တယ်ထင်တယ် "
လီလော့ ပခုံးတွန့်လိုက်သည်။
"အင်း...သံသယဝင်စရာကောင်းတယ်...ဒါနဲ့ အဲ့တုန်းကတိုက်ပွဲမှာ ဆရာနဲ့ဆရာကတော်တို့ရှိနေခဲ့တာပေါ့...ဟုတ်လား...."
မကြာမီ သူမ၏ အတွေးများသည် အခြားအကြောင်းအရာတစ်ခုသို့ ပြောင်းလဲသွားသည်။
" ရှန်ကျင်းရှောင်ကိုနည်းပြချီချန်း အရမ်းမုန်းတီးနေတာ ငါတို့အတွက် ကောင်းပါတယ်...ငါတ်ို့အတွက် အကူအညီရတာပေါ့...."
လီလော့ ရယ်မောလိုက်သည်။ အနီးအနားတွင် အခြားကျောင်းသားများမရှိလို့သာ တော်ပေတော့သည်။နို့နို့ဆို နည်းပြတစ်ယောက်ကိုသတ်ဖို့အကြောင်းဆွေးနွေးနေသည်ကိုကြားပြီး လိပ်ပြာလွှင့်နေလောက်ပြီ......
ကျန်းချင်းအာက အိတ်ဆောင်စက်လုံးထဲမှအိတ်တစ်လုံး ထုတ်ကာ ......
"ရော့...အစ်မချိူင်ဝေ ပေးခိုင်းလိုက်တာ...ဒီထဲမှာ အဆင့်ငါးကနေ အဆင့်ခုနှစ်အထိ ဝိဉာဉ်ရည်တွေပါတယ်...."
လီလော့ အိတ်ကို စိတ်အားထက်သန်စွာ လှမ်းယူလိုက်သည်။ သူ၏ ရေအလင်းပဲ့တင်သံသည် အဆင့်ခုနှစ်တွင်သာ ရပ်တန့်နေသော်လည်း မြေသစ်သားပဲ့တင်ထပ်သံကတော့ အဆင့်ငါးအထိမြင့်တက်လာပြီဖြစ်သည်။ထို့ကြောင့်ရှန့်ပိန်းတွေ့ဆုံပွဲမတိုင်မီ မြေသစ်သားပဲ့တင်ထပ်သံကိုအဆင့်ခုနှစ်ထိရောက်အောင် မြှင့်တင်ဖို့ကြိုးစားရမည်။
"မနက်ဖြန်ကျောင်းက ပြိုင်ပွဲဝင်မယ့်သူတွေကို စုပြီး ရှန်းလိသစ်ပင်ကနေ နေရာကူးပြောင်းပေးလိမ့်မယ်....ငါတို့တွေ ရှပြည်ခေါင်စုနဲ့ ခဏလောက်ဝေးကွာနေလိမ့်မယ်.... ပဲ့တင်ထပ်တဲ့ စွမ်းအားသစ်ပင်ကနေ ...အိမ်တော်အတွက် စီစဉ်စရာရှိတာတွေစီစဉ်ခဲ့ပြီးပြီ....အစ်မချိုင်ဝေရှိနေတဲ့အတွက် အရာရာအဆင်ပြေမှာပါ...ပြီးတော့ ဘိုးဘေးယွမ်ချန်းပြန်ရောက်နေပြီဆိုတော့ ဖေဟောင် ဟော့ဟော့ရမ်းရမ်းတွေလုပ်ရဲမှာမဟုတ်ဘူး....."
လီလော့ ခေါင်းညိတ်လိုက်သည်။ ကျန်းချင်းအာသည် သူ့အတွက် အမြဲခွန်အားဖြစ်စေသူပင်.....
"လီလော့..."
ရေကန်ထဲကို စူးစူးစိုက်စိုက်ကြည့်နေရာကနေ လီလော့ ကျန်းချင်းအာကိုလှည့်ကြည့်လိုက်သည်။
"ရှန့်ပိန်းတွေ့ဆုံပွဲ ပြီးချိန်ကျရင် နင်လည်း ပထမနှစ် ပြီးနောက်လောက်ပြီ......."
"အင်း...ဟုတ်တယ်... "
“အချိန်နီးနေပြီ...နင် အဆင်သင့်ဖြစ်ပြီလား?"
လီလော့ သူမရည်ညွှန်းသည့်အရာကို နားလည်လိုက်သည်။
နှစ်သစ်ရဲ့အစ… အိမ်တော်စုဝေးပွဲ.....
ထိုအချိန်တွင် အန္တာရာယ်ပတ်လည်ဝိုင်းနေလိမ့်မည်......
လော့လန်အိမ်တော်၏ ကံကြမ္မာသည် အကျပ်အတည်းတစ်ခုထဲသို့ ပစ်ချခံရမည်မှာ သံသယဝင်နေစရာပင်မလိုပေ။
လီလော့ ယုံကြည်မှုအပြည့်ရှိသော အပြုံးဖြင့် သူမကို ငေးကြည့်နေမိသည်။
"လော့လန်အိမ်တော်ကို ဘယ်သူလာလာ...ငါသူတို့ကိုအဆုံးသတ်ပေးလိိုက်မယ်....."
***