← Chapters

ပို့ဆောင်ခြင်း....

Vol. 33 Ch. 452

ပို့ဆောင်ခြင်း....

Vol. 33 Ch. 452

နောက်တနေ့တွင်.....

ကြယ်တာယာခရီးရှည်ကောလိပ်၏လေထုသည် ယခင်နေ့များနှင့်မတူဘဲ လေးနက်မှုများနှင့်ပြည့်နှက်နေသည်။

ရှန်းလိသစ်ပင်အောက်တွင် ကျောင်းသားများစုဝေးနေကြပြီး

သူတို့အားလုံးသည် ဝတ်စုံပြည့်နှင့် လက်နက်ကိုယ်စီကိုင်ဆောင်ထားသည့် အဖွဲ့ငယ်ကိုဘကြည့်နေကြသည်။

ထိုအဖွဲ့သည် ရှန်ပိန်းတွေဆုံပွဲတွင် ကြယ်တာယာခရီးရှည်ကောလိပ်အတွက် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့်သူများဖြစ်ကြသည်။

ထိုအဖွဲ့သားအားလုံးသည် ခရမ်းအဆင့်တပည့်များဖြစ်ကြပြီး ရွယ်တူများကြားတွင် အသိအမှတ်ပြုခံရလောက်အောင်ထူးချွန်သူများဖြစ်ကြသည်။

လီလော့သည် ကြယ်တစ်ပွင့်ခန်းမမှ အတန်းဖော်များနှင့်အတူ ရပ်နေပြီး စုဝေးနေကြသောကျောင်းသားများကို ငေးကြည့်နေသည်။

"အခု ငါ့ဘဝကြီး တကယ်ကို ပြိုပျက်သွားသလို ခံစားနေရတယ်...."

သူ့ဘေးနားမှ တစ်စုံတစ်ယောက် ဝမ်းသာအားရ ညည်းတွားသံကို ကြားရသည်။

ယုလန်တစ်ယောက် မျက်နှာတပြင်လုံးနီရဲနေလောက်အောင်ပျော်ရွှင်နေသည်။

"မင်း ဘယ်လောက်တောင်သောက်ထားတာလဲ..."

လီလော့ ဟစ်အော်လိုက်သည်။

"လီလော့...မင်း သွေးနားထင်ရောက်မနေနဲ့.....ရှန့်ပိန်းတွေ့ဆုံပွဲ မတိုင်မီကတည်းက ငါ့က ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ အထူးချွန်ဆုံးကျောင်းသားအဖြစ်နာမည်ကြီးနေပြီးသား....ပထမနှစ်ကျောင်းသူတွေတင်မကဘဲ စီနီယာအစ်မတွေကပါ သည်းသည်းလှုပ်သဘောကျနေကြပြီ...တွေ့ဆုံပွဲပြီးလို့ ကောလိပ်ကိုပြန်လာရင် ငါ့နာမည်ကိုကြွေးကြော်ပြီး ဝမ်းသာအားရကြိုဆိုနေကြမှာကွ......ကြိုဆိုမှုအတွက် ကျေးဇူးတင်ဖို့ ပါးစပ်လိုက်ရင်တောင် သူတို့တွေက အနမ်းပေးပြီး နှုတ်ဆက်ကြမှာ.... ဟီးးးးဟီးးးးး.."

"ဟေ့ကောင်....ပုပ်သိုးနေတဲ့အသားပိုင်းကယင်ကောင်တွေကိုဆွဲဆောင်နိုင်တယ်ဆိုတာကြားဖူးတယ်မလား....အကောက်ကြံမှုတွေ ၊လုပ်ကြံသတ်ဖြတ်မှုတွေကို မင်း ဘယ်လိုရှောင်တိမ်းမလဲ...."

ယုလန် ရင်ဘတ်ကို ဖွဖွပုတ်လိုက်ပြီး....

"ငါ ဘာမဆို လုပ်နိုင်တယ်...ငါ ဘာမှမကြောက်ဘူး...လီလော့...ဒီတစ်နှစ်အတွင်း ဘယ်လိုလေ့ကျင့်ခဲ့ရလဲ မင်းလည်းသိနေတာပဲ...ဒီသံမဏိခန္ဓာကိုယ်ကြီးကဘာကိုမှမမှုတော့ဘူး....."

လီလော့ သူ့ကို လက်မထောင်ပြလိုက်သည်။

"မင်းတကယ် ရင့်ကျက်လာပြီ....ရှန့်ပိန်းတွေ့ဆုံပွဲမှာ မင်း ကြီးကျယ်ခမ်းနားတဲ့ အရာတွေ လုပ်မယ်လို့ ငါယုံကြည်တယ်...."

ယုလန် မျက်မှောက်ကြုံ့လိုက်ပြီး ...

"မင်းငါ့ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတာလား...အာရုံတွေရနေတယ်နော်....."

နှစ်ယောက်သား ထူးထူးဆန်းဆန်း စကားတွေ ဆက်ပြောနေချိန်မှာ သူတို့ပတ်ဝန်းကျင်က ကျောင်းသားတွေကလည်း စကားစမြည်ပြောဆိုနေကြသည်။

မကြာမီတွင် ဒုကျောင်းအုပ်စုရှင်းနှင့်အတူ ကောလိပ်၏အရေးပါသောအကြီးအကဲများအားလုံးရောက်လာခဲ့ကြသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ရှန့်ပိန့်တွေ့ဆုံပွဲအတွက် ကောလိပ်ဘက်က မည်မျှအရေးထားသည်ကို သိရှိနိုင်သည်။

စင်မြင့်ပေါ်တွင်ရှိနေ​သော စုရှင်းက....

“ချစ်လှစွာသော ကျောင်းသားများ...ဒီနေ့ ငါတို့ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေ ရှန့်ပိန်းတွေ့ဆုံပွဲအတွက် ထွက်ခွာတော့မှာပါ... ဒီပြိုင်ပွဲက အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတိုက်ကြီးတစ်ခုလုံးရဲ့ အမြင့်ဆုံးမားဆုံးကျောင်းတွင်း ပြိုင်ဆိုင်မှုပါ... ဒါ ဘယ်လောက်အရေးကြီးတယ်ဆိုတာ အားလုံးက နားလည်မယ်ထင်ပါတယ်... ကိုယ်စားလှယ်တွေကိုပို့ဆောင်ပေးမယ့် နောက်ထပ်အရေးကြီးတဲ့ပုဂ္ဂိုလ်တစ်ယောက်နဲ့တွေ့ဆုံပေးပါရစေ......"

ဒုကျောင်းအုပ်စုရှင်းကလွဲရင် နောက်ထပ်အရေးကြီးတဲ့သူဘယ်သူရှိနိုင်မည်နည်း....

ဒုတိယကျောင်းအုပ်ကြီးစုရှင်းသည် ကျောင်းသားများ၏အံ့သြနေသည့်အကြည့်အောက်တွင် သလင်းကျောက်တစ်လုံးကိုလေထဲပစ်လွတ်ကာ ရေကြေးမုံတစ်ခုကို ဖန်တီးလိုက်သည်။

ထိုရေကြေးမုံထဲတွင် မြင်နေရသောပုံရိပ်ကြောင့် လီလော့ ကျောရိုး အေးစက်သွားသလို ခံစားလိုက်ရသည်။ထို့အနက်ရောင်အရိပ်သည် သူ့အတွက် သိသိသာသာ ရင်းနှီးနေပုံရသည်။

တ​ဖြည်းဖြည်းနဲ့အနက်ရောင်အရိပ်ကနေ တင်ပျဉ်ခွေထိုင်နေသော သူတစ်ဉီးအဖြစ် ရုပ်လုံးပေါ်လာခဲ့သည်။

ထိုသူသည် အမှောင်ထုထဲတွင် အထီးကျန်စွာ နေနေရသော်လည်း တစ်ကမ္ဘာလုံး အစိတ်အစိတ်အမွှာမွှာ ပြိုကွဲသွားလျှင်ပင် တခုချင်းစီကိုစိတ်ရှည်လက်ရှည် ပြန်လည်စုစည်းပေးနိုင်မည့်ပုံပေါ်သည်။

ထိုသူသည် အရိပ်လှိုဏ်ဂူတွင် လီလော့နှင့်ကြုံဆုံခဲ့သော ကျောင်းအုပ်ကြီးဖန်ချန်ယွမ်သာပင်.....

ဒုကျောင်းအုပ်စုရှင်း ဒီလောက်လေးစားနေမှတော့ ဖန်ချန်ယွမ်ကလွဲရင် ဘယ်သူရှိနိုင်ဉီးမလဲ......

သို့သော်လည်း လူမြင်ကွင်းမှ နှစ်ပေါင်းများစွာပျောက်ကွယ်နေသော ဖန်ချန်ယွမ်ကို ကျောင်းသားများ ရုတ်တရက်မမှတ်နိုင်ကြပေ။ သို့သော်လည်း ပုံရိပ်ယောင်မှတဆင့်ပင် အော်ရာကို ခံစားသိရှိနိုင်သောကြောင့် သန်မာသူတစ်ယောက်ဖြစ်ကြောင်း သူတို့သိကြသည်။

ဇဝေဇဝါဖြစ်နေသော ကျောင်းသားများကိုကြည့်ပြီး ဒုကျောင်းအုပ်စုရှင်းက ထပ်ပြောပြန်သည်။

"ကျောင်းသားတို့....ဒါက ငါတို့ကောလိပ်ရဲ့ကျောင်းအုပ်ကြီး ဖန်ချန်ယွမ်ပါ...."

"အလို!"

စိတ်လှုပ်ရှားများအလုံးအရင်းနှင့် ပေါက်ကွဲထွက်လာသည်။တချို့ဆိုလျှင်စိတ်လှုပ်ရဉျးသဖြင့်ခုန်ပေါက်နေကြ၏။

သူတို့၏ကျောင်းအုပ်သည် ဒဏ္ဍာရီတစ်ပုဒ်ဖြစ်ခဲ့ပြီး ယခု သူတို့၏မျက်စိရှေ့တွင် ရှိနေခဲ့သည်။ ကြယ်တာယာခရီးရှည်ကောလိပ်ကျောင်းသားတိုင်း ကျောင်းအုပ်ကြီးကိုမမြင်ဖူးကြပေ။

သူသည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်ဟုသာ ပြောသော်လည်း အမှန်တကယ် မကြားခဲ့ရ၊ မမြင်ဖူးပေ။

ဤလူသည် ရှပြည်ထောင်စုရှိ တစ်ဦးတည်းသော King ဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်သည်ဟု ဆိုကြသည်။

ဘုရင်အဆင့်... ကျောင်းသားများစွာအတွက် မမျှော်လင့်နိုင်သော ပန်းတိုင်တစ်ခု....

ဒါ့ကြောင့်လည်း ကြယ်တာယာခရီးရှည်ကောလိပ်ကို ရှပြည်ထောင်စုတခုလုံးလေးစာစနေကြခြင်းဖြစ်သည်။

"ကျောင်းအုပ်!"

"ကျောင်းအုပ်!"

အလွန်စိတ်လှုပ်ရှားနေကြသူများထဲတွင် ကျောင်းသားများသာမကဘဲ ရွှေအဆင့်နှင့်ငွေအဆင့်နည်းပြဆရာများပင်လျှင်ညပယဝင်နေကြသည်။

အားပေးနေကြသောအသံများကြောင့် ထိုလူ၏မျက်နှာသည် နှစ်လိုဖွယ်ကောင်းသော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး အသံတိတ်ပေးဖို့ လက်ပြလိုက်သည်။

ချက်ချင်းတိတ်ဆိတ်သွားပြီးလူတိုင်းက သူ့ကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြသည်။

"လူကိုယ်တိုင်ရောက်မလာဘဲ ပုံရိပ်ထင်ကြေးမုံကတဆင့် အခုလိုတွေ့ဆုံရတာကိုနားလည်ပေးကြပါ...တာဝန်မကျေနိုင်တဲ့ဒီကျောင်းအုပ်ကို ခွင့်လွှတ်ပေးနိုင်ဖို့မျှော်လင့်ပါတယ်....."

သူ့ရယ်မောသံကတောင် သူတို့အားလုံးကို သက်တောင့်သက်သာရှိစေပြီး နွေးထွေးစေခဲ့သည်။

"အချိန်လေးနှစ်ကုန်ဆုံးပြီး ရှန့်ပိန်းတွေ့ဆုံပွဲရောက်လာခဲ့ပြန်ပြီ.....ပုံမှန်ဆို ငါ စောင့်ကြပ်ပေးနေရတဲ့ပတ်ဝန်းကျင်အခြေနေကြောင့် လူလုံးထွက်ပြဖို့အခွင့်မသာနိုင်ခဲ့ဘူး...ဒါပေမယ့် အနှစ်နှစ်အလလ စောင့်ဆိုင်းခဲ့ရတဲ့ ရှန့်ပိန်းတွေ့ဆုံပွဲရောက်လာခဲ့ပြီ..ဒီနေ့ကိုရောက်ဖို့ဘယ်လောက်မျှော်လင့်ခဲ့ရသလဲ....ဘာကြောင့်လဲ သိချင်လား?"

"ဘာလို့လဲဆို​တော့ ငါတို့ ကောလိပ်အတွက် လုံကူရှန့်ပိန်းလိုအပ်နေလို့ပဲ....ဟုတ်ပါတယ်၊ အဲ့ဒါကို ငါတို့တင်မဟုတ်ဘူး၊ အရှေ့ပိုင်းနတ်ဘုရားကုန်းမြေက ကောလိပ်တိုင်း လိုချင်မေကြတယ်....လုံကူရှန့်ပိန်းကိုရရင် ကိုယ်ကျိုးအတွက်သုံးမှာမဟုတ်ပါဘူး....အရိပ်လှိုဏ်ဂူထဲမှာ ထက်မြက်တဲ့ ကျောင်းသားလူငယ် အများအပြား နှစ်စဉ် သေဆုံးနေကြရပါတယ်...တောက်ပတဲ့ အနာဂတ်တွေ၊ အပြစ်ကင်းတဲ့ ဘဝတွေ၊အရိပ်လှ်ိုဏ်ဂူရဲ့ အမှောင်ထုထဲမှာ နစ်မြုပ်နေခဲ့ရပြီ... သူတို့ရဲ့ အလောင်းတွေကို အဲ့ဒီနေရာမှာ ထာဝရ မြှုပ်နှံထားခဲ့ရတယ်....ဒီနှစ်တွေအတွင်း ငါတို့ ဘယ်လောက်ဆုံးရှုံးခဲ့လဲ မင်းတို့သိလား"

ဖန်ချန်ယွမ် နာကျင်စွာဖြင့် မျက်လုံးမှိတ်လိုက်သည်။

တိတ်ဆိတ်ငြိမ်သက်နေသော လေပြည်သည် ရှန်းလိသစ်ပင်ကိုဖြတ်ကျော် တိုက်ခတ်လာကာ ကျောင်းသားများစွာသည် လေအဝှေ့တွင်ယိမ်းနွဲ့နေသော သစ်ရွက်များကို ကြည့်ရန် ခေါင်းမော့လိုက်ကြသည်။

သစ်ပင်၏အနောက်တောင်ဘက်ခြမ်းရှိ အရွက်တိုင်းကို မျက်နှာနှင့်အမည်ဖြင့် မှတ်သားထားသည်။

အရိပ်လှိုဏ်ဂူအတွင်း ကျဆုံးခဲ့ရသော ကျောင်းသားများ.......

အရွက်များသည် တစ်နှစ်ထက်တစ်နှစ် အရေအတွက်တိုးလာသည်။

တိတ်ဆိတ်မှုက လွမ်းဆွတ်စရာတွေကို ထပ်မံဖိတ်ခေါ်နေသလိုပင်......

သူတို့သည် ယခုအချိန်အထိ ကောလိပ်၏ ဂုဏ်သတင်းကြီးမြတ်မှုကိုဂုဏ်ယူနေခဲ့သော်လည်း ဖန်ချန်ယွမ်က အကျည်းတန်သောအမှန်တရားများကို ထုတ်ပြောနေလေပြီ။ အေးချမ်းသွာနေထိုင်ရဖို့ ပေးဆပ်ခဲ့ရသော အသက်ပေါင်းများစွာရှိနေခဲ့ပါသည်။

အရိပ်လှိုဏ်ဂူကို ဖွင့်လိုက်တိုင်း သူတို့ထဲက တချို့ဟာ အသက်ပြန်ရှင်လာမှာ မဟုတ်ဘူး....

ရှန့်ပိန်း​တွေ့ဆုံပွဲ၏အနိုင်ရသူသည် လုံကူရှန့်ပိန်းကိုယူနိုင်သည်၊ ဆိုလိုသည်မှာ လုံကုရှန့်ပိန်းသည် ၎င်းတို့၏ကံကြမ္မာကိုဆုံးဖြတ်ပေးနိုင်သည်။

အခု သူတို့ ကိုယ်စားလှယ်တွေကို အလင်းသစ်တစ်ခုနဲ့ ကြည့်နေကြသည်။

အကြည့်များထဲတွင်ပါဝင်နေသော မျှော်လင့်ချက်များနှင့် ကျေးဇူးတရားများကို အဝေးကနေပင်ခံစားရပေသည်။

ယုလန်သည်ပင် အရင်နှင့်မတူဘဲတည်ကြည်လေးနက်နေ၏။

"လုံကူရှန့်ပိန်းကို ငါတို့ ယူနိုင်မလား..."

ယုလန်က လီလော့ကို ခပ်တိုးတိုးလှမ်းမေးလိုက်သည်။

"ဘယ်သူသိနိုင်မလဲ?"

လီလော့ ပခုံးတွန့်လိုက်သည်။

"လီလော့..."

"ဟမ်?"

"ရှန့်ပိန်းတွေ့ဆုံပွဲမှာ မင်းကိုသာကူညီနိုင်မယ်ဆို ဘာပဲဖြစ်ဖြစ် ပြောကွာ...ငါ့ကိုယ်ငါ့ငါးစာအဖြစ်အသုံချရမယ်ဆိုရင်တောင် ငါလုပ်မယ်......"

ယုလန်၏ ရဲရဲတောက်သတ္တိများကြောင့် လီလော့ အနည်းငယ် ရှက်သွားသည်။

ပြီးတော့ သူက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး.....

"မင်းဘာပြောနေတာလဲ ....ညီအစ်ကိုအချင်းချင်း ဒီလိုလုပ်စရာလားကွာ...."

***

All Chapters