ထွက်ခွာခြင်း.....
Vol. 33 Ch. 453
ကျောင်းအုပ်ကြီးပြောခဲ့သောစကားများသည် ကျောင်းသားများအတွက် ရေအေးတပုံးဖြင့်လောင်းချလိုက်သည့်နှယ်.....
သို့တိုင် ကျောင်းအုပ်ကြီး ပုံကြီးချဲ့ပြောဆိုနေ
ခြင်းမဟုတ်ကြောင်း သူသိသည်။ ကျောင်းသားအများစု မသိနားမလည်ခဲ့သော အဖြစ်မှန်များကိုထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့သော ရုပ်ဆိုးကျည်းတန်သည့် အမှန်တရားများသည် ဆေးခါးကြီးထက်ပင် ခါးသက်နေ၏။
တင်းမာမှုသည် လေထုထဲတွင် မြူမှုန်များကဲ့သို့ ပြင်းထန်စွာ တွဲခိုနေသော်လည်း လေပြည်၏ သက်ရောက်မှုကို မခံစားရပေ။
ဖန်ချန်ယွမ်သည် ပုံရိပ်ထင်ကြေးမုံကတဆင့် လူအုပ်ကို ကြည့်လိုက်သည်။
“ဒီအကြောင်းအရာတွေကို အစတုန်းက မပြောဖို့စဉ်းစားထားခဲ့တယ်....အခုလိုပြောလိုက်တဲ့အတွက် ပြိုင်ပွဲဝင်မယ့် ကျောင်းသားတွေအပေါ် ဖိအားတွေ တိုးလာမယ်ဆိုတာ သိပါတယ်။း... ဒါပေမယ့် ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ အနာဂတ်ကို မင်းတို့ပုခုံးပေါ်တင်ပြီး တိုက်ပွဲဝင်ဖို့ တောင်းဆိုပါရစေ....ဒါကို ပြိုင်ပွဲသက်သက်လို့ မထင်လိုက်ပါနဲ့၊ ရက်စက်တဲ့စစ်ပွဲတစ်ခုလို့ပဲ တွေးလိုက်ပါ...."
လီလော့သည် ကျောင်းအုပ်ကြီး၏ မိန့်ခွန်းတွင် အရေးတကြီးသည့် အငွေ့အသက်အချို့ကိုခံစားနေရသည်။
ဘာကြောင့်လဲ...အရိပ်လှိုဏ်ဂူထဲက အရာတွေက ပိုဆိုးလာလို့လား....လုံကူရှန့်ပိန်းကို ပြန်မယူနိုင်ခဲ့ရင် ကြယ်တာယာခရီးရှည်ကောလိပ်မှာ ဘာတွေဖြစ်လာမလဲ.....
လီလော့ စိတ်မောစွာသက်ပြင်းချလိုက်မိသည်။ ဤများကို ထိန်းချူပ်နိုင်စွမ်းမရှိသည့်အတွက် ကြိုးစားရုန်းကန်ဖို့သာတွေးထားရတော့မည်။
"လိုရင်းကိုပြောရမည်ဆို ငါမင်းတို့ကို တောင်းဆိုပါရစေ....."
ဖန်ချန်ယွမ်က လီလော့ နှင့် အခြားသူများ ရပ်နေသည့်ဆီသို့ လှမ်းကြည့်လိုက်သည်။ထို့နောက် သူသည် လေးနက်သောအမူအရာဖြင့် ဉီးညွှတ်လိုက်ကာ....
"လုံကူရှန့်ပိန်းကိုပြန်ယူလာဖို့ ကျေးဇူးပြုပြီး မင်းတို့အစွမ်းကုန်ကြိုးစားပေးပါ... ကောလိပ်အတွက် သူရဲကောင်းတွေဖြစ်ပေးကြပါ....ကောလိပ်က မင်းတို့ရဲ့နာမည်ကိုကမ္မည်းထိုးပြီး အမှတ်ရနေပေးမှာပါ.....အရေးကြီးဆုံးကတော့... မှောင်မိုက်တဲ့ကံကြမ္မာကနေ ကယ်တင်ပေးနိုင်တဲ့အတွက် ကျောင်းသားအားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်...."
အေးချမ်းသော်လည်း စိတ်လှုပ်ရှားစရာကောင်းသော ခွဲခွာခြင်းနှင့်အတူ သူ၏ပုံရိပ် မှိန်ဖျော့သွားသည်။
အားလုံးတိတ်ဆိတ်နေကြပြီး လူတိုင်းက ကိုာ်ပိုင်အတွေးတွေထဲမှာ နစ်မွန်းနေခဲ့ကြသည်။
ဒုကျောင်းအုပ်စုရှင်းက လက်ဝှေ့ယမ်းပြီး ပုံရိပ်ထင်ကြေးမုံကိုရုပ်သိမ်းလိုက်သည်။သူမသည်လည်း ကျောင်းအုပ်ကြီးပြောခဲ့သောစကားများကြောင့် ကျောင်းသားများနည်းတူခံစားနေရသည်။
သူသည် အမြဲတမ်း ရိုးရိုးရှင်းရှင်းနှင့် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ခဲ့သူပင်..... သူခံစားရတဲ့ ဖိစီးမှုတွေက ကျောင်းသားတွေကို အဝေးကနေပင်ခံစားရစေသည်။
သို့တိုင် ကိုယ်စားပြုယှဉ်ပြိုင်မည့်သူများသည် အကောင်းဆုံးအရင်းမြစ်များသုံး၍ လေ့ကျင့်ထားရသဖြင့် သူတို့အတွက် ဖိအားအနည်းငယ်ရှိသင့်သည်။
"ငါ့မှာ နောက်ဆုံးပြောစရာတစ်ခုပဲရှိတယ်" ဟု စုရှင်းကဆိုလိုက်သည်။
သူမသည် အခြားသူများနှင့် လီလော့ကို တိုက်ရိုက်ကြည့်လိုက်ပြီး.....
"ရွေးချယ်ခံရသူတွေ...အောင်ပန်းဆွတ်ဆူးခဲ့ပါ....."
သူမ၏ အမိန့်ပေးသံသည် ကျောင်းသားများကိုမျက်ရည်ကျစေလောက်အောင် စိတ်လှုပ်ရှားစေခဲ့သည်။
"အောင်ပွဲ...."
"အောင်ပွဲ......"
သူမ၏လက်ချောင်းထိပ်ကနေ တောက်ပနေသော အလင်းတန်းတချို့ထွက်ပေါ်လာသောအခါ ရှန်းလိသစ်ပင်၏ သစ်ကိုင်းများအလိုက်သင့်တုံ့ပြန်လာသည်။ သစ်ကိုင်းငက်ခက်အချို့သည် အချိန်တိုလေးအတွင်းမှာ သစ်သားတံခါးကြီးတစ်ခုအဖြစ်ပြောင်းလဲသွားကြသည်။
တိုးညှင်းသေ. ပေါက်ကွဲသံနှင့်အတူ အတွင်းမှ အလင်းရောင်များ ပွင့်ထွက်လာသည်။
"ဒီနေရာကို ဖြတ်ပြီး ရှန့်ပိန်းတွေ့ဆုံပွဲရဲ့ပြိုကးင်ပွဲကွင်းထဲကို ဝင်လို့ရတယ်.... ငါ မင်းတို့နဲ့အတူ တစ်လျှောက်လုံး ရှိနေမှာပါ။"
ဒုကျောင်းအုပ်စုရှင်းက ပြုံးပြုံးရွှင်ရွှင်နဲ့ တံခါးကို လှမ်းကြည့်သည်။ ရှန်းလိသစ်ရွက်များသည် တံခါးပတ်လည်တွင် ပြောင်လက်တောက်ပနေသော အကာအရံတစ်ခုကဲ့သို့ ပြန့်ကျဲနေပြီး တစ်ခုစီသည် ပန်းကန်ပြားကြီးတစ်ခု၏ အရွယ်အစားခန့်ကြီးမားသည်။
"မင်းတို့ရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေကို ဒီသစ်ရွက်တွေကတဆင့် ပြသပေးနေလိမ့်မယ်.... အစွမ်းကုန် ကြိုးစားကြပါ...ကြယ်တာယာခရီးရှည်ကောလိပ်တစ်ခုလုံးက မင်းတို့ကိုနောက်ကနေ အားပေးနေတယ်ဆိုတာ မမေ့ပါနဲ့...."
ထိုအတွေးကြောင့် ကိုယ်စားလှယ်များ စိတ်နှလုံးရွှင်လန်းကာ ပြုံးလိုက်ကြသည်။
"ငါတို့အဆင်သင့်ဖြစ်ရင် သွားကြစို့" လို့ ရိုးရိုးရှင်းရှင်းပြောပြီး လျှောက်လမ်းထဲကို အရင်ဦးဆုံး ဦးဆောင်ဝင်ရောက်သွားပြီး အလင်းရောင်များနှင့်အတူ စုရှင်းပျောက်ကွယ်သွားသည်။
ထို့နောက် ကုန်းရှန်ကျွင်းနှင့်မင်းငမီး ဦးဆောင်သော ကြယ်လေးပွင့် ခရမ်းအဆင့်တပည့်များ......
ကျန်းချင်းအာနှင့်ဒူဇီဟူန်လျန် ဦးဆောင်သော ကြယ်သုံးပွင့် ခရမ်းအဆင့်တပည့်များ......
ဇူရွှမ်းနှင့်ရဲချူတင်း ဦးဆောင်သော ကြယ်နှစ်ပွင့်ခန်းမ ခရမ်းအဆင့်တပည့်များ.....
နောက်ဆုံးတွင်၊ လီလော့နှင့်ချင်ဇူလု ဦးဆောင်သော ကြယ်တစ်ပွင့်ခန်းမ ခရမ်းအဆင့်တပည့်များ.....အစဉ်လိုက် လိုက်ပါသွားကြသည်။
အထဲသို့မဝင်မီ လီလော့ နောက်ဆုံးပြန်ကြည့်လိုက်တော့ ကျောင်းသားတွေရဲ့မျှော်လင့်ချက်ပြည့်လျှံနေသောအကြည့်များကို ခံစားလိုက်ရပြီး သူတို့ရဲ့အားပေးသံတွေကလည်း အကြားအာရုံမှာပဲ့တင်ထပ်မြည်ဟီးနေလေ၏။
"ကျောင်းအုပ်ကြီးက တကယ်ပဲ ဖိအားတွေကို ခံနိုင်သူပဲ" ဟု ဖြတ်လျှောက်လာရင်း ခပ်တိုးတိုးရေရွတ်လိုက်လေသည်။
.........................
ကိုယ်စားလှယ်များ ထွက်ခွာသွားစဉ်...အရိပ်လှိုဏ်ဂူ၏ အနက်ရှိုင်းဆုံးနေရာတွင်.....
ဤနေရာ၌ ဒြပ်စင်များ ဉီးတည်ရာမဲ့စွာ ပြန့်နှံ့နေပြီး မီးသည် လေတိုက်၍ လေဆင်နှာမောင်းဖြစ်လာကာ ရေအဖြစ် ပျော်ဝင်သွားပြီး ကျောက်တောင်အဖြစ် တစ်ဖန်ဖြစ်ပေါ်လာပြန်သည်။ထို့ကဲ့သို့သော ရူးသွပ်မှုများကြားတွင် ဖန်ချန်ယွမ်သည် မမြင်နိုင်သော အတားအဆီးတစ်ခုဖြင့် ဝိုင်းရံထားပြီး ထိခိုက်မှုအလျဉ်းမရှိပေ။
ထိုနေရာတခုလုံးတွင် ဖောက်ပြန်ပျက်စီးစေသော စွမ်းအင်များနှင့် ပိုမိုညစ်ညမ်းနေပြီး လူတစ်ဦးကိုတခဏတွင်း ရူးသွပ်သွားစေနိုင်သည့် အော်ငြီးသံများရှိနေသဖြင့် တော်တန်ရုံမြို့စားအဆင့်များပင်လျှင် ကြာကြာမနေဝံ့ပေ။
ဖန်ချန်ယွမ်သည် ဝံပုလွေအူသံကို နားထောင်နေသည့် မုဆိုးတစ်ယောက်ကဲ့သို့ ငြိမ်သက်စွာ ထိုင်နေလေသည်။
ဟင်းလင်းပြင်ထဲသို့ နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ရင်း၊ကမ္ဘာနှစ်ခုကြားရှိ နေရာလွတ်ကို အမှတ်အသားပြုထားသည့် လခြမ်းသဏ္ဍန်အမှတ်အသားကိုပါ အာရုံစိုက်နေသည်။
ကျယ်ပြန့်သော အမှောင်မြစ်ကြီးသည် ပြောမကုန်နိုင်သော ယုတ်မာမှု၊ မကောင်းမှုနှင့် ကမ္ဘာပေါ်ရှိ အဆိုးမြင်စိတ် အမျိုးမျိုးတို့ဖြင် ပြည့်နှက်နေသည်။
ထိုအမှောင်မြစ်ထဲမှ တလှုပ်လှုပ်နဲ့ အရိပ်တစ်ခု ထွက်လာသည်။
ကြီးမားသော၊ အနက်ရောင်ငါးကြီး၏ အကြေးခွံတိုင်းသည် ညှဉ်းပန်းနှိပ်စက်ခံထားရသော လူသားမျက်နှာများကို ထင်ဟပ်စေသည်။ ၎င်း၏ ပြန့်ပြူးသော ငါးမျက်လုံးများသည် အဖြူဖျော့ဖျော့အရောင်ဖြစ်ပြီး ဖန်ချန်ယွမ်ကိုသာစူးစူးရဲရဲစိုက်ကြည့်နေသည်။
"ဖန်ချန်ယွမ် မင်းက အကောင်သေးသေးလေးတွေအပေါ် သိပ်မျှော်လင့်နေတယ်ပေါ့...ဟားးးဟားးးးး"
မည်သို့ပင် စကားနာထိုးခံနေရစေ ဖန်ချန်ယွမ်ဘက်က တခွန်းမျှမတုံ့ပြန်ခဲ့ပေ။ကမ္ဘာခြားသက်ရှိများသည် လူသားများ၏ စိတ်နှလုံးသားထဲမှ စိုးရွံ့မှုများကို ပစ်မှတ်ထားနေမှန်း သူသိသည်။ နှစ်ရှည်လများ ရုန်းကန်ခဲ့ရပြီးနောက် ယွီလဲ့ဘုရင်သည် ယုတ်မာသောရန်သူဖြစ်သည်ကို သူသိနေပြီဖြစ်သည်။
“ အမှောင်မြစ်ကြီး ပိုကျယ်ပြန့်လာပြီ...မင်း တားလို့မရဘူး...အရိပ်လှိုဏ်ဂူထဲကနေ လျှံထွက်လာတဲ့အခါ မင်းရဲ့ကောလိပ်အရင်ဆုံး ပြိုလဲလိမ့်မယ်...ဒီမြေဟာ ငါတို့အတွက် စားစရာဖြစ်လာလိမ့်မယ်....."
၎င်း၏ကြီးမားလှသောအမြီးကို လှုပ်ခတ်လိုက်သောအခါ နက်မှောင်သောရေလှိုင်းလုံးကြီးများ ဖြာကျလာသည်။
ညင်သာစွာ ရယ်မောလိုက်ပြီးနောက် မဟူရာငါးကြီးသည် အနက်ရောင်မြစ်ထဲသို့ ပြန်နစ်မြုပ်သွားခဲ့သည်။
ဖန်ချန်ယွမ် သက်ပြင်းချလိုက်မိသည်။
သူ့စိတ်ထဲတွင် လီလော့၏ ငယ်ရွယ်နုပျိုသော မျက်နှာကိုသာမြင်ယောင်နေ၏။
ရှန့်ပိန်းတွေ့ဆုံပွဲတွင် ကြယ်တာယာခရီးရှည်ကောလိပ်အတွက် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့်သူတိုင်းသန်မာကြပြီး သက်ဆိုင်ရာ မျိုးဆက်များ၏ ကြယ်ပွင့်များဖြစ်သည်။ ကျန်းချင်းအာဆိုလျှင် အသန်မာဆုံး ကြယ်သုံးပွင့်ခန်းမကျောင်းသားဘွဲ့ရဖို့ အာမခံချက်ရှိသူဖြစ်သည်။ သို့သော် သူနှစ်သက်သည့်သူမှာ လီလော့ ဖြစ်သည်။
သူ့အကြံအစည် အောင်မြင်ခဲ့မယ်ဆိုရင် ဒါဟာ သူကစားဖူးသမျှ အပြောင်မြောက်ဆုံး စစ်တုရင်ကစားကွက်ဖြစ်လိမ့်မည်။
သူ သုံးခဲ့သော နယ်ရုပ်သည် ရိုးရှင်းသောသာမာန်နယ်ရုပ်မဟုတ်ဘဲ လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့၏သားဖြစ်သည်။
ကောင်းကင်ဘုံရှင်လီ၏ သွေးမျိုးဆက်......
"ကောင်လေး.... ငါ့ကို စိတ်မပျက်စေနဲ့။"
***