သေးငယ်သောနေရာလွတ်...
Vol. 33 Ch. 454
ဤတစ်ကြိမ်တွင်၊ လီလွာမျှော်လင့်ထားသည်ထက် ပိုကြာသွားခဲ့သည်။ အစိမ်းရောင်
စွမ်းအင်စီးကြောင်းသည် မြစ်တစ်စင်းပေါ်ရှိ သစ်ရွက်တစ်ခုကဲ့သို့ သယ်ဆောင်သွားခဲ့သည်။
တည်နေရာကူးပြောင်းပြီးချိန်တွင်ပတ်ဝန်းကျင်အပြောင်းအလဲကြောင့် နားအူပြီးမျက်လုံးများပြာဝေနေကြသည်။
ဒုကျောင်းအုပ်ကြီးစုရှင်းတစ်ယောက်သာ လုံးဝထိခိုက်မှုမရှိသော်လည်း၊ ကုန်းရှန်ကျွင်း၊မင်းသမီး၊ကျန်းချင်းအာ နှင့်အခြားအင်အားကြီးကျောင်းသားအချို့ကသာ အနည်းငယ် တွန်းလှန်နိုင်ခဲ့သည်။
ဒါပေမယ့် နောက်ဆုံးမှာတော့ ခရီးစဉ် ပြီးဆုံးခဲ့ပြီ.......
ဒုကျောင်းအုပ်စုရှင်းသည် အဝေးက အဖြူရောင်မီးရောင်ကို မြင်လိုက်ရတော့ နေရာအတိအကျရောက်လာမှန်း သဘောပေါက်လိုက်သည်။
သူမသည် မူးဝေနေသော ကျောင်းသားများကို ကုသရန် စွမ်းအားအချို့ကို ပို့လွှတ်ပေးလိုက်သည်။
စုရှင်းပို့လွှတ်လိုက်သောစွမ်းအားများသည် တဝက်တပျက်အိပ်စက်ခြင်းမှ တဖြည်းဖြည်း ပြန်လည်သက်သာလာစေရန် ကူညီပေးခဲ့ပြီး အားလုံးသတိပြန်လည်လာသောအခါ ဥမင်လိုဏ်ခေါင်းထဲမှ ထွက်ခွာခဲ့ကြသည်။
လီလော့ မျက်လုံးဖွင့်လိုက်သောအခါ ပထမဆုံးမြင်လိုက်ရသည်မှာ သစ်သားဖြင့်ပြုလုပ်ထားသော အစိမ်းရောင်မျှော်စင်ကြီးတစ်ခုဖြစ်ပြီး ရှေးဟောင်းသစ်ပင်ပင်စည်ကိုထွင်းထုထားခြင်းဖြစ်သည်။
ဤနေရာ၌ နေရောင်၊လရောင်မရှိသော်လည်း၊ သဘာဝအလင်းရောင်ကင်းမဲ့မှုကို လေထုအလယ်တွင် ချိတ်ဆွဲထားသည့် သလင်းလုံးများနှင့်အစားထိုးထားသည်။
အမြင်အာရုံပြန်လည်ချိန်ညှိလိုက်တဲ့အခါမှာတော့ အစိမ်းရောင်မျှော်စင်လို မျှော်စင်အများအပြားရှိနေသည်ကိုမြင်လိုက်ရသည်။
အဝေးက လူအုပ်ကြီးရဲ့ အသံကိုပါကြားနေရသည်။
ဒုကျောင်းအုပ်စုရှင်းက သူတို့အားလုံးကို အနီးဆုံးမျှော်စင်ဆီ ခေါ်သွားခဲ့ပြီး နီးကပ်လာသည့်အခါ မျှော်စင်ပတ်လည်တွင် ကျုံးတစ်ခုရှိနေသည်ကို မြင်လိုက်ရသည်။ ကျုံးထဲတွင် ရေပြည့်မနေဘဲ သဘာဝစွမ်းအင်များဖြင့် သဘာဝအတိုင်း ဝေ့ဝဲစီးဆင်းကာ လှုပ်ရှားနေကြသည်။
"ဒီစွမ်းအင်ရေလှိုင်းက မင်းတို့ပြိုင်ရမယ့်နေရာပဲ....ရှန့်ပိန်းတွေ့ဆုံပွဲ အမှန်တကယ်စတင်တဲ့အခါ မင်းတို့အားလုံးဒီအထဲ ခုန်ဆင်းပြီး သက်ဆိုင်ရာ ပြိုင်ဘက်တွေဆီ ရောက်ရှိသွားလိမ့်မယ်" ဟု စုရှင်းက ရှင်းပြခဲ့သည်။
သူတို့သည် ရေထဲတွင်ရှိသော စွမ်းအင်လှိုင်းများကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။
"ငါတို့အခုဘယ်ရောက်နေလဲ သိလား...." စုရှင်းက ရုတ်တရက် မေးလိုက်သည်။
တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီးကြည့်နေကြသည်။
သူတို့ဘယ်လိုသိမှာလဲ?
ကျန်းချင်းအာက တုံ့ဆိုင်းနေဟန်ဖြင့်....
"သေးငယ်တဲ့ သီးခြားနေရာတစ်ခု... ကျွန်မတို့အားလုံး အတွင်းနေရာလွတ်တစ်ခုပါရှိတဲ့ ရှားပါး အဖိုးတန်ပစ္စည်း တစ်မျိုးမျိုးထဲရောက်နေကြတာ... ဒါဟာ လုံကုရှန့်ပိန်း ကိုယ်တိုင်ဖြစ်နိုင်လောက်တယ်..."
လီလော့နှင့်ကျန်သည့်သူများ ပင့်သက်ရှိုက်မိလိုက်ကြသည်။
သူတို့တွေ တကယ်ပဲ လုံကုရှန့်ပိန်းထဲရောက်နေတာလား......
စုရှင်း အံ့အားသင့်နေ၏။
"ချင်းအာက ထက်မြက်တယ်.... ဒါကို မင်း မှန်းဆနိုင်ခဲ့တာ ငါ အံ့သြတယ်....."
"နဂိုကတည်းက ဒီနေရာနဲ့ရင်းနှီးနေတဲ့အပြင်
ဒုကျောင်းအုပ်ကမေးလိုက်တော့ ဒီအတိုင်းခန့်မှန်းလိုက်တာပါ.... " ဟု ကျန်းချင်းအာက ရှင်းပြသည်။
"တကယ်ပါပဲ..."
စုရှင်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်...ငါတို့တွေ လုံကုရှန့်ပိန်းရဲ့ အတွင်းပိုင်းထဲရောက်နေတာ....မျှော်စင်ညတစ်ခုစီတိုင်းက ကောလိပ်တစ်ခုချင်းစီတိုင်းအတွက် အခြေစိုက်စခန်းတွေလေ....အခကငါတို့ရှေ့မှာရှိနေတာက ကြယ်တာယာခရီးရှည်ကောလိပ်အတွက် သတ်မှတ်ထားတဲ့ မျှော်စင်ပါ...."
အကယ်၍ လုံကူရှန်းပိန်းသည် အံ့သြဖွယ်ကောင်းသော နေရာလွတ်တစ်ခုကို ဖန်တီးနိုင်လျှင် အရိပ်လှိုဏ်ဂူကို သူ့ဘာသာသူ ချိုးနှိမ်နိုင်သည့် စွမ်းအားရှိမည်ဟု ယုံနိုင်သည်။
မကြာမီတွင် "ကြယ်တာယာခရီးရှည်ကောလိပ်" ဟူသော ဆိုင်းဘုတ်ချိတ်ဆွဲထားသည့် မျှော်စင်တစ်ခုကို သတိပြုမိလိုက်သည်။
ဒုကျောင်းအုပ်စုရှင်းက တံခါးကိုတွန်းဖွင့်လိုက်သည်။
"မင်းတို့ကို အခန်းတွေရွေးဖို့ အချိန်10 မိနစ်ပေးမယ်... ပြီးရင် ပထမထပ်မှာရှိတဲ့ ပင်မခန်းမမှာတွေ့မယ်... ရှန့်ပိန်းတွေ့ဆုံပွဲ ရဲ့ စည်းမျဉ်းတွေကို ရှင်းပြရဉီးမယ်....."
ကျောင်းသားအားလုံး အလျင်စလိုထွက်သွားကြပြီး ၁၀ မိနစ်အကြာတွင် သူတို့အားလုံး ပင်မခန်းမတွင် စုရုံးခဲ့ကြသည်။
ဒုကျောင်းအုပ်ကြီး စုရှင်းသည် အခင်းပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူမကို မျက်နှာမူထားသည့် အခင်းများပေါ်တွင် ထိုင်ခုံယူရန် ကျောင်းသားများကို လက်ဟန်ပြလိုက်သည်။
"ကဲ.... ရှန့်ပိန်းတွေ့ဆုံပွဲစတင်ဖို့ အချိန် ၁၂နာရီလောက်ပဲကျန်တော့တယ်.... အချိန်နဲ့ဒီရေက လူကိုမစောင့်ဘူးဆိုတဲ့စကားအတိုင်း အချိန်ကိုအကျိုးရှိရှိအသုံးချရမယ်...အဲ့တော့ ခန်းမတစ်ခုစီတိုင်းအတွက် အချက်အလက်ရှာဖွေဖို့ ကင်းထောက်ကျောင်းသားတစ်ဦးစီ ရွေးချယ်ရမယ်.... ဒီနေရာမှာ ကျောင်းတွေအများကြီး စုဝေးနေတာမို့ အချက်အလက်တွေစုဆောင်းဖို့အသင့်တော်ဆုံးပဲ...."
ခန်းမလေးခုစလုံးတိုင်ပင်ကာ ကင်းထောက်ကိုယ်စားလှယ်တစ်ဦးစီကို ရွေးချယ်လိုက်သည်။
ကြယ်တစ်ပွင့်ခန်းမအတွက် ယုလန်ကို ရွေးချယ်ခဲ့သည်။
သူသည် အကြောင်းပြချက်နှစ်ခုကြောင့် စံပြရွေးချယ်မှုဖြစ်ခဲ့သည်။ ပထမဦးစွာ၊ သူသည် ခရမ်းအဆင့်ကျောင်းသားများကြားတွင် အညံ့ဆုံးဖြစ်ပြီး ဒုတိယအချက်မှာ၊ သူသည် ထောက်လှမ်းစုဆောင်းရန်လိုအပ်သည့် အလုပ်၏ ခိုးကြောင်ခိုးဝှက်သဘောသဘာဝနှင့် ကိုက်ညီသောသူ ဖြစ်နေသောကြောင့်ပင်.....
ယုလန်က မဝံ့မရဲ ရှေ့ထွက်လာပြီး....
"မျန်မျန် လိုက်ခဲ့သင့်လား"
ပိုင်တုတုက ဟစ်အော်လိုက်သည်။
"လူလိုတယ်ဆို ငါလိုက်ခဲ့မယ်....."
ပိုင်တုတု၏ အော်သံကြောင့် ယုလန် လေအလျင်ဖြင့် ထွက်သွားခဲ့ရရှာသည်။
"ကဲ၊ စီးပွားရေးစလုပ်ကြရအောင်"
စုရှင်းက လေးလေးနက်နက်ပြောလိုက်သည်။
"ရှန့်ပိန်းတွေ့ဆုံပွဲကို အပိုင်းနှစ်ပိုင်းခွဲထားတယ်...ပထမပိုင်းက ခန်းမကျယ်တိုက်ပွဲဖြစ်ပြီး အသန်မာဆုံး ကျောင်းသားလေးယောက်ကို ဆုံးဖြတ်ဖို့အတွက် ခန်းမလေးခန်းက ကျောင်းသားတစ်ယောက်စီ ယှဉ်ပြိုင်ရမှာဖြစ်တယ်.....တိုက်ပွဲတွေစတဲ့အခါ မင်းတို့ကို တိုက်ပွဲနယ်မြေဆီ ပို့ဆောင်ပေးလိမ့်မယ်... အဲ့ဒီမှာ မင်းတို့တွေ ဝိဉာဉ်နှင်းစက်တွေစုဆောင်းကြရမယ်....ဝိဉာဉ်နှင်းစက်တွေက လုံကူရှန့်ပိန်းရဲ့ ထူးခြားတဲ့ စွမ်းအင်နဲ့ ပြည့်နေတဲ့ အထူးဒြပ်စင်တစ်ခုပါ..... ဒါတွေက လုံဖုကို ဖြတ်ကျော်ဖို့အတွက်ကာကွယ်ပေးနိုင်တယ်...."
[ လုံဖု...နဂါးဝမ်းဗိုက်....]
စုရှင်းသည် လက်ဝှေ့ယမ်းပြီး ပုံရိပ်ယောင် မီးတောက်ပင်လယ် ကိုဖန်တီးလိုက်သည်။
"လုံဖုမှာ မြို့စားအဆင့်အောက်ကသူတွေ ဘယ်သူမှ 10 စက္ကန့်ထက် ပိုမကြာနိုင်တဲ့အတွက်ကြောင့် လုံလောက်တဲ့ဝိဉာဉ်နှင်းစင်တွေ လိုတယ်....99စက်လောက်ဆို လူတစ်ယောက် ဘေးကင်းကင်း ဖြတ်ကျော်နိုင်လိမ့်မယ်.....လုံဖုကို ကျော်ဖြတ်နိုင်ရင် လုံကူကျွန်းရဲ့အဓိကနယ်မြေကို ရောက်ပြီ...အဲ့နေရာမှာ နောက်ဆုံးတိုက်ပွဲစတင်မှာဖြစ်ပြီး အဆုံးမှာ လုံကူပလ္လင်ပေါ်ထိုင်နိုင်သူကသာ အသန်မာဆုံးကျောင်းသားသရဖူဆောင်းနိုင်လိမ့်မယ်....."
“အဲ့ဒါက ခန်းမကျယ်တိုက်ပွဲပါ...ဒါဟာ အမြဲတမ်း အဖွဲ့လိုက် ကြိုးစားအားထုတ်ရတဲ့ပြိုင်ပွဲမို့လို့ မင်းတို့အားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်ပြီး အရင်ကတည်းက ဘယ်သူမှ တစ်ယောက်တည်း မအောင်မြင်ဖူးပါဘူး။ မင်းတို့ရဲ့ ရည်မှန်းချက်က အတူတူပါပဲ....ဝိဉာဉ်နှင်းစက်တွေ စုဆောင်းပြီး အသန်မာဆုံး ကျောင်းသားတွေကို ထောက်ပံ့ပေးဖို့လိုတယ်....ပြီးကျရင် အင်အားအကြီးဆုံး ကျောင်းသားတွေကိုလုံကူကျွန်းကို စေလွှတ်ပြီး ယှဉ်ပြိုင်ခိုင်းရမယ်...."
“ဆိုလိုတာက မင်းတို့ရဲ့အတိတ်ကရန်ငြိုး
တွေအားလုံးကို ဖယ်ပစ်ရမယ့်အချိန်ရောက်ပြီ၊ အခုလောလောဆယ် မင်းတို့အားလုံးအတူတူရှိနေကြပြီ။ လူတိုင်းကို စစ်မှန်တဲ့အသင်းဖော်အဖြစ် ဆက်ဆံရမယ်...ဒါဟာလည်းခဏတာအတွက်မဟုတ်ဘူး....ပြိုင်ပွဲပြီးဆုံးတဲ့အထိနော်......"
အားလုံး အတွေးကိုယ်စီဖြင့် တိတ်ဆိတ်နေကြပြီ...............
***