← Chapters

အပြင်းထန်ဆုံး သတိပေးချက်များ......

Vol. 33 Ch. 455

အပြင်းထန်ဆုံး သတိပေးချက်များ......

Vol. 33 Ch. 455

ပထမပိုင်းအတွက် ခန်းမကျယ်တိုက်ပွဲသည် လီလော့အတွက် အံ့အားသင့်စရာဖြစ်လာခဲ့သည်။

အစီအစဉ်များအားလုံးသည် အစုအဖွဲ့ဖြင့်လုပ်ဆောင်ရန်လိုအပ်သောကြောင့် ဗျုဟာရေးဆွဲခြင်းတွင်ထူးချွန်သော လီလော့ခေါင်းပေါ် တာဝန်ကျလာတော့မည်သာ.....

ဗဟိုကျောင်းသားသမဂ္ဂသည် ကျောင်းသားများ အားကောင်းလာစေရန် ကျောင်းများကြားတွင် အဖြူရောင် ပြိုင်ဆိုင်မှုများကို တွန်းအားပေးခဲ့သည်။ ကျောင်းသားအချင်းချင်း စည်းလုံးခြင်းသည်လည်း အရေးကြီးသည်၊ တစ်ခါတစ်ရံ တစ်ဦးချင်း ခွန်အားထက်ပင် ပိုအရေးကြီးပါသည်။

ဤကမ္ဘာပေါ်တွင် စစ်တပ်ကို ယှဉ်ပြိုင်ရန် ခွန်အားရှိသူအချို့ရှိခဲ့ဖူးသော်လည်း ထိုကျောင်းသားများသည် ထိုအဆင့်နှင့် ဝေးကွာလွန်းလှသည်။

ဒူဇီပိုင်ရွှမ်းနှင့်ဝမ်ဟေးကျူတို့ကလွဲရင် တခြားခရမ်းအဆင့်အဖွဲ့တွေနဲ့ တွဲလုပ်ဖို့ ပြသာနာမရှိခဲ့ချေ။ ၎င်းတို့နှစ်ဦးသည် လူ့ဂွစာများဖြစ်ကြသည်။

လီလော့ သူတို့ကို တစ်ချက်ကြည့်လိုက်သည်။ နှစ်ယောက်စလုံး ယခုအချိန်တွင် လေးလေးနက်နက် မျက်မှောင်ကြုတ်နေကြသည်။ လီလော့ကြည့်နေသည်ကို အာရုံခံလိုက်ကာ မသက်မသာ မော့ကြည့်လိုက်သည်။

ပဋိပက္ခများစွာ ဖြစ်ခဲ့ပြီး​နောက် တစ်ယောက်မျက်နှာတစ်ယောက် မမြင်ချင်လောက်အောင် ဖြစ်နေခဲ့ကြသည်မဟုတ်လော....

အချင်းချင်း မနှောင့်ယှက်ဘဲ လက်တွဲရမယ်တဲ့လား....ဟာသတွေလာမပြောနဲ့.....

"တပည့်တို့ ဒါကို ထပ်ပြောပါရစေ..."

ဒုကျောင်းအုပ်စုရှင်း၏လေသံက ခါတိုင်းထင်ပင်ပြတ်သားနေသည်။

"ရှန့်ပိန်းတွေ့ဆုံပွဲက ငါတို့ကောလိပ်အတွက် အရေးအကြီးဆုံးပဲ... ကောင်းမွန်တဲဲ့ ဗျူဟာတွေချမှတ်ဖို့ တစ်ယောက်ယောက်တော့လိုနေပြီ.....မင်းတို့ရဲ့သေးသိမ်တဲ့တစ်ကိုယ်ကောင်းဆန်စိတ်တွေကိုမေ့ထားလိုက်ကြပါ.... မကောင်းတဲ့လုပ်ရပ်မှန်သမျှအတွက် အပြင်းထန်ဆုံးပြစ်ဒဏ်ကသာအဖြေဖြစ်လိမ့်မယ်.... ပြစ်မှုကျူးလွန်ရင် မင်းတို့တွေတင်ပြစ်ဒဏ်ခံရမှာမဟုတ်ဘူးနော်...မင်းတို့နဲ့သက်ဆိုင်တဲ့သူဘယ်သူ့ကိုမှ ကောလိပ်ကလက်ခံမှာမဟုတ်တော့ဘူး...."

ဤသည်မှာ အပြင်းထန်ဆုံးသော ခြိမ်းခြောက်မှုတစ်ခုပင်....

နူးညံ့သိမ်မွေ့သော မိန်းမတစ်ယောက်၏ ဒေါသကို ဉာဏ်အမြော်အမြင်ရှိသူများပင် ကြောက်ရွံ့ကြသည်။

ဆက်ဆံရေးအားလုံးကို ဖြတ်တောက်မည့် အန္တရာယ်.....

လီလော့ စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်သည်။ ကြယ်တာယာခရီးရှည်ကောလိပ်သည် ရှပြည်ထောင်စု၏ အမြင့်မြတ်ဆုံး လေ့ကျင့်ရာနေရာဖြစ်သည်။ အိမ်တော် သို့မဟုတ် ဂိုဏ်းခွဲတစ်ခုမှ ကျင့်ကြံဖို့

တားမြစ်ခဲ့လျှင် အမှန်တကယ်ပင် ဆိုးရွားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

ဝမ်ဟေးကျူ အမူအရာပြောင်းသွားသည်။ ဝမ်ိသားစုသည် ကြယ်တာယာခရီးရှည်ကောလိပ်သို့ တပည့်များစွာကို နှစ်စဉ် စေလွှတ်ခဲ့သည်။ အကယ်၍ သူသည် ဝမ်မိသားစုအတွက် ထိုလမ်းကြောင်းကို ဖြတ်တောက်လိုက်လျှင် သူ့အဖေ လည်ပင်းညှစ်သတ်လိမ့်မည်။

ဝမ်ဟေးကျူသည် ဒုကျောင်းအုပ်စုရှင်း၏ ခပ်စိမ်းစိမ်းအကြည့်ကို သတိပြုမိပြီး တုန်လှုပ်သွားခဲ့သည်။ ကြင်နာသော ဒုကျောင်းအုပ်သည် လီလော့နှင့် သူ၏ရန်ငြိုးဖွဲ့မှုကို ကောင်းစွာသိပုံရသည်။

လီလော့သည် အသန်မာဆုံး ကြယ်တစ်ပွင့်ခန်းမကျောင်းသားအတွက် ပြိုင်ပွဲဝင်အဖြစ် သတ်မှတ်ခံထားရသည်။ လီလော့ကို ဆွဲချလိုက်ရင်ကောလိပ်ဘက်က ငြိမ်နေမည်မဟုတ်ပေ။

ထိုအချိန်တွင် သူသည် အမြီးနင်းခံထားရသောကြွက်တစ်ကောင်လို ခံစားနေရသည်။ အားတင်းပြုံးပြလိုက်ပြီး...

"စိတ်မပူပါနဲ့ ဒုကျောင်းအုပ်ကြီး....လီလော့နဲ့ကျွန်တော် အရင်တုန်းက ကလေးဆန်စွာ ရန်ဖြစ်ခဲ့ပေမယ့် ဒါက မတူဘူးဆိုတာ ကျွန်တော် သိပါတယ်....သူ့အဖွဲ့နဲ့ လက်တွဲဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါ..."

ထိုအချိန်တွင် ဒူဇီပိုင်ရွှမ်းသည် ပူပင်ကြောင့်ကြနေသည့်အကြည့်များဖြင့် အစ်မဖြစ်သူ ဒူဇီဟုန်လျန်ကိုလှမ်းကြည့်နေသည်။

အစ်မဖြစ်သူ၏ ပြတ်သားသောအကြည့်များကြောင့် အလျင်စလို ခေါင်းညိတ်လိုက်ရသည်။

"ကျွန်တော်လည်း အစွမ်းကုန်ကြိုးစားပါ့မယ်....."

ဒူဇီဟုန်လျန် ကျေနပ်စွာ ခေါင်းညိတ်ပြီး လှည့်ထွက်သွားသည်။ ဒူဇီပိုင်ရွှမ်းသည် ငယ်လွန်းပြီး သူ့မာနကြောင့် ခေါင်းမာနေမည်ကို သူမ စိုးရိမ်နေမိသည်။ သို့သော် ဒုကျောင်းအုပ်ကြီးစုရှင်း ထိုသို့ခြိမ်းခြောက်လိုက်သောအခါ ၎င်းတို့၏ တစ်ခုတည်းသော ရွေးချယ်မှုသည် လေးစားရန်ဖြစ်သည်။

ကောလိပ်နှင့် အဆက်အသွယ်ဖြတ်လိုက်လျှင် ဒူဇီအိမ်တော်ရှင်သန်နိုင်မည်မဟုတ်ပေ။

ကျန်းချင်းအာ၏အသင်းဖော် ထျန်ထျန်းက ...

"ဟိုမှာ ငါတို့သူငယ်ချင်းလေးဟုန်လျန်က အ​ခြေနေနဲ့အချိန်အခါကိုကြည့်တတ်သားပဲ...."

"ခန်းမရဲ့ကောင်းကျိုးအတွက် ငါအကောင်းဆုံးကြိုးစားပါ့မယ်....ကျန်းချင်းအာ...နင့်ရဲ့ အလားအလာ ဘယ်လောက် ရှိသလဲဆိုတာ ပြလိုက်စမ်းပါ... အသန်မာဆုံး ကြယ်သုံးပွင့် ခန်းမကျောင်းသားဘွဲ့ကို ရအောင်ယူခဲ့...နင့်လောက် ဒီဘွဲ့နဲ့ရာနှုန်းပြည့်ထိုက်တန်တဲ့သူကိုမတွေ့ဖူးသေးဘူး.... "

ဒူဇီဟုန်လျန်ကို ကျန်းချင်းအာက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ငါ အစွမ်းကုန်ကြိုးစားမှာပါ... နင့်လို သန်မာတဲ့သူတစ်ယောက်ရဲ့အကူအညီနဲ့ဆို အရာအားလုံး ပိုလွယ်လာလိမ့်မယ်...."

ဒူဇီဟုန်လျန် ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဆို့နင့်နေလေ၏။

ကျန်းချင်းအာ သူမကို အသိအမှတ်ပြုတဲ့နေ့ ရောက်လာလိမ့်မယ်ဟု ထင်မထားမိခဲ့ပေ။

ဒူဇီဟုန်လျန်သည် ကျန်းချင်းအာကို ကောလိပ်တွင် စာရင်းသွင်းသည့်နေ့မှစ၍ ခါးသီးသောပြိုင်ဘက်အဖြစ်မြင်ခဲ့သော်လည်း ၎င်းတို့ကြားက ကွာဟချက်ကသာ ပို၍ကြီးမားလာခဲ့သည်။ ဒူဇီဟုန်လျန်သည် သူမ၏ ဒေါသနှင့်မာနကို ခေါင်းမာစွာ ဆုပ်ကိုင်ထားသောကြောင့် ဒါတွေကိုသာ

လွှတ်ချလိုက်လျှင် ကျန်ခဲ့သမျှအားလုံးမှာ စိတ်ပျက်အားငယ်စရာများသာပင်.....

ဒါပေမယ့် တကယ့်လက်တွေ့မှာ တိုက်ပွဲကသာအရေးကြီးဆုံးဖြစ်နေသည့်အတွက် ဒူဇီဟုန်လျန်သည် ကျန်းချင်းအာကို လေးစားရမည်ဖြစ်သည်။ သို့သော်လည်း ကျန်းချင်းအာ ၏လေးစားမှုကိုရရှိရန် မမျှော်လင့်ထားခဲ့ပေ။

"ဒူဇီဟုန်လျန် နင်ဘယ်လောက် သနားစရာ ကောင်းလိုက်သလဲ ၊ ကြင်နာတဲ့စကားလေးတစ်ခွန်းကြောင့် ခံစားချက်တွေပျက်ပြားသွားပြီ....ရှက်လိုက်တာ!"

ဒူဇီဟုန်လျန် တကိုယ်တည်းငြီးတွားနေလေ၏။

ကြယ်တစ်ပွင့်နှင့် ကြယ်သုံးပွင့်ခန်းမတို့နှင့် ယှဉ်ရင် ကြယ်လေးပွင့်ခန်းမက ပိုတိတ်ဆိတ်နေသည်။ စာသင်နှစ်များတစ်လျှောက် ရှင်းလင်းပြတ်သားစွာဖြင့် အဖွဲ့နှစ်ဖွဲ့ ကွဲနေပြီးသားပင်....

ကုန်းရှန်ကျွင်းအဖွဲ့နှင့်မင်းသမီးအဖွဲ့...

နှစ်ဦးစလုံးသည် နောက်လိုက်များစွာရှိကြပြီး နိုင်ငံရေးအရ အရေးပါသော ပုဂ္ဂိုလ်များအဖြစ် အချင်းချင်း ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းထားကြသည်။

သို့သော်လည်း အမျှော်အမြင်ကြီးစွာဖြင့် ရွေးချယ်သင့်သူကိုသာရွေးချယ်ခဲ့ကြသည်။

ကြယ်နှစ်ပွင့်ခန်းမနဲ့ ပတ်သက်ရင် ... သူတို့တွေ နည်းနည်းလေး လစ်လျူရှုခံထားရရှာသည်။

ဇူရွှမ်းနှင့်ရဲချူတင်းတို့သည် ဒုကျောင်းအုပ်စုရှင်း၏ သတိပေးစကား သို့မဟုတ် ကြင်နာသောစကားများကြားကတည်းက ၎င်းတို့အား အာရုံစိုက်မှုနည်းပါးခဲ့ကြောင်း သိနေခဲ့ကြသည်။

ဒါက သူတို့ကို နည်းနည်း စိတ်ရှုပ်စေသည်။

ဆိုလိုသည်မှာ သူမသည် ကြယ်နှစ်ပွင့်ခန်းမအတွက် လုံးဝမျှော်လင့်ချက်မရှိဟု ဆိုလိုခြင်းဖြစ်သည်။

စုရှင်းကိုလည်း အပြစ်မဆိုသာခဲ့ပေ။ အခြားသူများနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ကြယ်နှစ်ပွင့်ခန်းမသည် သာမန်အဆင့်လောက်သာရှိနေသည်။ ထို့အပြင် ဝင်ခွင့်ပြိုင်ပွဲတွင်လည်း ခွက်ခွက်လန်အောင်ရှုံးခဲ့သေးသည်။

ဒီလိုအခြေအနေမျိုးမှာ ကြယ်နှစ်ပွင့်ခန်းမကို ဘယ်သူက မျှော်လင့်ထားမှာလဲ.....

ဒုကျောင်းအုပ်စုရှင်း၏ စိတ်ထဲမှာတော့ ကြယ်နှစ်ပွင့်ခန်းမသည် လူအရေအတွက်ဖြည့်ဖို့သက်သက်သာပင်.....

ဇူရွှမ်နှင့်ရဲချူတင်းတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

အပယ်ခံရတယ်ဆိုတာ ဒီလိုခံစားချက်မျိုးလား....ဆိုးဝါးလိုက်တာ.....

***

All Chapters