ရွှေရောင်ရှန်းလိသစ်ပင်ရင်ထိုး.....
Vol. 33 Ch. 456
အခြေနေအရပ်ရပ်ကို ထိန်းချုပ်နိုင်ပြီဖြစ်သောကြောင့် ဒုကျောင်းအုပ်စုရှင်းသည် သူမ၏ ထုံးစံအတိုင်း ပျော့ပျောင်းကြင်နာတတ်သောပုံစံပြန်ဖြစ်သွားခဲ့ပြီ.....
"နောက်ထပ်ပြောစရာတစ်ခုရှိသေးတယ်...နောက်ဆုံးအနိုင်ရသူကိုရွေးချယ်မယ့်ပြိုင်ပွဲ...."
"ပထမအဆင့်တိုက်ပွဲပြီးရင်၊ အသန်မာဆုံးကျောင်းသားလေးယောက် ရှိလိမ့်မယ်... တစ်ယောက်ကို ရွှေရောင်ရှန်းလိသစ်ပင်ရင်ထိုးတစ်ခုစီ ချီးမြှင့်မှာပါ..."
စုရှင်း ပြသထားသည့် ပုံရိပ်ယောင်သည် လက်တဝါးစာခန့်သာရှိသော ရွှေရောင်ရင်ထိုးတစ်ခုဖြစ်ပြီး ၎င်းအပေါ်တွင် အခက်လက်ဝေဆာနေသောရှန်းလိသစ်ပင်ပုံကိုရေးထွင်းထားသည်။
"ရွှေရောင်ရှန်းလိသစ်ပင်ရင်ထိုးအရေအတွက်က နောက်ဆုံးအောင်နိုင်သူကို အဆုံးအဖြတ်ပေးတယ်... ပြီးတော့ ငါ့ကိုအပြောကြီးတယ်လို့တော့မထင်လိုက်နဲ့"
သူမက ကျန်းချင်းအာကိုကြည့်လိုက်ပြီး....
" ဒီရင်ထိုးတွေထဲက တစ်ခုက ငါတို့လက်ထဲမှာရှိနေပြီလို့ ငါပြောရဲတယ်...."
မည်သူမျှ မကန့်ကွက်ခဲ့ကြပေ။အခြားကျောင်းများကပင် သူမကို ထိပ်တန်းပြိုင်ဖက်အဖြစ် သတ်မှတ်ခဲ့ကြသည်။
“ဒါပေမဲ့ ပထမအဆင့်ပြိုင်ပွဲက အားသာချက်အချို့ ပေးစွမ်းန်ိူင်တယ်... အဆုံးအဖြတ်ပေးတာကတော့ ဒုတိယပိုင်း၊ ရောထွေးအဆင့်ပြိုင်ပွဲပါ....."
"ရောထွေးအဆင့်ပြိုင်ပွဲမှာ ကျောင်းတိုင်းက သုံးယောက်တစ်ဖွဲ့ ဖွဲ့ပြီး ပါဝင်ယှဉ်ပြိုင်ရမယ်...အဲ့ဒီ့သုံးယောက်စလုံးက မတူညီတဲ့ခန်းမတွေကပဲ ဖြစ်ရမယ်... ဥပမာ... 4-3-2 ..ဒါမှမဟုတ်.. 4-3-1"
ကျောင်းသားတွေ သေချာနားထောင်နေကြသည်။
တကယ်ကို စိတ်ဝင်စားဖို့ကောင်းနေသည်မှာအမှန်ပင်.... လီလော့ ကျန်းချင်းအာကို ကြည့်လိုက်တော့ သူ့ကို ပြန်ကြည့်နေတာကို တွေ့လိုက်ရသည်။ နှစ်ယောက်စလုံး ခေတ္တမျှ ပြုံးလိုက်ကြသည်။
ကောင်းပြီ...ဒီအတိုင်းသားဆို တတိယလူက ဘယ်သူပဲဖြစ်ဖြစ် သူနဲ့ကျန်းချင်းအာကတစ်ဖွဲ့တည်းပဲ.....
လီလော့သည် အရိပ်လှိုဏ်ဂူထဲမှာလို အားနည်းသူမဟုတ်တော့ပေ။ယခုဆိုလျှင်ကြယ်နှစ်ပွင့်ခန်းမ၏အချို့သော ဝိတ်ပေါများထင်ပင်သန်မာနေပြီဖြစ်သည်။
“ရောထွေးအဆင့်ပြိုင်ပွဲမှာ အနိုင်ရတဲ့အဖွဲ့ဟာ ပထမပြိုင်ပွဲထက် ပိုအရေးကြီးတဲ့ ရင်ထိုး ၃ ခုကို ရရှိလိမ့်မယ်... ပုံမှန်အားဖြင့်တော့ ဘယ်ကျောင်းကမှ အသန်မာဆုံး ကျောင်းသားဘွဲ့ ၃ခုကို တပြိုက်နက် မဆွတ်ခူးနိုင်တဲ့အတွက် ရောထွေးအဆင့်ပြိုင်ပွဲကသာ ဘယ်သူတွေ အောင်ပွဲခံပြီး လုံကူရှန့်ပိန်းရရှိနိုင်မယ်ဆိုတာကိုဆုံးဖြတ်ပေးလိမ့်မယ်...."
လီလော့ လျှာကိုက်မိလိုက်သည်။ အသန်မာဆုံး ကျောင်းသားသုံးယောက်....
အကယ်၍ ကျောင်းတစ်ကျောင်းတည်းမှ အသန်မာဆုံး ကျောင်းသားသုံးဦးပေါ်ထွက်ခဲ့မည်ဆို အဆိုပါ ကျောင်းသားသုံးဦးနှင့်အဖွဲ့ကို ဖွဲ့ကာ ဒုတိယအချီတွင် အရှိန်အဟုန်ဖြင့် လှုပ်ရှားနိုင်မည်ဖြစ်သည်။
အရှေ့ပိုင်းနတ်ဘုရားကုန်းမြေ၏သမိုင်းကြောင်းတွင် ထိုအောင်မြင်မှုကို မည်သည့်ကျောင်းမှ စီမံဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲဲ့ဖူးပေ။
သူတို့သည် ဒဏ္ဍာရီလာ အဆင့်ကိုးအလင်းပဲ့တင်ထပ်သံပိုင်ဆိုင်ထားသည့် ကျန်းချင်းအာကြောင့်သာ ကြယ်သုံးပွင့်ခန်းမ၏ အသန်မာဆုံးဘွဲ့ကို ရည်မှန်းရန်သာ သတ္တိရှိခဲ့ကြသည်။
ဘယ်ကျောင်းမှာမှ အသန်မာဆုံးကျောင်းသား သုံးယောက်မပေါ်ထွက်နိုင်ဘူး......
"ရွှေရောင်ရှန်းလိသစ်ပင်ရင်ထိုးတွေက အထူးတန်ဖိုးရှိတဲ့ ရှေးဟောင်းပစ္စည်းတွေပါ ..ဒါတွေကို ဗဟိုကျောင်းသားသမဂ္ဂအဖွဲ့ချုပ်က အထူးပြုလုပ်ထားတဲ့အတွက် ရှန်းလိသစ်ပင်အစစ်လို ဂုဏ်သတ္တိမျိုးပေးစွမ်းနိုင်တယ်....ဒီရင်ထိုးတွေက မင်းတို့ရဲ့ပဲ့တင်ထပ်သံအဆင့်ကိုစဉ်ဆက်မပြတ်ပြုပြင်ပေးနိုင်တယ်...အလွယ်ပြောရရင် ဝိဉာဉ်ရည်နဲ့သန့်စင်တဲ့အလင်းတွေ စက္ကန့်မလပ် သောက်သုံးနေသလိုပေါ့......သက်ရောက်မှုကသိပ်မပြင်းထန်ပေမယ့် ရေရှည်မှာ ကြီးမားတဲ့ကုန်ကျစရိတ်ကို သက်သာစေမှာပါ...."
ကျောင်းသားတိုင်းရဲ့ စိတ်ကူးထဲမှာ
ကောင်းကင်ရွှေတွေ ရွာသွန်းနေသလိုခံစားနေရသည်။ သူတို့အထဲက အချမ်းသာဆုံးဖြစ်တဲ့ ကုန်းရှန်ကျွင်းနဲ့ မင်းသမီးတို့တောင် စိတ်ဝင်စားနေကြသည်။
မှန်ပေသည်။ ဒီထုတ်ပြန်ချက်ကြောင့် စိတ်လှုပ်ရှားနေဆုံးသူကတော့ လီလော့သာပင်....
ဝိညာဉ်ရည်သောက်သုံးမှုပြိုင်ပွဲရှိလျှင် သူသာ ပထမရလိမ့်မည်။ သူသည် အခြားပြိုင်ဖက်များ၏ စုစုပေါင်းထုထည်အားလုံးကို ပေါင်းစပ်ကာ ကျော်ဖြတ်မည်ဖြစ်သည်။
သူသည် ချိုင်ဝေအတွက်တော့ပျော်ရွှင်မှု၊မျှော်လင့်ချက်များနှင့်အတူ ငွေကိုစုပ်ယူထားသော တွင်းနက်ကြီးဖြစ်သည်။
ထို့အပြင်၊ သူ့တွင် ပဲ့တင်ထပ်သံများစွာရှိသည်။ ဒီအဖိုးတန်ပစ္စည်းက သူ့အပေါ် မယုံနိုင်လောက်အောင် အကျိုးသက်ရောက်စေလိမ့်မည်။
ဤအရာသည် ခရမ်းရောင်မျက်လုံးအဆင့် ရှေးဟောင်းပစ္စည်းထက်ပင် ပို၍ဆွဲဆောင်မှုရှိသည်။
ပန်းတိုင်တစ်ခု ရှိလာခဲ့ပြီ... ရောထွေးအဆင့်ပြိုင်ပွဲကို ခဏအသာထား... တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာလှမ်းရမည်။ဉီးစွာပထမ ခန်းမအဆင့်ပြိုင်ပွဲမှာ သေချာပေါက် အနိုင်ရဖို့ လိုသည်။
ထို့အပြင်၊ ရောထွေးအဆင့် ပြိုင်ဆိုင်မှုသည် ရှုပ်ထွေးနေမည်ဖြစ်ပြီး၊ ကောင်းမွန်စွာလုပ်ဆောင်ရန် အစီအစဉ်ဆွဲဖို့ စောနေသေးသည်။ ထို့အပြင် သူသည် ထိုနေရာတွင် မွန်းစတားများကြားမှ ကြွက်ငယ်လေးသာဖြစ်သည်။
ထို့ကြောင့် ရွှေရောင်ရှန်းလိသစ်ပင်ရင်ထိုးကို လိုချင်ပါက၊ ခန်းမအဆင့်ပြိုင်ပွဲတွင် အကောင်းဆုံးကြိုးစားရမည်။
"အိုး၊ တစ်ယောက်ယောက်က ရွှေရောင်ရှန်းလိသစ်ပင်ရင်နှစ်ခုကို ရရင် ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုးအဖြစ် ပေါင်စည်းဖို့ တောင်းဆိုနိုင်တယ်။ ရွှေရောင်နဲ့
ခရမ်းရောင်ရဲ့ ခြားနားချက်ကို မင်းတို့အားလုံး ရင်းနှီးပြီးသားဖြစ်မှာပါ...
"ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုးတွေက ရွှေရောင်ထက် အဆပေါင်းများစွာ ပိုအားကောင်းပြီး မှန်းဆမရနိုင်တဲ့ ဘုန်းအသရေရရှိလာလိမ့်မယ် ...ရွှေရောင်ရှန်းလိသစ်ပင်ရင်ထိုး အနည်းငယ်သာ ရရှိပေမယ့် ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုး အရေအတွက်က ပိုနည်းတယ်..."
စုရှင်း၏အကြည့်များက ကျန်းချင်းအာထံတွင်သာမြဲမြံနေသည်။
ရောထွေးအဆင့်ပြိုင်ပွဲအတွက် ပြောရခက်သော်လည်း ခန်းမအဆင့်ပြိုင်ပွဲအတွက် အာမခံချက် အနည်းနှင့်အများရှိပုံရသည်။
ကျန်းချင်းအာက ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။
ပဲ့တင်ထပ်သံအဆင့်မြှင့်တင်ပေးနိုင်သော အဖိုးတန်ပစ္စည်းများသည် အခြားသူများအတွက် အသုံးဝင်နိုင်သော်လည်း သူမသည် အဆင့်ကိုးပဲ့တင်ထပ်သံပိုင်ရှင်ဖြစ်သည့်အတွက် ကန့်သတ်ချက်ရှိနေသည်။
တစ်ဖက်မှာတော့ လီလော့က သွားရည်မကျအောင်ထိန်းဖ်ို့ ခေါင်းမော့နေရသည
“ဒုကျောင်းအုပ်စုရှင်း....ရှင်ကတော့ မာရ်နတ်ကိုစိန်ခေါ်လ်ိုက်ပြီပဲ....ရှင်က ရူးကြောင်းကြောင်ကောင်လေးကို ဘယ်လိုပုံစံပြောင်းရမယ်ဆိုတာ သေချာသိနေသားပဲ...ကောင်လေးက အရမ်းဆိုးတယ်၊ ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုးနဲ့သာ ကောင်လေးရဲ့ရူးသွပ်မှုကိုကုသပေးနိုင်လိမ့်မယ်...."
***