← Chapters

ဉာဏ်အလင်းကောလိပ်၏ရည်မှန်းချက်......

Vol. 33 Ch. 457

ဉာဏ်အလင်းကောလိပ်၏ရည်မှန်းချက်......

Vol. 33 Ch. 457

ကြယ်တာယာခရီးရှည်ကောလိပ်မှ ကျောင်းသားများ ခန်းမအဆင့်ပြိုင်ပွဲအတွက် ဗျူဟာများကို တွေးတောနေချိန်တွင် အခြားသူများသည် ဘာမှမလုပ်ဘဲ ထိုင်မနေခဲ့ကြပေ။ လူတိုင်းသည် မကြာမီရောက်ရှိလာတော့မည့် စိတ်လှုပ်ရှားဖွယ်ရာ တိုက်ပွဲအတွက် မဟာဗျူဟာများ ရေးဆွဲနေကြသည်။

ဤအတောအတွင်း၊ ဝေးကွာသော အခြားနေရာတစ်ခုတွင်......

ဉာဏ်အလင်းပညာကောလိပ် ဆိုင်းဘုတ်ဖြင့် အမှတ်အသားပြုထားသည့် မျှော်စင်ထဲတွင်.......

မည်မျှပင်ဝေးကွာနေပါစေ ကောလိပ်တိုင်း အချိန်နှင့်တစ်ပြေးညီ နေရာကူးပြောင်းခဲ့ကြပြီး ပြိုင်ပွဲဝင်ရန် အသင့်ဖြစ်နေကြပြီ.....

တစ်ဖက်တွင်၊ ယခင်ပြိုင်ပွဲ​တွင် ချန်ပီယံဖြစ်ခဲ့ပြီး လုံကူရှန့်ပိန်းကိုပိုင်ဆိုင်ခဲ့သော ဉာဏ်အလင်းကောလိပ်သည်လည်း နှောင့်နှေးမှုမရှိဘဲ ဤနေရာကို ရောက်ရှိလာခဲ့သည်။

မျှော်စင်ထိပ်ရှိ စားပွဲဝိုင်းတစ်ခုတွင် လူငါးဦးသည် မမြင်နိုင်သောအဆုံးသတ်များကိုငေးကြည့်နေကြသည်။

"ကောလိပ်တိုင်းအတွက် အစီအစဉ်တွေ ရေးဆွဲထားပြီးသားပါ။ မင်းတို့လေးယောက်က ဉာဏ်အလင်းကောလိပ်ရဲ့ ရတနာတွေဖြစ်တာမို့ မင်းတို့ရဲ့စွမ်းဆောင်မှုကြောင့် လုံကူရှန့်ပိန်းကိုဆက်လက်ပိုင်ဆိုင်နိုင်ဖို့မျှော်လင့်ပါတယ်...."

ထိုသို့ပြောနေသူသည် ဖြူလွသောဆံသားများနှင့် လိုက်ဖက်သော အဖြူရောင်၀တ်စုံ ၀တ်ဆင်ထားသော အမျိုးသားတစ်ဦးဖြစ်သည်။ ထိုသူ၏မျက်နှာသည် ကလေးငယ်တစ်ဉီးသဖွယ် နုပျိုနေသော်လည်း မျက်လုံးများကတော့ ဉာဏ်ရည်ထက်မြက်မှုကြောင့် တောက်ပလင်းလက်နေသည်။

သူသည် ဉာဏ်အလင်းကောလိပ်၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ဒုကျောင်းအုပ်ဂေါင်ဂျူဖန် ဖြစ်သည်။

"ကျင်းထန်ရှု၊ မင်းက သေချာပေါက် ကြယ်တစ်ပွင့်ခန်းမမှာ တစ်ပြေးနေတဲ့ ပြိုင်ပွဲဝင်ဖြစ်နေပြီ။ ဒါပေမယ့် မင်း သတိလက်လွတ် မနေသင့်ဘူး... တခြားကောလိပ်တွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်း​က ကြိုးစားနေခဲ့ကြတာဆိုတော့ လုံကူရှန့်ပိန်းကိုရယူနိုင်အောင်သန်မာနေကြမှာပဲ.... ဒါပေမယ့် မင်းလို အားကောင်းတဲ့အဆင့်ကိုးတစ်ပိုင်း လေပဲ့တင်ထပ်သံပိုင်ရှင်ကသာ အားလုံးကိုအနိုင်ယူနိူင်မှာ...."

အစိမ်းရောင်ဝတ်ဆင်ထားသော လူငယ်လေးသည် ဉာဏ်အလင်းကောလိပ်၏ မြင့်မြတ်သောလှံအဖြစ်လူသိများပြီး နာမည်နှင့်လိုက်အောင် တည်ကြည်ခန့်ညားသူဖြစ်သည်။

ထိုလူငယ်သည် နှုတ်ခမ်းတွန့်ရုံသာပြုံးလိုက်ပြီး သူ့လက်ချောင်းများကြားတွင် စီးဆင်းနေသော အစိမ်းရောင်စွမ်းအင်များကိုသာ ပို၍ အာရုံစိုက်နေမိသည်။

"စိတ်မပူပါနဲ့ ဒုကျောင်းအုပ်ကြီး...ကျွန်တော် နားလည်ပါတယ်"

ကျင်းထန်ရှု ခေါင်းညိတ်လိုက်သည်။

"မြင့်မြတ်တဲ့အဖွဲ့အစည်းကောလိပ်က စွန်းတရှန်နဲ့ ကောင်းကင်ငရဲကောလိပ်က လုမင်တို့ကို ကိုင်တွယ်ဖြေရှင်းဖို့ လွယ်ကူမှာမဟုတ်ပေမယ့် လိုအပ်တာတွေအားလုံးပြင်ဆင်ပြီးပါပြီ..ဒါပေမယ့် အခြားကောလိပ်တွေမှာ ဖျက်မြင်းတွေရှိမရှိ မသိနိုင်သေးဘူး....

အချက်အလက်တွေ နည်းလွန်းတယ်....သတိထားပြီး ကစားရမယ်...."

ဂေါင်ဂျူဖန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ကျင်းထန်ရှုက အတော်လေးကို အတ္တကြီးသူတစ်ယောက်ပင်...ကျင်းထန်ရှုသည် ကောလိပ်ကိုစရောက်ကတည်းက ရှုံးပွဲမရှိခဲ့သေးပေ။ တခြားကောလိပ်က ကျောင်းသားတွေ အားကောင်းပေမယ့် ကျင်းထန်ရှု ကတော့ ဘယ်သူ့ကိုမှ ပေါ့ပေါ့တန်တန် သဘောမည်မဟုတ်ပေ။

"ယွမ်ဘန်ရှန်း၊ ကြယ်နှစ်ပွင့်ခန်းမကို ပိုသတိထားရမယ်... ငါတို့ကောလိပ်က ချန်ပီယံဖြစ်ခဲ့တဲ့အတွက်. အားလုံးက ပစ်မှတ်နံပါတ်တစ်အဖြစ် ငါတို့ကို အာရုံစိုက်နေကြလိမ့်မယ်.... ​ပြိုင်ဘက်အားလုံးကိုအနိုင်ယူပြီးတာနဲ့ သိိုသိုသိပ်သိပ်နေပါ...."

ယခု ဂေါင်ဂျူဖန်သည် စားပွဲ ရှေ့တွင် မတ်မတ်ရပ်နေသော ပိန်ပိန်ပိန်ပါးပါး လူငယ်တစ်ဦးကို လှည့်ကြည့်လိုက်သည်။

ယွမ်ဘန်ရှန်းသည် ကြယ်နှစ်ပွင့်ခန်းမကျောင်းသားဖြစ်သည်။ ကျင်းထန်ရှု လောက် အရည်အချင်းမပြည့်မီပေမယ့် ဒုတိယနှစ်ကျောင်းသားများထဲတွင် အထူးချွန်ဆုံးသူဖြစ်သည်။

သူ့တွင် အဆင့်ရှစ်အဆင့်​မြင့် တောင်တနိး ပဲ့တင်ထပ်သံရှိသည်။ တောင်တန်းပဲ့တင်ထပ်သံသည်မြေကြီးပဲ့တင်သံ၏ မျိုးကွဲပဲ့တင်ထပ်သံဖြစ်သည်။

"ငါတို့ရထားတဲ့အချက်အလက်တွေအရ.... မြောက်ပိုင်းသမုဒ္ဒရာပင်လယ်ကောလိပ်က အောင်းပိုင်က ကြယ်နှစ်ပွင့်ခန်းမကိုဦးဆောင်နိုင်ဖွယ်ရှိတယ်...သူက နတ်ဆိုးခန္ဓာဖွဲ့စည်းတော့မယ့်အဆင့်မို့ သူနဲ့တွေ့ရင် သတိထားပါ...."

ယွမ်ဘန်ရှန်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။ သူသည် စစ်သူကြီးအဆင့်ကို ရောက်ခါစသာရှိသေးသည့်အတွက် နတ်ဆိုးခန္ဓာဖွဲ့စည်းဖို့အစပျိုးနေဆဲပင်... ထိ

ဒါပေမယ့် ဂေါင်ဂျူဖန်ရဲ့ အဆိုအရ အောင်းပိုင်သည် ကမ္ဘာမြေနှင့်ရင်းနှီးခြင်းအဆင့်သို့ပင်ရောက်နေခဲ့ပြီ။

"သတိထားပါ့မယ်"

ဂေါင်ဂျူဖန် ခေါင်းညိတ်လိုက်သည်။ ကြယ်နှစ်ပွင့်နှင့်ပတ်သက်၍ အနည်းငယ် စိတ်ပျက်မိပါသည်။ ခန်းမလေးခုထဲတွင် ကြယ်နှစ်ပွင့်ခန်းမက အားအနည်းဆုံးဖြစ်နေသည်။

ထို့နောက် နောက်ကျောင်းသားတစ်ယောက်ဆီ အာရုံပြောင်းလိုက်သည်။ထိုလူငယ်သည် မျက်နှာအသွင်အပြင်အရ ကျင်းထန်ရှုနှင့် ယှဉ်လျှင် သာမန်ထက်သာလွန်သော ရုပ်ရည်ရှိသော်လည်း ဦးခေါင်းတွင် အပြာနုရောင်ဆံပင်ရှိသည်။

သူ့ဆံပင်ရှည်များကို သပ်သပ်ရပ်ရပ်ကျစ်ထားသောကြောင့် ပြုံးလိုက်သောအခါ သူ့မျက်လုံးများ မှေးကျဉ်းသွားလေသည်။

"လန်လန် ...မင်းကိုတော့သိပ်ပြောစရာလိုမယ်မထင်ဘူး... မင်းတို့တွေကို အကြာကြီး

ပြုစုပျိုးထောင်ပေးခဲ့ပြီးပြီ... ငါတို့ လုံကူရှန့်ပိန်းကိုအနိုင်ရတဲ့နှစ်မှာ မင်း ငါတို့ကောလိပ်ဆီရောက်လာတာမလား.... ဆိုလိုချင်တာက မင်း ငါတို့ရဲ့ မြှင့်တင်ပေးမှုကို နှစ်သက်ခဲ့တယ်.... မင်းရဲ့ လေးနှစ်တာကျင့်ကြံမှုအတွက် အရင်းအမြစ်တွေရခဲ့တယ်... မင်းအတွက် ငါတို့သုံးခဲ့တဲ့ သယံဇာတတိုင်းက မင်းနဲ့ ထိုက်တန်တယ်ဆို ကြယ်လေးပွင့်ခန်းမအတွက် အသန်မာဆုံးဘွဲ့ကိုယူနိုင်ပြီး ရွှေရောင်ရှန်းလိသစ်ပင်ရင်ထိုးကိုပါ ယူလာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

လန်လန် ခေါင်းညိတ်လိုက်သည်။

"ရှန်ပိန်းတွေ့ဆုံပွဲအတွက် နှစ်ပေါင်းများစွာ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်... နောက်ဆုံးချန်ပီယံအနေနဲ့ လုံကူရှန့်ပိန်းသာမကဘဲ ဗဟိုကျောင်းသားသမဂ္ဂကပေးတဲ့ တခြားဆုတွေလည်း ရခဲ့ပါတယ်။ အဲ့ဒါက ကျွန်တော်တို့ရဲ့ စည်းမျဥ်းနဲ့ အခြေခံတွေကို အားကောင်းစေခဲ့တယ်... သိသာထင်ရှားတဲ့ အားသာချက်တွေပါပဲ....."

"ဒါကြောင့် ကောလိပ်က မင်းတို့အားလုံးအတွက် မျှော်လင့်ချက်ကြီးတယ်....ကြယ်တစ်ပွင့်နဲ့ကြယ်လေးပွင့်ခန်မးက နိုင်နိုင်ခြေအရှိဆုံးပဲ... ကြယ်နှစ်ပွင့်ခန်းမက နည်းနည်း အားနည်းနေတယ် ဒါကြောင့် ကြယ်သုံးပွင့်ခန်းမမှာ အံ့အားသင့်စရာတွေဖြစ်လာဖို့ မျှော်လင့်ပါတယ်...."

ဂေါင်ဂျူဖန်သည် ငွေရောင်ဝတ်ဆင်ထားသော နောက်ဆုံးလူဆီသို့ အကြည့်ရောက်သွားခဲ့သည်။

ထိုသူသည် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်တွင် ရှိနှင့်ပြီဖြစ်သော ကြယ်သုံးပွင့်ခန်းမ ကိုယ်စားလှယ် လုဂျင်းစီ ဖြစ်သည်။

လုဂျင်းစီက စိတ်တိုတိုနှင့် ခေါင်းယမ်းလိုက်သည်။

" ဒုတိယကျောင်းအုပ်ကြီး.... ကြယ်သုံးပွင့်ခန်းမပြိုင်ပွဲက အခက်ခဲဆုံးဆိုတာ သိရဲ့လား...ကြယ်တာယာခရီးရှည်ကောလိပ်က ကျန်းချင်းအာက ကောင်းကင်က ကောင်းချီးပေးထားတဲ့ အဆင့်ကိုးပဲ့တင်ထပ်သံပိုင်ရှင်......"

ဂေါင်ဂျူဖန် ပြုံးလိုက်သည်။

"ကျန်းချင်းအာက သန်မာပေမယ့် ငါတို့မှာအခွင့်ရေးရှိပါသေးတယ်......."

"ဘာကိုဆိုလိုတာလဲ?" လုဂျင်းစီ အံ့သြသွားပြီး မေးလိုက်သည်။

လန်လန်၏ မျက်တောင်များ တဖျပ်ဖျပ်ခတ်လာသည်။

"ဟမ်... တခြားကျောင်းသားတွေနဲ့ပေါင်းပြီး ကျန်းချင်းအာကို တိုက်ခိုက်မလို့လား...."

ဂေါင်ဂျူဖန် က ညင်သာစွာ ရယ်မောလိုက်သည်။

“တကယ်တော့ သူမက အရမ်းသန်မာလွန်းတဲ့ အတွက် ဘယ်ကောလိပ်ကမှ တဉီးတည်းတိုက်ခိုက်ချင်ကြမှာမဟုတ်ဘူး....ဒါကိုလူတိုင်းတွေးမိကြမှာပဲ...မီးနည်းနည်းလောက်ရှို့လိုက်ရုံပါပဲ....."

"တကယ်လို့ ကျွန်တော်တို့ပူးပေါင်းပြီး အနိုင်ရရင်...ဒါက နည်းနည်းတော့ မတရားဘူးမဟုတ်လား?"

"နှစ်ပေါင်းများစွာ ငြိမ်းချမ်းနေတဲ့အတွက် မင်းရဲ့စိတ်တွေပျော့ညံနေပြီ..." ဟု ဂေါင်ဂျူဖန်က လုဂျင်းစီကို ကြမ်းတမ်းစွာပြောလိုက်သည်။

"မင်းတို့ နှစ်ပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်းကျင့်ကြံနိုင်ဖို့ တခြားကျောင်းသားတွေရဲ့ ဘဝနဲ့ တည်ဆောက်ခဲ့တာကို မေ့သွားပြီလား...တစ်ကျောင်းတည်းသားတွေရဲ့အရိုးပုံပေါ်မှာရပ်ပြီး တရားမျှတမှုအကြောင်းပြောချင်နေတာလား....."

လုဂျင်းစီ လျင်မြန်စွာ ပါးစပ်ပိတ်လိုက်လေသည်။

"နားလည်ပါတယ်။ ကျောင်းရဲ့ လမ်းညွှန်ချက်အတိုင်း အရာအားလုံးကို လိုက်နာပါ့မယ်...."

ဂေါင်ဂျူဖန် ခေါင်းညိတ်လိုက်သည်။

"ကျန်းချင်းအာက အရှေ့ပိုင်းနတ်ဘုရားကုန်းမြေမှာသာမက ဗဟိုကျောင်းသားသမဂ္ဂအထိရောက်အောင် အမှန်တကယ် အရည်အချင်းရှိတဲ့သူပါ... သူ့လို မွန်းစတားမျိုးကိုရရထားတာ ကြယ်တာယာခရီးရှည်ကောလိပ်အတွက် သိပ်ကံကောင်းတယ်.... ဒါပေမယ့် သူကို ဖြုတ်ချဖို့စီစဉ်ထားပြီးပြီ...."

လက်ညှိုးကို လက်ဖက်ရည်ခွက်ထဲ နှစ်ပြီး စားပွဲပေါ်မှာ စကားလုံးနှစ်လုံး ရေးလိုက်တယ်။

​ကျောင်းသား​လေး​ယောက်​ ငုံ့ကြည့်လိုက်ကြသည်။

"ငန်းကိုအမဲလိုက်မယ်..."

ထိုစကားစုသည်​ အပြစ်​ကင်းစင်​သည်​ဟု ထင်​ရ​သော်​လည်း တစ်​နည်းတစ်​ဖုံ ဆိုးရွားလှသည်​။

***

All Chapters