← Chapters

ကောလဟာလဖြန့်ကြမယ်....

Vol. 33 Ch. 458

ကောလဟာလဖြန့်ကြမယ်....

Vol. 33 Ch. 458

ငန်းကိုအမဲလိုက်မယ်...

ဟာသအမည်တစ်ခုဖြစ်သော်လည်း မည်သူမျှ မရယ်မောခဲ့ပေ။ အထူးသဖြင့် ပတ်သက်မှုအရှိဆုံးသူ လုဂျင်းစီပင်...

အပြစ်ကင်းတဲ့ငန်းဖြူလေးနဲ့ ရန်မဖြစ်ချင်ဘူး......

အရင်က သူမနှင့် ထိပ်တိုက်မတွေ့ဖူးသော်လည်း အဆင့်ကို အလင်းပဲ့တင်ထပ်သံက သူ့ကို ရှက်ရွံ့ထိတ်လန့်စေလောက်အောင် နာမည်ကြီးနေခဲ့သည်။

"ဒီအစီအစဥ်အတွက် တစ်ခုခုလုပ်ရမယ်...."

ဂေါင်ဂျူဖန် စားပွဲကို ညင်သာစွာ ပုတ်လိုက်သည်။

"ငါတို့ ဉာဏ်အလင်း​ကောလိပ်ကို ကျန်းချင်းအာ သေချာပေါက် အာရုံစိုက်လာအောင်လုပ်ရမယ်...ဒါမှ လုဂျင်းစီကို လိုက်ရှာမှာ.... ဒါဆို ငါတို့ရဲ့အစီအစဉ်ကို အကောင်အထည်ဖော်ရတာ ပိုလွယ်ကူစေလိမ့်မယ်...."

လုဂျင်းစီ အံ့အားသင့်သွားသည်။ မကြာသေးမီက ဒုကျောင်းအုပ်ကို ဘာများစိတ်ကွက်အောင်လုပ်ခဲ့မိလို့လဲ...

"ဒုကျောင်းအုပ်၊ ကျွန်တော် သူ့ကို လုံးဝပြသာနာမရှာခဲ့ဖူးပါဘူး... သူဘာလို့ ကျွန်တော့်နောက်လိုက်ရမှာလဲ...."

"ဒါဆို အခုပဲ ပြသာနာသွားရှာလိုက်တော့..."

"ဒါမျိုးတွေ ကျွန်တော်မလုပ်တတ်ဘူး...အဲ့လိုလုပ်ကာမှ ပိုလျစ်လျူရှူခံနေရဉီးမယ်

..."

ဂေါင်ဂျူဖန် ပြုံးလိုက်သည်။

"ကောင်းပြီ၊ ငါမျှော်လင့်ထားသလိုပဲ

.. အဲ့ဒါကြောင့် ငါ ဒီတာဝန်ကို ..." သူက ကျင်းထန်ရှုဘက်လှည့်လိုက်ပြီး..

"မင်းဆီလွှဲပေးလိုက်မယ်...."

ကျင်းထန်ရှု ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ ကျောင်းက အမိန့်ပေးနေမှတော့ ကျွန်တော် စမ်းကြည့်မယ်...ကျွန်တော်လည်း သူ့ကို အကဲခတ်ကြည့်ချင်နေတာနဲ့အတော်ပဲ....."

"အကောင်းဆုံးလုပ်ပါ....ဒါက အစီအစဥ်ကို ပိုပြီး လွယ်ကူစေလိမ့်မယ်... အလုပ်မဖြစ်ရင် တခြားနည်းတွေနဲ့ ကြိုးစားကြတာပေါ့... အချိန်က တန်ဖိုးရှိတယ်..မြန်မြန်သွားကြတော့..."

"အိုး၊ လုဂျင်းစီ မင်းနဲ့အတူ ခေါ်သွားလိုက်.. ဒါမှ မျက်မှန်းတန်းမိကြမှာ ...."

ကျင်းထန်ရှုနှင့်လုဂျင်းစီ မျှော်စင်မှ ထွက်လာခဲ့သည်။

"ဂျူနီယာကျင်း ..မင်းမှာ ဘာအစီအစဉ်ရှိလဲ"

လုဂျင်းစီက မေးသည်။

ကျင်းထန်ရှု ပခုံးတွန့်လိုက်ပြီး...

"ကျွန်တော်နဲ့အတူကြယ်တာယာခရီးရှည်ကောလိပ်ရဲ့မျှော်စင်ကိုလိုက်ခဲ့... ပြီးရင်ကျန်းချင်းအာကိုလိုက်ရှာကြမယ်...."

"ဒါ​ပဲလား?ဒီလောက်နဲ့ ဘယ်လိုစိတ်အနှောက်အယှက်ဖြစ်မှာလဲ...."

"အင်း အဲ့ဒါကြောင့် မီးအရင်မွှေးရမယ်..."

ကျင်းထန်ရှု က သူ့အိတ်ကပ်ထဲက စာရွက်တစ်ရွက်ကို ဆွဲထုတ်ပြီး လုဂျင်းစီကို ပေးလိုက်သည်။

လုဂျင်းစီတစ်ယောက် စာရွက်ပေါ်က စကားလုံးတွေကို မယုံနိုင်စွာ စိုက်ကြည့်နေလေ၏။

"အထူးသတင်း!"

"ဉာဏ်အလင်း​ကောလိပ်ရဲ့ကျင်းထန်ရှုနဲ့ ကြယ်တာယာခရီးရှည်ကောလိပ်က ကျန်းချင်းအာတို့မှာ ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့တယ်... ကောလာဟလတွေ အရ သူတို့မိဘတွေက စေ့စပ်ဖို့စီစဉ်ထားပြီးသားပါ....."

"ဂျူနီယာကျင်း၊ ဒါက သိပ်ပြီး မယုံနိုင်စရာဖြစ်နေတယ်..."

"ဒါကစိတ်ဝင်စားဖို့ သက်သက်ပါပဲ... ကျောင်းတိုင်းက ကင်းထောက်တွေ လွှတ်ထားတယ်၊ သတင်းအတုတွေက နေရာတိုင်းမှာပျံ့နေတယ်။ ဒါ့အပြင် ဒီစာထဲကဟာတွေက အတုတွေ မဟုတ်ဘူး... အဖေ အရင်က ပြောဖူးတယ်။ ရှပြည်ထောင်စုက လီတိုင်ရွှမ်နဲ့သိကျွမ်းဖူးတယ်တဲ့... သူ့မှာ ထူးချွန်တဲ့ တပည့်တစ်ယောက်ရှိတယ်ဆိုတာ သိပြီးနောက် လက်ထပ်ဖို့ စီစဉ်ပေးခဲ့တယ်..ဒါပေမယ့် ကမ်းလှမ်းချက်ကို လုံးဝလျစ်လျူရှုခဲ့ကြတယ်လေ..."

ကျင်းထန်ရှု ပြုံးလိုက်သည်။

"ဒါဆို ဒီကောလဟာလကို ဖြန့်ဖို့စီစဉ်နေတာလား..."

ကျင်းထန်ရှု ခေါင်းညိတ်လိုက်သည်။

"ကျန်းချင်းအာကတော့ သေချာပေါက်ကြားမှာပဲ... ပြီးတော့ အစ်ကို့ကိုတွေ့ဖို့ ခေါ်သွရင် သူကျွန်တော်တို့နဲ့တွေ့ဖို့ သေချာပေါက် သဘောတူလိမ့်မယ်....ကျွန်တော့်တို့အကြောင်း သိအောင်လုပ်ပြီးရင် မစ်ရှင်ပြီးသွားပြီလို့ ယူဆနိုင်တယ်.... “

လုဂျင်းစီ က သူ့ကို သံသယနဲ့ စိုက်ကြည့်နေတယ်။

"တစ်နည်းနည်းနဲ့ မင်းက သူ့ကိုတွေ့ချင်သူတစ်ယောက်လို့ ခံစားရတယ်....."

ကျင်းထန်ရှု တုန်လှုပ်သွားသော်လည်း အပြုံးဖြင့် အမြန်ဖုံးကွယ်လိုက်သည်။

"ဟေး၊ ချောမောလှပတဲ့ မိန်းကလေးတွေကို မြင်ချင်တာက ပုံမှန်ပဲ မဟုတ်လား... အထူးသဖြင့် သန်မာတဲ့သူတွေ၊ ဘာမှ ထူးထူးခြားမနေဘူး...."

"ဒါက အကောင်းဆုံးနည်းလမ်းတော့ မဟုတ်ဘူး...ဘာပဲဖြစ်ဖြစ် ကျောင်းရဲ့ အမိန့်ပဲ၊ တစ်ခါတစ်လေ ကောင်းတာတွေဖြစ်လာဖို့ ခက်ခဲတဲ့​ရင်းနှီးမှုတွေလိုတယ်...သူ ငါတို့ကို အာရုံစိုက်လာဖို့ပဲမျှော်လင့်ကြတာပေါ့.....မင်းက ဒီလိုနေရာတွေမှာ တကယ့်ကို ဝါရင့်တစ်ယောက်ပဲ"

လုဂျင်းစီ အံ့သြသွားသည်။

"ကျောင်းတက်တာတစ်နှစ်မပြည့်သေးဘူး တွဲနေတဲ့မိန်းကလေးက တစ်ဒါဇင်ကျော်နေပြီ...အံ့သြမနေတော့ဘူး...."

"ချီးကျူးတဲ့အတွက် ကျေးဇူးပါဗျာ... "

ကျင်းထန်ရှုသည် ကြယ်တစ်ပွင့်ခန်းမ ကျောင်းသားတစ်ဦးကို လှမ်းခေါ်ကာ စာရွက်ကို ပေးပြီးနောက် တစ်ရွက်လျှင်

ကောင်းကင်ရွှေ 100,000 တန် ရွှေနဂါး ငွေစက္ကူငါးရွက်ကိုပါ ပေးလိုက်သည်။

"ဒီမှာ၊ မင်းရဲ့ အထောက်အထားကို ဖုံးကွယ်ပြီး ဒီအရာတွေကို သတင်းသွားဖြန့်လိုက်...."

ကျောင်းသား အမြန်ထွက်သွားသည်ကိုကြည့်ပြီး......

"ကောင်းပြီ၊ အခု ကျန်းချင်းအာဆီာသတင်းရောက်ဖို့စောင့်ရမယ်... ​​ပြီးရင် လှုပ်ရှားကြမယ်....."

လုဂျင်းစီ သံသယစိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။

ဉာဏ်အလင်း​ကောလိပ်ကျောင်းသားသည် မျက်နှာဖုံးဝတ်ရန် သူ့အခန်းသို့ ပြန်သွားခဲ့သည်။ ကျေနပ်လောက်အောင် ရုပ်ဖျက်ပြီးနောက် သတင်းဖြန့်ဝေရေးဌာနဆီ ​အပြေးသွားခဲ့လေသည်။

သတင်းအချက်အလက်ရှာဖွေရန် ကျောင်းသားများစွာလာရောက်ကြသည့် မျှော်စင်တစ်ခုရှိသည်။

မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဘယ်သူမှ မတပ်မပြောနိုင်ပေ။

ဉာဏ်အလင်းကောလိပ်ကျောင်းသားသည် သင့်တော်သူတစ်ဦးကို လှည့်ပတ်ကြည့်ရှုခဲ့သည်။

ထက်မြက်လွန်းတဲ့ပုံပေါက်တဲ့သူကို မလိုချင်ဘူး... မဟုတ်ရင် သူ့အထောက်အထားတွေပေါ်ကုန်လိမ့်မယ်.....

နာရီဝက်လောက်ကြာတော့ သင့်တော်တဲ့သူတစ်ယောက်ကို တွေ့လိုက်ရသည်။

လှေကားထစ်ပေါ်တွင် ထိုင်နေသော လူငယ်တစ်ဦးသည် လစ်လပ်နေသော မျက်နှာဖြင့် ရေကန်ကို စိုက်ကြည့်နေသည်။ ကျောင်းအားလုံးအတွက် အရေးအပါဆုံး အဖြစ်အပျက်တစ်ခု၏အလယ်တွင် သူသည် အထူးတောက်ပနေပုံမရပေ။ သာမန်အဝတ်အစား၊ စုတ်ဖွာနေသည့်ဆံပင်ကိုကြည့်ရုံဖြင့် ငွေလိုနေသည်မှာသေချာလောက်သည်။

တောက်ပသော အပြုံးဖြင့် လူငယ်လေးဆီသို့ လျှောက်သွားပြီး..

"ငါ့ညီ... အလုပ်လိုချင်လား"

ပင်ပန်းနွမ်းနယ်ပြီး ဆာလောင်နေသော ယုလန်သည် အနက်ရောင်မျက်နှာဖုံးစွပ်ထားသော ခပ်ကြောင်ကြောင် လူတစ်ယောက်ကို မြင်ရုံမျှဖြင့် မကျေမနပ် မော့ကြည့်လိုက်သည်။ ကောင်လေးက သူ့ကို စာရွက်တစ်ရွက် ပေးလိုက်တာနဲ့ အတတ်နိုက်ပြုံးဖြီးပြလိုက်လေသည်။ ၎င်းသည်ကောင်းကင်ရွှေ 100,000 အတွက် ရွှေနဂါးငွေလက်မှတ်ဖြစ်သည်။

"ညီလေး၊ ငါ့အတွက် သတင်းတစ်ခု ဖြန့်ပေးပါ... ဒီ 100,000က မင်းအတွက်ပဲ"

ယုလန် ချက်ချင်းထလာပြီး အိတ်ကပ်ထဲသို့ စာရွက်ကိိုထိုးထည့်လိုက်သည်။

"အစ်ကိုကအမြင်သိပ်ရှိတာပဲ ဒီမှာလူတွေအားလုံးထဲက ကျွန်တော့်ကို ချက်ချင်းတွေ့တယ်...."

ဉာဏ်အလင်း​ကောလိပ် ကျောင်းသား စိတ်မဝင်စားဘဲ လှည့်ထွက်သွားသည်။

ယုလန်သည် ပထမဆုံး ငွေလက်မှတ်ကို သေသေချာချာ သိမ်းဆည်းပြီးနောက် အချက်အလက်ကို တစ်ချက်ကြည့်လိုက်သည်။

ပြန်ဖတ်ကြည့်တော့ သူ့မျက်လုံးတွေ ပြူးကျယ်သွားရသည်။

"ခွေးသားလေးက အစ်ကိုလော့ကိုနာမည်ဖျက်ဖို့ကြိုးစားနေတာလား?"

သူသည် အနက်ရောင် ၀တ်ထားသည့် ကျောင်းသားနောက်ကို လိုက်ကာ ဝတ်ရုံကိုလှမ်းဆွဲလိုက်လေသည်။

"ဟေး....မင်းဘာလုပ်နေလဲ?!"

"အစ်ကို....မှာ ဒီလိုအလုပ်တွေရှိရင် အားလုံးပေးခဲ့ပါလား...အစ်ကို နောက်ထပ် လူရှာနေတာ ဟုတ်တယ်မလား၊ ..ကျွန်တော်အကုန်လုပ်ပေးပါ့မယ်...."

ယုလန် လောဘတကြီးပြောလိုက်သည်။

"ဟဲ ...မင်းက လောဘကြီးလိုက်တာ... ငါစဉ်းစားလိုက်ဉီးမယ်....."

"ဒါဆို ၅၀ ရာခိုင်နှုန်း လျှော့ပေးမယ်လေ...အစ်ကို့ အတွက် ညစ်ပတ်တဲ့ အလုပ်အားလုံးကို ကျွန်တော်လုပ်ပေးပါ့မယ်...."

အနက်ရောင်ဝတ်ကျောင်းသား အံ့ဩသွားသည်။ သူက အလုပ်ရှင်ဖြစ်ပြီး လျှော့စျေးပေးခံနေရတာလား... ဘယ်လိုစီးပွားရေးလုပ်နေတာလဲ..ဒီကောင် ဘာကောင်လဲ.....

အနက်ရောင်ဝတ် ကျောင်းသား ပြုံးလိုက်သည်။ ကျင်းထန်ရှုက သူ့ကို သတင်းဖြန့်ဖို့ ပြောခဲ့ပေမယ့် ဘယ်လောက်အထိ အတိအကျ မပြောခဲ့ပေ။ ပြီးတော့ ဒီလောဘကြီးတဲ့ကလေးက အရမ်းစိတ်အားထက်သန်နေတယ်.....

ယုလန်ကိုငွေလက်မှတ်အချို့ထုတ်ပေးပြီးနောက် သူ့တွင် နှစ်ရွက်ကျန်နေသေးသည်။

500,000 ကို 300,000နဲ့ ရခဲ့တယ်..ဒီ စီးပွားရေးလုပ်နည်းက ဘယ်လောက်ကောင်းလိုက်လဲ......

"ကောင်းကောင်းလုပ်နော်...."

သူက ယုလန် ပခုံးကို လက်ခုပ်တီးနဲ့ထိုးပြီး လေချွန်ကာ ထွက်သွားလေတော့သည်။

ယုလန်သည် ထိုလူ မြင်ကွင်းမှပျောက်သွားသည့်တိုင်အောင် ဦးညွှတ်လိုက်ပြီး ထောင့်တစ်ခုကို အမြန်ရှာကာ စုတ်တံကို ဆွဲထုတ်လိုက်သည်။ သူသည် စာရွက်ပေါ်မှစာသားများကို အတိအကျ ကူးယူကာ အနည်းငယ် ပြုပြင်လိုက်သည်။

"သတင်းကောင်း၊ ဒုတိယပိုင်း.....

"ကျန်းချင်းအာနဲ့စေ့စပ်ဖို့သဘောတူခဲ့ပေမယ့် ကျင်းထန်ရှုက ငယ်ငယ်တည်းက မစွမ်းဆောင်နိုင်တဲ့သူမှန်းသိသွားတဲ့အတွက် ကျင်းမိသားစုဘက်က စေ့စပ်ပွဲရုတ်သိမ်းခဲ့ရတယ်....."

***

All Chapters